iMyanmarHouse.com - Best Property Website for Myanmar
×

လာေရာက္ကမ္းလွမ္း သည့္ ႐ုပ္ရွင္ဇာတ္ကားမ်ားတြင္ မိမိ၏ သ႐ုပ္ေဆာင္စြမ္းရည္ ျပသႏိုင္ရန္ထက္ ဇာတ္လမ္း ေကာင္း ပါကလက္ခံ႐ိုက္ကူးမည္ ျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ဝတ္မႈံ ေရႊရည္ကေျပာသည္။

‘‘ကစ္လုပ္ကြက္ကို အရမ္း ႀကီးဦးစားမေပးဘူး။ ကစ္ရဲ႕ဇာတ္ ကားေတြၾကည့္ရင္ သိႏိုင္ပါ တယ္။ ကိုယ့္လုပ္ကြက္ရမွ ကိုယ့္ ဇာတ္ျဖစ္မွဆိုၿပီး​ ႐ိုက္တာမ်ိဳး မရွိဘူး။ တခ်ိဳ႕ဇာတ္ကားေတြမွာ ဆို မင္းသာဆိုလည္း မင္းသားအ တြက္ ဇာတ္ပို႔ေပးလိုက္တာေတြရွိ တယ္။ ‘ခေရ’ ကားဆိုလည္း ကိုျမင့္ျမတ္ဇာတ္ပဲ။ ကိုယ္က ဇာတ္ပို႔ေပးတယ္။ အဲဒီလိုကားမ်ိဳး ေတြလည္း ႐ိုက္ပါတယ္။ ေနာက္ တစ္ခုက ဇာတ္လမ္းေပါ့။ ဇာတ္ လမ္းကိုလည္း ကစ္ၾကည့္တယ္။ တစ္ကားလံုးၾကည့္လို႔ေကာင္းရင္ ကစ္လက္ခံပါတယ္’’ ဟု ၎ကေျပာသည္။

ဇာတ္လမ္းေရြးခ်ယ္မႈမ်ား ေၾကာင့္ တစ္ႏွစ္လွ်င္ ဇာတ္ကား မ်ားစြာ မ႐ိုက္ျဖစ္သလို မၾကာမီ​ ႐ိုက္ကူးမည့္ ‘ဒ႑ာရီမိုး’ဇာတ္ ကားသည္ ယခုႏွစ္အတြင္း ၎ ႐ိုက္ကူးသည့္ သံုးကားေျမာက္ ဇာတ္ကား ျဖစ္သည္။

‘ဒ႑ာရီမိုး’ ႐ုပ္ရွင္ဇာတ္ ကားကို ဒါ႐ိုက္တာဝင္းလြင္ထက္ က ပံုေဖာ္႐ိုက္ကူးမည္ျဖစ္ၿပီး ၎ အပါအဝင္ ရဲတိုက္၊ ေဒါင္းႏွင့္ေရႊ ထူးတို႔က အဓိကပါဝင္သ႐ုပ္ ေဆာင္မည္ျဖစ္သည္။

‘‘အဓိကကေတာ့ ပရိသတ္ အတြက္ ၾကည့္ရက်ိဳးနပ္တဲ့ ကား ေကာင္းကိုပဲ ကစ္ေရြးၿပီး႐ိုက္ပါ တယ္။ ဘာလို႔လဲဆိုေတာ့ ႐ိုက္ ထားတဲ့ကားေတြလည္း အေရွ႕မွာ မ်ားတယ္။ မတင္ရေသးတဲ့ကား ေတြလည္း အမ်ားႀကီးပဲဆိုေတာ့ ျပန္ခ်ိန္ရတာေပါ့။ မတင္ရေသး တဲ့ကားေတြ၊ ကိုယ္အခု႐ိုက္မယ့္ ကားေတြနဲ႔ ေနာက္လက္ခံမယ့္ ကားေတြကို ညီမွ်ေအာင္ျပန္ခ်ိန္ရ တာေပါ့’’ ဟု ၎ကေျပာသည္။

လက္ရွိတြင္ အခ်စ္ေရးႏွင့္ ပတ္သက္၍ မထူးျခားေသး ေၾကာင္း ၎ကဆိုသည္။

‘‘တစ္ေယာက္တည္းေတာ့ မေနပါဘူး။ ဝါကြၽတ္ရင္ေတာ့ ဘာမွမရွိပါဘူး။ ကစ္ကေတာ့ မ ထူးျခားေသးပါဘူး။ ဒါပဲေမးေန ၾကတယ္။ ကစ္ကိုထူးျခားေစခ်င္ ၾကတယ္ထင္တယ္။ လာမယ္။ လာမယ္’’ ဟု ၎ကေျပာသည္။

