iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုးေအာင့္တာ၊ က်ိန္းစပ္တာေတြ ခံစားေနရလား။ တစ္ေနကုန္ ကြန္ပ်ဴတာမ်က္ႏွာျပင္ပဲစိုက္ၾကည့္ေနရတဲ့ အလုပ္ေၾကာင့္ ဒါမွမဟုတ္ ျပင္ပက ေလထုတြင္းအမႈန္ေတြေၾကာင့္ ျဖစ္နုိင္ပါတယ္။ မ်က္စိပိုးဝင္ျခင္းေၾကာင့္လည္း ဒီလိုျဖစ္နိုင္ပါတယ္။

မ်က္စိဆိုတာ ခႏၶာကိုယ္မွာ ထိခိုက္လြယ္ဆံုး၊အနုနယ္ဆံုးအပိုင္းျဖစ္တာေၾကာင့္ နည္းနည္းနာက်င္ရရင္ပဲ စိုးရိမ္တတ္ၾကပါတယ္။ ကြန္ပ်ဴတာ၊ ဖုန္း၊ တီဗီ၊ စာအုပ္ အၾကည့္မ်ားလို႔ ေတာ္တန္ရံုမ်က္စိေညာင္းတာ၊ မ်က္လံုးေအာင့္တာဆိုရင္ေတာ့ ခဏနဲ႔သက္သာနိုင္ပါတယ္။ ဒီလိုျဖစ္လာရင္ အျမန္သက္သာေစမယ့္နည္းေလးေတြက လြယ္လြယ္ေလးပါ။

(၁) မ်က္လံုးအဖြင့္အပိတ္ လုပ္ေပးပါ

မ်က္လံုးထဲမွာ ခို႔လို႔ခုလုျဖစ္ေနတယ္လို႔ခံစားေနရျပီး က်ိန္းစပ္သလို ေအာင့္သလို ခံစားေနရရင္ မ်က္လံုးအဖြင့္အပိတ္ေလ့က်င့္ခန္းလုပ္ၾကည့္ပါ။ မ်က္စိအေၾကာေျပျပီး ေနရသက္သာပါလိမ့္မယ္။ ဒီနည္းက မ်က္ရည္ခန္းျခင္းကိုသက္သာေစျပီး အမႈန္ဝင္ေနရင္လည္း သူ႔အလိုလိုဖယ္ရွားျပီးသားျဖစ္ေစနိုင္ပါတယ္။ မ်က္စိတဝိုက္ ေသြးလည္ပတ္မႈေကာင္းေစျပီး မ်က္စိေညာင္းသက္သာေစပါတယ္။

    မ်က္စိမွိတ္ျပီး ၂ စကၠန္႔ေနပါ။
    မ်က္စိမွိတ္လ်က္နဲ႔ မ်က္ခြံကိုက်ဳံ႕ျပီး ၂ စကၠန္႔။
    ျပီးရင္ မ်က္စိျပန္ဖြင့္ျပီး ၂ စကၠန္႔။
    ဒီအတိုင္း အစကျပန္လုပ္ေပးပါ။ သံုးေလးၾကိမ္ေလာက္ လုပ္ျပီးရင္ မ်က္စိေဝဒနာ သက္သာသြားပါလိမ့္မယ္။

(၂) ေအးတဲ့အရာတစ္ခုခု ကပ္ေပးပါ

မ်က္လံုးေအာင့္တာ၊ က်ိန္းစပ္တာေတြကို ခ်က္ခ်င္းသက္သာေစတာက အေအးကပ္တာပါပဲ။ တစ္ခုခုေၾကာင့္ မ်က္စိယားတာ၊စပ္တာေတြေတာင္ သက္သာေစနိုင္ပါတယ္။

    ေရခဲေရဆြတ္ထားတဲ့အဝတ္ေလး(wet tissue ေအးေအးေလးဆိုလည္းရပါတယ္) ကို မ်က္ခြံေပၚမွာကပ္ျပီး ငါးမိနစ္ထားပါ။
    ဒါမွမဟုတ္ ေရခဲတံုးေလးေတြကို ပုဝါေလးနဲ႔ပတ္ျပီး မ်က္ခြံမွာကပ္ပါ။ ငါးမိနစ္၊ ဆယ္မိနစ္ထားပါ။ ၂ ၾကိမ္မွ၃ ၾကိမ္လုပ္ေပးနိုင္ပါတယ္။

