iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာခဏ ဆိုသလို ေခါင္းကိုက္၊ ေခါင္းမူးတတ္တဲ့သူေတြအေနနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြကို အခ်ိန္တိုင္း မွီဝဲေနလို႔ အဆင္မေျပပါဘူး။ ဘာ့ေၾကာင့္ ေခါင္းကိုက္လဲ ဆိုတာကို ေသခ်ာစစ္ေဆးသင့္ ၿပီး ေဆးဝါးကုသမႈ ခံယူဖို႔ လိုပါတယ္။ ဒါေပမယ့္ ေသြးအားနည္းတာေၾကာင့္၊ အထုိင္မ်ားျခင္းေၾကာင့္၊ အစားအေသာက္ေနထိုင္မႈ ပံုစံ မွားယြင္းမႈေၾကာင့္ မၾကာခဏ ဆိုသလုိ၊ ေခါင္းကိုက္တဲ့ ေဝဒနာကို ခံစားေနရတယ္ဆိုရင္ေတာ့ ေဆးေသာက္ၿပီး သက္သာေအာင္ ကုသမယ့္အစား ကိုယ့္ရဲ႕ေနထိုင္ စားေသာက္မႈ ပံုစံကို ေျပာင္းလဲဖို႔ လိုေနပါၿပီ။

(၁) ဝုိင္မေသာက္ပါနဲ႔

Sulfites ပါဝင္တဲ့ ဝုိင္ေတြက ေခါင္းကိုက္ျခင္းကို ပိုမုိျဖစ္ေပၚ ေစပါတယ္။ ဝိုင္မွ မဟုတ္ပါဘူး။ sulfites ပါဝင္တဲ့ အရက္၊ ဘီယာ၊ ဝုိင္နီ၊ အေဖ်ာ္ယမကာမ်ားကို ေရွာင္ၾကဥ္သင့္ပါတယ္။ ဒီလို ဝုိင္ေတြ ေသာက္သံုး မယ့္အစား ေရကိုသာ မ်ားမ်ားေသာက္သံုးေပးပါ။ ေရဓာတ္ခမ္းေျခာက္ျခင္းကလည္း ေခါင္းကိုက္မႈကို ျဖစ္ေပၚ ေစတဲ့အတြက္ ေရဓာတ္ျဖည့္တင္းဖို႔ လိုပါတယ္။ ေနာက္ၿပီး အယ္လ္ကိုေဟာ ပါဝင္တဲ့ အေဖ်ာ္ယမကာမ်ားက ခႏၶာကိုယ္တြင္း ေရဓာတ္ဆံုးရံႈးမႈကို ျဖစ္ေပၚေစလို႔ ေခါင္းခဏခဏ ကိုက္တတ္တဲ့သူေတြ လံုးဝ မေသာက္သံုးသင့္ပါဘူး။

(၂) ခ်ိဳဆိမ့္တဲ့အစားအေသာက္မ်ားေရွာင္ပါ

အခ်ိဳဓာတ္လြန္ကဲတဲ့ အစားအစာမ်ားနဲ႔ ဆိမ့္တဲ့ အစားအစာေတြကို တတ္ႏုိင္သေလာက္ ေရွာင္ၾကဥ္ သင့္ပါတယ္။ အထူးသျဖင့္ ခ်ိစ့္၊ ဒိန္ခဲ တို႔မွာ ပါဝင္တဲ့ ခ်ိဳဆိမ့္ဆိမ့္အရသာေတြက သင့္ကို ေခါင္းကိုက္ ေစ ႏုိင္ပါတယ္။ စိတ္မရႊင္လန္းတဲ့ အခါမ်ိဳးမွာ လူအမ်ားစုက အခ်ိဳဓာတ္ကုိ ေတာင့္တတတ္ၾကေပမယ့္ အလြန္အကၽြံစားသံုးမိမယ္ ဆိုရင္ေတာ့ မလိုလားအပ္တဲ့ က်န္းမာေရး ဆိုးက်ိဳးေတြ ျဖစ္ေပၚလာႏိုင္ ပါတယ္။

