iMyanmarHouse.com - Best Property Website for Myanmar
×

တိဘက္မ်ိဳးႏြယ္ဖြား၊ ယူေကမွာ အေျခစုိက္ေနတဲ့ ေမာ္ဒယ္ေလးတစ္ေယာက္ရဲ႕ အလွတရားကေတာ့ သူမ်ားနဲ႔မတူ တမူထုးျခားပါတယ္။ အဆိုပါတိဘက္သူေလးရဲ႕နာမည္မွာ Tsunaina ျဖစ္ပါတယ္။ သူမရဲ႕ ပုံစံကုိျမင္လုိက္တာနဲ႔ သာမန္အားျဖင့္ေတာ့ လူေတြက မလွဘူးလုိ႔ ထင္ၾကပါတယ္။ ဒါေပမယ့္ သူမဟာ ယူေကမွာ ေအာင္ျမင္တဲ့ ေမာ္ဒယ္တစ္ေယာက္ ျဖစ္ေနပါၿပီ။

သူမဟာ မ်က္လုံးေမွးေမွး၊ တုတ္ခုိင္ႀကီးမားတဲ့ႏွာေခါင္း၊ ေလးေထာင့္မဟုတ္၊ မ်က္ႏွာဝုိင္းမဟုတ္တဲ့ မ်က္ႏွာ၊ တစ္ဒါဇင္ေလာက္ရွိတဲ့ မွဲ႔ေတြ၊ မ်က္ႏွာနဲ႔အနည္းငယ္သာ လုိက္ဖက္သေရာင္ရွိတဲ့ ႏွႈတ္ခမ္းလႊာထူထူေတြဟာ အေတာ္လွပတဲ့ အမိ်ဳးသမီးတစ္ေယာက္နဲ႔ယွဥ္ရင္ စြဲေဆာင္မႈအေတာ္ေလး နည္းပါတယ္။

သုိ႔ေသာ္လည္း ဒီလုိ ကြဲျပားျခားနားခ်က္ေတြကပင္လွ်င္ Tsunaina အတြက္ ေမာ္ဒယ္ေလာကမွာ ေအာင္ျမင္မႈရေစတဲ့အခ်က္ေတြဆုိရင္လည္း မမွားပါဘူး။ သူမရဲ႕ သူမ်ားနဲ႔မတူညီတဲ့ အလွတရားေတြဟာ ဖက္ရွင္ဒီဇုိင္နာေတြ၊ မိတ္ကပ္ပညာရွင္ေတြ၊ ဓာတ္ပုံဆရာေတြအတြက္ေတာ့ စိတ္ဝင္စားစရာ ျဖစ္ေစခဲ့ပါတယ္။

ဒါေၾကာင့္လည္း Tsunaina ဟာ ေမာ္ဒယ္ေလာကမွာ ေျခခ်လုိက္တာနဲ႔ ေအဂ်င္စီေတာ္ေတာ္မ်ားမ်ားရဲ႕ အာ႐ုံစုိက္မႈကို ခံခဲ့ရပါတယ္။ သူမကို ေမာ္ဒယ္ေအဂ်င္စီတစ္ခုက ကင္းေထာက္ခရီးစဥ္ထြက္စဥ္မွာ စတင္သတိထားမိခဲ့တာလုိ႔ ဆုိပါတယ္။ သူမရဲ႕အရပ္ဟာ 5.5 လက္မသာရွိလုိ႔ ဥေရာပဘက္မွာေတာ့ ပုတဲ့အရပ္လုိ ေျပာလုိ႔ရေပမယ့္၊ ဒီအခ်က္ဟာ သူမရဲ႕ ထူးျခားတဲ့မ်က္ႏွာေၾကာင့္ ေအဂ်င္စီက ထည့္သြင္းမစဥ္းစားေတာ့တဲ့အခ်က္ကုိ ျဖစ္သြားေစပါတယ္။

Tsunaina ရဲ႕ ေမာ္ဒယ္ေအဂ်င္စီနာမည္ကေတာ့ The Squad Management အဖြဲ႕ျဖစ္ၿပီး တစ္ျခားစူပါေမာ္ဒယ္ေတြထက္ မနိမ့္တဲ့လုပ္ကြက္နဲ႔၊ အခေၾကးေငြကိုလည္း ပုိင္ဆုိင္ႏုိင္ခဲ့ပါတယ္။ အင္စတာဂရမ္စၿပီးဖြင့္စဥ္မွာပင္ ပရိသတ္ သိန္းခ်ီစတင္ပုိင္ဆုိင္ခဲ့ရၿပီး တစ္ျခားေမာ္ဒယ္ေတြလုိေတာ့ အင္စတာဂရမ္ကို စဥ္ဆက္မျပတ္သုံးေနသူမ်ိဳး မဟုတ္ပါဘူး။ ဘာပဲျဖစ္ျဖစ္ တစ္ခါတေလမွာ တစ္မူထူးျခားတဲ့အလွတရားဟာ ၾကည့္တတ္ျမင္တတ္သူေတြအတြက္ေတာ့ ခ်က္ခ်င္းခံစားလုိ႔ရေပမယ့္၊ မၾကည့္တတ္သူေတြအတြက္ေတာ့ အလွတရားဆုိတာ ဘယ္မွာလဲလုိ႔ ေမးရမလုိ ျဖစ္ေစပါလိမ့္မယ္။

