iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးမီအခ်ိန္ကာလတစ္ခုကမ ခင္ပြန္းျဖစ္သူနဲ႔ တရားဝင္ကြာရွင္းထားတဲ့ အဆိုေတာ္ခ်မ္းခ်မ္းတစ္ေယာက္ သူမရဲ႕ Facebook စာမ်က္ႏွာထက္မွာ ဥပမာေလးေတြနဲ႔ စႏိႈက္ေက်ာ္မေတြကို ပညာသားပါပါ ခိုင္းႏိႈင္းေရးသားထားခဲ့ပါတယ္ ၊

အခုေခတ္ အိမ္ေထာင္သည္ေတြႏွင့္ ခ်စ္သူ ရည္းစားေတြၾကားမွာ ၾကားေနရတဲ့ စႏိႈက္ေၾကာ္ဆိုတဲ့ စကားလံုးနဲ႔ပတ္သတ္ျပီး အဆိုေတာ္ ခ်မ္းခ်မ္းက ယခုလိုပဲ ေရးသားထားတာကို ေတြ႕ရပါတယ္ ....

သမီးေလးေက်ာင္းကသူငယ္ခ်င္းေမေမေတြလဲပါတယ္။ တခ်ိဳ႕ေမေမေတြကေမးၾကတယ္။ သူတို႔ေယာက်ာ္းေတြကိုသူတို႔တန္ဖိုးသိေအာင္ဘယ္လိုလုပ္ရင္ေကာင္း မလဲလို႔တိုင္ပင္ၾကတယ္။ တခ်ိဳ႕လဲကိုယ့္ကိစၥကို႐ွက္လို႔အျပင္ေပးမသိေပမ့ဲ အရမ္းခံစားေနရလို႔ က်မကိုရင္ဖြင့္ျကတယ္။ က်မေျပာခ်င္တာက တန္ဖိုးႏွစ္ခုကိုယွဥ္ျပခ်င္တာပါ။ ဘယ္သူ႔ကိုမွထိခိုက္လိုျခင္းမရိွပါဘူး ဆိုၿပီး အစခ်ီထားပါတယ္။

” ကဲ…စပီေနာ္..က်မကမယားႀကီးေတကိုတန္ဖိုးႀကီးတ့ဲေႂကြပန္းကန္လို႔သတ္မွတ္လိုက္မယ္ ။ ဒီေခတ္စႏိုက္ေၾကာ္မမေတကို တခါသုးံပလက္စတစ္ခြက္လို႔သတ္မွတ္ပီး ဥပမာေပးမယ္ေနာ္… အိမ္တအိမ္ မွာ ဧည့္ေကာင္းေဆာင္ေကာင္းေရာက္လာရင္ ဘယ္သူမွ တခါသုးံခြက္န႔ဲခ်ပီးဧည့္မခံပါဘူး။ အိမ္မွာရိွတ့ဲတန္ဖိုးႀကီးေႂကြထည္ေတကိုထုတ္သုးံၾကတာပါ ” တဲ့ ။

” ကဲ ဒါဆို က်မတို႔အိမ္ကမိန္းမေတြကအေရးႀကီးတ့ဲပြဲေတ ကိစၥေတြမွာမရိွမျဖစ္ အိမ္ကအိမ္ဦးနတ္ေတြထုတ္သုးံရတ့ဲေႂကြပန္းကန္ဆိုရင္မမွားပါဘုူး ။ ဒါေၾကာင့္ စိတ္ဓာတ္မက်ဖို႔ သိပ္အေရးႀကီးတယ္သင္က ေႂကြထည္ တခါတရံ ဒီဇိုင္းတမ်ိဳးပဲထြက္တယ္ ဆင္တူမရိွဘူး ဂုဏ္ယူလိုက္ပါ။ တခါတေလ လူေတြအပ်င္းေျပလမ္းေဘးစာေတြစားၾကတယ္မဟုတ္လား၊ ဘယ္ဆိုင္မွေႂကြထည္အေကာင္းစားေတြန႔ဲထည့္မေပးလိုက္ဘူး။ တခါသုးံပလက္စတစ္အိတ္ ပန္းကန္ေတြန႔ဲပဲထည့္ေပးၾကတယ္ေလ…သင္သတိထားမိလား ? ဒါေၾကာင့္ဘဝမွာသူတို႔အပ်င္းေျပထြက္စားတ့ဲ အေပါစားခြက္န႔ဲသူတို႔အိမ္ကေႂကြထည္ကိုဘယ္ေတာ့မွလဲမွာမဟုတ္ဘူး ”

