iMyanmarHouse.com - Best Property Website for Myanmar
×

ငဒူ ႐ုပ္႐ွင္ကားႀကီးအား ပရိသတ္တစ္ေယာက္ ေနျဖင့္ ၾကည့္႐ႈခဲ့တဲ့အခါမွာ ရင္ဘတ္ေအာင့္တဲ့အထိေတာင္ ခံစားခဲ့ရတယ္လို႔ သ႐ုပ္ေဆာင္ ေရႊမႈံရတီ ကေျပာၾကားခဲ့ပါတယ္။ယင္း႐ုပ္႐ွင္ကားႀကီးသည္ ဦးေႏွာက္မ႐ွိေသာ္ လည္း အရာရာကို ႏွလံုးသားျဖင့္ ခံစားျဖင့္ကူညီတတ္သည့္ ငဒူ႐ုပ္႐ွင္ကားႀကီးျဖစ္ၿပီး ယင္း႐ုပ္႐ွင္ကားကို ဇြန္ (၂၉) ရက္တြင္ စတင္ျပသသြားမည္ ျဖစ္ေၾကာင္းသိ႐ွိရပါတယ္၊

“သဲ ဒီကားကို ပရိသတ္တစ္ေယာက္အေနနဲ႔ ၾကည့္လိုက္တာ ရင္ဘတ္ထဲေတာင္ေအာင့္တယ္ ခံစားရတာ၊ ဒီကားက ပညာေပးကားေလးလည္းျဖစ္တယ္၊ လုပ္ရယ္ရတဲ့ဟာသမဟုတ္ဘဲနဲ႔ သဘာဝဆန္ဆန္ရယ္ရတဲ့ကားေလး တစ္ကားပါ၊ အခုလိုကားေကာင္းတစ္ကားကို တစ္ဖက္ တစ္လမ္းက ကူညီခြင့္ရတဲ့အတြက္ အတိုင္းမသိ ဝမ္းသာမိပါတယ္၊ ကိုျမင့္ျမတ္က ညီမရဲ႕ဆရာဆို ေတာ့ ဒီကားထဲမွာ ထုက၊ ႐ိုက္ရနဲ႔သ႐ုပ္ေဆာင္ ရတာဆိုေတာ့ ဆရာကို ကန္ေတာ့ကန္ေတာ့ လုပ္ေနရတယ္” ဟု သ႐ုပ္ေဆာင္ ေရႊမႈံရတီက ေျပာခဲ့ပါတယ္၊

ယင္း႐ုပ္႐ွင္ကားႀကီးတြင္ ငဒူသည္ ဒူလြန္း၊ အလြန္း၍ တစ္ရြာလံုးခိုင္းဖက္ျဖစ္ခဲ့ရပါတယ္၊ သူ သည္ ဒူလြန္းအလြန္းေသာ္လည္း ႏွလံုးသားႀကီး လြန္းသူျဖစ္၍ ကူညီတတ္ရာမွ အလြဲလြဲအေခ်ာ္ေခ်္ာျဖစ္ခဲ့ရပါတယ္၊ သူရဲ႕ အားနည္းခ်က္ကို နင္းၿပီး အႏိုင္ယူခဲ့သည့္ လူဆိုးအဖြဲ႔ႏွင့္ ရင္ဆိုင္ၿပီး ဇာတ္သိမ္း ၿပီးဆံုးသြားမလဲဆိုတာ ၾကည့္႐ႈေစ ခ်င္ပါတယ္၊ ယင္း႐ုပ္႐ွင္ကားကို ေအာင္တိုင္းေက်ာ္ ႐ုပ္႐ွင္ ထုတ္လုပ္ေရးမွ ႐ိုက္ကူးၿပီး ဒါ႐ိုက္တာ ၫြန္႔ျမန္မာညီညီေအာင္၊ သ႐ုပ္ေဆာင္ ျမင့္ျမတ္၊ မင္းဦး၊ ေရႊမႈံရတီ၊ နန္းဆုဦးတို႔အျပင္ အျခားေသာ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာ ပါဝင္သည့္ ႐ုပ္႐ွင္ ကားႀကီးတစ္ကားျဖစ္ပါတယ္၊

Credit: ရႈိင္းေလး (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ငဒူ ရုပ်ရှင်ကားကြီးအား ပရိသတ်တစ်ယောက် နေဖြင့် ကြည့်ရှုခဲ့တဲ့အခါမှာ ရင်ဘတ်အောင့်တဲ့အထိတောင် ခံစားခဲ့ရတယ်လို့ သရုပ်ဆောင် ရွှေမှုံရတီ ကပြောကြားခဲ့ပါတယ်။ယင်းရုပ်ရှင်ကားကြီးသည် ဦးနှောက်မရှိသော် လည်း အရာရာကို နှလုံးသားဖြင့် ခံစားဖြင့်ကူညီတတ်သည့် ငဒူရုပ်ရှင်ကားကြီးဖြစ်ပြီး ယင်းရုပ်ရှင်ကားကို ဇွန် (၂၉) ရက်တွင် စတင်ပြသသွားမည် ဖြစ်ကြောင်းသိရှိရပါတယ်၊

“သဲ ဒီကားကို ပရိသတ်တစ်ယောက်အနေနဲ့ ကြည့်လိုက်တာ ရင်ဘတ်ထဲတောင်အောင့်တယ် ခံစားရတာ၊ ဒီကားက ပညာပေးကားလေးလည်းဖြစ်တယ်၊ လုပ်ရယ်ရတဲ့ဟာသမဟုတ်ဘဲနဲ့ သဘာဝဆန်ဆန်ရယ်ရတဲ့ကားလေး တစ်ကားပါ၊ အခုလိုကားကောင်းတစ်ကားကို တစ်ဖက် တစ်လမ်းက ကူညီခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်၊ ကိုမြင့်မြတ်က ညီမရဲ့ဆရာဆို တော့ ဒီကားထဲမှာ ထုက၊ ရိုက်ရနဲ့သရုပ်ဆောင် ရတာဆိုတော့ ဆရာကို ကန်တော့ကန်တော့ လုပ်နေရတယ်” ဟု သရုပ်ဆောင် ရွှေမှုံရတီက ပြောခဲ့ပါတယ်၊

ယင်းရုပ်ရှင်ကားကြီးတွင် ငဒူသည် ဒူလွန်း၊ အလွန်း၍ တစ်ရွာလုံးခိုင်းဖက်ဖြစ်ခဲ့ရပါတယ်၊ သူ သည် ဒူလွန်းအလွန်းသော်လည်း နှလုံးသားကြီး လွန်းသူဖြစ်၍ ကူညီတတ်ရာမှ အလွဲလွဲအချော်ချေ်ာဖြစ်ခဲ့ရပါတယ်၊ သူရဲ့ အားနည်းချက်ကို နင်းပြီး အနိုင်ယူခဲ့သည့် လူဆိုးအဖွဲ့နှင့် ရင်ဆိုင်ပြီး ဇာတ်သိမ်း ပြီးဆုံးသွားမလဲဆိုတာ ကြည့်ရှုစေ ချင်ပါတယ်၊ ယင်းရုပ်ရှင်ကားကို အောင်တိုင်းကျော် ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ သရုပ်ဆောင် မြင့်မြတ်၊ မင်းဦး၊ ရွှေမှုံရတီ၊ နန်းဆုဦးတို့အပြင် အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သည့် ရုပ်ရှင် ကားကြီးတစ်ကားဖြစ်ပါတယ်၊

Credit: ရှိုင်းလေး (MyanmarNote)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top