iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ ခ်မ္းခ်မ္းနဲ႕ ဘုဏ္းသိုက္တို႕ ႏွစ္ဦးသားက ၂၀၁၇ ႏိုဝင္ဘာလမွာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခဲ့ပါတယ္။ ဒီလိုမ်ိဳးကြာရွင္းျပတ္စဲမႈေတြျပီး တဲ့ အခါ ခ်မ္းခ်မ္းကေတာ့ ေပ်ာ္ေအာင္ေနတယ္လို႕ ဆိုပါတယ္။

ခ်မ္းခ်မ္းရဲ႕ အမ ေနေနကေတာ့ ညီမျဖစ္သူရဲ႕ လတ္တေလာ ခံစားခ်က္ကို အခုလိုဖြင့္ဟလာပါတယ္။“ လတ္တေလာ သူ႕ အေျခအေနက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပါပဲ။ သူစိတ္ခ်မ္းသာတာျမင္ေတာ့ ကိုယ္လည္းေပ်ာ္ရႊင္ရတယ္။ အမကေတာ့ ကိုယ့္ညီမျဖစ္တဲ့ အတြက္ အျမဲတမ္းဆုေတာင္းေပးတယ္။ လိုအပ္တဲ့ အခါ သူအကူအညီေတာင္းလာရင္လည္း ကူညီဖို႕ အဆင္သင့္ပါ။” လို႕ဆိုပါတယ္။

အရမ္းအခ်စ္ၾကီးတယ္ဆိုတဲ့ ခ်မ္းခ်မ္းရဲ႕စိတ္ဓာတ္ မာသြားတဲ့ အေပၚ အမတစ္ေယာက္ရဲ႕ အျမင္က- “ ဒါကေတာ့ ပြင့္ပြင့္လင္းလင္းေဝဖန္ျပတာေပါ့ေနာ္။ ဘယ္သူ႕ကိုမွေတာ့ ထိခိုက္တာ မဟုတ္ဘူး။ လူတစ္ေယာက္မွာ ေပ်ာ္ရႊင္တဲ့ အခ်ိန္ရွိတယ္။ က်ရႈံးတဲ့အခ်ိန္ရွိတယ္။ ေပ်ာ္ရႊင္ေနရင္လည္း အရမ္း အိုဗာၾကီး ေပ်ာ္ရႊင္ေနစရာ မလိုသလို က်ရံႈးရင္လည္း လံုးဝ ဘဝပ်က္သြားျပီဆိုျပီး လဲက်စရာ မလိုဘူး။ လူဆိုတာ အခ်ိန္မေရြး ups and downs ဆိုတာ အျမဲရွိတယ္။ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္မွာလည္း အျပည့္အဝေပ်ာ္ပါ။ တကယ္လို႕ က်ရံႈးသြားရင္လည္း ခံစားလိုက္ပါ။ ဒါေပမဲ့ ျပန္ထပါ။ သူအခုျပန္ထျပီး သူ႕ဘဝကို ထူထူေထာင္ေထာင္နဲ႕ျဖစ္တာကိုပဲ အမျဖစ္ေစခ်င္ပါတယ္” လို႕ဆိုပါတယ္။

ခ်မ္းခ်မ္းတို႕ ျပန္မေပါင္းၾကေတာ့ ဘူးဆိုတဲ့ အေပၚ ေနေနရဲ႕ အျမင္က –“သူမ်ားေတြဘယ္လိုပဲေျပာေျပာ သူ႕အတြက္ စိတ္အသက္သာရာ ရဆံုးကိုသူဆံုးျဖတ္လိုက္တာေပါ့ေလ။ အမကေတာ့ ပြင့္ပြင္းလင္းလင္းေျပာရရင္ သေဘာက်ပါတယ္။ အမွန္ေျပာရရင္ လူဆိုတာ ကိုယ့္အတြက္ ေကာင္းတဲ့ အရာနဲ႕ပဲ ေနသင့္တယ္။ ကိုယ့္အတြက္ မေကာင္းဘူးလို႕ထင္ရင္အဲ့ဒါကိုထပ္ျပီး ခံစားေနစရာ မလိုဘူး။” ဆိုျပီး ေျဖၾကားသြားပါတယ္။