” က်မေျပာခ်င္တာ ဒါပါပဲ…မိန္းကေလးေတြ အိမ္ေထာင္ရိွၿပီးသားေယာက်ာ္းေတြကိုစႏိုက္ေၾကာ္ေနတာ ကိုယ့္တန္ဖိုးကိုယ္သတ္မွတ္တာပဲလို႔အမကေတာ့ေျပာျပခ်င္တယ္။ ကိုယ္က တခါသုးံပလက္စတစ္ လႊင့္ပစ္ခံရမယ့္ခြက္ျဖစ္ခ်င္လား ? တန္ဖိုးႀကီးေႂကြထည္အျဖစ္န႔ဲကိုယ္ခ်စ္တ့ဲအိမ္ဦးနတ္အတြက္ေနမလား စဥ္းစားေပါ့ကြယ္…၊ အျပင္စာက မ်ားမ်ားစားရင္ေရာဂါရတတ္တယ္။ Bပိုး Cပိုး… အဲ ေနာက္ဆို AIDS ပိုးပါပါလာတတ္တယ္။ ကဲ အိမ္ေထာင္႐ွင္မမေတြ သိထားဖို႔ကက်မတို႔ကဒီဇိုင္းဆင္တူမရိွတ့ဲ ေႂကြထည္ပစၥည္းေတြပဲ ႏိုက္ျမည္းခံတ့ဲ စႏိုက္ေၾကာ္မမေတြကေတာ့ သူတို႔ ကတခါသုးံခြက္ဆိုတာမသိေသးလို႔ေနပါလိမ့္မယ္” ဆိုကာ ပညာသားပါလွတဲ့ စာသားေတြကို ေရးသားေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ” တေန႔တာအလုပ္ေတြ လုပ္ရင္းပင္ပန္းေနတ့ဲေမေမေတြအတြက္ တန္ဖိုးတခုျမႇင့္တင္ေပးခ်င္တ့ဲ သေဘာပါပဲ….ေအာ္.. ေမ့လို႔ အိမ္ဦးနတ္က ေႂကြထည္ကိုမႀကိဳက္လို႔ စြန္႔ခ့ဲရင္ေတာင္ မ်က္ႏွာမငယ္ရဘူး သိလား တန္ဖိုးသိတ့ဲသူကယူသြားေရာ …ပါသြားမွအသိေနာက္က်မယ္ ..အိမ္ဦးနတ္ ေတြေရ ဒါေပမ့ဲ တခါသုုးံခြက္ကိုေတာ့ ဘယ္သူမွျပန္ေဆးၿပီး မသုးံၾက မသိမ္းၾကပါဘူးကြယ္…..” ဆိုၿပီး အမ်ိဳးသားတစ္ခ်ို႔ကိုလဲ ပညာသားပါပါသတိေပးလိုက္ပါတယ္။

Credit : ဖိုးသူေတာ္ (www.phothutaw.com)
# Unicode Version ျဖင့္ ဖတ္ပါ #
မကြာသေးမီအချိန်ကာလတစ်ခုကမ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းထားတဲ့ အဆိုတော်ချမ်းချမ်းတစ်ယောက် သူမရဲ့ Facebook စာမျက်နှာထက်မှာ ဥပမာလေးတွေနဲ့ စနှိုက်ကျော်မတွေကို ပညာသားပါပါ ခိုင်းနှိုင်းရေးသားထားခဲ့ပါတယ် ၊

အခုခေတ် အိမ်ထောင်သည်တွေနှင့် ချစ်သူ ရည်းစားတွေကြားမှာ ကြားနေရတဲ့ စနှိုက်ကြော်ဆိုတဲ့ စကားလုံးနဲ့ပတ်သတ်ပြီး အဆိုတော် ချမ်းချမ်းက ယခုလိုပဲ ရေးသားထားတာကို တွေ့ရပါတယ် ....

သမီးလေးကျောင်းကသူငယ်ချင်းမေမေတွေလဲပါတယ်။ တချို့မေမေတွေကမေးကြတယ်။ သူတို့ယောကျာ်းတွေကိုသူတို့တန်ဖိုးသိအောင်ဘယ်လိုလုပ်ရင်ကောင်း မလဲလို့တိုင်ပင်ကြတယ်။ တချို့လဲကိုယ့်ကိစ္စကိုရှက်လို့အပြင်ပေးမသိပေမဲ့ အရမ်းခံစားနေရလို့ ကျမကိုရင်ဖွင့်ကြတယ်။ ကျမပြောချင်တာက တန်ဖိုးနှစ်ခုကိုယှဉ်ပြချင်တာပါ။ ဘယ်သူ့ကိုမှထိခိုက်လိုခြင်းမရှိပါဘူး ဆိုပြီး အစချီထားပါတယ်။

