iMyanmarHouse.com - Best Property Website for Myanmar
×

ပြင့္ပြင့္လင္းလင္းေျပာဆိုတတ္သလို အၿမဲတမ္း ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ခိုင္သင္းၾကည္က သူမကိုယ္ သူမ လွတယ္လို႕ မခံယူထား ပါဘူးတဲ့။ လွလို႕ မင္းသမီးျဖစ္လာတာမဟုတ္ပါဘူးဆိုတဲ့ သူမက ငယ္ငယ္တုန္းကဆိုရင္ မႀကီးစိုး၊ ေမသန္းႏု၊ မို႕မို႕ျမင့္ေအာင္တို႕ကို အားက်ခဲ့သူပါတဲ့။ သူတုိ႕ကမွ တကယ္လွၿပီး မင္းသမီးဆိုတာ အဲ့ဒါမွ မင္းသမီးလို႕ ေခၚတာလို႕ သူမက ေျပာပါတယ္။

“အမက အသက္လည္း ႀကီးပါၿပီ။ ရုပ္လည္း ဒီေလာက္မလွေတာ့ပါဘူး။ အမတို႕က လွလို႕ မင္းသမီး ျဖစ္တာမဟုတ္ပါဘူး ။ ကိုယ့္ထက္ လွတဲ့ မင္းသမီးေတြလည္း အမ်ားႀကီးပါ။ငယ္ငယ္တုန္းကဆိုရင္မႀကီးစိုးျမတ္သူဇာ၊ ေမသန္းႏု၊ မို႕မို႕ျမင့္ေအာင္ သူတုိ႕ေတြက တအား လွတာ။ မင္းသမီးဆိုတာ အဲ့ဒါဘာလားေပ့ါ။ သူတုိ႕ေဘးနား ကိုယ္ရပ္လိုက္ရင္ကိုယ္က ဘာပံုေလးမွန္းမသိဘူး။ သူတုိ႕ေတြက ေခ်ာလိုက္ လွလိုက္တာေပ့ါ။ သူတို႕ကို ၾကည့္ၿပီး အားေတြက်ရတာ။ မင္းသမီးဆိုတာအဲ့ဒါမွ ေခၚတာ။လွၿပီးေတာ့ ေနတာ။ အမကေတာ့ အဲ့ထဲမွာ ရုပ္အဆိုိးဆံုးပါပဲ။” ဆိုၿပီး ဇြန္လ(၂) ၇က္ေန႕က ျပဳလုပ္တဲ့  ဇြဲထက္ရတနာဆိုင္ရဲ႕ ဆိုင္ဖြင့္ပြဲအခမ္းနားမွာ Duwun media သို႕ ေျဖဆိုေပးခဲ့တာပါ။

အခုခ်ိန္ထိ ႏုပ်ိဳလွပဆဲ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတဲ့ သူမက အၿမဲတမ္း ေပ်ာ္ေအာင္ေနတတ္သူတစ္ေယာက္ျဖစ္လို႕ စိတ္ပ်ိဳကိုယ္ႏု ျဖစ္ေနတာပါလို႕လည္း ဆုိပါတယ္။က်ရာ ဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္နုိင္သူ တစ္ေယာက္ျဖစ္တဲ့ ခိုင္သင္းၾကည္ဟာ ေနာက္ပိုင္း သူမရိုက္ကူးမယ့္ ကာရိုက္တာပိုင္းနဲ႕ ပတ္သက္ၿပီးေတာ့လည္း ယခုလို ေျပာျပခဲ့ပါေသးတယ္။

“အေမခန္းေတြ ရိုက္ဖို႕ဆိုတာက ခႏၶာကိုယ္က မကိတ္ဘူးေလ။ ရုပ္ကလည္း ခန္႕ခန္႕ညားညား တည္တည္တံ့တ့ံက မရွိေတာ့ အေမလည္း လုပ္လို႕မရ။ ေနာက္ဘယ္အခန္းက ရုိက္ရမွန္းေတာင္ မသိပါဘူး။ ေနာက္ပိုင္းက်ေတာ့လည္း ဇာတ္ကားရိုက္ကူးမႈေတြက နည္းသြားမွာပါ။ အသက္ႀကီးလာတာနဲ႕အမွ် ကိုယ္လုပ္ရမယ့္ အပိုင္းက နည္းနည္းရွားသြားမွာဆိုေတာ့ အမလည္းရိုက္ကူးေရး ေလွ်ာ့ၿပီးသား ျဖစ္သြားတာေပ့ါ။ ကေလးအတြက္လည္း အခ်ိန္ေပးၿပီးသားျဖစ္တာေပ့ါ။ ေနာက္ပိုင္း ကေလးက လည္း ႏိုင္ငံျခားေက်ာင္း သြား တတ္မွာဆိုေတာ့ ကိုယ္လုိက္ရမွာနဲ႕ ကိုယ္လည္ေလွ်ာ့ခ်လိုက္တာနဲ႕ကိုယ္လည္းေလ်ာ့သြားတာနဲ႕ အေတာ္ေလာက္ျဖစ္သြားမွာပါ။ ” လို႕ ဆက္လက္ေျပာျပခဲ့ပါတယ္။

သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကိုပိုင္ဆိုင္ထားတဲ့ ခိုင္သင္းၾကည္ဟာ ကိုခန္႕ႏိုင္နဲ႕ ၀၀၂မွာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ယခုဆိုရင္ စံထိပ္ထားဦးဆိုတဲ့ သမီးေလးတစ္ ေယာက္ ကိုလည္း ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ အခုဆိုရင္ သမီးေလးက ပညာသင္ယူေနရင္းနဲ႕ အႏုပညာအလုပ္ေတြကို လက္္လွမ္းမီသေလာက္ လုပ္ကိုင္လ်က္ရွိပါတယ္။

