iMyanmarHouse.com - Best Property Website for Myanmar
×

မုဒိန္းမႈအပါအ၀င္ ပုဒ္မ၃ခုနဲ႕ တရားစြဲဆိုခံထားရတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္ အစၥဏီဟာ ယေန႔မွာ (၆)ၾကိမ္ေျမာက္ ရံုးထုတ္ခဲ့ပါတယ္။ အဆိုပါ ရံုးခ်ိန္းကို တရားလိုျဖစ္သူ တက္သစ္စေမာ္ဒယ္ စူးရွထက္က တက္ေရာက္ခဲ့ျခင္းမရွိတာေၾကာင့္ အခ်ိန္ေတြလစ္ဟာသြားခဲ့ရတယ္လို႔ သိရပါတယ္။ သူမဟာ အေၾကာင္းျပခ်က္မရွိဘဲ၊ ခြင့္မဲ့ပ်က္ကြက္ခဲ့တယ္လို႔လဲ သိရပါတယ္။ အဆိုပါ ရံုးခ်ိန္းကို ရန္ကုန္ဆိုင္းေဒသႀကီး၊ တာေမြျမိဳ့နယ္တရား႐ုံးမွာ ရံုးထုတ္စစ္ေဆးခဲ့တာျဖစ္ၿပီး အစၥဏီဘက္မွ မိသားစု၀င္မ်ား၊ ေရွ႕ေနမ်ား နဲ႔ သတင္းမီဒီယာ သမားမ်ား သြားေရာက္ခဲ့ၾကပါတယ္။

ရံုးခ်ိန္း စစ္ေဆးအၿပီးမွာေတာ့ စူးရွထက္ ရံုးခ်ိန္းမလာတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး သတင္းမီဒီယာေတြရဲ႕ ေမးျမန္းမႈကိုအစၥဏီရဲ႕ အကို၀မ္းကြဲျဖစ္သူက ” ၁၃ရက္ေန႔ က the one NHY မွာေတာ့ မနက္ ၄နာရီထိုးတဲ့ ထိ၇ွိေနေသးတယ္၊ အဲ့မွာကေနေသးတယ္ ကေနတဲ့ ဗီဒီယိုေတြလဲရွိတယ္။ ခုလိုရံုးခ်ိန္းမလာေတာ့ တစ္ပတ္ဆိုတစ္ပတ္နစ္နာတယ္၊ ခြင့္မဲ့ပ်က္ကြက္တယ္ ၊ ေနာက္ရုံခ်ိန္း မွာ ဥပေဒနဲ ႔အညီေဆာင္ရြက္မယ္ ၊ ေနာက္ရံုးခ်ိန္းက ၂၅ရက္ေန႔ ရက္ခ်ိန္းပါ။ ကၽြန္ေတာ္တို႕ ခုလုပ္ေနတာက ဘယ္လိုအေၾကာင္းေၾကာင္းနဲ႔ျဖစ္ျဖစ္ အစၥဏီျပန္ထြက္လာဖို႔မဟုတ္ဘူး၊ အမွန္တရားေပၚေပါက္ေရးအတြက္ ကုိ ေဆာင္ရြက္ေနတာ ပါ” လို႔ ေျဖဆိုသြားပါတယ္။

အစၥဏီကေတာ့ မီဒီယာေတြရဲ႕ ေမးျမန္းမႈကို ဘာမွာေျဖၾကားျခင္းမရွိေပမယ့္ အခ်ဳပ္ကားေပၚအေရာက္ ကားထြက္ခါနီး မိခင္ ကို ႏႈတ္ဆက္တဲ့အခ်ိန္မွာေတာ့ ” ေမၾကီးေမၾကီးက်န္းမာေရးဂရုစိုက္ဦး ” ဆိုၿပီး ေနပူမေရွာင္ မိုးရြာမေရွာင္ သားေနာက္ေလာက္ေနတဲ့ အေမ့ကို စိုးရိမ္တၾကီးနဲ႔ သတိေပးခဲ့ပါေသးတယ္။

