iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ေမာ္ဒယ္ ပတ္ထရစ္ရွာ (စူးရွနိုင္)ကိုေတာ့ ျမန္မာနုိင္ငံက လူေတာ္ေတာ္မ်ားမ်ားကေတာ့ သိၾကမယ္ထင္တယ္။ ညိႈ႔အားေကာင္းတဲ့မ်က္လံုးေတြနဲ႔ ဆြဲေဆာင္မႈရွိရွိပံုစံေတြေၾကာင့္ ပရိသတ္ေတြရင္ထဲကို ေရာက္ရွိခဲ့တဲ့ မင္းသမီးတစ္ေယာက္လည္း ျဖစ္တယ္။ ပတ္ထရစ္ရွာကေတာ့ ထူးျခားတဲ့ ပံုစံေလးလည္း ရိွသလို သူ႔ရဲ့ Relationship ကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။

သူမကေတာ့ ျမန္မာနိုင္ငံက အမ်ိဳးသားနဲ႔ ခ်စ္သူေတြ ျဖစ္ေနၾကတာ မဟုတ္ဘဲ နိုင္ငံျခားမွ ခ်စ္သူအမ်ိဳးသားနဲ႔ လက္တြဲေနတာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြကေတာ့ သူမရဲ့ Relationship အေၾကာင္းကို စိတ္ဝင္စားေနတာေၾကာင့္ Myanmar Celebrity ကေတာ့ သူမရဲ့အခ်စ္ေရးနဲ႔ ပတ္သက္ျပီး အင္တာဗ်ဴးထားတာလည္း ျဖစ္ပါတယ္။ အင္တာဗ်ဴးမွာေတာ့ ခ်စ္သူကိုသတိရမိလားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ ပတ္ထရစ္ရွာ (စူးရွနိုင္) က “လြမ္းေတာ့ လြမ္းပါတယ္။ အျမဲတမ္းၾကီးေတာ့ မဟုတ္ပါဘူး ။ အလုပ္လုပ္ေနတာဆိုေတာ့ေလ။ တခါတေလေတာ့လည္း အလုပ္လုပ္ရင္း တိုက္ဆိုင္တာေတြ ရွိတာတို႔ ကိုယ့္ဘာကို အထီးက်န္သလို ခံစားရတဲ့ အခ်ိန္ေတြမွာေတာ့ သတိရမိပါတယ္” ဟု ေျဖၾကားခဲ့ပါတယ္။

ထို႔ေနာက္ ဆက္လက္ျပီး ေဝးေနရတဲ့ ခံစားခ်က္က ဘယ္လိုလဲဟု ေမးျမန္းခဲ့ရာတြင္ “ ခံစားမႈကေတာ့ တခါတေလမွာ Long Distance Relationship ဆိုေတာ့ သိပ္မလြယ္ကူဘူးထင္ပါတယ္။ တေယာက္နဲ႔ တေယာက္က အေဝးမွာဆိုေတာ့ သူေရာ ငါ့မ်က္ကြယ္ရာမွာ ဘာေတြလုပ္ေနမလည္း ဆိုတဲ့ သံသယေတာ့ ျဖစ္မိတာေပါ့။ သူကလည္းကိုယ့္ကို အေဝးမွာရွိတဲ့ အခ်ိန္မွာ ကိုယ္ေရာသူ႔အေပၚမွာ ေဖာက္ျပန္ေနမလားေပါ့။ အဲ့လိုမ်ိဳးေလးေတာ့ ရွိတာေပါ့ တစ္ေယာက္ေပၚတစ္ေယာက္ ယံုၾကည္ေနရင္ေတာ့ အဆင္ေျပပါတယ္။ ဒါေပမဲ့လည္း သူကကိုယ္ယံုၾကည္ရတဲ့သူျဖစ္ေနေတာ့လည္း အဆင္ေျပပါတယ္။ အိမ္ေထာင္ျပဳဖို႔ကေတာ့ မစဥ္စားေသးပါဘူး။ အေဝးၾကီးလိုပါေသးတယ္” ဟု ေျဖၾကားခဲ့ပါတယ္။

လက္တေလာ အႏုပညာ လႈပ္ရွားမႈကေတာ့ “ညီမဟာသရုပ္ရွင္ကားၾကီးကို လက္ခံထားပါတယ္။ လက္တေလာမွာေတာ့ ရုပ္ရွင္ကားၾကီး နွစ္ကားရိုက္ထားပါတယ္။ ေမျမိဳ႔မွာ ကိုျမင့္ျမတ္နဲ႔ ရိုက္ထားတာပါ။ ရုပ္ရွင္ကေတာ့ကုိယ့္ကို သတ္မဲ့ ဇာတ္လမ္းမဟုတ္ရင္ေတာ့ ၾကိဳက္ပါတယ္။ ဇာတ္လမ္းက မွ်မွ်တတရွိတယ္ေပါ့။ အဲ့လိုမ်ိဳးေလးေတြပါ။ ကိုယ့္ဇာတ္ရယ္ၾကီးေတာ့ မဟုတ္ပါဘူး။ ေလာေလာဆယ္ကေတာ့ သရုပ္ေဆာင္ အလုပ္ကလြဲျပီး က်န္တာေတာ့ မလုပ္ျဖစ္ေသးပါဘူး” ဆက္လက္ျပီး “ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ေက်းဇူးတင္တယ္ဆိုတဲ့ စကားထက္ပိုတဲ့ စကားရွိရင္လည္း ေျပာခ်င္ပါတယ္။ ပရိသတ္ေတြ အားေပးလို႔လည္း ညီမဒီအဆင့္ထိေရာက္ရွိခဲ့တာပါ။ ပရိသတ္ေတြကို တကယ္ေက်းဇူးတင္ပါတယ္။ ေနာက္လည္း ဆက္ျပီးေတာ့ အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာဆိုသြားခဲ့ပါတယ္။