႐ႈတင္႐ိုက္ကူးေရး အားလပ္ ခ်ိန္မ်ားတြင္အခ်ိန္ယူ၍ တရား စခန္းမ်ား ဝင္ျဖစ္သည္ဟု ဆို သည္။

Credit:  mmfeed
# Unicode Version ျဖင့္ ဖတ္ပါ #
လာရောက်ကမ်းလှမ်း သည့် ရုပ်ရှင်ဇာတ်ကားများတွင် မိမိ၏ သရုပ်ဆောင်စွမ်းရည် ပြသနိုင်ရန်ထက် ဇာတ်လမ်း ကောင်း ပါကလက်ခံရိုက်ကူးမည် ဖြစ်ကြောင်း သရုပ်ဆောင်ဝတ်မှုံ ရွှေရည်ကပြောသည်။

‘‘ကစ်လုပ်ကွက်ကို အရမ်း ကြီးဦးစားမပေးဘူး။ ကစ်ရဲ့ဇာတ် ကားတွေကြည့်ရင် သိနိုင်ပါ တယ်။ ကိုယ့်လုပ်ကွက်ရမှ ကိုယ့် ဇာတ်ဖြစ်မှဆိုပြီး ရိုက်တာမျိုး မရှိဘူး။ တချို့ဇာတ်ကားတွေမှာ ဆို မင်းသာဆိုလည်း မင်းသားအ တွက် ဇာတ်ပို့ပေးလိုက်တာတွေရှိ တယ်။ ‘ခရေ’ ကားဆိုလည်း ကိုမြင့်မြတ်ဇာတ်ပဲ။ ကိုယ်က ဇာတ်ပို့ပေးတယ်။ အဲဒီလိုကားမျိုး တွေလည်း ရိုက်ပါတယ်။ နောက် တစ်ခုက ဇာတ်လမ်းပေါ့။ ဇာတ် လမ်းကိုလည်း ကစ်ကြည့်တယ်။ တစ်ကားလုံးကြည့်လို့ကောင်းရင် ကစ်လက်ခံပါတယ်’’ ဟု ၎င်းကပြောသည်။

ဇာတ်လမ်းရွေးချယ်မှုများ ကြောင့် တစ်နှစ်လျှင် ဇာတ်ကား များစွာ မရိုက်ဖြစ်သလို မကြာမီ ရိုက်ကူးမည့် ‘ဒဏ္ဍာရီမိုး’ဇာတ် ကားသည် ယခုနှစ်အတွင်း ၎င်း ရိုက်ကူးသည့် သုံးကားမြောက် ဇာတ်ကား ဖြစ်သည်။

‘ဒဏ္ဍာရီမိုး’ ရုပ်ရှင်ဇာတ် ကားကို ဒါရိုက်တာဝင်းလွင်ထက် က ပုံဖော်ရိုက်ကူးမည်ဖြစ်ပြီး ၎င်း အပါအဝင် ရဲတိုက်၊ ဒေါင်းနှင့်ရွှေ ထူးတို့က အဓိကပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

‘‘အဓိကကတော့ ပရိသတ် အတွက် ကြည့်ရကျိုးနပ်တဲ့ ကား ကောင်းကိုပဲ ကစ်ရွေးပြီးရိုက်ပါ တယ်။ ဘာလို့လဲဆိုတော့ ရိုက် ထားတဲ့ကားတွေလည်း အရှေ့မှာ များတယ်။ မတင်ရသေးတဲ့ကား တွေလည်း အများကြီးပဲဆိုတော့ ပြန်ချိန်ရတာပေါ့။ မတင်ရသေး တဲ့ကားတွေ၊ ကိုယ်အခုရိုက်မယ့် ကားတွေနဲ့ နောက်လက်ခံမယ့် ကားတွေကို ညီမျှအောင်ပြန်ချိန်ရ တာပေါ့’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် အချစ်ရေးနှင့် ပတ်သက်၍ မထူးခြားသေး ကြောင်း ၎င်းကဆိုသည်။

‘‘တစ်ယောက်တည်းတော့ မနေပါဘူး။ ဝါကျွတ်ရင်တော့ ဘာမှမရှိပါဘူး။ ကစ်ကတော့ မ ထူးခြားသေးပါဘူး။ ဒါပဲမေးနေ ကြတယ်။ ကစ်ကိုထူးခြားစေချင် ကြတယ်ထင်တယ်။ လာမယ်။ လာမယ်’’ ဟု ၎င်းကပြောသည်။

ရှုတင်ရိုက်ကူးရေး အားလပ် ချိန်များတွင်အချိန်ယူ၍ တရား စခန်းများ ဝင်ဖြစ်သည်ဟု ဆို သည်။

Credit:  mmfeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top