iMyanmarHouse.com - Best Property Website for Myanmar
×

ေရႊထူးကုိေတာ့ ဧည့္သည္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ေတာ္ေတာ့္ကုိ အခ်ဳိးမေျပတဲ့ ေကာင္ေလးတစ္ေယာက္အျဖစ္ ပရိသတ္ေတြျမင္ေတြ႕ရ ဦးမွာပါ။ ဒီဇာတ္ကားထဲမွာလည္း သရုပ္ေဆာင္အေတြ႔အႀကဳံေတြ အမ်ားႀကီးရွိတဲ့ အႏုပညာရွင္ေတြနဲ႔ တြဲဖက္သရုပ္ေဆာင္ရမွာျဖစ္တာ ေၾကာင့္ စိတ္ဖိစီးမႈေလးေတာ့ နည္းနည္းရွိတယ္လုိ႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' စိတ္ဖိစီးမႈအေနနဲ႔ကေတာ့ ဇာတ္ကားထဲမွာ ကုိယ့္ထက္ နာမည္ႀကီးတဲ့ သူေတြလည္း ပါသလုိ၊ ကုိယ့္ထက္ သရုပ္ေဆာင္ေတာ္တဲ့ သူေတြ လည္း ပါေတာ့ နည္းနည္းေတာ့ Pressure ေတာ့ရွိတယ္။ ကာရုိက္တာကေတာ့ သီခ်င္းဆုိတဲ့ လူငယ္တစ္ေယာက္ ျမာေပြတဲ့ ပုံစံလူငယ္ တစ္ေယာက္ ကာရုိက္တာနဲ႔ သရုပ္ေဆာင္ရမွာပါ။ ကၽြန္ေတာ္ ေတာ္ေတာ္အခ်ဳိးမေျပတဲ့ ပုံစံကုိေနရမွာ။ ပက္ပက္စက္စက္ညႈိ႕ ဇာတ္ကား တုန္းက သူေဌးသား ဂ်ေလဘီလုိလုိေပါ့။  ဒီဇာတ္ကားမွာေတာ့ လုံးဝကုိ အခ်ဳိးမေျပတဲ့ ေကာင္ေလးေပါ့'' လို႔ ေရႊထူးက ဆုိပါတယ္။

ေရႊထူးဟာ ပထမဦးဆုံးရုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ ပက္ပက္စက္စက္ညႈိ႕ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ဗီလိန္ကာရုိက္တာအျဖစ္ ပါဝင္ သရုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဒုတိယေျမာက္ ရုပ္ရွင္ဇာတ္ကားႀကီး ဧည့္သည္ ရုပ္ရွင္ဇာတ္ကားမွာလည္း ဗီလိန္ကာရုိက္တာအျဖစ္ သရုပ္ေဆာင္ရမွာျဖစ္တဲ့ အတြက္ ပရိသတ္ေတြ အျမင္ဆြဲသြားမွာကုိေတာ့ မေၾကာက္ပါဘူးလုိ႔ ဆုိပါတယ္။

''ကၽြန္ေတာ္က အႏုပညာလုပ္ရတာပဲေလ အျပင္မွာမွ မဟုတ္တာ။ ရုပ္ရွင္ဇာတ္ကားထဲမွာေတာ့ ဘယ္လုိ ကာရုိက္တာမ်ဳိးပဲ ျဖစ္ျဖစ္ စိတ္ဝင္စားတယ္။ ဗီလိန္ကာရုိက္တာကေတာ့ ကုိယ္နဲ႔ လုိက္မွာပါ မင္းသားရုပ္မွ မဟုတ္တာ။ ကၽြန္ေတာ္ကုိယ္တုိင္ကလည္း ဗီလိန္ ကာရုိက္တာကုိ သေဘာက်တယ္။ ငယ္ငယ္တုန္းကဆုိရင္ Batman တုိ႔ ဂ်ဳိကာတုိ႔ဆုိရင္ ကၽြန္ေတာ္က ဂ်ဴိကာပဲ လုပ္ခ်င္တယ္'' တဲ့။