Credit: Nanmalaryi
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင်မော်ဒယ် ပတ်ထရစ်ရှာ (စူးရှနိုင်)ကိုတော့ မြန်မာနိုင်ငံက လူတော်တော်များများကတော့ သိကြမယ်ထင်တယ်။ ညှို့အားကောင်းတဲ့မျက်လုံးတွေနဲ့ ဆွဲဆောင်မှုရှိရှိပုံစံတွေကြောင့် ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်တယ်။ ပတ်ထရစ်ရှာကတော့ ထူးခြားတဲ့ ပုံစံလေးလည်း ရှိသလို သူ့ရဲ့ Relationship ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

သူမကတော့ မြန်မာနိုင်ငံက အမျိုးသားနဲ့ ချစ်သူတွေ ဖြစ်နေကြတာ မဟုတ်ဘဲ နိုင်ငံခြားမှ ချစ်သူအမျိုးသားနဲ့ လက်တွဲနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေကတော့ သူမရဲ့ Relationship အကြောင်းကို စိတ်ဝင်စားနေတာကြောင့် Myanmar Celebrity ကတော့ သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးထားတာလည်း ဖြစ်ပါတယ်။ အင်တာဗျူးမှာတော့ ချစ်သူကိုသတိရမိလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ပတ်ထရစ်ရှာ (စူးရှနိုင်) က “လွမ်းတော့ လွမ်းပါတယ်။ အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး ။ အလုပ်လုပ်နေတာဆိုတော့လေ။ တခါတလေတော့လည်း အလုပ်လုပ်ရင်း တိုက်ဆိုင်တာတွေ ရှိတာတို့ ကိုယ့်ဘာကို အထီးကျန်သလို ခံစားရတဲ့ အချိန်တွေမှာတော့ သတိရမိပါတယ်” ဟု ဖြေကြားခဲ့ပါတယ်။

ထို့နောက် ဆက်လက်ပြီး ဝေးနေရတဲ့ ခံစားချက်က ဘယ်လိုလဲဟု မေးမြန်းခဲ့ရာတွင် “ ခံစားမှုကတော့ တခါတလေမှာ Long Distance Relationship ဆိုတော့ သိပ်မလွယ်ကူဘူးထင်ပါတယ်။ တယောက်နဲ့ တယောက်က အဝေးမှာဆိုတော့ သူရော ငါ့မျက်ကွယ်ရာမှာ ဘာတွေလုပ်နေမလည်း ဆိုတဲ့ သံသယတော့ ဖြစ်မိတာပေါ့။ သူကလည်းကိုယ့်ကို အဝေးမှာရှိတဲ့ အချိန်မှာ ကိုယ်ရောသူ့အပေါ်မှာ ဖောက်ပြန်နေမလားပေါ့။ အဲ့လိုမျိုးလေးတော့ ရှိတာပေါ့ တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်နေရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့လည်း သူကကိုယ်ယုံကြည်ရတဲ့သူဖြစ်နေတော့လည်း အဆင်ပြေပါတယ်။ အိမ်ထောင်ပြုဖို့ကတော့ မစဉ်စားသေးပါဘူး။ အဝေးကြီးလိုပါသေးတယ်” ဟု ဖြေကြားခဲ့ပါတယ်။

လက်တလော အနုပညာ လှုပ်ရှားမှုကတော့ “ညီမဟာသရုပ်ရှင်ကားကြီးကို လက်ခံထားပါတယ်။ လက်တလောမှာတော့ ရုပ်ရှင်ကားကြီး နှစ်ကားရိုက်ထားပါတယ်။ မေမြို့မှာ ကိုမြင့်မြတ်နဲ့ ရိုက်ထားတာပါ။ ရုပ်ရှင်ကတော့ကိုယ့်ကို သတ်မဲ့ ဇာတ်လမ်းမဟုတ်ရင်တော့ ကြိုက်ပါတယ်။ ဇာတ်လမ်းက မျှမျှတတရှိတယ်ပေါ့။ အဲ့လိုမျိုးလေးတွေပါ။ ကိုယ့်ဇာတ်ရယ်ကြီးတော့ မဟုတ်ပါဘူး။ လောလောဆယ်ကတော့ သရုပ်ဆောင် အလုပ်ကလွဲပြီး ကျန်တာတော့ မလုပ်ဖြစ်သေးပါဘူး” ဆက်လက်ပြီး “ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတဲ့ စကားထက်ပိုတဲ့ စကားရှိရင်လည်း ပြောချင်ပါတယ်။ ပရိသတ်တွေ အားပေးလို့လည်း ညီမဒီအဆင့်ထိရောက်ရှိခဲ့တာပါ။ ပရိသတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်။ နောက်လည်း ဆက်ပြီးတော့ အားပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု ပြောဆိုသွားခဲ့ပါတယ်။

Credit: Nanmalaryi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top