Credit: ေျပာခ်င္လြန္းလို့
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အဆိုတော် ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ နှစ်ဦးသားက ၂၀၁၇ နိုဝင်ဘာလမှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ဒီလိုမျိုးကွာရှင်းပြတ်စဲမှုတွေပြီး တဲ့ အခါ ချမ်းချမ်းကတော့ ပျော်အောင်နေတယ်လို့ ဆိုပါတယ်။

ချမ်းချမ်းရဲ့ အမ နေနေကတော့ ညီမဖြစ်သူရဲ့ လတ်တလော ခံစားချက်ကို အခုလိုဖွင့်ဟလာပါတယ်။“ လတ်တလော သူ့ အခြေအနေက ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူစိတ်ချမ်းသာတာမြင်တော့ ကိုယ်လည်းပျော်ရွှင်ရတယ်။ အမကတော့ ကိုယ့်ညီမဖြစ်တဲ့ အတွက် အမြဲတမ်းဆုတောင်းပေးတယ်။ လိုအပ်တဲ့ အခါ သူအကူအညီတောင်းလာရင်လည်း ကူညီဖို့ အဆင်သင့်ပါ။” လို့ဆိုပါတယ်။

အရမ်းအချစ်ကြီးတယ်ဆိုတဲ့ ချမ်းချမ်းရဲ့စိတ်ဓာတ် မာသွားတဲ့ အပေါ် အမတစ်ယောက်ရဲ့ အမြင်က- “ ဒါကတော့ ပွင့်ပွင့်လင်းလင်းဝေဖန်ပြတာပေါ့နော်။ ဘယ်သူ့ကိုမှတော့ ထိခိုက်တာ မဟုတ်ဘူး။ လူတစ်ယောက်မှာ ပျော်ရွှင်တဲ့ အချိန်ရှိတယ်။ ကျရှုံးတဲ့အချိန်ရှိတယ်။ ပျော်ရွှင်နေရင်လည်း အရမ်း အိုဗာကြီး ပျော်ရွှင်နေစရာ မလိုသလို ကျရှုံးရင်လည်း လုံးဝ ဘဝပျက်သွားပြီဆိုပြီး လဲကျစရာ မလိုဘူး။ လူဆိုတာ အချိန်မရွေး ups and downs ဆိုတာ အမြဲရှိတယ်။ ပျော်စရာကောင်းတဲ့ အချိန်မှာလည်း အပြည့်အဝပျော်ပါ။ တကယ်လို့ ကျရှုံးသွားရင်လည်း ခံစားလိုက်ပါ။ ဒါပေမဲ့ ပြန်ထပါ။ သူအခုပြန်ထပြီး သူ့ဘဝကို ထူထူထောင်ထောင်နဲ့ဖြစ်တာကိုပဲ အမဖြစ်စေချင်ပါတယ်” လို့ဆိုပါတယ်။

ချမ်းချမ်းတို့ ပြန်မပေါင်းကြတော့ ဘူးဆိုတဲ့ အပေါ် နေနေရဲ့ အမြင်က –“သူများတွေဘယ်လိုပဲပြောပြော သူ့အတွက် စိတ်အသက်သာရာ ရဆုံးကိုသူဆုံးဖြတ်လိုက်တာပေါ့လေ။ အမကတော့ ပွင့်ပွင်းလင်းလင်းပြောရရင် သဘောကျပါတယ်။ အမှန်ပြောရရင် လူဆိုတာ ကိုယ့်အတွက် ကောင်းတဲ့ အရာနဲ့ပဲ နေသင့်တယ်။ ကိုယ့်အတွက် မကောင်းဘူးလို့ထင်ရင်အဲ့ဒါကိုထပ်ပြီး ခံစားနေစရာ မလိုဘူး။” ဆိုပြီး ဖြေကြားသွားပါတယ်။

Credit: ပြောချင်လွန်းလို့

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top