iMyanmarHouse.com - Best Property Website for Myanmar
×

ေနေရာင္ျခည္နဲ႔ ထိေတြ႔မႈ မ်ားလာတဲ့အခါ မ်က္ႏွာျပင္ေပၚမွာ တင္းတိပ္လိုမ်ိဳး အမည္းစက္ေတြ ထြက္ေပၚလာတတ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မ်ား၊ ကေလးေမြးဖြားၿပီး မိခင္မ်ားနဲ႔ ကိုယ္ဝန္ေဆာင္ မိခင္ေတြမွာလည္း ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ တင္းတိပ္ေတြ ထြက္ေပၚေန တတ္ပါတယ္။ ဒီတင္းတိပ္အမည္းစက္ေတြက ျဖစ္လွ်င္ျဖစ္ျခင္း ခ်က္ခ်င္းကုသမယ္ဆို သက္သာေပ်ာက္ကင္းႏုိင္ပါတယ္။ အလြယ္တကူဝယ္ယူရရွိႏုိင္တဲ့ သဘာဝသစ္သီးေလးေတြနဲ႔ ကုမွာဆိုေတာ့ ကုန္က်လည္းသက္သာတဲ့အျပင္ ေဘးထြက္ဆိုက်ိဳးျဖစ္မွာကိုလည္း မပူရတဲ့အတြက္ အခုေဖာ္ျပေပးမယ့္ သဘာဝနည္းလမ္းေကာင္းေတြကို စိတ္ခ်လက္ခ် အသံုးျပဳႏုိင္ပါတယ္ေနာ္။

(၁) သေဘၤာသီး

သေဘၤာသီးမွည့္မွာပါဝင္တဲ့ Enzyme ဓာတ္က အသားအေရကို ျပန္လည္အားျဖည့္ေပးၿပီး ပ်က္စီး သြားတဲ့ အေပၚယံလႊာ အေရျပားကို ျပန္လည္ကုသေပးႏုိင္စြမ္းရွိပါတယ္။ သေဘၤာသီးမွည့္ကို ႀကိတ္ၿပီး မ်က္ႏွာျပင္ေပၚ သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ အၾကာမွာ ၾကက္သီးေရေႏြးနဲ႔ ေဆးေၾကာ သန္႔စင္ လိုက္ရံုပါပဲ။ ဒီနည္းလမ္းအတုိင္း မနက္ခင္းနဲ႔ ညပိုင္းအခ်ိန္ေတြမွာ ေန႔စဥ္ပံုမွန္ ေပါင္းတင္ေပးႏုိင္ပါတယ္။

(၂) ဖရဲသီး

ဖရဲသီးမွာ ပါဝင္တဲ့ ေရဓာတ္က သင့္မ်က္ႏွာအသားအေရရဲ႕ ကုန္ခမ္းသြားတဲ့ ေရဓာတ္ကို ျပန္လည္ ျဖည္တင္း ေပးႏုိင္ၿပီး ဗီတာမင္ဓာတ္ ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ သင့္ရဲ႕ အသားအေရကို ျပန္လည္ ညီညာေခ်ာေမြ႔ေစပါတယ္။ တင္းတိပ္ျဖစ္ေနတဲ့ ေနရာေတြေပၚ ဖရဲသီးကိုလွီးၿပီး ကပ္ထားလို႔ ရပါတယ္။ မိနစ္ ၂၀ေလာက္ထားၿပီး ေဆးခ်လိုက္ရံုပါပဲေနာ္။ ဒီနည္းလမ္းအတုိင္း ေန႔စဥ္ျပဳလုပ္ေပး မယ္ဆိုရင္ တင္းတိပ္ေတြ ယူပစ္သလို ေပ်ာက္ကင္းသြားမွာပါ။

