iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္ငယ္ငယ္က ကြ်န္ေတာ္တို႔ေနတ့ဲ အိမ္ေခါင္းရင္းခန္းမွာ မိသားစုတစ္စု အိမ္လာငွားေနသြားဖူးပါတယ္။ ေယာက်္ားက သေဘၤာသား၊ မိန္းမထက္ ဆယ္ႏွစ္မကႀကီးတယ္။ မိန္းမကငယ္ငယ္ ႐ုပ္ရည္ အသင့္အတင့္။ သူတို႔မွာ ကေလးႏွစ္ေယာက္ ရွိတယ္။ ဒါေပမ့ဲ ေယာက်္ား သေဘၤာတက္သြားရင္ မိန္းမက အိမ္မွာေယာက်္ားေတြ တစ္ေယာက္ၿပီး တစ္ေယာက္နဲ႔ ေဖာက္ျပန္တယ္။

အဲဒီသူနဲ႔ ေဖာက္ျပန္ေနတ့ဲ ေယာက်ာ္းေတြ ထဲကမွ သူ႔လိုပဲ အိမ္ေထာင္သည္ ကေလးတစ္ေယာက္အေဖ လူငယ္ တစ္ေယာက္ကိုေတာ့ သူေရရွည္တြဲတယ္။ အဲဒီလူငယ္နဲ႔ ေဖာက္ျပန္ေနတာကို သိတ့ဲ သူ႔ေယာက်္ားရဲ႕ အမ်ိဳးေတြက လာဖမ္းရင္ ေဖာက္ျပန္ေနတ့ဲ လူငယ္ကို ေနာက္ေဖးေပါက္ကေန ထြက္ေျပးခိုင္းတယ္။ ဒါေပမ့ဲ သူ႔ေယာက်္ား ကေတာ့ မသိတာလား၊ တစ္ခုခုေၾကာင့္ မသိခ်င္ေယာင္ ေဆာင္ထားတာလား၊ သိလ်က္နဲ႔ ခြင့္လႊတ္ထားတာလားေတာ့ မသိ။ အိမ္ေထာင္ေရးကေတာ့ သူတို႔ အိမ္ေျပာင္းသြားတ့ဲအထိ ၿမဲေနပါတယ္။ အဲဒီလို မိန္းမဆိုတာ ေဖာက္ျပန္ တတ္ပါလားဆိုတာ ငယ္စဥ္ကတည္းက မ်က္ဝါးထင္ထင္ ကိုယ္ေတြ႕ ျမင္ေတြ႕ၾကားသိလာခ့ဲရတ့ဲ ကြ်န္ေတာ္ဟာ “ေယာက်ာ္းဆိုတာ အိုင္ေတြ႕တိုင္း ေျခေဆးတတ္တယ္” ၊ “ေယာက္်ားမွန္ရင္ ႏွာဘူးနဲ႔ ဂန္ဒူး ႏွစ္မ်ိဳး ပဲရွိတယ္” ဆိုတ့ဲ ပညာရိွပုဂၢိဳလ္ တစ္ဦးဦး ဒါမွ မဟုတ္ ေယာက်္ားေတြကို စိတ္နာေနတ့ဲ အမ်ိဳးသမီးတစ္ဦးဦးကပဲ ေျပာၿပီး ‘တြင္’ ခ့ဲေလသလား ေသခ်ာ မသိရတ့ဲ အဆိုအမိန္႔ေတြ ၾကားတိုင္း ၿပံဳးမိတယ္။

ဘာေၾကာင့္လဲ ဆိုေတာ့ ေယာက်္ားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္ေဖာက္ျပန္တတ္သလို ႏွာဘူးထ တတ္လို႔ပဲ ျဖစ္ပါတယ္။ အဲဒီလို ေယာက်္ားမိန္းမ မေရြး ေဖာက္ျပန္ တတ္သလို ေဖာက္ျပန္တတ္တာဟာ အသက္အရြယ္၊ ႐ုပ္ရည္၊ ပညာအရည္အခ်င္း၊ ရာထူးစည္းစိမ္ေတြနဲ႔ ဆိုင္သလားဆိုေတာ့ လည္း ေဖာက္ျပန္တတ္တ့ဲ သူေတြကိုၾကည့္လိုက္ရင္ အသက္ငယ္တ့ဲသူေရာ ႀကီးတ့ဲသူပါ ေဖာက္ျပန္တတ္ပါတယ္။ ႐ုပ္ေခ်ာတ့ဲသူလည္း ေဖာက္ျပန္တတ္ တယ္။

႐ုပ္မေခ်ာတ့ဲသူလည္း ေဖာက္ျပန္တတ္တယ္။ ပညာတတ္တ့ဲသူေတြ၊ ရာထူး စည္းစိမ္ အာဏာရွိတ့ဲ သူေတြကလည္း အမ်ားအျမင္မွာ လူႀကီးလူေကာင္း မ်က္ႏွာဖံုးစြပ္ထားေပမယ့္ ေဖာက္ျပန္တတ္သလို ပညာမတတ္တ့ဲသူေတြ၊ ရာထူးစည္းစိမ္ အာဏာမရိွတ့ဲသူေတြလည္း ေဖာက္ျပန္တတ္ပါတယ္။

ဘာသာေရး၊ လူမႈေရးကေျပာတဲ့ ေဖာက္ျပန္မႈ

အိမ္ေထာင္ေရး ေဖာက္ျပန္ၾကတာနဲ႔ ပတ္သက္လို႔ ဘာသာေရးနဲ႔ လူမႈေရး ရႈေထာင့္အရ ၾကည့္တ့ဲသူေတြကေတာ့ ဘာသာေရး အဆံုးအမအတုိင္း မလိုက္နာဘဲ ကိုယ္က်င့္သိကၡာနဲ႔ သီလမရွိလို႔ လို႕ဆိုၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘာသာအသီးသီးမွာ အိမ္ေထာင္ေရး ေဖာက္ျပန္ တာကို တားျမစ္ထားတာေတြ ရွိသလို က်ဴးလြန္ပါကလည္း ခံစားရမယ့္ အျပစ္ေတြ အသီးသီးရွိပါတယ္။ ဗုဒၶဘာသာမွာဆို ဘာသာဝင္ေတြ အၿမဲေစာင့္ထိန္းအပ္လို႔ “နိစၥသီလ” လို႔ေခၚတ့ဲ ငါးပါးသီလထဲမွာ “ကာေမသုမိစၦာစာရ ေဝရမဏိ ၊ သူမ်ားသားမယားႏွင့္ လြန္က်ဳးျခင္း မွ ေရွာင္ၾကဥ္ပါ၏” ဆိုတ့ဲ ေန႔စဥ္ လံုၿခံဳေအာင္ ထိန္းရမယ့္ က်င့္ဝတ္တစ္ခုပါသလို အဲဒီက်င့္ဝတ္ ေဖာက္ဖ်က္ပါက မလိုမုန္းထား သူ ေပါမ်ားျခင္း၊ မုန္း႐ံုမက ရန္သူေပါမ်ားျခင္း၊ လာဘ္ပစၥည္း ရွားပါးတိတ္ဆိတ္ျခင္း၊ ခ်မ္းသာမွ ကင္းဆိတ္ျခင္း၊ မိန္းမျဖစ္ရျခင္း၊ မိန္းမမဟုတ္ ေယာက်ာ္းမဟုတ္ ပ႑ဳက္ျဖစ္ရျခင္း၊ ေယာက်္ားျဖစ္ရင္လည္း အမ်ိဳးယုတ္မွာ ျဖစ္ရျခင္း၊ မ်က္ႏွာပ်က္ၿပီး အရွက္ကြဲတတ္ျခင္း၊ အဂၤါလကၡဏာအိေျႏၵတို႔ ခ်ိဳ႕ယြင္းေသးသိမ္ျခင္း၊ စိုးရိမ္ေၾကာင့္ၾက အားႀကီးျခင္း၊ ခ်စ္သူနဲ႔ ေကြကြင္းရျခင္း စတ့ဲအျပစ္ေတြကို ျဖစ္ရာဘဝမွာ ေတြ႕ၾကံဳရတတ္ၿပီး ငရဲလည္း က်ေရာက္ရပါတယ္။

ဗုဒၶရဲ႕သာဝကႀကီးျဖစ္တ့ဲ အရွင္အာနႏၵာ ကိုယ္ေတာ္ တိုင္ေတာင္ ပါရမီျဖည့္စဥ္ကာလ ေရႊပန္းတိမ္သည္ ဘဝတုန္းက ကာေမသုမိစၦာစာရကံ က်ဴးလြန္တ့ဲ အတြက္ ေသတ့ဲအခါ “ေရာ႐ုဝငရဲ” မွာ ႏွစ္ေပါင္းမ်ားစြာက်ၿပီး လြတ္ေျမာက္တ့ဲအခါ ေမ်ာက္ျဖစ္ေတာ့ လည္း ေဝွးေစ့ ကိုက္ေဖာက္ခံရပါတယ္။ ေနာက္ ႏြားဘဝေရာက္ေတာ့လည္း သင္းကြပ္ခံရပါတယ္။ လူျပန္ျဖစ္တ့ဲ အခါမွာလည္း ေယာက်္ားမဟုတ္ မိန္းမမဟုတ္ ပ႑ဳက္ျဖစ္ရပါတယ္။ နတ္ျပည္ ေရာက္ျပန္ေတာ့လည္း နတ္သားမျဖစ္ဘဲ နတ္သမီး ျဖစ္ရပါတယ္။ အဲဒီေနာက္ လူ႔ဘဝျပန္ျဖစ္ေတာ့ ဘုရင့္သမီးျဖစ္ၿပီးမွ ေယာက်္ားဘဝကို ျပန္ရပါတယ္။ အဲဒီလို ပါရမီရွင္ေတြေတာင္ ေဖာက္ျပန္တ့ဲ အက်ိဳးေၾကာင့္ အျပစ္ဒဏ္ခံရေၾကာင္း ဗုဒၶဘာသာမွာ အက်ိဳးအျပစ္ေတြ ပါရွိပါတယ္။