ခိုင္သင္းၾကည္ဟာ က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္သူ တစ္ဦးျဖစ္ၿပီး ့ပရိသတ္မ်ားရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။၂၀၁၃ခုႏွစ္က စုန္းျပဴး ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို႕ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ၂၀၁၄ခုႏွစ္မွာ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း ရုပ္ရွင္ဇာတ္ကား နဲ႕ ေကာင္းဆံုးအမ်ိဳး သမီးဇာတ္ေဆာင္ ဆုကို  ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

Credit: luckymyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သလို အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ ခိုင်သင်းကြည်က သူမကိုယ် သူမ လှတယ်လို့ မခံယူထား ပါဘူးတဲ့။ လှလို့ မင်းသမီးဖြစ်လာတာမဟုတ်ပါဘူးဆိုတဲ့ သူမက ငယ်ငယ်တုန်းကဆိုရင် မကြီးစိုး၊ မေသန်းနု၊ မို့မို့မြင့်အောင်တို့ကို အားကျခဲ့သူပါတဲ့။ သူတို့ကမှ တကယ်လှပြီး မင်းသမီးဆိုတာ အဲ့ဒါမှ မင်းသမီးလို့ ခေါ်တာလို့ သူမက ပြောပါတယ်။

“အမက အသက်လည်း ကြီးပါပြီ။ ရုပ်လည်း ဒီလောက်မလှတော့ပါဘူး။ အမတို့က လှလို့ မင်းသမီး ဖြစ်တာမဟုတ်ပါဘူး ။ ကိုယ့်ထက် လှတဲ့ မင်းသမီးတွေလည်း အများကြီးပါ။ငယ်ငယ်တုန်းကဆိုရင်မကြီးစိုးမြတ်သူဇာ၊ မေသန်းနု၊ မို့မို့မြင့်အောင် သူတို့တွေက တအား လှတာ။ မင်းသမီးဆိုတာ အဲ့ဒါဘာလားပေ့ါ။ သူတို့ဘေးနား ကိုယ်ရပ်လိုက်ရင်ကိုယ်က ဘာပုံလေးမှန်းမသိဘူး။ သူတို့တွေက ချောလိုက် လှလိုက်တာပေ့ါ။ သူတို့ကို ကြည့်ပြီး အားတွေကျရတာ။ မင်းသမီးဆိုတာအဲ့ဒါမှ ခေါ်တာ။လှပြီးတော့ နေတာ။ အမကတော့ အဲ့ထဲမှာ ရုပ်အဆိုးဆုံးပါပဲ။” ဆိုပြီး ဇွန်လ(၂) ၇က်နေ့က ပြုလုပ်တဲ့  ဇွဲထက်ရတနာဆိုင်ရဲ့ ဆိုင်ဖွင့်ပွဲအခမ်းနားမှာ Duwun media သို့ ဖြေဆိုပေးခဲ့တာပါ။

အခုချိန်ထိ နုပျိုလှပဆဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမက အမြဲတမ်း ပျော်အောင်နေတတ်သူတစ်ယောက်ဖြစ်လို့ စိတ်ပျိုကိုယ်နု ဖြစ်နေတာပါလို့လည်း ဆိုပါတယ်။ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ဟာ နောက်ပိုင်း သူမရိုက်ကူးမယ့် ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“အမေခန်းတွေ ရိုက်ဖို့ဆိုတာက ခန္ဓာကိုယ်က မကိတ်ဘူးလေ။ ရုပ်ကလည်း ခန့်ခန့်ညားညား တည်တည်တံ့တံ့က မရှိတော့ အမေလည်း လုပ်လို့မရ။ နောက်ဘယ်အခန်းက ရိုက်ရမှန်းတောင် မသိပါဘူး။ နောက်ပိုင်းကျတော့လည်း ဇာတ်ကားရိုက်ကူးမှုတွေက နည်းသွားမှာပါ။ အသက်ကြီးလာတာနဲ့အမျှ ကိုယ်လုပ်ရမယ့် အပိုင်းက နည်းနည်းရှားသွားမှာဆိုတော့ အမလည်းရိုက်ကူးရေး လျှော့ပြီးသား ဖြစ်သွားတာပေ့ါ။ ကလေးအတွက်လည်း အချိန်ပေးပြီးသားဖြစ်တာပေ့ါ။ နောက်ပိုင်း ကလေးက လည်း နိုင်ငံခြားကျောင်း သွား တတ်မှာဆိုတော့ ကိုယ်လိုက်ရမှာနဲ့ ကိုယ်လည်လျှော့ချလိုက်တာနဲ့ကိုယ်လည်းလျော့သွားတာနဲ့ အတော်လောက်ဖြစ်သွားမှာပါ။ ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ဟာ ကိုခန့်နိုင်နဲ့ ၀၀၂မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခုဆိုရင် စံထိပ်ထားဦးဆိုတဲ့ သမီးလေးတစ် ယောက် ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အခုဆိုရင် သမီးလေးက ပညာသင်ယူနေရင်းနဲ့ အနုပညာအလုပ်တွေကို လက်လှမ်းမီသလောက် လုပ်ကိုင်လျက်ရှိပါတယ်။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Credit: luckymyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top