iMyanmarHouse.com - Best Property Website for Myanmar
×

အသက်​ငယ်​ငယ်​​လေးနဲ့ အနုပညာကိုကြိုးစားပြီး ​အောင်​မြင်​မှုတစ်​ခုကို လက်​ဝယ်​ပိုင်​ဆိုင်​ထားတဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီ က​တော့ အခုလတ်​တ​လောမှာ ကျန်းမာ​ရေးမ​ကောင်းတဲ့အ​ကြောင်းကို လူမှုကွန်​ယက်​မှာ ထုတ်​​ပြောလာပါတယ်​။

ရွှေမှုံက​တော့ အနုပညာအလုပ်​ကိုတန်​ဖိုးထားပြီး စိတ်​နှစ်​ကာလုပ်​​ဆောင်​တတ်​တဲ့အကျင့်​​ကြောင့်​ သူမရဲ့ကျန်းမာ​ရေးအ​ခြေအ​နေကို​တောင်​ သတိမရဖြစ်​​နေတတ်​သူတစ်​ဦးပါ။ ကျန်းမာ​ရေးနဲ့ပတ်​သတ်​ရင်​ အနည်းငယ်​ချူချာသူ​လေးမို့ ​ရွှေမှုံ့ရဲ့ပရိသတ်​​တွေက အရမ်းကိုစိ​တ်​ပူ​နေကြတာပါ။

ရွှေမှုံရတီက​တော့ “ရင်ဘတ်ထဲကအောင့် တယ် တဆစ်ဆစ်နင့်နေအောင် အောင့် တယ်” ဆိုပြီးသူမရဲ့​ဖေ့စ်​ဘုတ်​စာမျက်​နှာ​ပေါ်မှာ ရင်​ဖွင့်​ထားတာပဲ ဖြစ်​ပါတယ်​။

စီနီယာအမတစ်​ဦးဖြစ်တဲ့ ခိုင်​သင်းကြည်​ကလည်း “​နေ့လည်​ကားရိုက်​ကတည်းက ဖြစ်​​နေတာ​လေ” ဆိုပြီး ​ ​ရွှေမှုံရတီရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေအ​ကြောင်းကို ​ပြောထားပါ​သေးတယ်​။

ရွှေမှုံ​လေးက​တော့ အမဖြစ်​သူခိုင်​သင်းကြည်​ကို ​နေမ​ကောင်းတဲ့အ​ကြောင်း အားငယ်​စွာရင်​ဖွင့်​ထားပါ​သေးတယ်​။

သူမရဲ့ My Day မှာလည်း ဝမ်းနည်းအားငယ်​​နေတဲ့ ပုံရိပ်​နဲ့ စာသားတစ်​ချို့ကိုတင်​ထားတာ​တွေ့ရပါတယ်​။

ချစ်​ပရိသတ်​​တွေလည်း ​​ရွှေမှုံ​လေးခံစား​နေရတဲ့ နာကျင်​မှု​တွေအားလုံး အ​​ဝေးသို့ လွင့်​​ပျောက်​သွားပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ကြပါဦး​နော်​။

Source:Shwe Mhone Yati’s Facebook

Credit : Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #







Source:Shwe Mhone Yati’s Facebook

Credit : Myint Myat
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top