(၃) ခပ္ဖြဖြ ႏွိပ္နယ္ေပးပါ

နာရီအေတာ္ၾကာ ကြန္ပ်ဴတာၾကည့္ျပီးအလုပ္လုပ္ရတာေၾကာင့္ ျဖစ္လာတဲ့ မ်က္စိေညာင္းတာ၊ မ်က္စိေအာင့္တာေတြအတြက္ အႏွိပ္နည္းကိုသံုးနုိင္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ျခင္းအတြက္လည္း အသံုးဝင္တဲ့နည္းပါ။

    လက္ဖဝါးမွာ သံလြင္ဆီေလးနည္းနည္းပြတ္ပါ။
    လက္ေခ်ာင္းေလးေတြသံုးျပီး မ်က္ခံုးအေပၚကၾကြက္သားေတြနဲ႔မ်က္ခြံကို ၁၀ စကၠန္႔ေလာက္ ဖြဖြႏွိပ္နယ္ေပးပါ။
    ေအာက္မ်က္ခမ္း၊ေအာက္မ်က္ရိုးနားကို ၁၀ စကၠန္႔ေလာက္ ႏွိပ္ေပးပါ။
    နားထင္နဲ႔ ပါးရိုးအေပၚပိုင္းကို ႏွိပ္ေပးပါ။
    တစ္ေန႔တစ္ၾကိမ္၊ ႏွစ္ၾကိမ္လုပ္ေပးနိုင္ပါတယ္။

(၄) လက္ဖဝါးအေႏြးဓာတ္ေပးပါ

လက္ဖဝါးကုထံုးကလည္း နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ စာဖတ္တာၾကာသြားလို႔ ဒါမွမဟုတ္ ကြန္ပ်ဳဴတာ၊တီဗီၾကည့္တာၾကာသြားလို႔ မ်က္စိေညာင္းလာျပီဆိုရင္ ပိုအသံုးဝင္ပါတယ္။

    သက္ေတာင့္သက္သာျဖစ္မယ့္အေနအထားနဲ႔ထိုင္ပါ။
    လက္ဖဝါးႏွစ္ဖက္ကို ပူေႏြးလာတဲ့အထိပြတ္ပါ။
    မွိတ္ထားတဲ့မ်က္ခြံေပၚမွာ လက္နဲ႔အုပ္ထားပါ။ မဖိရပါ။
    ေျဖေလ်ာ့ျပီး စကၠန္႔၃၀ေလာက္ ျငိမ္ေနေပးပါ။
    မ်က္လံုးကိုျဖည္းျဖည္းဖြင့္ျပီး ဟိုဟိုဒီဒီၾကည့္ပါ။
    ဒီနည္းကို ၃ ၾကိမ္မွ ၅ ၾကိမ္ ထပ္လုပ္ေပးပါ။

(၅) မ်က္စိကို ကာကြယ္ပါ

မ်က္စိနဲ႔ပတ္သက္တဲ့ေဝဒနာကို မျဖစ္ေစမယ့္ အေကာင္းဆံုးနည္းလမ္းက ဆင္ျခင္ကာကြယ္ျခင္းပါပဲ။

