iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအခ်ိန္ဆို နာနတ္သီးေပၚတဲ့ ရာသီမို႔ နာနတ္သီးေလးေတြ ေနရာအႏွံ႔လိုလို ေရာင္းခ်ေနတာ ေတြ႔ရပါတယ္။ နာနတ္သီးဟာ အရသာရွိၿပီး အဟာရဓာတ္ ျပည့္၀စြာ ပါ၀င္လို႔ လူႀကိဳက္မ်ားတဲ့ အသီးတစ္မ်ိဳးပါ။

နာနတ္သီးမွာ ပါ၀င္တဲ့ က်န္းမာေရးနဲ႔ ေဆးဖက္ဆိုင္ရာ အက်ိဳးေက်းဇူးေတြက အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးကို ေကာင္းမြန္ေစသလို၊ ေခ်ာင္းဆိုးျခင္း၊ အေအးမိျခင္းကိုလည္း သက္သာေစပါတယ္။ အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး ခ်ိဳေပမယ့္ ၀ိတ္မတက္ေစတဲ့ အသီးပါ။

အရိုးကို သန္မာေစသလို ခံတြင္း က်န္းမာေရးအတြက္လည္း ေကာင္းမြန္တယ္လို႔ ဆိုပါတယ္။ နာနတ္သီး စားေပးျခင္းရဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြကို မွ်ေ၀ေပးရမယ္ ဆိုရင္ေတာ့..

ကိုယ္ခံအားစနစ္

နာနတ္သီး တစ္လံုးမွာ လူတစ္ေယာက္ အတြက္ တစ္ေန႔တာလံုးမွာ လိုအပ္တဲ့ ဗီတာမင္ C ပမာဏၾကြယ္၀စြာ ပါ၀င္ပါတယ္။ ကိုယ္ခံအားစနစ္ကို ျမင့္တင္ေပးလို႔ သင့္ကို က်န္းမာသန္စြမ္း ေစပါတယ္။

အစာေခ်စနစ္

အမွ်င္ဓာတ္ေတြ ၾကြယ္၀စြာ ပါ၀င္လို႔ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္ နာနတ္သီးကိုစားေပးမယ္ ဆိုရင္ ၀မ္းခ်ဳပ္တာ၊ ၀မ္းေလွ်ာတာကို ကာကြယ္ေပးပါတယ္။ အူလမ္းေၾကာင္းကို က်န္းမာေစၿပီး ေသြးဖိအားကိုလည္း ထိန္းထားေပးႏိုင္ပါတယ္။

ကင္ဆာကာကြယ္ေပးျခင္း

နာနတ္သီးမွာ ဗီတာမင္A, Beta Carotene, Bromelain စတဲ့ Antioxidant ေတြၾကြယ္၀စြာ ပါ၀င္ၿပီး မဂၢနီဆီယမ္ဓါတ္လည္း ၾကြယ္၀စြာ ပါ၀င္လို႔ ကင္ဆာေရာဂါ ျဖစ္ပြားမႈကို ႀကိဳတင္ ကာကြယ္ေပးႏိုင္ပါတယ္။ အထူးသျဖင့္ ခံတြင္းကင္ဆာ၊ လည္ေခ်ာင္း ကင္ဆာနဲ႔ ရင္သားကင္ဆာ ျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။

အရိုးက်န္းမာေရး

ကယ္လ္ဆီယမ္ ဓာတ္ၾကြယ္၀စြာ ပါ၀င္လို႔ အရိုးကို က်န္းမာ ႀကံ့ခိုင္ေစပါတယ္။

ခံတြင္းက်န္းမာေရး

Antioxidant Compound ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ခံတြင္းကို သန္႔စင္ေပးလို႔ ခံတြင္းေရာဂါ အမ်ိဳးမ်ိးမွ ကင္းေ၀းေစပါတယ္။ သြားဖံုးကိုလည္း ခိုင္ခံ့ေစပါတယ္။

မ်က္လံုးက်န္းမာေရး

အျမင္အာရံု ဆိုတာ ကၽြန္မတို႔ လူသားေတြရဲ့ အေရးႀကီးဆံုး အဂၤါအစိတ္အပိုင္း တစ္ခုပါပဲ။ နာနတ္သီးဟာ အျမင္အာရံုကို ေကာင္းမြန္ေစၿပီး အသက္ႀကီးလို႔ ျဖစ္လာတဲ့ အျမင္အာရံု ေ၀၀ါးမႈကို ေႏွာင့္ေႏွးေစပါတယ္။ Beta Carotene ပါ၀င္လို႔ အျမင္အာရံု ဆိုင္ရာ ျပႆနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးဖိအား

နာနတ္သီးမွာ ပိုတက္ဆီယမ္ ၾကြယ္၀စြာ ပါ၀င္လို႔ ေသြးဖိအားမ်ားတဲ့ သူေတြ စားေပးႏိုင္တဲ့ အသီးပါပဲ။ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ေသြးေၾကာေလးေတြကို သက္ေသာင့္သက္သာ ျဖစ္ေစပါတယ္။

သိထားရမယ့္ အခ်က္ေလးေတြ

နာနတ္သီးကို စားမယ္ ဆိုရင္ေတာ့ ယားတတ္တဲ့ အဆူးေလးေတြကို ေသခ်ာဖယ္ၿပီး ဆားနဲ႔ အျပင္ပိုင္းကို လူးေပးၿပီး စားေပးမယ္ဆိုရင္ လွ်ာယားတာကိုလည္း သက္သာေစပါတယ္။ အလြန္အကၽြံစားရင္ လွ်ာေလာင္တာမ်ိဳးျဖစ္ေစလို႔ တခ်ိဳ႕ အရမ္း sensitive ျဖစ္တတ္တဲ့ သူေတြ ေလွ်ာ့စားေပးပါ။

