iMyanmarHouse.com - Best Property Website for Myanmar
×

“ေအာက္တန္းက်လြန္းလွလို႔… A-ye… အခုမွ်နဲ႔အဆံုးသတ္… A-ye… လုပ္ရပ္ တို႔အဆံုးသတ္… A-ye… မင္းကတဲ့အရႈပ္ဇာတ္ေတြ… ရြံတယ္… ရြံတယ္… ရြံတယ္… ရြံ တယ္… ရြံတယ္… Oh…”

ဒါကေတာ့ မေန႔ကမွ အသစ္ထြက္ရွိလာတဲ့ ေတးသံရွင္ ဆိုဖီယာရဲ႕ အသစ္ထြက္ လာတဲ့ ရြံစရာႀကီး အမည္ရတဲ့ သီခ်င္းထဲက စာသားေတြျဖစ္ပါတယ္။

ဒီသီခ်င္းဟာ တရက္အတြင္းမွာကို ၀င္ေရာက္ၾကည့္ရႈသူ ၁ သိန္းေက်ာ္သြားခဲ့ၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစားေနခဲ့တာ ျဖစ္ပါတယ္။

ဆိုဖီယာဟာ Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲမွာ စတင္ယွဥ္ၿပိဳင္ရာက စတင္ၿပီး ပရိသတ္ၾကား လူသိမ်ား ထင္ရွားလာခဲ့တာျဖစ္ၿပီး တကိုယ္ေတာ္ အယ္လ္ဘမ္ေတြမွာ ေရာ အတြဲသီခ်င္းေခြေတြမွာပါ ပါ၀င္သီဆိုေနတာ ျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ ေမလတုန္းကလည္း အဆိုေတာ္ စႏၵီျမင့္လြင္နဲ႔ တြဲဖက္သီဆို ထားတဲ့ IDFC – I Don’t Fucking Care အမည္ရတဲ့ သီခ်င္းတပုဒ္ထြက္ရွိထားၿပီး ပရိတ္ သတ္အားေပးမႈရထားခဲ့တာပါ။

အဲဒီသီခ်င္းကေတာ့ မိန္းကေလးခ်င္း ခ်စ္ႀကိဳက္ေနၾကတဲ့ ဇာတ္လမ္းကို ခပ္ၾကမ္း ၾကမ္း သီခ်င္းစာသားေတြနဲ႔ ပံုေဖာ္သီဆိုထားခဲ့တာပါ။

အခုအသစ္ထြက္လာတဲ့ သီခ်င္းကေတာ့ လက္ရွိတြဲေနတဲ့ ခ်စ္သူရွိလ်က္နဲ႔ သစၥာ မရွိတဲ့ ေယာက်္ားေတြကို ရြံစရာေကာင္းတယ္ဆိုတဲ့ အဓိပၸါယ္နဲ႔ ပံုေဖာ္ထားခဲ့တာ ျဖစ္ၿပီး ေတးေရး မိုးထက္က ေရးစပ္ထားေပးခဲ့တာပါ။

ဆိုဖီယာရဲ႕ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာေတာ့ ပရိသတ္ေတြအတြက္ အခမဲ့နား ဆင္ႏိုင္ဖို႔ မွ်ေ၀ထားခဲ့ၿပီး ေဒါင္းလုတ္လုပ္ယူလို႔ရမယ့္ လင့္ခ္ကိုပါ ေဖာ္ျပထားခဲ့တာ ျဖစ္ ပါတယ္။

“ရြံစရာႀကီး သီခ်င္း တင္လိုက္ပါၿပီ။ အထူးသျဖင့္ Relationship ရွိတဲ့ ဘဲေတြအ တြက္ ျဖစ္ပါတယ္။ သူတို႕ကိုေျပာခ်င္တာေတြ Sophia ရဲ႕ ဒီသီခ်င္းထဲမွာ ကိုမိုးထက္ ကိုယ္တိုင္ ေရးစပ္ထားပါတယ္။ ေျပာခ်င္တာေတြ ဒီသီခ်င္းထဲကနဲ႔ တထပ္တည္းက်ရဲ႕ လားလို႔ နားဆင္ေပးၾကပါဦးေနာ္”လို႔ သူက ေရးထားခဲ့တာပါ။

“ေနာက္ေၾကာင္းမရွင္းပဲ… လာမပူးနဲ႔… ေသသြားမယ္… ရွင္သြားမယ္… ဘယ္လို အစားမ်ားမွတ္ေနလဲ… အေၾကာသိပ္ထေနလား… Wooh… အားယားလို႔ေနလား… Wooh… ဆရာက်တယ္လား… Wooh… ရြံစရာ… ရြံစရာ… ရြံစရာ… ရြံစရာ… ရြံစရာ ေကာင္းသူႀကီး…” စတဲ့ သီခ်င္းစာသား လန္းလန္းေတြနဲ႔ ဒီသီခ်င္းကိုေတာ့ ေအာက္က လင့္ခ္မွာ ၀င္ေရာက္ၾကည့္ရႈ နားဆင္ႏိုင္မွာ ျဖစ္ပါတယ္။