ခရစ္ယာန္ဘာသာရဲ႕ သမၼာက်မ္းစာမွာေတာ့ “သူ႔မယားကို ျပစ္မွားေသာ သူသည္ မွားယြင္းေသာ မိန္းမႏွင့္ တကြ အေသသတ္ျခင္းကို ခံရမည္။” [ဝတ္ျပဳရာက်မ္း-၂၀း၁၀] လို႔ ေဖာက္ျပန္မႈကို တားျမစ္ထားသလို အေသသတ္ၿပီး အျပစ္ေပးဖို႔ ဆိုထားပါတယ္။ အစၥလာမ္တို႔ရဲ႕ ကုရန္အာန္က်မ္းမွာေတာ့ “ေဖာက္ျပန္က်ဴးလြန္သူ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ တစ္ဦးခ်င္းကို ႀကိမ္ဒဏ္ေပးရမည္ (၂၄း၂)” လို႔ ေဖာက္ျပန္မႈနဲ႔ ပတ္သက္လို႔ ဆိုထားပါတယ္။ ဟိႏၵဴဘာသာဝင္ေတြရဲ႕ ဘဂဝါဂီတက်မ္းမွာေတာ့ “ေဖာက္ျပန္တ့ဲ အမ်ိဳးသမီးတစ္ေယာက္ဟာ မိသားစုတန္ဖိုးကို ဖ်က္ဆီးရာေရာက္ၿပီး မိသားစုပ်က္စီးရာ ပ်က္စီးေၾကာင္း ရလဒ္ကို ျဖစ္ေစတယ္” လို႔ ေဖာက္ျပန္တ့ဲ အက်ိဳးအျပစ္ကို ဆိုထားပါတယ္။ အဲဒီလို ဘာသာအသီးသီးမွာ တားျမစ္တာေတြ၊ ခံစားရမယ့္ အက်ိဳးအျပစ္ေတြ ရွိေပမယ့္ “ငရဲဆိုတာခ်ိဳနဲ႔လား” လို႔ ဆိုရေလာက္ေအာင္ ငရဲဆိုတာကို မယံုလို႔ျဖစ္ေစ၊ မေၾကာက္လို႔ျဖစ္ေစ ဘာသာေရးအရ အျပစ္ဒဏ္ေတြကို မေၾကာက္လို႔ျဖစ္ေစ က်ဴးလြန္ခဲ့ရင္ေတာင္ တစ္လင္တစ္မယား ဥပေဒလို ဥပေဒအရ အေရးယူ အျပစ္ေပးခံရႏိုင္ပါတယ္။ ဒါ့ျပင္ အခ်စ္ေရး ၊ အိမ္ေထာင္ေရး ခိုးေၾကာင္ခိုးဝွက္ျဖစ္ေစ၊ ေပၚတင္ျဖစ္ေစ ေဖာက္ျပန္လို႔ လူသိသြားတုိင္း အခ်စ္ေရး၊ အိမ္ေထာင္ေရး အဆင္မေျပတာေတြ၊ ကိုယ့္မိသားစု၊ ေဆြမ်ိဳး ၊ မိတ္ေဆြ အသိုင္းအဝိုင္းနဲ႔ ပတ္ဝန္းက်င္မွာ စိတ္ပင္ပန္းဆင္းရဲစရာ၊ သိကၡာက် အရွက္ရစရာ လူမႈျပသ၁နာ ျဖစ္တာေတြ၊ ကို္ယ့္ကို အမ်ားက အထင္အျမင္ေသး ရွာင္ဖယ္ၾကဥ္တာေတြ၊ ကုိုယ့္ခ်စ္သူ အိမ္ေထာင္ဖက္နဲ႔ စကားမ်ားရန္ျဖစ္လို႔ ဓား၊ ကတ္ေၾကး၊ တုတ္ တစ္ခုခုနဲ႔ ထိုးႏွက္ခံရတာေတြဟာ ေဖာက္ျပန္တ့ဲ ေယာက်္ားျဖစ္ေစ၊ မိန္းမျဖစ္ေစ ႀကံဳေတြ႔ရတတ္တ့ဲ အျပစ္ဒဏ္၊ ဆိုးက်ိဳးေတြ ျဖစ္ေပမယ့္အခ်စ္ေရး ၊ အိမ္ေထာင္ေရး ေဖာက္ျပန္မႈေတြ ဆက္လက္ က်ဳးလြန္ေနၾကသလို ခ်စ္သူနဲ႔ အိမ္ေထာင္ရွင္ၾကား ေဖာက္ျပန္မႈေၾကာင့္ျဖစ္တ့ဲ လူမႈေရး ျပသ၁နာေတြ၊ အမႈအခင္းေတြ ဟာလည္း မီဒီယာအမ်ိဳးမ်ိဳးနဲ႔ ပတ္ဝန္းက်င္မွာ မၾကာခဏ ၾကားသိျမင္ေတြ႕ေနရပါတယ္။

အဲဒီေတာ့ တကယ္စိတ္ဝင္စား စရာ ေကာင္းၿပီး ေမးရမွာက ဘာသာေရး၊ လူမႈေရးအရေရာ တရားဥပေဒ အရပါ အျပစ္ဒဏ္ေတြ၊ ဆိုးက်ိဳးေတြ ခံရႏိုင္ေပမယ့္ အဲဒါေတြကို ဂ႐ုမစိုက္ မေၾကာက္ဘဲ အခ်ိဳ႕ ခ်စ္သူ ဒါမွမဟုတ္ အိမ္ေထာင္ဖက္ရွိတ့ဲ ေယာက်္ားေတြ၊ မိန္းမေတြ အေနနဲ႔ ကိုယ့္ခ်စ္သူ၊ အိမ္ေထာင္ဖက္ မဟုတ္တ့ဲ အျခားသူတစ္ေယာက္ေယာက္ကို ေတြ႕တိုင္း ဘာေၾကာင့္ငမ္းတတ္၊ ရိသဲ့ဲသဲ့လုပ္ၿပီး ေပြရႈပ္တတ္၊ ေဖာက္ျပန္တတ္ၿပီး အခ်ိဳ႕ေယာက်္ားေတြ၊ မိန္းမေတြ ဘာေၾကာင့္ မေဖာက္ျပန္ဘဲ အခ်စ္ေရး ၊ အိမ္ေထာင္ေရး တည္ၿမဲသလဲဆိုတာပဲ ျဖစ္ပါတယ္။ အဲဒီေမးခြန္းေတြ အတြက္ အေျဖသိရေအာင္ အိမ္ေထာင္ေရး ေဖာက္ျပန္တတ္တ့ဲ လူ႔သဘာဝကို မႏုသ၁ေဗဒ၊ စိတ္ပညာနဲ႔ နာဗ္ေၾကာသိပၸံအရ ေလ့လာေတြ႕ရွိထားတာေတြ ကို ေလ့လာၾကည့္ရေအာင္…။

မႏုသ၁ေဗဒနဲ႔ စိတ္ပညာကေျပာတ့ဲ ေဖာက္ျပန္မႈ

ဘာသာေရး၊ လူမႈေရးရႈေထာင့္အရ သူတစ္ပါး သားမယားနဲ႔ ေဖာက္ျပန္ တာဟာ အျပစ္ျဖစ္ေပမယ့္ အခ်ိဳ႕ယဥ္ေက်းမႈ ဓေလ့ထံုးစံေတြအရ အျပစ္မဟုတ္ဘဲ ေဖာက္ျပန္တယ္လို႔လည္း မယူဆပါဘူး။ အာတိတ္ေဒသမွာေနတ့ဲ အိုင္ႏူ (Inuit) အက္စ္ကီးမိုး လူမ်ိဳးေတြမွာ မယားျဖင့္ ဧည့္ဝတ္ျပဳျခင္းဆိုတ့ဲ ဓေလ့ထံုးစံ တစ္ခုရွိပါတယ္။ အဲဒီဓေလ့ထံုးစံအရ လင္ေယာက်္ားျဖစ္သူက သူနဲ႔ အမဲလိုက္ေဖာ္ရဲ႕ ခင္မင္မႈကို ခိုင္မာေစဖို႔ မယားကခြင့္ျပဳရင္ အဲဒီလူကိုသူ႕မယားနဲ႔ လိင္ေျဖေဖ်ာ္ခြင့္ ေပးရပါတယ္။ သံုးဦးသံုးဖလွယ္ သေဘာတူရင္ အမဲလိုက္ေဖာ္က မိတ္ေဆြမယားနဲ႔ ရက္ေပါင္းမ်ားစြာ ခ်စ္တင္းေႏွာ ႏိုင္ပါတယ္။ အိုင္ႏူ အမ်ိဳးသမီးေတြ အေနနဲ႔လည္း အဲဒီလို ကိုယ့္ေယာက်ာ္းမွတစ္ပါး အျခားသူနဲ႔ ခ်စ္တင္းေႏွာတာကို မိတ္ေဆြဆက္ဆံေရး ခိုင္မာေစဖို႔ အဖိုးတန္ေပးဆပ္ျခင္း လို႔ ျမင္ၾကပါတယ္။ ႏိုင္ဂ်ီးရီးယားက ကိုဖ္ယား (Kofyar) လူမ်ိဳးေတြကေတာ့ “ေဖာက္ျပန္မႈ” ကို တစ္မ်ိဳးအဓိပၸာယ္ ဖြင့္ပါတယ္။

လင္ေယာက္်ား တစ္ေယာက္နဲ႔ ေက်နပ္ေရာင့္ရဲမႈ မရွိတ့ဲ မိန္းမဟာ ကြာရွင္းျပတ္စဲလိုတ့ဲ ဆႏၵမရွိရင္ တရားဝင္ အပိုၾကင္ရာ (Extra Lover) ယူႏိုင္႐ံုမက လင္ေယာက်္ားရဲ႕ အိမ္ၿခံေျမ ပိုင္နက္အတြင္းမွာ ေျပာင္က် က် ေနထိုင္ခြင့္ ရွိပါတယ္။ မိန္းမေတြ သာမကဘဲ ေယာက်္ားေတြလည္း အဲဒီ လိုထားခြင့္ ရွိပါတယ္။ အဲဒီလို ဘာသာေရး၊ လူမႈေရး၊ ဥပေဒေတြနဲ႔ ယဥ္ေက်း မႈဓေလ့ ထံုးစံေတြအရ တားျမစ္တာေတြ၊ ခြင့္ျပဳတာေတြေၾကာင့္ ေဖာက္ျပန္ တာေတြနဲ႔ ပတ္သက္လို႔ မႏုသ၁ေဗဒ ပညာရပ္အရ လူ႔သဘာဝ လိင္ပိုင္းအမ်ိဳးမ်ိဳးခံစားလိုမႈ (Sexual Variety) ကို ရွင္းျပႏိုင္ပါတယ္။