(၃) ပင္လယ္စာစားသံုးေပးပါ

ပင္လယ္စာက လူတိုင္းနဲ႔ မတည့္တဲ့ အစားအစာဆုိေပမယ့္ အလ်ဥ္းသင့္ရင္သင့္သလို စားသံုးေပးဖုိ႔ကလည္း လိုပါတယ္။ ကိုယ္နဲ႔ ဓာတ္တည့္တဲ့  ပင္လယ္စာမ်ိဳးကို ေရြးခ်ယ္ၿပီး စားသံုးေပးႏုိင္ပါတယ္။ တခ်ိဳ႕ငါးေတြကလည္း ေခါင္းကိုက္ျခင္းကို သက္သာေစႏိုင္တဲ့ သဘာဝ အဆီဓာတ္ေတြ ပါဝင္ေနတာကို ေတြ႔ရပါတယ္။ ဒါ့ေၾကာင့္ ငါးဟင္း၊ ပင္လယ္စာေတြကို စားသံုးဖို႔ မေမ့ပါနဲ႔။

(၄) အရည္ရႊမ္းတဲ့သစ္သီးမ်ားစားပါ

အရည္ရႊမ္းတဲ့ သစ္သီးေတြကို မ်ားမ်ားစားသံုးေပးမယ္ဆိုရင္ ေခါင္းကိုက္တာကို သက္သာေစပါတယ္။ အေပၚမွာ ေျပာခဲ့သလိုပဲ၊ ေရဓာတ္ဆံုးရႈံးမႈေၾကာင့္လည္း ေခါင္းကိုက္တတ္တဲ့အတြက္ ေရဓာတ္ ျဖည့္တင္း ေပးဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ ေရဓာတ္ျပည့္ဝစြာ ပါဝင္တဲ့ သစ္သီးေတြျဖစ္တဲ့ ဖရဲသီး၊ သခြားသီး စတဲ့အသီးေတြကလည္း ေခါင္းမူးေခါင္းကိုက္ျခင္းကို သက္သာေစလို႔ မၾကာခဏ စားသံုးေပးပါ။

(၅) ဟင္းထဲဂ်င္းထည့္ခ်က္ပါ

သင္စားသံုးေနတဲ့ ဟင္းထဲကို ဂ်င္းေထာင္းထည့္တာ၊ ဂ်င္းပါးပါးလွီးထည့္တာမ်ိဳး ေဆးဝါးအျဖစ္ မွီဝဲႏုိင္ပါတယ္။ ဂ်င္းက ေခါင္းမူးေခါင္းကိုက္ျခင္းကို အလ်င္ျမန္ဆံုး သက္သာေစႏုိင္တဲ့ သဘာဝဓာတ္ ပစၥည္းေတြ ပါဝင္တာကို ေတြ႔ရပါတယ္။ ဂ်င္းက ေခါင္းကိုက္သက္သာေစတဲ့အျပင္ ကိုယ္လက္ မအီမသာ ျဖစ္ျခင္း၊ ပ်ိဳ႕ျခင္းကိုလည္း သက္သာေစႏိုင္တဲ့ အက်ိဳးအာနိသင္မ်ားစြာ ပါဝင္ေနပါတယ္။

Credit: myanmaplatform

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
မကြာခဏ ဆိုသလို ခေါင်းကိုက်၊ ခေါင်းမူးတတ်တဲ့သူတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေကို အချိန်တိုင်း မှီဝဲနေလို့ အဆင်မပြေပါဘူး။ ဘာ့ကြောင့် ခေါင်းကိုက်လဲ ဆိုတာကို သေချာစစ်ဆေးသင့် ပြီး ဆေးဝါးကုသမှု ခံယူဖို့ လိုပါတယ်။ ဒါပေမယ့် သွေးအားနည်းတာကြောင့်၊ အထိုင်များခြင်းကြောင့်၊ အစားအသောက်နေထိုင်မှု ပုံစံ မှားယွင်းမှုကြောင့် မကြာခဏ ဆိုသလို၊ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားနေရတယ်ဆိုရင်တော့ ဆေးသောက်ပြီး သက်သာအောင် ကုသမယ့်အစား ကိုယ့်ရဲ့နေထိုင် စားသောက်မှု ပုံစံကို ပြောင်းလဲဖို့ လိုနေပါပြီ။

