iMyanmarHouse.com - Best Property Website for Myanmar
×

ႏွလံုးသားေရးနဲ႔ ပတ္သက္လာရင္ တခါတရံမွာ ကိုယ္ခ်စ္တဲ့လူေၾကာင့္ ဘာကိုမွ မထိန္းခ်ဳပ္ႏုိင္ၾကပါဘူး။ ကုိယ့္ခ်စ္သူက ဒီေန႔ေတာ့ ကိုယ့္ကိုခ်စ္ျပီး ေနာက္ရက္မွာ မခ်စ္သလိုျဖစ္ေနတာေတြေၾကာင့္ အိပ္ေရးေတြပ်က္ျပီး အရူးလို ျဖစ္ေနရပါမယ္။ အမ်ိဳးမ်ိဳးေသာ ခ်စ္သူေတြရဲ့ အဆိုးဆံုး အက်င့္စရုိက္အခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ရည္းစားေဟာင္းနဲ႔ အဆက္အသြယ္ရွိေနေသာခ်စ္သူ
သူက ရည္းစားေဟာင္းနဲ႔ ေျပာဆိုဆက္သြယ္ေနေသးတယ္ဆိုတာက ကုိယ့္အေပၚမွာ သစၥာမရွိတာပါပဲ။ သူ႔ကို ေျပာင္းလဲဖို႔ သို႔မဟုတ္ သူ႔ရည္းစားေဟာင္းကိုေမ့ျပီး ကုိယ့္ကိုေရြးခ်ယ္ဖို႔ မတိုက္တြန္းပါနဲ႔။ အမ်ိဳးသားတစ္ေယာက္ ကိုယ့္ကို အျပည့္အဝစိတ္ဝင္စားေအာင္ ကိုယ့္အေနနဲ႔ ရင္ဆုိင္တုိက္ခိုက္ရတာမ်ိဳးကေတာ့ relationship တစ္ခုမွာမၿဖစ္သင့္ပါဘူး။

 (၂) ကိုယ့္သူငယ္ခ်င္းနဲ႔ ခ်ိန္းေတြ႔ခဲ့ေသာခ်စ္သူ

ဒီလိုမ်ိဳးက ကိုယ့္သူငယ္ခ်င္းစြန္႔ပစ္ထားတာကို ယူေနရတာနဲ႔ တူပါတယ္။ အထူးသျဖင့္ သူ႔အားနည္းခ်က္ေတြ၊

မေကာင္းေၾကာင္းေတြကိုသူငယ္ခ်င္းေတြနဲ႔တူတ ူအရင္တုန္းကေဆြးေႏြးခဲ့ဖူးရင္ေပါ့။ ဒီလိုနဲ႔ ကိုယ္က သူ႔အေႀကာင္းသိရုံတင္ မကေသး၊ ကုိယ့္သူငယ္ခ်င္းေတြ သူ႔အေပၚထားရွိတဲ့ ထင္ၿမင္ခ်က္ေလးေတြပါ ကိုယ္က

သိေနျပန္ေရာ။ ျပီးေတာ့ ကိုယ့္သူငယ္ခ်င္းရဲ႕ ရည္းစားေဟာင္းကိုခ်စ္မိေတာ့ အားလံုးက ႏွစ္ေယာက္လံုးအေပၚ

အျမင္ၾကည္လင္ၾကမွာမဟုတ္ပါဘူး။

(၃) ႏွစ္ဦးသေဘာတူညီမႈဆိုင္ရာ ျပႆနာမ်ားရွိေသာ ခ်စ္သူ

ကိုယ့္ကိုေတာ့ relationshipတစ္ခုကိုတည္ေဆာက္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ေျပာျပီး လမ္းခြဲခဲ့ပါတယ္။

ေနာက္အပတ္မွာ ရည္းစားအသစ္နဲ႔ ရုပ္ရွင္ရံုမွာ ေပၚလာတယ္။ ဒါဆိုရင္ သူကကိုယ္နဲ႔ relationship ကို

မတည္ေဆာက္ခ်င္တာ ျဖစ္ႏုိင္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ့ သူ႔ဘဝအေျခအေနေတြ၊ အလုပ္ကိစၥေတြ၊

တျခားအေၾကာင္းျပခ်က္ေတြေပးျပီး ကိုယ္နဲ႔ relationship တစ္ခုကို အတည္တက်ျဖစ္ေအာင္

မတည္ေဆာက္ႏိုင္ေသးဘူးလို႔ ေျပာပါတယ္။ ဒါဆိုရင္ သူက ကိုယ့္ကို ၾကိဳးရွည္ရွည္နဲ႔ ဆြဲထားျပီး ေနာက္က်ရင္ ျဖတ္ပစ္ဖို႔ မ်ားပါတယ္။

