iMyanmarHouse.com - Best Property Website for Myanmar
×




# Unicode Version ဖြင့် ဖတ်ပါ #
မင်းသမီးချောလေး ယဉ်လတ်ကတော့ ပရိသတ်တွေကြားမှာ ဖိုက်တင်မင်းသမီးဆိုပြီး နာမည်ကြီးပါတယ်။တိုက်ကွမ်ဒို ခါးပတ်နက် ပိုင်ရှင်လေးပါ။ ယဉ်လကတော့ “သရာစောထိ..” ဇာတ်ကားမှာ နော်ပဲလှော်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ေ ဆာင် ပြီး ပရိသတ်အားပေးမှုရခဲ့ပါတယ်။ ”စစ်ကို မုန်း၍တိုက်ခဲ့သည် ” ဇာတ်ကားမှာ ဆိုရင် သူမက ခင်လေး ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ပြီး ပရိသတ်မေတ္တာကို ရရှိခဲ့ပါတယ်။

ပရိတ်သတ်တွေမသိသေးတဲ့ ကျော်ထွဋ်ဆွေ နဲ့ သူမရဲ့ ပက်သတ်မှုလေးကို ပြောပြလာတဲ့ ယဉ်လက် ကပြောပြခဲ့ပါသေးတယ်။ “ကိုကျော့် အမေနဲ့ ယဉ်လက် ဖေဖေက မောင်နှမအရင်းဆိုတော့ မောင်နှမတစ်ဝမ်းကွဲ တော်ကြတယ်။ အပြင်မှာ တွေ့၊ အတူတူ စား၊ သွားခဲ့တဲ့ အမှတ်တရတွေများပေမယ့် Social Media မှာ သိပ်မတင်ဖြစ်ဘူး။ မျက်နှာ နဲ့ အရပ်ချင်းကလည်း မတူကြတော့ မတွဲမိကြတာပါ။ ကိုကျော်က စိတ်ရင်းတအားကောင်းပြီး ကိုယ့်ဒူးကိုယ်ချွန်နိုင်တယ်။ မနန်းသူဇာကလည်း အရမ်းချစ်တတ်သူမို့ အချစ်ရေးကံကောင်းပြီး အားကျရပါတယ်”လို့ပြောပါတယ်။

ပရိတ်သတ်ကြီးကလဲ ကျော်ထွဋ်ဆွေ နဲ့ ယဉ်လက် မောင်နှမနှစ်ယောက်ကို ဆက်လက်အားပေးကြပါအုံးနော်

Credit: Myanmar celebrity
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top