iMyanmarHouse.com - Best Property Website for Myanmar
×

ဗောက်ထတယ်ဆိုတာ ရောဂါတမျိုးဖြစ်ပြီး ကုသဖို့လိုပါတယ်။အရေပြားရောဂါဖြစ်တဲ့ ဗောက်ဟာ ချွေးနဲ့ ဖုန်တွေ ပေါင်းပြီး ဦးရေပြားမသန့်ရှင်းရာကနေ ဖြစ်လာတာဖြစ်ပါတယ်။တချို့ကတော့ ခေါင်းလျှော်ရည်တွေကြောင့် ပိုမိုဗောက်ထတာဖြစ်ပြီး ဆေးဝါးနဲ့ အတိအကျဖော်စပ်တဲ့ ခေါင်းလျှော်ရည်တွေ သုံးသင့်ပါတယ်။

အဆီဓာတ်များတဲ့ အစားအစာတွေကို ရှောင်ရှားသင့်ပြီး ဗီတာမင်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ကြကသား၊ဥအမျိုးမျိုးနဲ့ ကွေကာအုပ်အပြင် အာလူးတို့ကို စားသုံးသင့်ပါတယ်။

ဗောက်ရောဂါဟာ ဦးရေပြားမှာသာ ဖြစ်တဲ့ ရောဂါမဟုတ်ပါဘူး။တကယ်တော့ ဗောက်ဟာ နဖူးနဲ့ လည်ကုတ်တွေမှာပါ ဖြစ်တတ်ပါတယ်။မျက်ခုံးနဲ့ နှာခေါင်းအထိ အရေပြားရောဂါမျိုး ဖြစ်လာတတ်တဲ့ ရောဂါဖြစ်လို့ ပေါ့ဆဖို့ မသင့်တဲ့ ရောဂါဖြစ်ပါတယ်။

ဗောက်ဖြစ်ရခြင်းက ခန္ဓာကိုယ်အချိုးအစားမမျှခြင်းနဲ့ စားသောက်မှု ပုံစံမမှန်ခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ဒီအတွက် လေ့ကျင့်ခန်းလုပ်သင့်ပြီး သွေးလှည်ပတ်မှုကောင်းနေရင် ဗောက်ရောဂါကို ပျောက်ကင်းစေပါတယ်။ရုပ်ပိုင်းဆိုင်ရာ အခြေအနေတိုးတက်မှုဟာ ကျန်းမာတဲ့ ဦးရေပြားနဲ့ တိုက်ရိုက်ဆက်နွယ်နေတာဖြစ်ပါတယ်။

ဦးရေပြားကို နေရောင်ခြည်တိုက်ရိုက်ထိမှန်ခြင်းနဲ့ အေးခဲတဲ့ နှင်းဒဏ်မှ ကာကွယ်ခြင်းတွေ ခုပ်ဖို့ လိုအပ်ပါတယ်။သင့်ဦးရေပြားဟာ လေကြောင့်လဲ ခြောက်သွေ့နိုင်ပြီး ဗောက်ကို ပိုမိုဖြစ်လွယ်တာမျိုး မဖြစ်ရအောင် ဆီပုံမှန်လိမ်းသင့်ပါတယ်။တပတ်ကို တကြိမ်တော့ ရှန်ပူကောင်းကောင်းနဲ့ လျှော်သင့်ပါတယ်။

ဦးရေပြားက ဆဲလ်တွေ သေဆုံးခြင်းက ဗောက်ဖြစ်ပေါ်ဖို့ အထောက်ပံ့များစွာ ပေးတတ်ပါတယ်။ဒီအတွက် ခေါင်းမလျှော်ခင်နှိပ်နယ်ပေးဖို့ လိုအပ်ပြီး ဆဲလ်သေတွေအစား ဆဲလ်တွေ ရှင်သန်လာဖို့ လုပ်ဆောင်သင့်ပါတယ်။ခေါင်းကို ရေနဲ့ တခါထဲ ထိတွေ့လိုက်ရင် အပူငုပ်သွားနိုင်တဲ့အတွက် နှိပ်နယ်ခြင်းဟာ ခေါင်းပိုင်းက သွေးကြောလေးတွေကို ပွင့်လန်းစေပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ ခေါင်းယားယံခြင်းဟာ လူကြားထဲမှာ ပြဿနာတရပ်ပါပဲ။ခေါင်းကုတ်ဖို့ဆိုတာ လူကြားထဲမှာမဖြစ်နိုင်ပါဘူး။ခေါင်းကို ဂရုတစိုက်လျှော်ခြင်း လျှော်နေစဉ် နှိပ်နယ်ကာ အရေပြားမှ ဗောက်တွေကို နူးအောင် ထားခြင်းက ဗောက်ကို ပျောက်စေပါတယ်။ ပြီးရင် သံပရာသီးလေးပွတ်ကာ ခေါင်းလျှော်ချသင့်ပါတယ်။

ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ဗောက်ပြဿနာကို ရှောင်ရှားနိုင်သော နည်းလမ်းကောင်းများ အကြောင်းပဲ ဖြစ်ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top