(၄) သူငယ္ခ်င္းေတြေရွ႕မွာ ကိုယ့္ကို ျပဳမူဆက္ဆံပံုေျပာင္းလဲတတ္တဲ့ ခ်စ္သူ

သူန႔ဲကိုယ္ ႏွစ္ေယာက္တည္းရွိတဲ့ အခ်ိန္မွာသာ ကုိယ့္ကို ခ်စ္ျပတတ္ေသာ ခ်စ္သူျဖစ္ပါတယ္။ သူ႕ သူငယ္ခ်င္းေတြေရွ႕ဆိုရင္ ကိုယ့္ကိုေခၚေဝၚပံုေတြပါ ေျပာင္းသြားျပီး ကိုယ့္မေကာင္းေၾကာင္း ေျပာတတ္ပါတယ္။

ကိုယ့္ကို ဂုဏ္သိကၡာက်ေစတဲ့ ပံုစံမ်ိဳးနဲ႔ ေျပာလာရင္ေတာ့ သူ႔ကို ဆက္ၾကိဳက္သင့္ မၾကိဳက္သင့္ ေျပာေနစရာေတာင္

မလိုေတာ့ပါဘူး။

(၅) ရည္မွန္းခ်က္မရွိတဲ့ ခ်စ္သူ

အဆင္သင့္ အိပ္ယာခင္းေပးတာကို ေစာင့္ျပီး၊ ပိုက္ဆံရွာဖို့၊ အလုပ္လုပ္ဖို႔ စိတ္ကူးမရွိတဲ့ ခ်စ္သူမ်ိဳးပါ။ ဒီလုိလူမ်ိဳးကို

ဘယ္လုိမွ ေျပာင္းလဲလုိ႔မရပါဘူး။ သူ႔စိတ္ဓာတ္ေတြကိုလည္း ျမွင့္တင္ေပးလို႔ ရမွာမဟုတ္ပါဘူး။ သူကမွ

မရင့္က်က္ေသးတာ၊ အနာဂတ္အတြက္လည္း အစီအစဥ္ခ်ထားတာမ်ိဳးလည္း ရွိမွာမဟုတ္ပါဘူး။

(၆) ကိုယ့္သူငယ္ခ်င္းေတြ သေဘာမက်တဲ့ ခ်စ္သူ

ကိုယ္က အခ်စ္ေၾကာင့္ မ်က္စိကန္းေနတယ္ဆိုေပမယ့္ သူငယ္ခ်င္းေတြကေတာ့ သူဘယ္လိုလူလဲဆိုတာကို

ရွင္းရွင္းလင္းလင္း ျမင္ႏုိင္ပါတယ္။ သူ႔အေၾကာင္းေတြကို သတိထားမိေပမယ့္ သူငယ္ခ်င္းေတြကေတာ့ ကုိယ့္ကို

ဖံုးထားမွာပါပဲ။ တခါတရံ ကိုယ့္အေၾကာင္း ေကာင္းေကာင္းသိတဲ့ သူငယ္ခ်င္းေတြက ကိုယ့္အတြက္ အေကာင္းဆံုးက

ဘယ္သူလဲဆိုတာ သိတတ္ၾကပါတယ္။

(၇) ကိုယ့္အတြက္ မေကာင္းတဲ့ ခ်စ္သူ

သူကေတာ့ ကိုယ့္ကိုေကာင္းတာ ဘာမွမလုပ္ေပးႏုိင္ပါဘူး။ သူ႔ရဲ႕အေျပာေတြနဲ႔တင္ ကုိယ္က မွားျပီးရင္းမွားေနတာပါ။

သူ႔အက်င့္ဆိုးေတြေၾကာင့္ ျဖစ္လာတဲ့ ေနာက္ဆက္တြဲေတြကို ကိုယ္က လုိက္ရွင္းေပးေနရတယ္။ သူ႔ရဲ႕မေကာင္းတဲ့

စိတ္ဓာတ္ေတြကလည္း ကိုယ့္ကို ထိခုိက္ေစပါတယ္။ သူ႔ကိုယ္သူ ထိန္းသိမ္းႏိုင္စြမ္း မရွိတာေၾကာင့္ ကိုယ္ကပဲ

