iMyanmarHouse.com - Best Property Website for Myanmar
×

လူမင်းနဲ့ ခင်စံပယ်ဦးတို့ရဲ့ သမီးကြီး ဧရာဝတီလူမင်းက အသက် ၁၀ နှစ်သာ ရှိသေးပေမဲ့ အိမ်မှုကိစ္စတွေ ဝါသနာပါတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပါပြီ။

ဧရာဝတီလူမင်းလေးက သူ့ရဲ့ဘွားဘွားဆီကနေ ကော်ပြန့်လိပ် ပြုလုပ်နည်းကို သင်ယူပြီး ကိုယ်တိုင်လုပ်နေတဲ့ ပုံလေးတွေကို ခင်စံပယ်ဦးက Ayarwady Lu Min ဖေ့စ်ဘွတ်အကောင့်ကနေ မျှဝေခဲ့ပါတယ်။

"ဧရာဝတီလိပ်တဲ့ကော်ပြန့်ကြော်လေး" လို့ မေလ ၃၁ ရက်နေ့က ရေးသားပြီး သမီးလေး ကော်ပြန့်လိပ်လုပ်နေတဲ့ ပုံလေးတွေကို တင်ခဲ့တာပါ။

ပုံတွေထဲမှာ ဧရာဝတီလူမင်းလေးက ကော်ပြန့်လိပ်တွေကို စိတ်ဝင်တစား ပြုလုပ်နေတာကို ချစ်စဖွယ် မြင်တွေ့ရပါတယ်။

လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်ဟာ အခုဆိုရင် ၁၃ နှစ်ရှီသွားပါပြီ။ ဧရာဝတီလူမင်း ဆိုတဲ့ သမီးလေးတစ်ယောက်နဲ့ ဧ၀ရတ်လူမင်းဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။

အလှူအတန်း အမြဲမပြတ်လုပ်ဖြစ်တဲ့ သူတို့မိသားစုလေးက မေလ ၂၁ ရက်နေ့တုန်းက ကျရောက်တဲ့ ခင်စံပယ်ဦးရဲ့မွေးနေ့မှာ

ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ မိသားစုလိုက် သံဃာတော်တွေကို အာရုံဆွမ်း လောင်းလှူခဲ့ကြပါတယ်။ ခင်စံပယ်ဦးက သူ့ရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့အလှူအဖြစ် သွေးလည်း သွားလှူခဲ့ပါသေးတယ်။

Credit:Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version#

အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top