(၃) ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးမွာက natural whitening effect ပါဝင္တဲ့အတြက္ အမည္းစက္မ်ားနဲ႔ တင္းတိပ္မ်ားကို ဖယ္ရွားေပးႏုိင္စြမ္းရွိပါတယ္။ ကိုရီးယားအလွကုန္အမ်ားစုမွာလည္း ခရမ္းခ်ဥ္သီးကို အဓိကထား ထည့္သြင္းၾကတဲ့ အတြက္ အသားေလးဝင္းလာမွာေတာ့ အမွန္ပါပဲ။ ခရမ္းခ်ဥ္သီးကို ထက္ျခမ္းျခမ္းၿပီး မ်က္ႏွာျပင္ေပၚ ၃မိနစ္ခန္႔ ပြတ္တိုက္ေပးၿပီး ၁၀ မိနစ္အၾကာမွာ မ်က္ႏွာသစ္လိုက္ပါ။ ဒါမွမဟုတ္ အကြင္းလိုက္လွီးထားတဲ့ ခရမ္းခ်ဥ္သီးကို ၁၀မိနစ္ခန္႔ ကပ္ထားေပးပါ။ တစ္ပတ္ကို ၃ႀကိမ္ေလာက္ ျပဳလုပ္ေပးရံုနဲ႔ ထူးျခားမႈကို ျမင္ေတြ႔ရပါလိမ့္မယ္။

(၄) သခြားသီး

သခြားသီးကလည္း အသားအေရထိန္းသိမ္းတဲ့ေနရာမွာ တကယ့္ကို အသံုးတည့္လွပါတယ္။ သခြားသီးမွာပါဝင္တဲ့ ဗီတာမင္စီဓာတ္နဲ႔ အျခားေသာ သဘာဝဓာတ္မ်ားက တင္းတိပ္၊ မွည့္ေျခာက္မ်ား ကို အျမစ္ျပတ္ဖယ္ရွားေပးႏိုင္ၿပီး အသားအေရကို ျပန္လည္အားျဖည့္ေပးႏုိင္ပါတယ္။ သခြားသီးကို ပါးပါးလွီးၿပီး မ်က္ႏွာျပင္ေပၚ ၁၀ မိနစ္ခန္႔ ေပါင္းတင္ေပးပါ။ တကယ္လို႔ သင္က ေျခာက္ေသြ႔တဲ့ အသားအေရပိုင္ရွင္ဆိုရင္ေတာ့ သခြားသီးနဲ႔ ေပါင္းတင္ၿပီးရင္ အလွဆီ ဒါမွမဟုတ္ moisturizer ျပန္လိမ္းေပးဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

ဒီေတာ့… ေဖာ္ျပေပးခဲ့ နည္းလမ္းေတြထဲက သင့္အသားအေရနဲ႔ သင့္ေတာ္ၿပီး ျပဳလုပ္ရအဆင္ေျပ ေစမယ့္ နည္းလမ္းတစ္နည္းနည္းကို ေရြးခ်ယ္ၿပီး တင္းတိပ္၊ မွည့္ေျခာက္မ်ားကို အၿပီးတုိင္ ႏႈတ္ဆက္ လိုက္ပါ။

Credit: ျမန္မာပလပ္ေဖာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
နေရောင်ခြည်နဲ့ ထိတွေ့မှု များလာတဲ့အခါ မျက်နှာပြင်ပေါ်မှာ တင်းတိပ်လိုမျိုး အမည်းစက်တွေ ထွက်ပေါ်လာတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်များ၊ ကလေးမွေးဖွားပြီး မိခင်များနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် တင်းတိပ်တွေ ထွက်ပေါ်နေ တတ်ပါတယ်။ ဒီတင်းတိပ်အမည်းစက်တွေက ဖြစ်လျှင်ဖြစ်ခြင်း ချက်ချင်းကုသမယ်ဆို သက်သာပျောက်ကင်းနိုင်ပါတယ်။ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ သဘာဝသစ်သီးလေးတွေနဲ့ ကုမှာဆိုတော့ ကုန်ကျလည်းသက်သာတဲ့အပြင် ဘေးထွက်ဆိုကျိုးဖြစ်မှာကိုလည်း မပူရတဲ့အတွက် အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းကောင်းတွေကို စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်နော်။