ကိုယ္၀န္ရွိတဲ့ အမ်ိဳးသမီးေတြကေတာာ့ နာနတ္သီးကို ေရွာင္သင့္ပါတယ္။ Bromelain ပါ၀င္မႈ ျမင့္မားလို႔ အခန္႔မတင့္ရင္ ကိုယ္၀န္ကို ထိေစႏိုင္ပါတယ္။ အလြန္အကၽြံစားရင္ ေခါင္းကိုက္တာ ပ်ိဳ႕အန္တာ၊ ၀မ္းေလွ်ာတာမ်ိဳး ျဖစ္ေစလို႔ အလြန္အကၽြံ မစားပါနဲ႔ေနာ္။

Credit: မူရင္းပိုင္ရွင္
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ဒီအချိန်ဆို နာနတ်သီးပေါ်တဲ့ ရာသီမို့ နာနတ်သီးလေးတွေ နေရာအနှံ့လိုလို ရောင်းချနေတာ တွေ့ရပါတယ်။ နာနတ်သီးဟာ အရသာရှိပြီး အဟာရဓာတ် ပြည့်ဝစွာ ပါဝင်လို့ လူကြိုက်များတဲ့ အသီးတစ်မျိုးပါ။

နာနတ်သီးမှာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ ဆေးဖက်ဆိုင်ရာ အကျိုးကျေးဇူးတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေသလို၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းကိုလည်း သက်သာစေပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေပြီး ချိုပေမယ့် ဝိတ်မတက်စေတဲ့ အသီးပါ။

အရိုးကို သန်မာစေသလို ခံတွင်း ကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်လို့ ဆိုပါတယ်။ နာနတ်သီး စားပေးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မျှဝေပေးရမယ် ဆိုရင်တော့..

ကိုယ်ခံအားစနစ်

နာနတ်သီး တစ်လုံးမှာ လူတစ်ယောက် အတွက် တစ်နေ့တာလုံးမှာ လိုအပ်တဲ့ ဗီတာမင် C ပမာဏကြွယ်ဝစွာ ပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးလို့ သင့်ကို ကျန်းမာသန်စွမ်း စေပါတယ်။

အစာချေစနစ်

အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် နာနတ်သီးကိုစားပေးမယ် ဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာကို ကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းကို ကျန်းမာစေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

နာနတ်သီးမှာ ဗီတာမင်A, Beta Carotene, Bromelain စတဲ့ Antioxidant တွေကြွယ်ဝစွာ ပါဝင်ပြီး မဂ္ဂနီဆီယမ်ဓါတ်လည်း ကြွယ်ဝစွာ ပါဝင်လို့ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အရိုးကျန်းမာရေး

ကယ်လ်ဆီယမ် ဓာတ်ကြွယ်ဝစွာ ပါဝင်လို့ အရိုးကို ကျန်းမာ ကြံ့ခိုင်စေပါတယ်။

ခံတွင်းကျန်းမာရေး

Antioxidant Compound ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခံတွင်းကို သန့်စင်ပေးလို့ ခံတွင်းရောဂါ အမျိုးမျိးမှ ကင်းဝေးစေပါတယ်။ သွားဖုံးကိုလည်း ခိုင်ခံ့စေပါတယ်။

မျက်လုံးကျန်းမာရေး

အမြင်အာရုံ ဆိုတာ ကျွန်မတို့ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်း တစ်ခုပါပဲ။ နာနတ်သီးဟာ အမြင်အာရုံကို ကောင်းမွန်စေပြီး အသက်ကြီးလို့ ဖြစ်လာတဲ့ အမြင်အာရုံ ေ၀ဝါးမှုကို နှောင့်နှေးစေပါတယ်။ Beta Carotene ပါဝင်လို့ အမြင်အာရုံ ဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား

နာနတ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်လို့ သွေးဖိအားများတဲ့ သူတွေ စားပေးနိုင်တဲ့ အသီးပါပဲ။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောလေးတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

သိထားရမယ့် အချက်လေးတွေ

နာနတ်သီးကို စားမယ် ဆိုရင်တော့ ယားတတ်တဲ့ အဆူးလေးတွေကို သေချာဖယ်ပြီး ဆားနဲ့ အပြင်ပိုင်းကို လူးပေးပြီး စားပေးမယ်ဆိုရင် လျှာယားတာကိုလည်း သက်သာစေပါတယ်။ အလွန်အကျွံစားရင် လျှာလောင်တာမျိုးဖြစ်စေလို့ တချို့ အရမ်း sensitive ဖြစ်တတ်တဲ့ သူတွေ လျှော့စားပေးပါ။

ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကတောာ့ နာနတ်သီးကို ရှောင်သင့်ပါတယ်။ Bromelain ပါဝင်မှု မြင့်မားလို့ အခန့်မတင့်ရင် ကိုယ်ဝန်ကို ထိစေနိုင်ပါတယ်။ အလွန်အကျွံစားရင် ခေါင်းကိုက်တာ ပျို့အန်တာ၊ ဝမ်းလျှောတာမျိုး ဖြစ်စေလို့ အလွန်အကျွံ မစားပါနဲ့နော်။

Credit: မူရင်းပိုင်ရှင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top