source : elitereaders.com

Credit : ေနသူရိန္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
တိဘက်မျိုးနွယ်ဖွား၊ ယူကေမှာ အခြေစိုက်နေတဲ့ မော်ဒယ်လေးတစ်ယောက်ရဲ့ အလှတရားကတော့ သူများနဲ့မတူ တမူထုးခြားပါတယ်။ အဆိုပါတိဘက်သူလေးရဲ့နာမည်မှာ Tsunaina ဖြစ်ပါတယ်။ သူမရဲ့ ပုံစံကိုမြင်လိုက်တာနဲ့ သာမန်အားဖြင့်တော့ လူတွေက မလှဘူးလို့ ထင်ကြပါတယ်။ ဒါပေမယ့် သူမဟာ ယူကေမှာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်နေပါပြီ။

သူမဟာ မျက်လုံးမှေးမှေး၊ တုတ်ခိုင်ကြီးမားတဲ့နှာခေါင်း၊ လေးထောင့်မဟုတ်၊ မျက်နှာဝိုင်းမဟုတ်တဲ့ မျက်နှာ၊ တစ်ဒါဇင်လောက်ရှိတဲ့ မှဲ့တွေ၊ မျက်နှာနဲ့အနည်းငယ်သာ လိုက်ဖက်သရောင်ရှိတဲ့ နှှုတ်ခမ်းလွှာထူထူတွေဟာ အတော်လှပတဲ့ အမျိုးသမီးတစ်ယောက်နဲ့ယှဉ်ရင် စွဲဆောင်မှုအတော်လေး နည်းပါတယ်။

သို့သော်လည်း ဒီလို ကွဲပြားခြားနားချက်တွေကပင်လျှင် Tsunaina အတွက် မော်ဒယ်လောကမှာ အောင်မြင်မှုရစေတဲ့အချက်တွေဆိုရင်လည်း မမှားပါဘူး။ သူမရဲ့ သူများနဲ့မတူညီတဲ့ အလှတရားတွေဟာ ဖက်ရှင်ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ ဓာတ်ပုံဆရာတွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့်လည်း Tsunaina ဟာ မော်ဒယ်လောကမှာ ခြေချလိုက်တာနဲ့ အေဂျင်စီတော်တော်များများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ သူမကို မော်ဒယ်အေဂျင်စီတစ်ခုက ကင်းထောက်ခရီးစဉ်ထွက်စဉ်မှာ စတင်သတိထားမိခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့အရပ်ဟာ 5.5 လက်မသာရှိလို့ ဥရောပဘက်မှာတော့ ပုတဲ့အရပ်လို ပြောလို့ရပေမယ့်၊ ဒီအချက်ဟာ သူမရဲ့ ထူးခြားတဲ့မျက်နှာကြောင့် အေဂျင်စီက ထည့်သွင်းမစဉ်းစားတော့တဲ့အချက်ကို ဖြစ်သွားစေပါတယ်။

Tsunaina ရဲ့ မော်ဒယ်အေဂျင်စီနာမည်ကတော့ The Squad Management အဖွဲ့ဖြစ်ပြီး တစ်ခြားစူပါမော်ဒယ်တွေထက် မနိမ့်တဲ့လုပ်ကွက်နဲ့၊ အခကြေးငွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အင်စတာဂရမ်စပြီးဖွင့်စဉ်မှာပင် ပရိသတ် သိန်းချီစတင်ပိုင်ဆိုင်ခဲ့ရပြီး တစ်ခြားမော်ဒယ်တွေလိုတော့ အင်စတာဂရမ်ကို စဉ်ဆက်မပြတ်သုံးနေသူမျိုး မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ခါတလေမှာ တစ်မူထူးခြားတဲ့အလှတရားဟာ ကြည့်တတ်မြင်တတ်သူတွေအတွက်တော့ ချက်ချင်းခံစားလို့ရပေမယ့်၊ မကြည့်တတ်သူတွေအတွက်တော့ အလှတရားဆိုတာ ဘယ်မှာလဲလို့ မေးရမလို ဖြစ်စေပါလိမ့်မယ်။

source : elitereaders.com

Credit : နေသူရိန် (MyanmarNote)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top