(၇)ၾကိမ္ေျမာက္ရံုးခ်ိန္းကိုေတာ့ ဇြန္လ (၂၅)ရက္ေန႔မွာ ျပန္လည္ခ်ိန္းဆိုထားၿပီး အဆိုပါရံုးခ်ိန္းကို တရားလိုဘက္က တက္မတက္ ဆိုတာေစာင့္ၾကည့္ရမယ့္အေျခအေနျဖစ္ေနပါတယ္။ ယင္းအမႈနဲ႕ပတ္သက္ၿပီး ပရိသတ္ေတြကလဲ အမႈမွန္ေပၚဖို႕ ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္။

Source – MC,DW, kmd fb

Credit: သတင္းဦး
# Unicode Version ျဖင့္ ဖတ္ပါ #
မုဒိန်မှုအပါအဝင် ပုဒ်မ၃ခုနဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံကျော်အဆိုတော် အစ္စဏီဟာ ယနေ့မှာ (၆)ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။ အဆိုပါ ရုံးချိန်းကို တရားလိုဖြစ်သူ တက်သစ်စမော်ဒယ် စူးရှထက်က တက်ရောက်ခဲ့ခြင်းမရှိတာကြောင့် အချိန်တွေလစ်ဟာသွားခဲ့ရတယ်လို့ သိရပါတယ်။ သူမဟာ အကြောင်းပြချက်မရှိဘဲ၊ ခွင့်မဲ့ပျက်ကွက်ခဲ့တယ်လို့လဲ သိရပါတယ်။ အဆိုပါ ရုံးချိန်းကို ရန်ကုန်ဆိုင်းဒေသကြီး၊ တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး အစ္စဏီဘက်မှ မိသားစုဝင်များ၊ ရှေ့နေများ နဲ့ သတင်းမီဒီယာ သမားများ သွားရောက်ခဲ့ကြပါတယ်။

ရုံးချိန်း စစ်ဆေးအပြီးမှာတော့ စူးရှထက် ရုံးချိန်းမလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကိုအစ္စဏီရဲ့ အကိုဝမ်းကွဲဖြစ်သူက ” ၁၃ရက်နေ့ က the one NHY မှာတော့ မနက် ၄နာရီထိုးတဲ့ ထိ၇ှိနေသေးတယ်၊ အဲ့မှာကနေသေးတယ် ကနေတဲ့ ဗီဒီယိုတွေလဲရှိတယ်။ ခုလိုရုံးချိန်းမလာတော့ တစ်ပတ်ဆိုတစ်ပတ်နစ်နာတယ်၊ ခွင့်မဲ့ပျက်ကွက်တယ် ၊ နောက်ရုံချိန်း မှာ ဥပဒေနဲ့အညီဆောင်ရွက်မယ် ၊ နောက်ရုံးချိန်းက ၂၅ရက်နေ့ ရက်ချိန်းပါ။ ကျွန်တော်တို့ ခုလုပ်နေတာက ဘယ်လိုအကြောင်းကြောင်းနဲ့ဖြစ်ဖြစ် အစ္စဏီပြန်ထွက်လာဖို့မဟုတ်ဘူး၊ အမှန်တရားပေါ်ပေါက်ရေးအတွက် ကို ဆောင်ရွက်နေတာ ပါ” လို့ ဖြေဆိုသွားပါတယ်။

အစ္စဏီကတော့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဘာမှာဖြေကြားခြင်းမရှိပေမယ့် အချုပ်ကားပေါ်အရောက် ကားထွက်ခါနီး မိခင် ကို နှုတ်ဆက်တဲ့အချိန်မှာတော့ ” မေကြီးမေကြီးကျန်းမာရေးဂရုစိုက်ဦး ” ဆိုပြီး နေပူမရှောင် မိုးရွာမရှောင် သားနောက်လောက်နေတဲ့ အမေ့ကို စိုးရိမ်တကြီးနဲ့ သတိပေးခဲ့ပါသေးတယ်။

(၇)ကြိမ်မြောက်ရုံးချိန်းကိုတော့ ဇွန်လ (၂၅)ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းကို တရားလိုဘက်က တက်မတက် ဆိုတာစောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါတယ်။ ယင်းအမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကလဲ အမှုမှန်ပေါ်ဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Source – MC,DW, kmd fb

Credit: သတင်းဦး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top