တကယ္လို႔ ေယာက်္ား တစ္ေယာက္ဟာ မိန္းမတစ္ေယာက္နဲ႔ ေပါင္းသင္းရာ ကေန ကေလးႏွစ္ေယာက္ရခ့ဲရင္ မ်ိဳးဗီဇသေဘာအရ သူ႔ကိုယ္သူ မ်ိဳးပြားၿပီးျဖစ္ပါတယ္။ တကယ္လို႔ ေနာက္ထပ္ မိန္းမေတြနဲ႔ ေဖာက္ျပန္ ၿပီး ေနာက္ထပ္ ကေလးႏွစ္ေယာက္ ထပ္ရရင္ သူဟာ ေနာက္မ်ိဳး ဆက္ ေပးေဆာင္မႈကို ႏွစ္ဆတိုးေစတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လိင္ပိုင္းဆိုင္ရာ အမ်ိဳးမ်ိဳးခံစားမႈကို ရွာေဖြရင္ ကေလးေတြပိုရမွာျဖစ္ၿပီး သူ႕ကေလးေတြ ရွင္သန္လာရာကေန သစ္လြင္တ့ဲ ၾကန္အင္ေတြကို ရွာေဖြတ့ဲ ဘယ္ဂ်င္းမ်ိဳးကိုမဆို ေနာက္မ်ိဳးဆက္ဆီ လႊဲေျပာင္းေပးပါတယ္။ အဲဒီလို သစ္လြင္တ့ဲ ၾကန္အင္ကို ရွာေဖြတာကေတာ့ လူသားရဲ႕ လိင္ပိုင္းဆန္းသစ္မႈ လိုအင္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေပမ့ဲ မိန္းမေတြမွာေတာ့ သေႏၶေဆာင္ႏိုင္တ့ဲ အေရအတြက္က အကန္႔အသတ္ ရွိတ့ဲအတြက္ သစ္လြင္တ့ဲ ၾကန္အင္ရွာေဖြဖို႔ သူတို႕ဇီဝသေဘာအရ ေစ့ေဆာ္မႈ နည္းပါးပါတယ္။

မႏုသ၁ေဗဒပညာရွင္ ေဒါနယ္ဆိုင္မြန္အဆိုအရ အဲဒီလို “လိင္ဆိုင္ရာ စိတ္ပညာ” ကြဲျပားျခားနားမႈ ေတြဟာ အမဲလိုက္ သစ္ျမစ္သစ္ဥရွာေဖြတ့ဲ သမိုင္းဦးဇာစ္ျမစ္ကေန ေပါက္ဖြားလာတာလို႔ ဆိုပါတယ္။ မေရတြက္ႏိုင္တ့ဲ ႏွစ္သန္းေပါင္းမ်ားစြာ ျဖတ္သန္းလာခ့ဲရာမွာ ေယာက်ာ္းေတြက မိန္းမေတြထက္ လိင္ပိုင္းအမ်ိဳးမ်ိဳးခံစားလိုမႈ ပိုမိုျပည့္ဝေနသလို ရင္ေသြးေတြ ပိုမိုထုတ္လုပ္ေပးႏိုင္တယ္။ အဲဒီလိုနဲ႔ သူတို႔ရဲ႕မ်ိဳး႐ိုးဗီဇ ပမာဏ ႀကီးမားလာေစတယ္။ ဒါေၾကာင့္ ေရွးေခတ္ ဘိုးေဘးေယာက်္ားေတြ ကိုယ့္လက္တြဲေဖာ္မွ တစ္ပါး အျခားသူနဲ႔ တြဲခုတ္တတ္တာဟာ သဘာဝနဲ႔ အလိုက္သင့္ျပဳမႈပဲ ျဖစ္ပါတယ္။ ဒါေပမ့ဲ ေရွးေခတ္ဘိုးေဘး မိန္းမေတြရဲ႕ အဓိက ရည္မွန္းခ်က္ကေတာ့ ကိုယ္အပါအဝင္ ကိုယ့္ကေလးေတြရဲ႕ဘဝကို အကာအကြယ္ေပး အာမခံေပးမယ့္သူကို ရွာေဖြဖို႔ပါ။

ဒါေၾကာင့္ မႏုသ၁ေဗဒနဲ႔ ဆင့္ကဲစိတ္ပညာအရ ေယာက်္ားေတြဟာ သူတို႔ရဲ႕လိင္ပိုင္းအမ်ိဳးမ်ိဳးခံစားလိုမႈ၊ လိင္ပိုင္းဆန္းသစ္မႈ လိုအင္နဲ႔ သူတို႔ရဲ႕မ်ိဳးဗီဇေတြ ျဖန္႔ျဖဴးဖို႔ တိတ္တိတ္ပုန္း ခ်စ္တင္းေႏွာ ေဖာက္ျပန္ၾကတာျဖစ္ၿပီး မိန္းမေတြကေတာ့ သူတို႔ရဲ႕ ဘဝရပ္တည္ေရးအတြက္ ပစၥည္းဥစၥာေတြနဲ႔ ဝန္ေဆာင္ေထာက္ပ့ံမႈ အရင္းအျမစ္ေတြ ရပိုင္ဖို႔ ေဖာက္ျပန္ၾကတာပဲ ျဖစ္ပါတယ္။ တခ်ိဳ႕မိန္းမေတြက ေယာက်္ားတစ္ေယာက္ ဆီကေန ရႏိုင္သမွ် အက်ိဳးေက်းဇူးေတြ ခံစားစံစားဖို႔ အဲဒီေယာက်္ားအေပၚ ႏိႈင္းရ သေဘာအရပိုၿပီး သစၥာေစာင့္သိ ၾကပါတယ္။ အခ်ိဳ႕မိန္းမေတြကေတာ့ ခိုးေၾကာင့္ခိုးဝွက္ ခ်စ္တင္းေႏွာမႈမွာ ပါဝင္ၿပီး ေယာက်္ားတစ္ဦးစီကေန ဘဝရပ္တည္ေရးအတြက္ အရင္းအျမစ္ေတြ ရရွိပိုင္ဆိုင္လာၾကပါတယ္။ တစ္နည္းေျပာရရင္ ေယာက်္ားျဖစ္ေစ၊ မိန္းမျဖစ္ေစ တစ္လင္တစ္မယား စနစ္ေရာ အိမ္ေထာင္ေရး ေဖာက္ျပန္မႈပါ ေဖာ္ျပတ့ဲ အေျခအေနမွာ ရွိပါတယ္။

ဦးေႏွာက္ကေျပာတ့ဲ ေဖာက္ျပန္မႈ

လူေတြရဲ႕ အျပဳအမႈေတြကို ဖန္တီးပံုေဖာ္တ့ဲ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာေတြရဲ႕ အလုပ္လုပ္ပံုကို ေလ့လာတ့ဲ နာဗ္ေၾကာသိပၸံ (Neuroscience) အရေတာ့ အခ်ိဳ႕လူေတြ ေဖာက္ျပန္ၿပီး အခ်ိဳ႕လူေတြ မေဖာက္ျပန္ဘဲ တစ္လင္တစ္မယား စနစ္ က်င့္သံုးတာဟာ ဦးေႏွာက္ထဲက ေအာက္ဆီတိုစင္(Oxytocin)ရဲ႕ သက္ေရာက္မႈေၾကာင့္ ျဖစ္တယ္ဆိုတာ ေလ့လာေတြ႕ရွိခ့ဲပါတယ္။

ေအာက္ဆီတိုစင္ဆိုတာ စြမ္းအားျမင့္တ့ဲ ေဟာ္မုန္းတစ္မ်ိဳးျဖစ္ၿပီး ဦးေႏွာက္ထဲမွာ နာဗ္ေၾကာပို႔ပစၥည္း (Neurotransmitter)အျဖစ္ လုပ္ေဆာင္ပါတယ္။ ခ်စ္တ့ဲသူတစ္ေယာက္ကို နမ္းတ့ဲအခါနဲ႔ ဖက္တ့ဲအခါမွာ ေအာက္ဆီတုိစင္ ပမာဏ ျမင့္မားလာတတ္ၿပီး အထူးသျဖင့္ ႏို႔တိုက္တ့ဲအခါ၊ လိင္ဆက္ဆံတ့ဲအခါနဲ႔ ကေလးေမြးတ့ဲ အခါေတြမွာ အဲဒီေဟာ္မုန္းဓာတ္ အႀကီးအက်ယ္ ႏိုးၾကြလာပါတယ္။ ဒါေၾကာင့္လည္း ေအာက္ဆီတိုစင္ကို “အေပြ႕အဖက္ ေဟာ္မုန္း”၊ “အခ်စ္ေဆး”၊ “ကိုယ္က်င့္တရား ေမာ္လီက်ဴး” ဆိုၿပီး အမည္အမ်ိဳးမ်ိဳး ေခၚၾကတာ ျဖစ္ပါတယ္။