    ကြန္ပ်ဴတာ သို႔မဟုတ္ တီဗီမ်က္ႏွာျပင္ကို တစ္ဆက္တည္း အၾကာၾကီးၾကည့္ေနရင္ မ်က္စိနဲ႔ပတ္သက္တဲ့ေဝဒနာေတြက ျဖစ္လာမွာပဲဆိုေတာ့ ၾကည့္ေနတဲ့ၾကားမွာ ခဏေလာက္ေတာ့ မ်က္လံုးလႊဲျပီး နားနားေပးပါ။
    အိပ္ေရးဝေအာင္အိပ္ပါ။ အိပ္ေရးပ်က္ခံျခင္းက မ်က္စိေဝဒနာ မၾကာခဏျဖစ္ေစတတ္ပါတယ္။
    မ်က္လံုးထဲတစ္ခုခုဝင္သြားတယ္ဆိုရင္ အရမ္းမပြတ္ပါနဲ႔။ ဖယ္ထုတ္နိုင္မယ့္ နည္းကိုလိုက္နာပါ။
    ေတာ္တန္ရံုေနရခက္တဲ့ေဝဒနာကေတာ့ လက္ရွိမ်က္စိသံုးေနတဲ့အလုပ္ကိုရပ္လိုက္ျပီး မ်က္စိခဏမွိတ္၊ အနားေပးလိုက္ပါ။
    မ်က္ကပ္မွန္ဝတ္တတ္သူေတြဆိုရင္ မ်က္စိကိုမထိခိုက္ေအာင္၊ ပိုးမဝင္ေအာင္ ပံုမွန္သန္႔ရွင္းမႈဂရုစိုက္ေပးရပါမယ္။ နာက်င္မႈတစ္ခုခုျဖစ္လာရင္ ခ်က္ခ်င္းခြ်တ္ျပီး ဆရာဝန္ျပပါ။
    မ်က္စိပိုးဝင္တာေတြျဖစ္ေနရင္ အိုင္းလိုင္နာ၊ ဘာညာ ဘာမွမလိမ္းပါနဲ႔။
    မ်က္စိေဝဒနာ အေသးအဖြဲပဲျဖစ္ပါေစ၊ ခံစားရတာ သိပ္ၾကာလာရင္ ဆရာဝန္ျပျဖစ္ေအာင္ျပပါ။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေ ခံစားနေရလား။ တစ်နေကုန် ကွန်ပျူတာမျက်နှာပြင်ပဲစိုက်ကြည့်နေရတဲ့ အလုပ်ကြောင့် ဒါမှမဟုတ် ပြင်ပက လေထုတွင်းအမှုန်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်စိပိုးဝင်ခြင်းကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။

မျက်စိဆိုတာ ခန္ဓာကိုယ်မှာ ထိခိုက်လွယ်ဆုံး၊အနုနယ်ဆုံးအပိုင်းဖြစ်တာကြောင့် နည်းနည်းနာကျင်ရရင်ပဲ စိုးရိမ်တတ်ကြပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီ၊ စာအုပ် အကြည့်များလို့ တော်တန်ရုံမျက်စိညောင်းတာ၊ မျက်လုံးအောင့်တာဆိုရင်တော့ ခဏနဲ့သက်သာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အမြန်သက်သာစေမယ့်နည်းလေးတွေက လွယ်လွယ်လေးပါ။

(၁) မျက်လုံးအဖွင့်အပိတ် လုပ်ပေးပါ

မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ်လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခန်းခြင်းကိုသက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလိုဖယ်ရှားပြီးသားဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှုကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။

    မျက်စိမှိတ်ပြီး ၂ စက္ကန့်နေပါ။
    မျက်စိမှိတ်လျက်နဲ့ မျက်ခွံကိုကျုံ့ပြီး ၂ စက္ကန့်။
    ပြီးရင် မျက်စိပြန်ဖွင့်ပြီး ၂ စက္ကန့်။
    ဒီအတိုင်း အစကပြန်လုပ်ပေးပါ။ သုံးလေးကြိမ်လောက် လုပ်ပြီးရင် မျက်စိဝေဒနာ သက်သာသွားပါလိမ့်မယ်။

(၂) အေးတဲ့အရာတစ်ခုခု ကပ်ပေးပါ

မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။

    ရေခဲရေဆွတ်ထားတဲ့အဝတ်လေး(wet tissue အေးအေးလေးဆိုလည်းရပါတယ်) ကို မျက်ခွံပေါ်မှာကပ်ပြီး ငါးမိနစ်ထားပါ။
    ဒါမှမဟုတ် ရေခဲတုံးလေးတွေကို ပုဝါလေးနဲ့ပတ်ပြီး မျက်ခွံမှာကပ်ပါ။ ငါးမိနစ်၊ ဆယ်မိနစ်ထားပါ။ ၂ ကြိမ်မှ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၃) ခပ်ဖွဖွ နှိပ်နယ်ပေးပါ