သူ႕ကို တစ္ခ်ိန္လံုး ဂရုုစိုက္ေနရပါတယ္။

ဒီလို ခ်စ္သူနဲ႔ ပတ္သတ္ေနရတာကို သင္ အခ်စ္စိတ္မႊန္ေနခ်ိန္မွာေတာ့ သတိထားမိမွာ မဟုတ္ပါဘူး။ အဆင္မေျပျဖစ္တဲ့အခ်ိန္ေတြဆိုရင္ ပိုၿပီး အဆိုးေတြးတတ္ၾကပါတယ္။ ဒီေတာ့ ေခါင္းေအးေအးထားၿပီး သူရဲ့ အေျပာနဲ႔

အလုပ္ ကိုက္ညီသလား၊ မကိုက္ညီဘူးလားဆိုတဲ့ အခ်က္တစ္ခ်က္တည္းနဲ႔သာ သူ႔ကို အကဲခတ္ၾကည့္ပါ။

Source : cosmopolitan
Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
နှလုံးသားရေးနဲ့ ပတ်သက်လာရင် တခါတရံမှာ ကိုယ်ချစ်တဲ့လူကြောင့် ဘာကိုမှ မထိန်းချုပ်နိုင်ကြပါဘူး။ ကိုယ့်ချစ်သူက ဒီနေ့တော့ ကိုယ့်ကိုချစ်ပြီး နောက်ရက်မှာ မချစ်သလိုဖြစ်နေတာတွေကြောင့် အိပ်ရေးတွေပျက်ပြီး အရူးလို ဖြစ်နေရပါမယ်။ အမျိုးမျိုးသော ချစ်သူတွေရဲ့ အဆိုးဆုံး အကျင့်စရိုက်အချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁) ရည်းစားဟောင်းနဲ့ အဆက်အသွယ်ရှိနေသောချစ်သူ
သူက ရည်းစားဟောင်းနဲ့ ပြောဆိုဆက်သွယ်နေသေးတယ်ဆိုတာက ကိုယ့်အပေါ်မှာ သစ္စာမရှိတာပါပဲ။ သူ့ကို ပြောင်းလဲဖို့ သို့မဟုတ် သူ့ရည်းစားဟောင်းကိုမေ့ပြီး ကိုယ့်ကိုရွေးချယ်ဖို့ မတိုက်တွန်းပါနဲ့။ အမျိုးသားတစ်ယောက် ကိုယ့်ကို အပြည့်အဝစိတ်ဝင်စားအောင် ကိုယ့်အနေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာမျိုးကတော့ relationship တစ်ခုမှာမဖြစ်သင့်ပါဘူး။

 (၂) ကိုယ့်သူငယ်ချင်းနဲ့ ချိန်းတွေ့ခဲ့သောချစ်သူ

ဒီလိုမျိုးက ကိုယ့်သူငယ်ချင်းစွန့်ပစ်ထားတာကို ယူနေရတာနဲ့ တူပါတယ်။ အထူးသဖြင့် သူ့အားနည်းချက်တွေ၊

မကောင်းကြောင်းတွေကိုသူငယ်ချင်းတွေနဲ့တူတ ူအရင်တုန်းကဆွေးနွေးခဲ့ဖူးရင်ပေါ့။ ဒီလိုနဲ့ ကိုယ်က သူ့အကြောင်းသိရုံတင် မကသေး၊ ကိုယ့်သူငယ်ချင်းတွေ သူ့အပေါ်ထားရှိတဲ့ ထင်မြင်ချက်လေးတွေပါ ကိုယ်က

သိနေပြန်ရော။ ပြီးတော့ ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားဟောင်းကိုချစ်မိတော့ အားလုံးက နှစ်ယောက်လုံးအပေါ်

အမြင်ကြည်လင်ကြမှာမဟုတ်ပါဘူး။

(၃) နှစ်ဦးသဘောတူညီမှုဆိုင်ရာ ပြဿနာများရှိသော ချစ်သူ

ကိုယ့်ကိုတော့ relationshipတစ်ခုကိုတည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောပြီး လမ်းခွဲခဲ့ပါတယ်။

နောက်အပတ်မှာ ရည်းစားအသစ်နဲ့ ရုပ်ရှင်ရုံမှာ ပေါ်လာတယ်။ ဒါဆိုရင် သူကကိုယ်နဲ့ relationship ကို

မတည်ဆောက်ချင်တာ ဖြစ်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ သူ့ဘဝအခြေအနေတွေ၊ အလုပ်ကိစ္စတွေ၊

တခြားအကြောင်းပြချက်တွေပေးပြီး ကိုယ်နဲ့ relationship တစ်ခုကို အတည်တကျဖြစ်အောင်

မတည်ဆောက်နိုင်သေးဘူးလို့ ပြောပါတယ်။ ဒါဆိုရင် သူက ကိုယ့်ကို ကြိုးရှည်ရှည်နဲ့ ဆွဲထားပြီး နောက်ကျရင် ဖြတ်ပစ်ဖို့ များပါတယ်။