ေအာက္စင္တိုစင္ရဲ႕ သက္ေရာက္မႈကို သိပၸံပညာရွင္ေတြက ေလ့လာမႈတစ္ခု လုပ္ခ့ဲပါတယ္။ အဲဒီစမ္းသပ္မႈမွာ စမ္းသပ္ခံ အမ်ိဳးသားေတြ အခ်ိဳ႕ရဲ႕ ႏွာေခါင္းမွာ ေအာက္ဆီတုိစင္အစစ္ပါတ့ဲ စပေရးဖ်န္းလိုက္ၿပီး အစမ္းသပ္ခံ အခ်ိဳ႕ကိုေတာ့ အာနိသင္မရွိတ့ဲ စပေရးဖ်န္းလိုက္ပါတယ္။ အစမ္းသပ္ခံထဲမွာ အခ်ိဳ႕က ခ်စ္သူ ၊ ဒါမွမဟုတ္ အိမ္ေထာင္ဖက္ တစ္ဦးတည္းကိုသာ တြဲတ့ဲ တစ္လင္တစ္မယား စနစ္ က်င့္သံုးသူေတြျဖစ္ၿပီး အခ်ိဳ႕ကေတာ့ မဟုတ္ပါဘူး။ အဲဒီစမ္းသပ္ခံ အမ်ိဳးသားအားလံုးကို ဆြဲေဆာင္မႈ အလြန္ရွိတ့ဲ မိန္းကေလးတစ္ေယာက္နဲ႔ ေတြ႕ေပးပါတယ္။ အဲဒီအမ်ိဳးသမီးကို ခ်ဥ္းကပ္ၿပီး ငမ္းၾက၊ ပိုးပန္းၾကမယ့္အစား ေအာက္ဆီတိုစင္ အစစ္ ထိေတြ႕ထားတ့ဲ၊ တစ္လင္တစ္မယား စနစ္က်င့္သံုးတ့ဲ အမ်ိဳးသားေတြဟာ အာနိသင္မရွိတ့ဲေဆးကို ထိေတြ႕ထားတ့ဲ အမ်ိဳးသားေတြနဲ႔ယွဥ္ရင္ ဆြဲေဆာင္မႈရွိတ့ဲ အမ်ိဳးသမီးနဲ႔ ခပ္တန္းတန္းေနတာ ေတြ႕ရပါတယ္။ တစ္ကို္ယ္ေရ တစ္ကာယ သမားေတြအေပၚမွာေတာ့ ေအာက္ဆီတိုစင္က လံုးဝသက္ေရာက္မႈ မရွိပါဘူး။

တစ္နည္းေျပာရရင္ ပိုင္ရွင္ရွိတ့ဲ အမ်ိဳးသားေတြရဲ႕ ႏွာေခါင္းကို ေအာက္ဆီ တိုစင္နဲ႔ ထိေတြ႕လိုက္တာဟာ ကိုယ့္လက္တြဲေဖာ္ အေပၚသစၥာရိွမႈ၊ တစ္နည္း တစ္လင္တစ္မယား စနစ္ကို တြန္းအားေပးေလ့ ရွိပါတယ္။ ဒီရွာေဖြေတြ႕ရွိမႈကို ဒတ္ရွ္လူမ်ိဳး သိပၸံပညာရွင္ Carsten de Dreu ဦးေဆာင္ပံ့ပိုးမႈနဲ႔ သိခ့ဲရတာပါ။ သူက “ေအာက္ဆီတိုစင္ဟာ အုပ္စုထဲက အဖြဲ႕ဝင္တိုင္းအေပၚ ယံုၾကည္မႈတိုးလာေစၿပီး ျပင္ပက လူေတြအေပၚမွာေတာ့ သက္ေရာက္မႈ မရွိဘူး” လို႔ ဆိုပါတယ္။ အခုစမ္းသပ္မႈမွာပါတ့ဲ ဆြဲေဆာင္မႈရွိတ့ဲ အမ်ိဳးသမီးက ျပင္ပကလူပါ။ ဒီစိတ္ဝင္စားစရာ အလြန္ေကာင္းတ့ဲ စမ္းသပ္ေတြ႕ရွိမႈက ဘာကိုျပေနသလဲဆိုေတာ့ “ေအာက္ဆီတိုစင္ဟာ အမ်ိဳးသားေတြကို သူ႕အေဖာ္ဆီက ထြက္မသြားေအာင္ ဟန္႔တားေပးတယ္” ဆိုတ့ဲအခ်က္ပဲ ျဖစ္ပါတယ္။ ပိုၿပီးစိတ္ဝင္စားစရာ ေကာင္းတာက ဦးေႏွာက္ထဲက ဓာတ္ပစၥည္းေတြ (Chemicals)ဟာ တိရစၦာန္ေတြရဲ႕ အျပဳအမူေတြတင္မက လူေတြရဲ႕ အျပဳအမူေတြကိုပါ လႊမ္းမိုးႏိုင္တယ္ ဆိုတာပဲ ျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔ရဲ႕ အျပဳအမူေတြအေပၚ ဆင္ျခင္တံုတရား အျပည့္နဲ႔ ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိဘဲ ဦးေႏွာက္နဲ႔ နာဗ္ေၾကာေတြက ထိန္းခ်ဳပ္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ လြန္ခ့ဲတ့ဲ ၁၅ ႏွစ္တာ ကာလတစ္ေလွ်ာက္ စုေဆာင္းခ့ဲတ့ဲ အေထာက္အထားေတြ အရလည္း ဦးေႏွာက္ထဲက ႏ်ဴရြန္ (Neuron)ေတြၾကား ဓာတ္ပစၥည္းေတြ ဆက္သြယ္မႈက လူေတြရဲ႕ အျပဳအမူေတြကို တစ္ဖက္ ေစာင္းနင္းျဖစ္ေစႏိုင္တာ ေတြ႕ရပါတယ္။ အဲဒီဓာတ္ပစၥည္းေတြထဲမွာ ေအာက္ဆီတိုစင္လည္း တစ္ခုအပါ အဝင္ ျဖစ္ပါတယ္။ ေနာက္တစ္ခုက သိပၸံပညာရပ္အရ တစ္လင္တစ္မယား စနစ္က်င့္သံုးတ့ဲ ဘယ္သူမဆို ငွက္ျဖစ္ေစ၊ ၾကြက္ျဖစ္ေစ၊ လူျဖစ္ေစ လူမႈေရးအရ ဆက္ဆံရတ့ဲ ျပင္ပက ဘယ္သူနဲ႔မဆို ေဖာက္ျပန္ႏိုင္တယ္လို႔ ဆိုပါတယ္။ ကိုယ့္ၾကင္ေဖာ္အေပၚ သစၥာ အရမ္းရွိတယ္ဆိုတ့ဲ ၾကြက္နဲ႔ဆင္တ့ဲ ဗိုး(Vole)ဆိုတ့ဲ အေကာင္ေလးေတြနဲ႔ စမ္းသပ္ခ်က္အရ ဗိုးအထီးေတြဟာ အျပင္မွာ ဗိုးအမေတြနဲ႔ေတြ႕ရင္ မိတ္လိုက္ရတာ ေပ်ာ္ေပမ့ဲ အခ်ိန္တန္ရင္ သူတို႔ၾကင္ေဖာ္ေတြရွိတ့ဲ အသိုက္အျမံဳကိုပဲ ျပန္ပါတယ္။ တကယ္ေတာ့ ဗိုးေတြဟာ သူတို႔ၾကင္ေဖာ္နဲ႔ အခ်ိန္အေတာ္ၾကာ ေဝးကြာေနရရင္ စိတ္မခ်မ္းသာ ျဖစ္ပါတယ္။ စိတ္ဖိစီးမႈနဲ႔ဆိုင္တ့ဲ CRF (Corticotropin Releasing Factor)ဆိုတဲ့ နာဗ္ေၾကာပို႔ပစၥည္း (Neurotransmitter) ဟာ ေဟာ္မုန္းတစ္မ်ိဳး ျဖစ္ၿပီး ကိုယ့္ၾကင္ေဖာ္နဲ႔ ေဝးေနရတ့ဲ အဖိုေတြမွာ လႈပ္ရွားလုပ္ေဆာင္ပါတယ္။ စိတ္မခ်မ္းမသာျဖစ္ေနတ့ဲ ဗိုးအထီးေတြမွာ အဲဒီ CRF စနစ္ဟာ ေသနတ္က မီးပြင့္သြားသလိုပဲ စိတ္ဖိစီးမႈေတြကို ႏိုးၾကြေအာင္ လုပ္ပါတယ္။ အဲဒီ CRF ဟာလည္း တစ္လင္တစ္မယားစနစ္ကို အားေပးပါတယ္။ တစ္နည္းေျပာရရင္ ကိုယ့္ၾကင္ေဖာ္နဲ႔ေဝးရင္ လြမ္းဆြတ္စိတ္ ဖိစီးမႈျဖစ္ေအာင္ လုပ္တ့ဲလက္သည္က CRF ပါ။ ဦးေႏွာက္ရဲ႕ဗဟိုခ်က္ အစိတ္အပိုင္းျဖစ္တ့ဲ Nucleus Accumbens ကေတာ့ အစားအစာ၊ လိင္ဆက္ဆံမႈ၊ ေငြေၾကးရရွိမႈ၊ လူေတြရဲ႕ အသိအမွတ္ျပဳမႈလို ဆုလာဘ္ (အသိအမွတ္ျပဳ ခ်ီးေျမွာက္ခံရတ့ဲ) ခံစားမႈကို လုပ္ေဆာင္ေပးပါ တယ္။ တကယ္ေတာ့ လူ႔ဦးေႏွာက္ဟာ ဓာတ္ပစၥည္းေတြက ထိန္းခ်ဳပ္တ့ဲ လွ်ပ္စည္းပတ္လမ္းေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ ဆြဲေဆာင္မႈရွိတ့ဲ အမ်ိဳးသား၊ ဒါမွမဟုတ္ အမ်ိဳးသမီးတစ္ေယာက္ကို ေတြ႕တ့ဲ အခါတိုင္း “အဲဒီဆြဲေဆာင္မႈရွိတ့ဲ သူေလးနဲ႔ ခ်စ္တင္းေႏွာလိုက္ရရင္ ဘယ္ေလာက္ေကာင္းမလဲ” လို႔ ဦးေႏွာက္ထဲက ဆုလာဘ္ လွ်ပ္စီးပတ္လမ္းက ကြ်န္ေတာ္တို႔ကို ေျပာျပပါ တယ္။