Credit: Dvb
# Unicode Version ျဖင့္ ဖတ္ပါ #
“အောက်တန်းကျလွန်းလှလို့… A-ye… အခုမျှနဲ့အဆုံးသတ်… A-ye… လုပ်ရပ် တို့အဆုံးသတ်… A-ye… မင်းကတဲ့အရှုပ်ဇာတ်တွေ… ရွံတယ်… ရွံတယ်… ရွံတယ်… ရွံ တယ်… ရွံတယ်… Oh…”

ဒါကတော့ မနေ့ကမှ အသစ်ထွက်ရှိလာတဲ့ တေးသံရှင် ဆိုဖီယာရဲ့ အသစ်ထွက် လာတဲ့ ရွံစရာကြီး အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပါတယ်။

ဒီသီချင်းဟာ တရက်အတွင်းမှာကို ဝင်ရောက်ကြည့်ရှုသူ ၁ သိန်းကျော်သွားခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

ဆိုဖီယာဟာ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ရာက စတင်ပြီး ပရိသတ်ကြား လူသိများ ထင်ရှားလာခဲ့တာဖြစ်ပြီး တကိုယ်တော် အယ်လ်ဘမ်တွေမှာ ရော အတွဲသီချင်းခွေတွေမှာပါ ပါဝင်သီဆိုနေတာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း အဆိုတော် စန္ဒီမြင့်လွင်နဲ့ တွဲဖက်သီဆို ထားတဲ့ IDFC – I Don’t Fucking Care အမည်ရတဲ့ သီချင်းတပုဒ်ထွက်ရှိထားပြီး ပရိတ် သတ်အားပေးမှုရထားခဲ့တာပါ။

အဲဒီသီချင်းကတော့ မိန်းကလေးချင်း ချစ်ကြိုက်နေကြတဲ့ ဇာတ်လမ်းကို ခပ်ကြမ်း ကြမ်း သီချင်းစာသားတွေနဲ့ ပုံဖော်သီဆိုထားခဲ့တာပါ။

အခုအသစ်ထွက်လာတဲ့ သီချင်းကတော့ လက်ရှိတွဲနေတဲ့ ချစ်သူရှိလျက်နဲ့ သစ္စာ မရှိတဲ့ ယောကျ်ားတွေကို ရွံစရာကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပုံဖော်ထားခဲ့တာ ဖြစ်ပြီး တေးရေး မိုးထက်က ရေးစပ်ထားပေးခဲ့တာပါ။

ဆိုဖီယာရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ပရိသတ်တွေအတွက် အခမဲ့နား ဆင်နိုင်ဖို့ မျှဝေထားခဲ့ပြီး ဒေါင်းလုတ်လုပ်ယူလို့ရမယ့် လင့်ခ်ကိုပါ ဖော်ပြထားခဲ့တာ ဖြစ် ပါတယ်။

“ရွံစရာကြီး သီချင်း တင်လိုက်ပါပြီ။ အထူးသဖြင့် Relationship ရှိတဲ့ ဘဲတွေအ တွက် ဖြစ်ပါတယ်။ သူတို့ကိုပြောချင်တာတွေ Sophia ရဲ့ ဒီသီချင်းထဲမှာ ကိုမိုးထက် ကိုယ်တိုင် ရေးစပ်ထားပါတယ်။ ပြောချင်တာတွေ ဒီသီချင်းထဲကနဲ့ တထပ်တည်းကျရဲ့ လားလို့ နားဆင်ပေးကြပါဦးနော်”လို့ သူက ရေးထားခဲ့တာပါ။

“နောက်ကြောင်းမရှင်းပဲ… လာမပူးနဲ့… သေသွားမယ်… ရှင်သွားမယ်… ဘယ်လို အစားများမှတ်နေလဲ… အကြောသိပ်ထနေလား… Wooh… အားယားလို့နေလား… Wooh… ဆရာကျတယ်လား… Wooh… ရွံစရာ… ရွံစရာ… ရွံစရာ… ရွံစရာ… ရွံစရာ ကောင်းသူကြီး…” စတဲ့ သီချင်းစာသား လန်းလန်းတွေနဲ့ ဒီသီချင်းကိုတော့ အောက်က လင့်ခ်မှာ ဝင်ရောက်ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။

Credit: Dvb
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top