နာရီအတော်ကြာ ကွန်ပျူတာကြည့်ပြီးအလုပ်လုပ်ရတာကြောင့် ဖြစ်လာတဲ့ မျက်စိညောင်းတာ၊ မျက်စိအောင့်တာတွေအတွက် အနှိပ်နည်းကိုသုံးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက်လည်း အသုံးဝင်တဲ့နည်းပါ။

    လက်ဖဝါးမှာ သံလွင်ဆီလေးနည်းနည်းပွတ်ပါ။
    လက်ချောင်းလေးတွေသုံးပြီး မျက်ခုံးအပေါ်ကကြွက်သားတွေနဲ့မျက်ခွံကို ၁၀ စက္ကန့်လောက် ဖွဖွနှိပ်နယ်ပေးပါ။
    အောက်မျက်ခမ်း၊အောက်မျက်ရိုးနားကို ၁၀ စက္ကန့်လောက် နှိပ်ပေးပါ။
    နားထင်နဲ့ ပါးရိုးအပေါ်ပိုင်းကို နှိပ်ပေးပါ။
    တစ်နေ့တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၄) လက်ဖဝါးအနွေးဓာတ်ပေးပါ

လက်ဖဝါးကုထုံးကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာကြာသွားလို့ ဒါမှမဟုတ် ကွန်ပျုူတာ၊တီဗီကြည့်တာကြာသွားလို့ မျက်စိညောင်းလာပြီဆိုရင် ပိုအသုံးဝင်ပါတယ်။

    သက်တောင့်သက်သာဖြစ်မယ့်အနေအထားနဲ့ထိုင်ပါ။
    လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိပွတ်ပါ။
    မှိတ်ထားတဲ့မျက်ခွံပေါ်မှာ လက်နဲ့အုပ်ထားပါ။ မဖိရပါ။
    ဖြေလျော့ပြီး စက္ကန့်၃၀လောက် ငြိမ်နေပေးပါ။
    မျက်လုံးကိုဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီကြည့်ပါ။
    ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။

(၅) မျက်စိကို ကာကွယ်ပါ

မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာကို မဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်ကာကွယ်ခြင်းပါပဲ။

    ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီးကြည့်နေရင် မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာတွေက ဖြစ်လာမှာပဲဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံးလွှဲပြီး နားနားပေးပါ။
    အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏဖြစ်စေတတ်ပါတယ်။
    မျက်လုံးထဲတစ်ခုခုဝင်သွားတယ်ဆိုရင် အရမ်းမပွတ်ပါနဲ့။ ဖယ်ထုတ်နိုင်မယ့် နည်းကိုလိုက်နာပါ။
    တော်တန်ရုံနေရခက်တဲ့ဝေဒနာကတော့ လက်ရှိမျက်စိသုံးနေတဲ့အလုပ်ကိုရပ်လိုက်ပြီး မျက်စိခဏမှိတ်၊ အနားပေးလိုက်ပါ။
    မျက်ကပ်မှန်ဝတ်တတ်သူတွေဆိုရင် မျက်စိကိုမထိခိုက်အောင်၊ ပိုးမဝင်အောင် ပုံမှန်သန့်ရှင်းမှုဂရုစိုက်ပေးရပါမယ်။ နာကျင်မှုတစ်ခုခုဖြစ်လာရင် ချက်ချင်းချွတ်ပြီး ဆရာဝန်ပြပါ။
    မျက်စိပိုးဝင်တာတွေဖြစ်နေရင် အိုင်းလိုင်နာ၊ ဘာညာ ဘာမှမလိမ်းပါနဲ့။
    မျက်စိဝေဒနာ အသေးအဖွဲပဲဖြစ်ပါစေ၊ ခံစားရတာ သိပ်ကြာလာရင် ဆရာဝန်ပြဖြစ်အောင်ပြပါ။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top