ဒါေပမ့ဲ ေအာက္ဆီတိုစင္နဲ႔ဆိုင္တ့ဲ လွ်ပ္စီးပတ္လမ္းကေတာ့ ကြ်န္ေတာ္တို႔အေနနဲ႔ ကြ်န္ေတာ္တို႔ ၾကင္ေဖာ္ေတြကို ဘယ္ေလာက္ ခ်စ္ေၾကာင္း ေျပာျပပါတယ္။ CRF ကေတာ့ ကြ်န္ေတာ္တို႔ ၾကင္ေဖာ္ေတြ နဲ႔ ေဝးကြာေနတ့ဲအခါ ဘယ္ေလာက္ စိတ္မခ်မ္းသာေၾကာင္း ပံုေဖာ္ေပးပါတယ္။ အဲဒီေတာ့ ေဖာက္ျပန္တာ၊ တစ္လင္တစ္မယားစနစ္ က်င့္သံုးတာ ၊ လိင္ဆက္ဆံတာေတြဟာ ဦးေႏွာက္ထဲက လွ်စ္စီးပတ္လမ္း အမ်ိဳးမ်ိဳးရဲ႕ ေမာင္းႏွင္မႈေၾကာင့္ ျဖစ္ေနတာပါ။ အဲဒီေတာ့ ဆြဲေဆာင္မႈရွိတ့ဲ အမ်ိဳးသမီးကို မေတြ႕ခင္ အမ်ိဳးသားတစ္ေယာက္ကို ေအာက္ဆီတိုစင္နဲ႔ ထိေတြ႕ေပးရင္ အဲဒီအမ်ိဳးသမီးအေပၚ ေဖာက္ျပန္ခ်င္တ့ဲစိတ္ မရွိဘဲ ပံုမွန္အတိုင္းဆက္ဆံၿပီး ကိုယ့္ၾကင္ေဖာ္အေပၚပဲ သစၥာဆက္ရွိတယ္ ဆိုတာ ေတြ႕ရွိခ့ဲေပမယ့္ ေခ်ာေခ်ာလွလွ ဆြဲေဆာင္မႈရွိတ့ဲ မိန္းကေလးေတြနဲ႔ ေတြ႕တိုင္း ဖ်န္းရေအာင္ ေအာက္ဆီတိုစင္ဘူးကို အၿမဲေဆာင္ထားဖို႔ကလည္း မလြယ္ပါ။ အဲဒီေတာ့ တျခားနည္း မရွိေတာ့ဘူးလား ေမးစရာရွိပါတယ္။

“အမ်ိဳးသားေတြမွာ ေအာက္ဆီတိုစင္ ထုတ္လုပ္မႈကို ျမွင့္တင္ေပးတ့ဲ သိသာထင္ရွားတ့ဲ ဇီဝကမၼ လႈံ႕ေဆာ္ေပးတ့ဲ အရာကေတာ့ ခ်စ္တင္းေႏွာတာပဲ ျဖစ္ပါတယ္” လို႔ နာဗ္ေၾကာ သိပၸံပညာရွင္ေတြျဖစ္တ့ဲ Larry Yong နဲ႔ Brian Alexander တို႔က ဆိုပါတယ္။ ကိုယ့္ၾကင္ေဖာ္နဲ႔ ခ်စ္တင္းေႏွာတာ၊ နမ္းတာ၊ ဖက္တာ၊ ၾကင္နာစြာ ပြတ္သပ္ေပးတာနဲ႔ ရင္းရင္းႏွီးႏွီး ေထြရာေလးပါး စကားေျပာတာေတြဟာ ေအာက္ဆီ တုိစင္ ျမင့္မားလာေအာင္ ကူညီေပးတယ္လို႔ Larry က ဆိုပါတယ္။

ႏွစ္ဖက္တီးမွ ျမည္တဲ့လက္ခုပ္

အဲဒီေတာ့ ဘာသာေရး၊ လူမႈေရး ၊ ယဥ္ေက်းမႈဓေလ့ ထံုးစံနဲ႔ တရားဥပေဒအရ ခြင့္ျပဳတာေတြ၊ တားျမစ္တာေတြ၊ အျပစ္ဒဏ္ေတြ ဘယ္လိုပဲရွိရွိ လိင္ပိုင္းဆိုင္ရာ ဆန္းသစ္မႈလိုအင္ေၾကာင့္ ေယာက်္ားေတြမွာ ေဖာက္ျပန္ တတ္တ့ဲ သဘာဝရွိၿပီး မိန္းမေတြမွာေတာ့ ဘဝရပ္တည္ေရးအတြက္ ပစၥည္းဥစၥာေတြနဲ႔ ဝန္ေဆာင္ေထာက္ပ့ံမႈ အရင္းအျမစ္ေတြ ရပိုင္ဖို႔ ေဖာက္ျပန္ တတ္ၾကတယ္လို႔ မႏုသ၁ေဗဒနဲ႔ စိတ္ပညာက ဆိုသလို ဦးေႏွာက္ထဲက ေအာက္ဆီတိုစင္လို နာဗ္ေၾကာပို႔ ပစၥည္းေတြရဲ႕ လႊမ္းမိုးမႈေၾကာင့္ ေဖာက္ျပန္တာ၊ သစၥာေစာင့္တည္တာေတြ ျဖစ္ေပၚလာ တယ္ ဆိုတာလည္း သိခ့ဲရပါတယ္။ တကယ္ေတာ့ လက္ခုပ္ဆို တာ ႏွစ္ဖက္တီးမွ ျမည္တယ္ဆိုတဲ့အတိုင္း ေလ့လာမႈေတြ အရ ေဖာက္ျပန္မႈေတြဟာ ႏွစ္ဦးႏွစ္ဖက္လံုးအေပၚ မူတည္တယ္ဆိုတာ ထင္ရွားပါတယ္။ မႏုသ၁ေဗဒနဲ႔ ဆင့္ကဲ စိတ္ပညာေတြအရ လူ႔သဘာဝကိုယ္က ေဖာက္ျပန္တတ္တ့ဲ သေဘာရွိတယ္ဆိုေပမယ့္ နာဗ္ေၾကာသိပၸံအရ သိလာရတာေတြအရ ကိုယ့္ၾကင္ေဖာ္အေပၚ ယုယၾကင္နာ ဂ႐ုစိုက္မႈေတြဟာလည္း ကိုယ့္ၾကင္ေဖာ္အေပၚ သစၥာၿမဲၿမံေနေအာင္ ေထာက္ကူတယ္ဆိုတာ ျပသေနပါတယ္။

တကယ့္လက္ေတြ႕ ေဖာက္ျပန္မႈေတြမွာ ၾကည့္လိုက္ရင္လည္ အဲဒီအတိုင္း မွန္ကန္ေနတာကို ေတြ႕ရမွာပါ။ အခ်ိဳ႕မိန္းမေတြ အပ်ိဳဘဝတုန္းက ျပင္ျပင္ဆင္ ဆင္ ေနေပမယ့္ အိမ္ေထာင္က်ၿပီးရင္ ျဖစ္ေစ၊ ကေလးရၿပီးရင္ ျဖစ္ေစ မျပင္မဆင္ ဖိုတီဖတ္သီ ျဖစ္သြားတာ၊ အစပိုင္းက ဂ႐ုစုိက္တာ ၾကင္နာယုယတာေတြ ရွိေပမယ့္ ေနာက္ပိုင္း တျဖည္းျဖည္းနဲ႔ ေလ်ာ့လာတာ၊ လံုးဝဂ႐ုမစိုက္ မယုယ မၾကင္နာျဖစ္လာတာ၊ မိန္းမေတြအတြက္ အခ်ိဳ႕ေယာက်္ားေတြဟာ ကိုယ့္ဘဝအတြက္ လံုၿခံဳစိတ္ရတယ္လို႔ ထင္ရေပမယ့္ ေနာက္ပိုင္းမွာ ထင္သလိုမဟုတ္တာ၊ ဒါမွမဟုတ္ ဘဝအတြက္ ပိုၿပီးလံုၿခံဳစိတ္ခ် အာမခံခ်က္ ပိုရွိႏိုင္တယ္လို႔ ထင္တ့ဲသူ ေတြ႕လာရတာေတြ ဟာ ေဖာက္ျပန္မႈကို ျဖစ္ေစတ့ဲ အေၾကာင္းရင္းေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူ႕သဘာဝအရ ေယာက်္ားးျဖစ္ေစ၊ မိန္းမျဖစ္ေစ ေဖာက္ျပန္တတ္တ့ဲ သေဘာရွိေပမယ့္ ေဖာက္ျပန္မႈကို ျဖစ္ေစတ့ဲ အေၾကာင္းရင္းေတြကို သိထားၿပီး ဆင္ျခင္လုပ္ေဆာင္ ႏိုင္ၾကရင္ သာယာခ်မ္းေျမ႕ၿပီး သစၥာရွိတည္ၿမဲတ့ဲ အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရး ျဖစ္ႏိုင္ပါေၾကာင္း ေရးသား လိုက္ရပါတယ္။

ၿဖိဳးေ၀ ( မဟာ၀ိဇၨာ )

Credit:The Ladies News
# Unicode  Version ျဖင့္ ဖတ္ပါ #
ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့နေတဲ့ အိမ်ခေါင်းရင်းခန်းမှာ မိသားစုတစ်စု အိမ်လာငှားနေသွားဖူးပါတယ်။ ယောကျ်ားက သင်္ဘောသား၊ မိန်းမထက် ဆယ်နှစ်မကကြီးတယ်။ မိန်းမကငယ်ငယ် ရုပ်ရည် အသင့်အတင့်။ သူတို့မှာ ကလေးနှစ်ယောက် ရှိတယ်။ ဒါပေမဲ့ ယောကျ်ား သင်္ဘောတက်သွားရင် မိန်းမက အိမ်မှာယောကျ်ားတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ဖောက်ပြန်တယ်။

