iMyanmarHouse.com - Best Property Website for Myanmar
×

သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ တင္ထားတဲ့ ဓာတ္ပံုတစ္ပံုေၾကာင့္ သူမရဲ႕ ပရိသတ္လည္း အံ့ၾသသြားခဲ့ရပါတယ္။သူမတင္ထားတဲ့ ပံုေလးမွာ အရင္က ဝတ္ေနက် ေဘာင္းဘီတစ္ထည္ဟာ အခုခ်ိန္မွာ သူမရဲ႕ ခါးနဲ႕ အရမ္းေခ်ာင္ေနတာ ေတြ႕ရပါတယ္။ေဖြးေဖြး ခႏၶာကိုယ္ဟာ အရင္ကထက္ စာရင္ ေတာ္ေတာ့္ကို ေျပာင္းလဲသြားပါၿပီ။ ေဖြးေဖြးက ပံုေလးေတြနဲ႕အတူ ယခုလို စာသားေလးကိုလည္းေရးသားထားတာေတြ႕ရပါတယ္။

ေဖြးေဖြးဟာ ဇာတ္ကားတစ္ခုရိုက္ေတာ့မယ္ဆိုရင္ သူမလက္ခံထားတဲ့ ကာရိုက္တာအတြက္ ေသခ်ာျပင္ဆင္ၿပီးမွ ရိုက္ကူးတတ္သူ ျဖစ္ပါတယ္။အခုလည္း သူမရုိက္ကူးေနတဲ့ “သူစိမ္းအိမ္” ရုပ္ရွင္ဇာတ္ကားအတြက္ ဝိတ္ခ်ေနတာေတြ႕ရပါတယ္။

သူမရဲ႕ ေျပာင္းလဲမႈကိုေတာ့ ပရိသတ္ေတြ အံ့ၾသလို႕ေနၾကပါတယ္။ ေဖြးေဖြးဟာ လက္ရွိမွာ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦးနဲ႕ သူစိမ္းအိမ္ ရုပ္ရွင္ဇာတ္ကားႀကီးကို ပံုေဖာ္ရိုက္ကူးေနတာ ျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကားမွာ ေဖြးေဖြးအျပင္ ထြန္းအိိျႏၵာဗိုနဲ႕ အျခားေသာ အႏုပညာရွင္ေတြလည္း မ်ားစြာ ပါဝင္ထားတယ္လို႕ သိရပါတယ္။ “ည” ရုပ္ရွင္ဇာတ္ကားကို ပံုေဖာ္ရုိက္ထားတဲ့ ဒါရိုက္တာထူးပိုင္ေဇာ္ဦးနဲ႕ေဖြးေဖြးတို႕ရဲ႕ ဖန္တီးထားမႈေတြက ပရိသတ္ေတြကို ဘယ္လိုုဆြဲေဆာင္ႏိုင္ဦးမလဲဆိုတာက ေစာင့္ၾကည့္ရမွာပါ။

ေဖြးေဖြးဟာ ဂီတကို ဝါသနာပါသူ တစ္ဦးျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေနသူ တစ္ဦးျဖစ္ပါတယ္။ ဗီဒီယိုဇာတ္ကားေပါင္း တစ္ရာေက်ာ္ ရိုက္ကူးခဲ့သူ တစ္ဦးျဖစ္ၿပီး မဂၢဇင္းကာဗာမ်ားစြာနဲ႕ ေၾကာ္ျငာမ်ားစြာကိုလည္း ရိုက္ကူးခဲ့သူ ျဖစ္ပါတယ္။

ပရိသတ္ရဲ႕ လက္ခံအားေပးမႈကို ရရွိထားသူ သူမဟာ ၂၀၁၂ခုႏွစ္တြင္ လက္ပံ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။၂၀၁၅ခုႏွစ္မွာေတာ့ ကၽြန္မက ႏွင္းဆီပါေမာင္ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထာားႏိုင္သူ တစ္ဦးလည္း ျဖစ္ပါတယ္။

Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့် သူမရဲ့ ပရိသတ်လည်း အံ့သြသွားခဲ့ရပါတယ်။သူမတင်ထားတဲ့ ပုံလေးမှာ အရင်က ဝတ်နေကျ ဘောင်းဘီတစ်ထည်ဟာ အခုချိန်မှာ သူမရဲ့ ခါးနဲ့ အရမ်းချောင်နေတာ တွေ့ရပါတယ်။ဖွေးဖွေး ခန္ဓာကိုယ်ဟာ အရင်ကထက် စာရင် တော်တော့်ကို ပြောင်းလဲသွားပါပြီ။ ဖွေးဖွေးက ပုံလေးတွေနဲ့အတူ ယခုလို စာသားလေးကိုလည်းရေးသားထားတာတွေ့ရပါတယ်။

ဖွေးဖွေးဟာ ဇာတ်ကားတစ်ခုရိုက်တော့မယ်ဆိုရင် သူမလက်ခံထားတဲ့ ကာရိုက်တာအတွက် သေချာပြင်ဆင်ပြီးမှ ရိုက်ကူးတတ်သူ ဖြစ်ပါတယ်။အခုလည်း သူမရိုက်ကူးနေတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားအတွက် ဝိတ်ချနေတာတွေ့ရပါတယ်။

သူမရဲ့ ပြောင်းလဲမှုကိုတော့ ပရိသတ်တွေ အံ့သြလို့နေကြပါတယ်။ ဖွေးဖွေးဟာ လက်ရှိမှာ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ ဖွေးဖွေးအပြင် ထွန်းအိန္ဒြာဗိုနဲ့ အခြားသော အနုပညာရှင်တွေလည်း များစွာ ပါဝင်ထားတယ်လို့ သိရပါတယ်။ “ည” ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ထားတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ဖွေးဖွေးတို့ရဲ့ ဖန်တီးထားမှုတွေက ပရိသတ်တွေကို ဘယ်လိုဆွဲဆောင်နိုင်ဦးမလဲဆိုတာက စောင့်ကြည့်ရမှာပါ။

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top