(၁) သင်္ဘောသီး

သင်္ဘောသီးမှည့်မှာပါဝင်တဲ့ Enzyme ဓာတ်က အသားအရေကို ပြန်လည်အားဖြည့်ပေးပြီး ပျက်စီး သွားတဲ့ အပေါ်ယံလွှာ အရေပြားကို ပြန်လည်ကုသပေးနိုင်စွမ်းရှိပါတယ်။ သင်္ဘောသီးမှည့်ကို ကြိတ်ပြီး မျက်နှာပြင်ပေါ် သုတ်လိမ်းပေးပါ။ မိနစ် ၂၀ အကြာမှာ ကြက်သီးရေနွေးနဲ့ ဆေးကြော သန့်စင် လိုက်ရုံပါပဲ။ ဒီနည်းလမ်းအတိုင်း မနက်ခင်းနဲ့ ညပိုင်းအချိန်တွေမှာ နေ့စဉ်ပုံမှန် ပေါင်းတင်ပေးနိုင်ပါတယ်။

(၂) ဖရဲသီး

ဖရဲသီးမှာ ပါဝင်တဲ့ ရေဓာတ်က သင့်မျက်နှာအသားအရေရဲ့ ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည်တင်း ပေးနိုင်ပြီး ဗီတာမင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သင့်ရဲ့ အသားအရေကို ပြန်လည် ညီညာချောမွေ့စေပါတယ်။ တင်းတိပ်ဖြစ်နေတဲ့ နေရာတွေပေါ် ဖရဲသီးကိုလှီးပြီး ကပ်ထားလို့ ရပါတယ်။ မိနစ် ၂၀လောက်ထားပြီး ဆေးချလိုက်ရုံပါပဲနော်။ ဒီနည်းလမ်းအတိုင်း နေ့စဉ်ပြုလုပ်ပေး မယ်ဆိုရင် တင်းတိပ်တွေ ယူပစ်သလို ပျောက်ကင်းသွားမှာပါ။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာက natural whitening effect ပါဝင်တဲ့အတွက် အမည်းစက်များနဲ့ တင်းတိပ်များကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ကိုရီးယားအလှကုန်အများစုမှာလည်း ခရမ်းချဉ်သီးကို အဓိကထား ထည့်သွင်းကြတဲ့ အတွက် အသားလေးဝင်းလာမှာတော့ အမှန်ပါပဲ။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းပြီး မျက်နှာပြင်ပေါ် ၃မိနစ်ခန့် ပွတ်တိုက်ပေးပြီး ၁၀ မိနစ်အကြာမှာ မျက်နှာသစ်လိုက်ပါ။ ဒါမှမဟုတ် အကွင်းလိုက်လှီးထားတဲ့ ခရမ်းချဉ်သီးကို ၁၀မိနစ်ခန့် ကပ်ထားပေးပါ။ တစ်ပတ်ကို ၃ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ ထူးခြားမှုကို မြင်တွေ့ရပါလိမ့်မယ်။

(၄) သခွားသီး

သခွားသီးကလည်း အသားအရေထိန်းသိမ်းတဲ့နေရာမှာ တကယ့်ကို အသုံးတည့်လှပါတယ်။ သခွားသီးမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်နဲ့ အခြားသော သဘာဝဓာတ်များက တင်းတိပ်၊ မှည့်ခြောက်များ ကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်ပြီး အသားအရေကို ပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပြင်ပေါ် ၁၀ မိနစ်ခန့် ပေါင်းတင်ပေးပါ။ တကယ်လို့ သင်က ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်ဆိုရင်တော့ သခွားသီးနဲ့ ပေါင်းတင်ပြီးရင် အလှဆီ ဒါမှမဟုတ် moisturizer ပြန်လိမ်းပေးဖို့တော့ မမေ့ပါနဲ့နော်။

ဒီတော့… ဖော်ပြပေးခဲ့ နည်းလမ်းတွေထဲက သင့်အသားအရေနဲ့ သင့်တော်ပြီး ပြုလုပ်ရအဆင်ပြေ စေမယ့် နည်းလမ်းတစ်နည်းနည်းကို ရွေးချယ်ပြီး တင်းတိပ်၊ မှည့်ခြောက်များကို အပြီးတိုင် နှုတ်ဆက် လိုက်ပါ။

Credit: မြန်မာပလပ်ဖောင်း
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top