အဲဒီသူနဲ့ ဖောက်ပြန်နေတဲ့ ယောကျာ်းတွေ ထဲကမှ သူ့လိုပဲ အိမ်ထောင်သည် ကလေးတစ်ယောက်အဖေ လူငယ် တစ်ယောက်ကိုတော့ သူရေရှည်တွဲတယ်။ အဲဒီလူငယ်နဲ့ ဖောက်ပြန်နေတာကို သိတဲ့ သူ့ယောကျ်ားရဲ့ အမျိုးတွေက လာဖမ်းရင် ဖောက်ပြန်နေတဲ့ လူငယ်ကို နောက်ဖေးပေါက်ကနေ ထွက်ပြေးခိုင်းတယ်။ ဒါပေမဲ့ သူ့ယောကျ်ား ကတော့ မသိတာလား၊ တစ်ခုခုကြောင့် မသိချင်ယောင် ဆောင်ထားတာလား၊ သိလျက်နဲ့ ခွင့်လွှတ်ထားတာလားတော့ မသိ။ အိမ်ထောင်ရေးကတော့ သူတို့ အိမ်ပြောင်းသွားတဲ့အထိ မြဲနေပါတယ်။ အဲဒီလို မိန်းမဆိုတာ ဖောက်ပြန် တတ်ပါလားဆိုတာ ငယ်စဉ်ကတည်းက မျက်ဝါးထင်ထင် ကိုယ်တွေ့ မြင်တွေ့ကြားသိလာခဲ့ရတဲ့ ကျွန်တော်ဟာ “ယောကျာ်းဆိုတာ အိုင်တွေ့တိုင်း ခြေဆေးတတ်တယ်” ၊ “ယောက်ျားမှန်ရင် နှာဘူးနဲ့ ဂန်ဒူး နှစ်မျိုး ပဲရှိတယ်” ဆိုတဲ့ ပညာရှိပုဂ္ဂိုလ် တစ်ဦးဦး ဒါမှ မဟုတ် ယောကျ်ားတွေကို စိတ်နာနေတဲ့ အမျိုးသမီးတစ်ဦးဦးကပဲ ပြောပြီး ‘တွင်’ ခဲ့လေသလား သေချာ မသိရတဲ့ အဆိုအမိန့်တွေ ကြားတိုင်း ပြုံးမိတယ်။

ဘာကြောင့်လဲ ဆိုတော့ ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်ဖောက်ပြန်တတ်သလို နှာဘူးထ တတ်လို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ယောကျ်ားမိန်းမ မရွေး ဖောက်ပြန် တတ်သလို ဖောက်ပြန်တတ်တာဟာ အသက်အရွယ်၊ ရုပ်ရည်၊ ပညာအရည်အချင်း၊ ရာထူးစည်းစိမ်တွေနဲ့ ဆိုင်သလားဆိုတော့ လည်း ဖောက်ပြန်တတ်တဲ့ သူတွေကိုကြည့်လိုက်ရင် အသက်ငယ်တဲ့သူရော ကြီးတဲ့သူပါ ဖောက်ပြန်တတ်ပါတယ်။ ရုပ်ချောတဲ့သူလည်း ဖောက်ပြန်တတ် တယ်။

ရုပ်မချောတဲ့သူလည်း ဖောက်ပြန်တတ်တယ်။ ပညာတတ်တဲ့သူတွေ၊ ရာထူး စည်းစိမ် အာဏာရှိတဲ့ သူတွေကလည်း အများအမြင်မှာ လူကြီးလူကောင်း မျက်နှာဖုံးစွပ်ထားပေမယ့် ဖောက်ပြန်တတ်သလို ပညာမတတ်တဲ့သူတွေ၊ ရာထူးစည်းစိမ် အာဏာမရှိတဲ့သူတွေလည်း ဖောက်ပြန်တတ်ပါတယ်။

ဘာသာရေး၊ လူမှုရေးကပြောတဲ့ ဖောက်ပြန်မှု

အိမ်ထောင်ရေး ဖောက်ပြန်ကြတာနဲ့ ပတ်သက်လို့ ဘာသာရေးနဲ့ လူမှုရေး ရှုထောင့်အရ ကြည့်တဲ့သူတွေကတော့ ဘာသာရေး အဆုံးအမအတိုင်း မလိုက်နာဘဲ ကိုယ်ကျင့်သိက္ခာနဲ့ သီလမရှိလို့ လို့ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာအသီးသီးမှာ အိမ်ထောင်ရေး ဖောက်ပြန် တာကို တားမြစ်ထားတာတွေ ရှိသလို ကျူးလွန်ပါကလည်း ခံစားရမယ့် အပြစ်တွေ အသီးသီးရှိပါတယ်။ ဗုဒ္ဓဘာသာမှာဆို ဘာသာဝင်တွေ အမြဲစောင့်ထိန်းအပ်လို့ “နိစ္စသီလ” လို့ခေါ်တဲ့ ငါးပါးသီလထဲမှာ “ကာမေသုမိစ္ဆာစာရ ဝေရမဏိ ၊ သူများသားမယားနှင့် လွန်ကျုးခြင်း မှ ရှောင်ကြဉ်ပါ၏” ဆိုတဲ့ နေ့စဉ် လုံခြုံအောင် ထိန်းရမယ့် ကျင့်ဝတ်တစ်ခုပါသလို အဲဒီကျင့်ဝတ် ဖောက်ဖျက်ပါက မလိုမုန်းထား သူ ပေါများခြင်း၊ မုန်းရုံမက ရန်သူပေါများခြင်း၊ လာဘ်ပစ္စည်း ရှားပါးတိတ်ဆိတ်ခြင်း၊ ချမ်းသာမှ ကင်းဆိတ်ခြင်း၊ မိန်းမဖြစ်ရခြင်း၊ မိန်းမမဟုတ် ယောကျာ်းမဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း၊ ယောကျ်ားဖြစ်ရင်လည်း အမျိုးယုတ်မှာ ဖြစ်ရခြင်း၊ မျက်နှာပျက်ပြီး အရှက်ကွဲတတ်ခြင်း၊ အင်္ဂါလက္ခဏာအိန္ဒြေတို့ ချို့ယွင်းသေးသိမ်ခြင်း၊ စိုးရိမ်ကြောင့်ကြ အားကြီးခြင်း၊ ချစ်သူနဲ့ ကွေကွင်းရခြင်း စတဲ့အပြစ်တွေကို ဖြစ်ရာဘဝမှာ တွေ့ကြုံရတတ်ပြီး ငရဲလည်း ကျရောက်ရပါတယ်။

ဗုဒ္ဓရဲ့သာဝကကြီးဖြစ်တဲ့ အရှင်အာနန္ဒာ ကိုယ်တော် တိုင်တောင် ပါရမီဖြည့်စဉ်ကာလ ရွှေပန်းတိမ်သည် ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တဲ့ အတွက် သေတဲ့အခါ “ရောရုဝငရဲ” မှာ နှစ်ပေါင်းများစွာကျပြီး လွတ်မြောက်တဲ့အခါ မျောက်ဖြစ်တော့ လည်း ဝှေးစေ့ ကိုက်ဖောက်ခံရပါတယ်။ နောက် နွားဘဝရောက်တော့လည်း သင်းကွပ်ခံရပါတယ်။ လူပြန်ဖြစ်တဲ့ အခါမှာလည်း ယောကျ်ားမဟုတ် မိန်းမမဟုတ် ပဏ္ဍုက်ဖြစ်ရပါတယ်။ နတ်ပြည် ရောက်ပြန်တော့လည်း နတ်သားမဖြစ်ဘဲ နတ်သမီး ဖြစ်ရပါတယ်။ အဲဒီနောက် လူ့ဘဝပြန်ဖြစ်တော့ ဘုရင့်သမီးဖြစ်ပြီးမှ ယောကျ်ားဘဝကို ပြန်ရပါတယ်။ အဲဒီလို ပါရမီရှင်တွေတောင် ဖောက်ပြန်တဲ့ အကျိုးကြောင့် အပြစ်ဒဏ်ခံရကြောင်း ဗုဒ္ဓဘာသာမှာ အကျိုးအပြစ်တွေ ပါရှိပါတယ်။

ခရစ်ယာန်ဘာသာရဲ့ သမ္မာကျမ်းစာမှာတော့ “သူ့မယားကို ပြစ်မှားသော သူသည် မှားယွင်းသော မိန်းမနှင့် တကွ အသေသတ်ခြင်းကို ခံရမည်။” [ဝတ်ပြုရာကျမ်း-၂၀း၁၀] လို့ ဖောက်ပြန်မှုကို တားမြစ်ထားသလို အသေသတ်ပြီး အပြစ်ပေးဖို့ ဆိုထားပါတယ်။ အစ္စလာမ်တို့ရဲ့ ကုရန်အာန်ကျမ်းမှာတော့ “ဖောက်ပြန်ကျူးလွန်သူ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ဦးချင်းကို ကြိမ်ဒဏ်ပေးရမည် (၂၄း၂)” လို့ ဖောက်ပြန်မှုနဲ့ ပတ်သက်လို့ ဆိုထားပါတယ်။ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘဂဝါဂီတကျမ်းမှာတော့ “ဖောက်ပြန်တဲ့ အမျိုးသမီးတစ်ယောက်ဟာ မိသားစုတန်ဖိုးကို ဖျက်ဆီးရာရောက်ပြီး မိသားစုပျက်စီးရာ ပျက်စီးကြောင်း ရလဒ်ကို ဖြစ်စေတယ်” လို့ ဖောက်ပြန်တဲ့ အကျိုးအပြစ်ကို ဆိုထားပါတယ်။ အဲဒီလို ဘာသာအသီးသီးမှာ တားမြစ်တာတွေ၊ ခံစားရမယ့် အကျိုးအပြစ်တွေ ရှိပေမယ့် “ငရဲဆိုတာချိုနဲ့လား” လို့ ဆိုရလောက်အောင် ငရဲဆိုတာကို မယုံလို့ဖြစ်စေ၊ မကြောက်လို့ဖြစ်စေ ဘာသာရေးအရ အပြစ်ဒဏ်တွေကို မကြောက်လို့ဖြစ်စေ ကျူးလွန်ခဲ့ရင်တောင် တစ်လင်တစ်မယား ဥပဒေလို ဥပဒေအရ အရေးယူ အပြစ်ပေးခံရနိုင်ပါတယ်။ ဒါ့ပြင် အချစ်ရေး ၊ အိမ်ထောင်ရေး ခိုးကြောင်ခိုးဝှက်ဖြစ်စေ၊ ပေါ်တင်ဖြစ်စေ ဖောက်ပြန်လို့ လူသိသွားတိုင်း အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေတာတွေ၊ ကိုယ့်မိသားစု၊ ဆွေမျိုး ၊ မိတ်ဆွေ အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်မှာ စိတ်ပင်ပန်းဆင်းရဲစရာ၊ သိက္ခာကျ အရှက်ရစရာ လူမှုပြသ၁နာ ဖြစ်တာတွေ၊ ကိုယ့်ကို အများက အထင်အမြင်သေး ရှာင်ဖယ်ကြဉ်တာတွေ၊ ကိုယ့်ချစ်သူ အိမ်ထောင်ဖက်နဲ့ စကားများရန်ဖြစ်လို့ ဓား၊ ကတ်ကြေး၊ တုတ် တစ်ခုခုနဲ့ ထိုးနှက်ခံရတာတွေဟာ ဖောက်ပြန်တဲ့ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ ကြုံတွေ့ရတတ်တဲ့ အပြစ်ဒဏ်၊ ဆိုးကျိုးတွေ ဖြစ်ပေမယ့်အချစ်ရေး ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ဆက်လက် ကျုးလွန်နေကြသလို ချစ်သူနဲ့ အိမ်ထောင်ရှင်ကြား ဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ လူမှုရေး ပြသ၁နာတွေ၊ အမှုအခင်းတွေ ဟာလည်း မီဒီယာအမျိုးမျိုးနဲ့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားသိမြင်တွေ့နေရပါတယ်။

