iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္ဇနီးက ကန္စြန္းရြက္ေၾကာ္၊ ကန္စြန္းရြက္သုပ္၊ ကန္ စြန္းရြက္ခ်ည္ရည္ဟင္း စသျဖင့္ ကန္စြန္းရြက္ကို ပင္တိုင္စံ ဟင္းတစ္ခြက္လို မပါမျဖစ္ ခ်က္ျပဳတ္ေကြ်းတဲ့အခါ “ဒီေန႔ လည္း ကန္စြန္းရြက္ပဲလား ကြာ” ဆိုၿပီး မညည္း တြားလိုက္ပါနဲ ႔။ ကန္စြန္းရြက္မွာ ဗီတာမင္ေအ ၊ ဗီတာမင္ B1 ၊ ဗီတာမင္စီ ၊ ပ႐ိုတင္းဓာတ္ ၊ ကယ္လ္စီယမ္ ၊ ေဖာ့စ္ဖရပ္စ္၊ သံ ဓာတ္၊ ကာ႐ိုတင္းစတဲ့ အာဟာရဓာတ္ေတြ မ်ားစြာပါဝင္တာေၾကာင့္ သင့္ က်န္းမာေရးအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အရြက္တစ္မ်ိဳး ပဲျဖစ္ပါတယ္။

(၁) အိပ္ေရးဝ၀ အိပ္ေပ်ာ္ေစပါတယ္ ကန္စြန္းရြက္ဟာ အိပ္မေပ်ာ္တဲ့သူ ဒါမဟုတ္ အိပ္ေပ်ာ္ဖို႔ ခက္ခဲတဲ့ သူေတြအတြက္ အိမ္သံုးသဘာ ဝေဆး တစ္လက္လိုမ်ိဳး အသံုးဝင္ပါတယ္။ ကန္စြန္းရြက္ဟာ အိပ္ေမာ က်ေအာင္ လံႈ႔ေဆာ္ေပးႏိုင္စြမ္း ရွိလို႔ပါ ။ ကန္စြန္းရြက္ကို စားရင္ အခ်ိန္ ၾကာၾကာ အိပ္ေပ်ာ္ေစတာမ်ိဳး မဟုတ္ဘဲ အိပ္စက္မႈ အရည္အေသြးကို ျပည့္ဝေစ တာေၾကာင့္ ႏိုးထလာတဲ့အခါ လန္းဆန္းေစႏိုင္ပါတယ္။

(၂) ဝမ္းမွန္မွန္သြားေစပါတယ္ ကန္စြန္းရြက္မွာ အေလးခ်ိန္တူ ခရမ္းခ်ဥ္သီးထက္ ပ႐ိုတင္းဓာတ္ ေလးဆ ပိုမို ပါဝင္ၿပီး ကယ္လ္စီယမ္ပါဝင္မႈက ၁၂ ဆပိုမ်ားကာ ကာ႐ိုတင္းဓာတ္လည္း ပိုမိုပါဝင္ပါတယ္ ။ ဒါ့အျပင္ ကန္ဇြန္းရြက္မွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ အစာအိမ္ အူလမ္းေၾကာင္း လႈပ္ရွားမႈ ကို ေကာင္းမြန္ေစၿပီး ဝမ္းမွန္မွန္သြားေစပါတယ္ ။ ကန္ဇြန္း ရြက္ကိုစားၿပီးခ်ိန္မွာ အူထဲရွိ အက္စစ္ဂုဏ္ သတၲိကို ေလ်ာ့က်ေစတာေၾကာင့္ အူလမ္း ေၾကာင္း Flora မမွ်တမႈမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အတြက္ ကင္ဆာ တားဆီး ေပးတဲ့ အာနိသင္ရွိပါတယ္ ။

(၃) ကိုယ္အေလးခ်ိန္ ေလ်ာ႕က်ေစပါတယ္ ကန္စြန္းရြက္ကို ဝမ္းႏုတ္ေဆး၊ သန္ခ်ေဆးအျဖစ္ က်န္းမာေရး ဆိုင္ရာကြ်မ္းက်င္ သူေတြက ယံုၾကည္ ၾကသလို ကိုယ္အေလးခ်ိန္ေလွ်ာ့ခ် လိုသူေတြ အတြက္ လည္း ေကာင္းပါတယ္ ။ ကန္စြန္းရြက္ဟာ ဝမ္းခ်ဳပ္တာ၊ လိပ္ေခါင္းျဖစ္တာေတြကို သက္ သာေစသလို ကိုယ္အေလးခ်ိန္ ေလ်ာ့က်လိုသူေတြအတြက္လည္း တျခား အစားအေသာက္ေတြေနရာမွာ အစားထိုး စားသင့္တဲ့ အစာပဲျဖစ္ ပါ တယ္ ။