” ကဲ…စပီနော်..ကျမကမယားကြီးတေကိုတန်ဖိုးကြီးတဲ့ကြွေပန်းကန်လို့သတ်မှတ်လိုက်မယ် ။ ဒီခေတ်စနိုက်ကြော်မမတေကို တခါသုးံပလက်စတစ်ခွက်လို့သတ်မှတ်ပီး ဥပမာပေးမယ်နော်… အိမ်တအိမ် မှာ ဧည့်ကောင်းဆောင်ကောင်းရောက်လာရင် ဘယ်သူမှ တခါသုးံခွက်နဲ့ချပီးဧည့်မခံပါဘူး။ အိမ်မှာရှိတဲ့တန်ဖိုးကြီးကြွေထည်တေကိုထုတ်သုးံကြတာပါ ” တဲ့ ။

” ကဲ ဒါဆို ကျမတို့အိမ်ကမိန်းမတွေကအရေးကြီးတဲ့ပွဲတေ ကိစ္စတွေမှာမရှိမဖြစ် အိမ်ကအိမ်ဦးနတ်တွေထုတ်သုးံရတဲ့ကြွေပန်းကန်ဆိုရင်မမှားပါဘုူး ။ ဒါကြောင့် စိတ်ဓာတ်မကျဖို့ သိပ်အရေးကြီးတယ်သင်က ကြွေထည် တခါတရံ ဒီဇိုင်းတမျိုးပဲထွက်တယ် ဆင်တူမရှိဘူး ဂုဏ်ယူလိုက်ပါ။ တခါတလေ လူတွေအပျင်းပြေလမ်းဘေးစာတွေစားကြတယ်မဟုတ်လား၊ ဘယ်ဆိုင်မှကြွေထည်အကောင်းစားတွေနဲ့ထည့်မပေးလိုက်ဘူး။ တခါသုးံပလက်စတစ်အိတ် ပန်းကန်တွေနဲ့ပဲထည့်ပေးကြတယ်လေ…သင်သတိထားမိလား ? ဒါကြောင့်ဘဝမှာသူတို့အပျင်းပြေထွက်စားတဲ့ အပေါစားခွက်နဲ့သူတို့အိမ်ကကြွေထည်ကိုဘယ်တော့မှလဲမှာမဟုတ်ဘူး ”

” ကျမပြောချင်တာ ဒါပါပဲ…မိန်းကလေးတွေ အိမ်ထောင်ရှိပြီးသားယောကျာ်းတွေကိုစနိုက်ကြော်နေတာ ကိုယ့်တန်ဖိုးကိုယ်သတ်မှတ်တာပဲလို့အမကတော့ပြောပြချင်တယ်။ ကိုယ်က တခါသုးံပလက်စတစ် လွှင့်ပစ်ခံရမယ့်ခွက်ဖြစ်ချင်လား ? တန်ဖိုးကြီးကြွေထည်အဖြစ်နဲ့ကိုယ်ချစ်တဲ့အိမ်ဦးနတ်အတွက်နေမလား စဉ်းစားပေါ့ကွယ်…၊ အပြင်စာက များများစားရင်ရောဂါရတတ်တယ်။ Bပိုး Cပိုး… အဲ နောက်ဆို AIDS ပိုးပါပါလာတတ်တယ်။ ကဲ အိမ်ထောင်ရှင်မမတွေ သိထားဖို့ကကျမတို့ကဒီဇိုင်းဆင်တူမရှိတဲ့ ကြွေထည်ပစ္စည်းတွေပဲ နိုက်မြည်းခံတဲ့ စနိုက်ကြော်မမတွေကတော့ သူတို့ ကတခါသုးံခွက်ဆိုတာမသိသေးလို့နေပါလိမ့်မယ်” ဆိုကာ ပညာသားပါလှတဲ့ စာသားတွေကို ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ” တနေ့တာအလုပ်တွေ လုပ်ရင်းပင်ပန်းနေတဲ့မေမေတွေအတွက် တန်ဖိုးတခုမြှင့်တင်ပေးချင်တဲ့ သဘောပါပဲ….အော်.. မေ့လို့ အိမ်ဦးနတ်က ကြွေထည်ကိုမကြိုက်လို့ စွန့်ခဲ့ရင်တောင် မျက်နှာမငယ်ရဘူး သိလား တန်ဖိုးသိတဲ့သူကယူသွားရော …ပါသွားမှအသိနောက်ကျမယ် ..အိမ်ဦးနတ် တွေရေ ဒါပေမဲ့ တခါသုးံခွက်ကိုတော့ ဘယ်သူမှပြန်ဆေးပြီး မသုးံကြ မသိမ်းကြပါဘူးကွယ်…..” ဆိုပြီး အမျိုးသားတစ်ချို့ကိုလဲ ပညာသားပါပါသတိပေးလိုက်ပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top