အဲဒီတော့ တကယ်စိတ်ဝင်စား စရာ ကောင်းပြီး မေးရမှာက ဘာသာရေး၊ လူမှုရေးအရရော တရားဥပဒေ အရပါ အပြစ်ဒဏ်တွေ၊ ဆိုးကျိုးတွေ ခံရနိုင်ပေမယ့် အဲဒါတွေကို ဂရုမစိုက် မကြောက်ဘဲ အချို့ ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ရှိတဲ့ ယောကျ်ားတွေ၊ မိန်းမတွေ အနေနဲ့ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက် မဟုတ်တဲ့ အခြားသူတစ်ယောက်ယောက်ကို တွေ့တိုင်း ဘာကြောင့်ငမ်းတတ်၊ ရိသဲ့ဲသဲ့လုပ်ပြီး ပွေရှုပ်တတ်၊ ဖောက်ပြန်တတ်ပြီး အချို့ယောကျ်ားတွေ၊ မိန်းမတွေ ဘာကြောင့် မဖောက်ပြန်ဘဲ အချစ်ရေး ၊ အိမ်ထောင်ရေး တည်မြဲသလဲဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေ အတွက် အဖြေသိရအောင် အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ လူ့သဘာဝကို မနုသ၁ဗေဒ၊ စိတ်ပညာနဲ့ နာဗ်ကြောသိပ္ပံအရ လေ့လာတွေ့ရှိထားတာတွေ ကို လေ့လာကြည့်ရအောင်…။

မနုသ၁ဗေဒနဲ့ စိတ်ပညာကပြောတဲ့ ဖောက်ပြန်မှု

ဘာသာရေး၊ လူမှုရေးရှုထောင့်အရ သူတစ်ပါး သားမယားနဲ့ ဖောက်ပြန် တာဟာ အပြစ်ဖြစ်ပေမယ့် အချို့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရ အပြစ်မဟုတ်ဘဲ ဖောက်ပြန်တယ်လို့လည်း မယူဆပါဘူး။ အာတိတ်ဒေသမှာနေတဲ့ အိုင်နူ (Inuit) အက်စ်ကီးမိုး လူမျိုးတွေမှာ မယားဖြင့် ဧည့်ဝတ်ပြုခြင်းဆိုတဲ့ ဓလေ့ထုံးစံ တစ်ခုရှိပါတယ်။ အဲဒီဓလေ့ထုံးစံအရ လင်ယောကျ်ားဖြစ်သူက သူနဲ့ အမဲလိုက်ဖော်ရဲ့ ခင်မင်မှုကို ခိုင်မာစေဖို့ မယားကခွင့်ပြုရင် အဲဒီလူကိုသူ့မယားနဲ့ လိင်ဖြေဖျော်ခွင့် ပေးရပါတယ်။ သုံးဦးသုံးဖလှယ် သဘောတူရင် အမဲလိုက်ဖော်က မိတ်ဆွေမယားနဲ့ ရက်ပေါင်းများစွာ ချစ်တင်းနှော နိုင်ပါတယ်။ အိုင်နူ အမျိုးသမီးတွေ အနေနဲ့လည်း အဲဒီလို ကိုယ့်ယောကျာ်းမှတစ်ပါး အခြားသူနဲ့ ချစ်တင်းနှောတာကို မိတ်ဆွေဆက်ဆံရေး ခိုင်မာစေဖို့ အဖိုးတန်ပေးဆပ်ခြင်း လို့ မြင်ကြပါတယ်။ နိုင်ဂျီးရီးယားက ကိုဖ်ယား (Kofyar) လူမျိုးတွေကတော့ “ဖောက်ပြန်မှု” ကို တစ်မျိုးအဓိပ္ပာယ် ဖွင့်ပါတယ်။

လင်ယောက်ျား တစ်ယောက်နဲ့ ကျေနပ်ရောင့်ရဲမှု မရှိတဲ့ မိန်းမဟာ ကွာရှင်းပြတ်စဲလိုတဲ့ ဆန္ဒမရှိရင် တရားဝင် အပိုကြင်ရာ (Extra Lover) ယူနိုင်ရုံမက လင်ယောကျ်ားရဲ့ အိမ်ခြံမြေ ပိုင်နက်အတွင်းမှာ ပြောင်ကျ ကျ နေထိုင်ခွင့် ရှိပါတယ်။ မိန်းမတွေ သာမကဘဲ ယောကျ်ားတွေလည်း အဲဒီ လိုထားခွင့် ရှိပါတယ်။ အဲဒီလို ဘာသာရေး၊ လူမှုရေး၊ ဥပဒေတွေနဲ့ ယဉ်ကျေး မှုဓလေ့ ထုံးစံတွေအရ တားမြစ်တာတွေ၊ ခွင့်ပြုတာတွေကြောင့် ဖောက်ပြန် တာတွေနဲ့ ပတ်သက်လို့ မနုသ၁ဗေဒ ပညာရပ်အရ လူ့သဘာဝ လိင်ပိုင်းအမျိုးမျိုးခံစားလိုမှု (Sexual Variety) ကို ရှင်းပြနိုင်ပါတယ်။

တကယ်လို့ ယောကျ်ား တစ်ယောက်ဟာ မိန်းမတစ်ယောက်နဲ့ ပေါင်းသင်းရာ ကနေ ကလေးနှစ်ယောက်ရခဲ့ရင် မျိုးဗီဇသဘောအရ သူ့ကိုယ်သူ မျိုးပွားပြီးဖြစ်ပါတယ်။ တကယ်လို့ နောက်ထပ် မိန်းမတွေနဲ့ ဖောက်ပြန် ပြီး နောက်ထပ် ကလေးနှစ်ယောက် ထပ်ရရင် သူဟာ နောက်မျိုး ဆက် ပေးဆောင်မှုကို နှစ်ဆတိုးစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အမျိုးမျိုးခံစားမှုကို ရှာဖွေရင် ကလေးတွေပိုရမှာဖြစ်ပြီး သူ့ကလေးတွေ ရှင်သန်လာရာကနေ သစ်လွင်တဲ့ ကြန်အင်တွေကို ရှာဖွေတဲ့ ဘယ်ဂျင်းမျိုးကိုမဆို နောက်မျိုးဆက်ဆီ လွှဲပြောင်းပေးပါတယ်။ အဲဒီလို သစ်လွင်တဲ့ ကြန်အင်ကို ရှာဖွေတာကတော့ လူသားရဲ့ လိင်ပိုင်းဆန်းသစ်မှု လိုအင်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မိန်းမတွေမှာတော့ သန္ဓေဆောင်နိုင်တဲ့ အရေအတွက်က အကန့်အသတ် ရှိတဲ့အတွက် သစ်လွင်တဲ့ ကြန်အင်ရှာဖွေဖို့ သူတို့ဇီဝသဘောအရ စေ့ဆော်မှု နည်းပါးပါတယ်။

မနုသ၁ဗေဒပညာရှင် ဒေါနယ်ဆိုင်မွန်အဆိုအရ အဲဒီလို “လိင်ဆိုင်ရာ စိတ်ပညာ” ကွဲပြားခြားနားမှု တွေဟာ အမဲလိုက် သစ်မြစ်သစ်ဥရှာဖွေတဲ့ သမိုင်းဦးဇာစ်မြစ်ကနေ ပေါက်ဖွားလာတာလို့ ဆိုပါတယ်။ မရေတွက်နိုင်တဲ့ နှစ်သန်းပေါင်းများစွာ ဖြတ်သန်းလာခဲ့ရာမှာ ယောကျာ်းတွေက မိန်းမတွေထက် လိင်ပိုင်းအမျိုးမျိုးခံစားလိုမှု ပိုမိုပြည့်ဝနေသလို ရင်သွေးတွေ ပိုမိုထုတ်လုပ်ပေးနိုင်တယ်။ အဲဒီလိုနဲ့ သူတို့ရဲ့မျိုးရိုးဗီဇ ပမာဏ ကြီးမားလာစေတယ်။ ဒါကြောင့် ရှေးခေတ် ဘိုးဘေးယောကျ်ားတွေ ကိုယ့်လက်တွဲဖော်မှ တစ်ပါး အခြားသူနဲ့ တွဲခုတ်တတ်တာဟာ သဘာဝနဲ့ အလိုက်သင့်ပြုမှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးခေတ်ဘိုးဘေး မိန်းမတွေရဲ့ အဓိက ရည်မှန်းချက်ကတော့ ကိုယ်အပါအဝင် ကိုယ့်ကလေးတွေရဲ့ဘဝကို အကာအကွယ်ပေး အာမခံပေးမယ့်သူကို ရှာဖွေဖို့ပါ။