(၁) ဝိုင်မသောက်ပါနဲ့

Sulfites ပါဝင်တဲ့ ဝိုင်တွေက ခေါင်းကိုက်ခြင်းကို ပိုမိုဖြစ်ပေါ် စေပါတယ်။ ဝိုင်မှ မဟုတ်ပါဘူး။ sulfites ပါဝင်တဲ့ အရက်၊ ဘီယာ၊ ဝိုင်နီ၊ အဖျော်ယမကာများကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလို ဝိုင်တွေ သောက်သုံး မယ့်အစား ရေကိုသာ များများသောက်သုံးပေးပါ။ ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်မှုကို ဖြစ်ပေါ် စေတဲ့အတွက် ရေဓာတ်ဖြည့်တင်းဖို့ လိုပါတယ်။ နောက်ပြီး အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာများက ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေလို့ ခေါင်းခဏခဏ ကိုက်တတ်တဲ့သူတွေ လုံးဝ မသောက်သုံးသင့်ပါဘူး။

(၂) ချိုဆိမ့်တဲ့အစားအသောက်များရှောင်ပါ

အချိုဓာတ်လွန်ကဲတဲ့ အစားအစာများနဲ့ ဆိမ့်တဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ် သင့်ပါတယ်။ အထူးသဖြင့် ချိစ့်၊ ဒိန်ခဲ တို့မှာ ပါဝင်တဲ့ ချိုဆိမ့်ဆိမ့်အရသာတွေက သင့်ကို ခေါင်းကိုက် စေ နိုင်ပါတယ်။ စိတ်မရွှင်လန်းတဲ့ အခါမျိုးမှာ လူအများစုက အချိုဓာတ်ကို တောင့်တတတ်ကြပေမယ့် အလွန်အကျွံစားသုံးမိမယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင် ပါတယ်။

(၃) ပင်လယ်စာစားသုံးပေးပါ

ပင်လယ်စာက လူတိုင်းနဲ့ မတည့်တဲ့ အစားအစာဆိုပေမယ့် အလျဉ်းသင့်ရင်သင့်သလို စားသုံးပေးဖို့ကလည်း လိုပါတယ်။ ကိုယ်နဲ့ ဓာတ်တည့်တဲ့  ပင်လယ်စာမျိုးကို ရွေးချယ်ပြီး စားသုံးပေးနိုင်ပါတယ်။ တချို့ငါးတွေကလည်း ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်တဲ့ သဘာဝ အဆီဓာတ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ငါးဟင်း၊ ပင်လယ်စာတွေကို စားသုံးဖို့ မမေ့ပါနဲ့။

(၄) အရည်ရွှမ်းတဲ့သစ်သီးများစားပါ

အရည်ရွှမ်းတဲ့ သစ်သီးတွေကို များများစားသုံးပေးမယ်ဆိုရင် ခေါင်းကိုက်တာကို သက်သာစေပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ၊ ရေဓာတ်ဆုံးရှုံးမှုကြောင့်လည်း ခေါင်းကိုက်တတ်တဲ့အတွက် ရေဓာတ် ဖြည့်တင်း ပေးဖို့ လိုပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ သစ်သီးတွေဖြစ်တဲ့ ဖရဲသီး၊ သခွားသီး စတဲ့အသီးတွေကလည်း ခေါင်းမူးခေါင်းကိုက်ခြင်းကို သက်သာစေလို့ မကြာခဏ စားသုံးပေးပါ။

(၅) ဟင်းထဲဂျင်းထည့်ချက်ပါ

သင်စားသုံးနေတဲ့ ဟင်းထဲကို ဂျင်းထောင်းထည့်တာ၊ ဂျင်းပါးပါးလှီးထည့်တာမျိုး ဆေးဝါးအဖြစ် မှီဝဲနိုင်ပါတယ်။ ဂျင်းက ခေါင်းမူးခေါင်းကိုက်ခြင်းကို အလျင်မြန်ဆုံး သက်သာစေနိုင်တဲ့ သဘာဝဓာတ် ပစ္စည်းတွေ ပါဝင်တာကို တွေ့ရပါတယ်။ ဂျင်းက ခေါင်းကိုက်သက်သာစေတဲ့အပြင် ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ ပျို့ခြင်းကိုလည်း သက်သာစေနိုင်တဲ့ အကျိုးအာနိသင်များစွာ ပါဝင်နေပါတယ်။

Credit: myanmaplatform


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top