ဒီအေၾကာင္းအရာေတြကုိ ဧည့္သည္ရုပ္ရွင္ဇာတ္ကားႀကီး ကန္ေတာ့ပြဲေပး အခမ္းအနားမွာ ေရႊထူးက Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။ ဧည့္သည္ ရုပ္ရွင္ဇာတ္ကားႀကီးကန္ေတာ့ပြဲကုိ  ဇြန္လ ၁ ရက္ေန႔ မနက္ပုိင္းက ေရႊတိဂုံေစတီေတာ္ ေအာင္ေျမမွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ မီဒီယာေတြနဲ႔ ေတြ႔ဆုံ အင္တာဗ်ဴးကုိေတာ့ M3 Food Center မွာ က်င္းပ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အဆုိေတာ္ေရႊထူးရဲ႕ ဒုတိယေျမာက္ရုိက္ကူးမယ့္ ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့ ဧည့္သည္ ရုပ္ရွင္ဇာတ္ကားႀကီးကုိ  မၾကာခင္မွာ ေရႊမႈံရတီ၊ ေနျခည္ဦးတုိ႔နဲ႔ အတူတြဲၿပီး ရုိက္ကူးေတာ့မယ္လုိ႔ သိရပါတယ္။  ဒီဇာတ္ကားကုိေတာ့ သူ သေဘာက်တဲ့ မင္းသမီးေတြနဲ႔ တြဲရုိက္ရမွာ ျဖစ္တဲ့အတြက္ ရင္ေတြခုန္ပါတယ္လုိ႔လည္း မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါေသးတယ္။ သူ႔ရဲ႔ ပထမဆုံးရုိက္ကူးခဲ့တဲ့ ရုပ္ရွင္ဇာတ္ကား ႀကီး ျဖစ္တဲ့ ပက္ပက္စက္စက္ညႈိ႕ ရုပ္ရွင္ဇာတ္ကားႀကီးကုိေတာ့ ဒါရုိက္တာသားညီက ရုိက္ကူးၿပီး ေနတုိး၊ မုိးစက္ဝုိင္ တုိ႔နဲ႔ အတူတြဲၿပီး သရုပ္ေဆာင္ခဲ့တာပါ။ အဲ့ဒီဇာတ္ကားထဲမွာလည္း ဂ်စ္ကန္ကန္ သူေဌးသားေလးတစ္ေယာက္ကာရုိက္တာနဲ႔ သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

Crdit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ရွှေထူးကိုတော့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တော်တော့်ကို အချိုးမပြေတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပရိသတ်တွေမြင်တွေ့ရ ဦးမှာပါ။ ဒီဇာတ်ကားထဲမှာလည်း သရုပ်ဆောင်အတွေ့အကြုံတွေ အများကြီးရှိတဲ့ အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်တာ ကြောင့် စိတ်ဖိစီးမှုလေးတော့ နည်းနည်းရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' စိတ်ဖိစီးမှုအနေနဲ့ကတော့ ဇာတ်ကားထဲမှာ ကိုယ့်ထက် နာမည်ကြီးတဲ့ သူတွေလည်း ပါသလို၊ ကိုယ့်ထက် သရုပ်ဆောင်တော်တဲ့ သူတွေ လည်း ပါတော့ နည်းနည်းတော့ Pressure တော့ရှိတယ်။ ကာရိုက်တာကတော့ သီချင်းဆိုတဲ့ လူငယ်တစ်ယောက် မြာပွေတဲ့ ပုံစံလူငယ် တစ်ယောက် ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။ ကျွန်တော် တော်တော်အချိုးမပြေတဲ့ ပုံစံကိုနေရမှာ။ ပက်ပက်စက်စက်ညှို့ ဇာတ်ကား တုန်းက သူဌေးသား ဂျလေဘီလိုလိုပေါ့။  ဒီဇာတ်ကားမှာတော့ လုံးဝကို အချိုးမပြေတဲ့ ကောင်လေးပေါ့'' လို့ ရွှေထူးက ဆိုပါတယ်။

ရွှေထူးဟာ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဗီလိန်ကာရိုက်တာအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ဧည့်သည် ရုပ်ရှင်ဇာတ်ကားမှာလည်း ဗီလိန်ကာရိုက်တာအဖြစ် သရုပ်ဆောင်ရမှာဖြစ်တဲ့ အတွက် ပရိသတ်တွေ အမြင်ဆွဲသွားမှာကိုတော့ မကြောက်ပါဘူးလို့ ဆိုပါတယ်။

''ကျွန်တော်က အနုပညာလုပ်ရတာပဲလေ အပြင်မှာမှ မဟုတ်တာ။ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဘယ်လို ကာရိုက်တာမျိုးပဲ ဖြစ်ဖြစ် စိတ်ဝင်စားတယ်။ ဗီလိန်ကာရိုက်တာကတော့ ကိုယ်နဲ့ လိုက်မှာပါ မင်းသားရုပ်မှ မဟုတ်တာ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဗီလိန် ကာရိုက်တာကို သဘောကျတယ်။ ငယ်ငယ်တုန်းကဆိုရင် Batman တို့ ဂျိုကာတို့ဆိုရင် ကျွန်တော်က ဂျိူကာပဲ လုပ်ချင်တယ်'' တဲ့။

ဒီအကြောင်းအရာတွေကို ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားမှာ ရွှေထူးက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကို  ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် အောင်မြေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံ အင်တာဗျူးကိုတော့ M3 Food Center မှာ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုတော်ရွှေထူးရဲ့ ဒုတိယမြောက်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို  မကြာခင်မှာ ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့ အတူတွဲပြီး ရိုက်ကူးတော့မယ်လို့ သိရပါတယ်။  ဒီဇာတ်ကားကိုတော့ သူ သဘောကျတဲ့ မင်းသမီးတွေနဲ့ တွဲရိုက်ရမှာ ဖြစ်တဲ့အတွက် ရင်တွေခုန်ပါတယ်လို့လည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါသေးတယ်။ သူ့ရဲ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ကြီး ဖြစ်တဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာသားညီက ရိုက်ကူးပြီး နေတိုး၊ မိုးစက်ဝိုင် တို့နဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့တာပါ။ အဲ့ဒီဇာတ်ကားထဲမှာလည်း ဂျစ်ကန်ကန် သူဌေးသားလေးတစ်ယောက်ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


Crdit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top