(၄) သူငယ်ချင်းတွေရှေ့မှာ ကိုယ့်ကို ပြုမူဆက်ဆံပုံပြောင်းလဲတတ်တဲ့ ချစ်သူ

သူနဲ့ကိုယ် နှစ်ယောက်တည်းရှိတဲ့ အချိန်မှာသာ ကိုယ့်ကို ချစ်ပြတတ်သော ချစ်သူဖြစ်ပါတယ်။ သူ့ သူငယ်ချင်းတွေရှေ့ဆိုရင် ကိုယ့်ကိုခေါ်ဝေါ်ပုံတွေပါ ပြောင်းသွားပြီး ကိုယ့်မကောင်းကြောင်း ပြောတတ်ပါတယ်။

ကိုယ့်ကို ဂုဏ်သိက္ခာကျစေတဲ့ ပုံစံမျိုးနဲ့ ပြောလာရင်တော့ သူ့ကို ဆက်ကြိုက်သင့် မကြိုက်သင့် ပြောနေစရာတောင်

မလိုတော့ပါဘူး။

(၅) ရည်မှန်းချက်မရှိတဲ့ ချစ်သူ

အဆင်သင့် အိပ်ယာခင်းပေးတာကို စောင့်ပြီး၊ ပိုက်ဆံရှာဖို့၊ အလုပ်လုပ်ဖို့ စိတ်ကူးမရှိတဲ့ ချစ်သူမျိုးပါ။ ဒီလိုလူမျိုးကို

ဘယ်လိုမှ ပြောင်းလဲလို့မရပါဘူး။ သူ့စိတ်ဓာတ်တွေကိုလည်း မြှင့်တင်ပေးလို့ ရမှာမဟုတ်ပါဘူး။ သူကမှ

မရင့်ကျက်သေးတာ၊ အနာဂတ်အတွက်လည်း အစီအစဉ်ချထားတာမျိုးလည်း ရှိမှာမဟုတ်ပါဘူး။

(၆) ကိုယ့်သူငယ်ချင်းတွေ သဘောမကျတဲ့ ချစ်သူ

ကိုယ်က အချစ်ကြောင့် မျက်စိကန်းနေတယ်ဆိုပေမယ့် သူငယ်ချင်းတွေကတော့ သူဘယ်လိုလူလဲဆိုတာကို

ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ သူ့အကြောင်းတွေကို သတိထားမိပေမယ့် သူငယ်ချင်းတွေကတော့ ကိုယ့်ကို

ဖုံးထားမှာပါပဲ။ တခါတရံ ကိုယ့်အကြောင်း ကောင်းကောင်းသိတဲ့ သူငယ်ချင်းတွေက ကိုယ့်အတွက် အကောင်းဆုံးက

ဘယ်သူလဲဆိုတာ သိတတ်ကြပါတယ်။

(၇) ကိုယ့်အတွက် မကောင်းတဲ့ ချစ်သူ

သူကတော့ ကိုယ့်ကိုကောင်းတာ ဘာမှမလုပ်ပေးနိုင်ပါဘူး။ သူ့ရဲ့အပြောတွေနဲ့တင် ကိုယ်က မှားပြီးရင်းမှားနေတာပါ။

သူ့အကျင့်ဆိုးတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေကို ကိုယ်က လိုက်ရှင်းပေးနေရတယ်။ သူ့ရဲ့မကောင်းတဲ့

စိတ်ဓာတ်တွေကလည်း ကိုယ့်ကို ထိခိုက်စေပါတယ်။ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်စွမ်း မရှိတာကြောင့် ကိုယ်ကပဲ

သူ့ကို တစ်ချိန်လုံး ဂရုုစိုက်နေရပါတယ်။

ဒီလို ချစ်သူနဲ့ ပတ်သတ်နေရတာကို သင် အချစ်စိတ်မွှန်နေချိန်မှာတော့ သတိထားမိမှာ မဟုတ်ပါဘူး။ အဆင်မပြေဖြစ်တဲ့အချိန်တွေဆိုရင် ပိုပြီး အဆိုးတွေးတတ်ကြပါတယ်။ ဒီတော့ ခေါင်းအေးအေးထားပြီး သူရဲ့ အပြောနဲ့

အလုပ် ကိုက်ညီသလား၊ မကိုက်ညီဘူးလားဆိုတဲ့ အချက်တစ်ချက်တည်းနဲ့သာ သူ့ကို အကဲခတ်ကြည့်ပါ။

Source : cosmopolitan
Credit: Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top