(၄)ေသြးဖိအားကို ထိန္းေပးပါတယ္ေသြးတိုးေန သူေတြမွာ ကန္စြန္းရြက္ကို စားေပးရင္ေသြးဖိအားေလ်ာ့ က်ေစပါတယ္ ။ ကန္စြန္းရြက္ ဟာ ေသြးေၾကာထဲရွိ အဆီေတြ ကင္းေဝးေစေရးအတြက္ အေရးပါပါတယ္။

(၅) သိုင္းရြိဳက္ဂလင္းရဲ့လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္ ကန္စြန္းရြက္မွာ ကယ္လိုရီပါဝင္မႈ နည္းၿပီး ဗီတာမင္ေအ၊ ဗီတာမင္စီ ၊ ေဖာလစ္အက္စစ္၊ ဆလဖာ၊ သြပ္(ဇင့္)၊ ပိုတက္စီယမ္၊ ေဖာ့စ္ဖရပ္စ္၊ အိုင္အိုဒင္းနဲ႔ သံဓာတ္တို႔ ပါဝင္တာေၾကာင့္ သိုင္းရြိဳက္ ဂလင္းရဲ႕ လုပ္ငန္းေဆာင္ တာေတြကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။ အင္တီေအာက္ဆီးဒင့္ပါဝင္မႈျမင့္မားတာေၾကာင့္ ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ သလို ႏွလံုးေရာဂါကိုလည္း ကင္းေဝးေစပါတယ္ ။

(၆)ေရာင္ရမ္းမႈကိုေလ်ာ႔က်ေစပါတယ္ ကန္စြန္းရြက္ကို သုပ္ၿပီး စားတာေၾကာင့္ ပန္းနာရင္က်ပ္ေရာဂါ၊ အေအးမိတာ၊ေခ်ာင္းဆိုး တာ နဲ႔ ေလျပြန္ေရာင္ရမ္းတာေတြကို သက္သာေစပါတယ္။ ကန္စြန္းရြက္မွာ အမိုင္ႏိုအက္စစ္အမ်ားအျပားပါဝင္ကာ အဆိပ္တား အာနိသင္ ၊ ေရာင္ရမ္း မႈက်ေစတဲ့ အာနိသင္၊ ဆီးသြားေစတဲ့ အာနိသင္နဲ႔ အိပ္ေမာက်ေစတဲ့ အာနိသင္ေတြကိုရရွိေစပါတယ္။

(၇) ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ကာကြယ္ေပးပါတယ္ ကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္စြမ္းရွိပါတယ္။

(၈) အဆိပ္ေျပေစပါတယ္ ကန္စြန္းရြက္ကို အဆိပ္ေျပေစတဲ့ေဆးတစ္လက္လို အသံုးျပဳၾကပါတယ္။ အစားမွား တာေၾကာင့္ေအာ့အန္ တဲ့ ေဝဒနာေတြကို သက္သာေစတယ္လို႔ ယံုၾကည္ၾကပါတယ္။ ကန္စြန္းရြက္မွာပါတဲ့ အင္တီေအာက္ဆီးဒင့္ဟာ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ ဖရီးရယ္ဒီကယ္ေတြကို ကင္းစင္ေစတာေၾကာင့္ ေရာဂါမ်ားစြာ၊ အထူးသျဖင့္ ကင္ဆာေရာ ဂါမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ကန္စြန္းရြက္ရဲ႕ တျခားက်န္းမာေရးအက်ိဳးေက်းဇူး ေတြကေတာ့-

အမ်ဳိးသမီးမ်ား လစဥ္ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈကို ေလ်ာ့က်ေစပါတယ္။ ေခါင္းကိုက္တာ၊ သြားကိုက္တာကို သက္သာေစပါတယ္။ ေဗာက္ထတာနဲ႔ အေရျပားျပႆနာေတြအတြက္ အသံုးဝင္ပါတယ္။ အနာေတြကို သက္သာေစပါတယ္။ နာ့ဗ္ေၾကာရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္။

ဒါေတြေႀကာင့္ ေနတုိင္းစားေနတယ္ဆိုၿပီး က်န္းမာေရးအတြက္ ဂုဏ္ယူေၿပာႀကား ေပးလုိက္ပါလား  ခင္ဗ်ာ။

Credit:  Mg Mandalay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ “ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ” ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ ၊ ဗီတာမင် B1 ၊ ဗီတာမင်စီ ၊ ပရိုတင်းဓာတ် ၊ ကယ်လ်စီယမ် ၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့ သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မော ကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆ ပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ် ။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှု ကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ် ။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ် သတ္တိကို လျော့ကျစေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ် ။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေး ဆိုင်ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန်လျှော့ချ လိုသူတွေ အတွက် လည်း ကောင်းပါတယ် ။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ် ။

(၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ် ။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ် ။

(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-

အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။ ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။ ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။ အနာတွေကို သက်သာစေပါတယ်။ နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

ဒါတွေကြောင့် နေတိုင်းစားနေတယ်ဆိုပြီး ကျန်းမာရေးအတွက် ဂုဏ်ယူပြောကြား ပေးလိုက်ပါလား  ခင်ဗျာ။

Credit:  Mg Mandalay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top