ဒါကြောင့် မနုသ၁ဗေဒနဲ့ ဆင့်ကဲစိတ်ပညာအရ ယောကျ်ားတွေဟာ သူတို့ရဲ့လိင်ပိုင်းအမျိုးမျိုးခံစားလိုမှု၊ လိင်ပိုင်းဆန်းသစ်မှု လိုအင်နဲ့ သူတို့ရဲ့မျိုးဗီဇတွေ ဖြန့်ဖြူးဖို့ တိတ်တိတ်ပုန်း ချစ်တင်းနှော ဖောက်ပြန်ကြတာဖြစ်ပြီး မိန်းမတွေကတော့ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ပစ္စည်းဥစ္စာတွေနဲ့ ဝန်ဆောင်ထောက်ပံ့မှု အရင်းအမြစ်တွေ ရပိုင်ဖို့ ဖောက်ပြန်ကြတာပဲ ဖြစ်ပါတယ်။ တချို့မိန်းမတွေက ယောကျ်ားတစ်ယောက် ဆီကနေ ရနိုင်သမျှ အကျိုးကျေးဇူးတွေ ခံစားစံစားဖို့ အဲဒီယောကျ်ားအပေါ် နှိုင်းရ သဘောအရပိုပြီး သစ္စာစောင့်သိ ကြပါတယ်။ အချို့မိန်းမတွေကတော့ ခိုးကြောင့်ခိုးဝှက် ချစ်တင်းနှောမှုမှာ ပါဝင်ပြီး ယောကျ်ားတစ်ဦးစီကနေ ဘဝရပ်တည်ရေးအတွက် အရင်းအမြစ်တွေ ရရှိပိုင်ဆိုင်လာကြပါတယ်။ တစ်နည်းပြောရရင် ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ တစ်လင်တစ်မယား စနစ်ရော အိမ်ထောင်ရေး ဖောက်ပြန်မှုပါ ဖော်ပြတဲ့ အခြေအနေမှာ ရှိပါတယ်။

ဦးနှောက်ကပြောတဲ့ ဖောက်ပြန်မှု

လူတွေရဲ့ အပြုအမှုတွေကို ဖန်တီးပုံဖော်တဲ့ ဦးနှောက်နဲ့ အာရုံကြောတွေရဲ့ အလုပ်လုပ်ပုံကို လေ့လာတဲ့ နာဗ်ကြောသိပ္ပံ (Neuroscience) အရတော့ အချို့လူတွေ ဖောက်ပြန်ပြီး အချို့လူတွေ မဖောက်ပြန်ဘဲ တစ်လင်တစ်မယား စနစ် ကျင့်သုံးတာဟာ ဦးနှောက်ထဲက အောက်ဆီတိုစင်(Oxytocin)ရဲ့ သက်ရောက်မှုကြောင့် ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

အောက်ဆီတိုစင်ဆိုတာ စွမ်းအားမြင့်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဦးနှောက်ထဲမှာ နာဗ်ကြောပို့ပစ္စည်း (Neurotransmitter)အဖြစ် လုပ်ဆောင်ပါတယ်။ ချစ်တဲ့သူတစ်ယောက်ကို နမ်းတဲ့အခါနဲ့ ဖက်တဲ့အခါမှာ အောက်ဆီတိုစင် ပမာဏ မြင့်မားလာတတ်ပြီး အထူးသဖြင့် နို့တိုက်တဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါနဲ့ ကလေးမွေးတဲ့ အခါတွေမှာ အဲဒီဟော်မုန်းဓာတ် အကြီးအကျယ် နိုးကြွလာပါတယ်။ ဒါကြောင့်လည်း အောက်ဆီတိုစင်ကို “အပွေ့အဖက် ဟော်မုန်း”၊ “အချစ်ဆေး”၊ “ကိုယ်ကျင့်တရား မော်လီကျူး” ဆိုပြီး အမည်အမျိုးမျိုး ခေါ်ကြတာ ဖြစ်ပါတယ်။

အောက်စင်တိုစင်ရဲ့ သက်ရောက်မှုကို သိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုမှာ စမ်းသပ်ခံ အမျိုးသားတွေ အချို့ရဲ့ နှာခေါင်းမှာ အောက်ဆီတိုစင်အစစ်ပါတဲ့ စပရေးဖျန်းလိုက်ပြီး အစမ်းသပ်ခံ အချို့ကိုတော့ အာနိသင်မရှိတဲ့ စပရေးဖျန်းလိုက်ပါတယ်။ အစမ်းသပ်ခံထဲမှာ အချို့က ချစ်သူ ၊ ဒါမှမဟုတ် အိမ်ထောင်ဖက် တစ်ဦးတည်းကိုသာ တွဲတဲ့ တစ်လင်တစ်မယား စနစ် ကျင့်သုံးသူတွေဖြစ်ပြီး အချို့ကတော့ မဟုတ်ပါဘူး။ အဲဒီစမ်းသပ်ခံ အမျိုးသားအားလုံးကို ဆွဲဆောင်မှု အလွန်ရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ပေးပါတယ်။ အဲဒီအမျိုးသမီးကို ချဉ်းကပ်ပြီး ငမ်းကြ၊ ပိုးပန်းကြမယ့်အစား အောက်ဆီတိုစင် အစစ် ထိတွေ့ထားတဲ့၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးတဲ့ အမျိုးသားတွေဟာ အာနိသင်မရှိတဲ့ဆေးကို ထိတွေ့ထားတဲ့ အမျိုးသားတွေနဲ့ယှဉ်ရင် ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးနဲ့ ခပ်တန်းတန်းနေတာ တွေ့ရပါတယ်။ တစ်ကိုယ်ရေ တစ်ကာယ သမားတွေအပေါ်မှာတော့ အောက်ဆီတိုစင်က လုံးဝသက်ရောက်မှု မရှိပါဘူး။

တစ်နည်းပြောရရင် ပိုင်ရှင်ရှိတဲ့ အမျိုးသားတွေရဲ့ နှာခေါင်းကို အောက်ဆီ တိုစင်နဲ့ ထိတွေ့လိုက်တာဟာ ကိုယ့်လက်တွဲဖော် အပေါ်သစ္စာရှိမှု၊ တစ်နည်း တစ်လင်တစ်မယား စနစ်ကို တွန်းအားပေးလေ့ ရှိပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကို ဒတ်ရှ်လူမျိုး သိပ္ပံပညာရှင် Carsten de Dreu ဦးဆောင်ပံ့ပိုးမှုနဲ့ သိခဲ့ရတာပါ။ သူက “အောက်ဆီတိုစင်ဟာ အုပ်စုထဲက အဖွဲ့ဝင်တိုင်းအပေါ် ယုံကြည်မှုတိုးလာစေပြီး ပြင်ပက လူတွေအပေါ်မှာတော့ သက်ရောက်မှု မရှိဘူး” လို့ ဆိုပါတယ်။ အခုစမ်းသပ်မှုမှာပါတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက ပြင်ပကလူပါ။ ဒီစိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ စမ်းသပ်တွေ့ရှိမှုက ဘာကိုပြနေသလဲဆိုတော့ “အောက်ဆီတိုစင်ဟာ အမျိုးသားတွေကို သူ့အဖော်ဆီက ထွက်မသွားအောင် ဟန့်တားပေးတယ်” ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေ (Chemicals)ဟာ တိရစ္ဆာန်တွေရဲ့ အပြုအမူတွေတင်မက လူတွေရဲ့ အပြုအမူတွေကိုပါ လွှမ်းမိုးနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အပြုအမူတွေအပေါ် ဆင်ခြင်တုံတရား အပြည့်နဲ့ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဦးနှောက်နဲ့ နာဗ်ကြောတွေက ထိန်းချုပ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလတစ်လျှောက် စုဆောင်းခဲ့တဲ့ အထောက်အထားတွေ အရလည်း ဦးနှောက်ထဲက နျူရွန် (Neuron)တွေကြား ဓာတ်ပစ္စည်းတွေ ဆက်သွယ်မှုက လူတွေရဲ့ အပြုအမူတွေကို တစ်ဖက် စောင်းနင်းဖြစ်စေနိုင်တာ တွေ့ရပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေထဲမှာ အောက်ဆီတိုစင်လည်း တစ်ခုအပါ အဝင် ဖြစ်ပါတယ်။ နောက်တစ်ခုက သိပ္ပံပညာရပ်အရ တစ်လင်တစ်မယား စနစ်ကျင့်သုံးတဲ့ ဘယ်သူမဆို ငှက်ဖြစ်စေ၊ ကြွက်ဖြစ်စေ၊ လူဖြစ်စေ လူမှုရေးအရ ဆက်ဆံရတဲ့ ပြင်ပက ဘယ်သူနဲ့မဆို ဖောက်ပြန်နိုင်တယ်လို့ ဆိုပါတယ်။ ကိုယ့်ကြင်ဖော်အပေါ် သစ္စာ အရမ်းရှိတယ်ဆိုတဲ့ ကြွက်နဲ့ဆင်တဲ့ ဗိုး(Vole)ဆိုတဲ့ အကောင်လေးတွေနဲ့ စမ်းသပ်ချက်အရ ဗိုးအထီးတွေဟာ အပြင်မှာ ဗိုးအမတွေနဲ့တွေ့ရင် မိတ်လိုက်ရတာ ပျော်ပေမဲ့ အချိန်တန်ရင် သူတို့ကြင်ဖော်တွေရှိတဲ့ အသိုက်အမြုံကိုပဲ ပြန်ပါတယ်။ တကယ်တော့ ဗိုးတွေဟာ သူတို့ကြင်ဖော်နဲ့ အချိန်အတော်ကြာ ဝေးကွာနေရရင် စိတ်မချမ်းသာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ CRF (Corticotropin Releasing Factor)ဆိုတဲ့ နာဗ်ကြောပို့ပစ္စည်း (Neurotransmitter) ဟာ ဟော်မုန်းတစ်မျိုး ဖြစ်ပြီး ကိုယ့်ကြင်ဖော်နဲ့ ဝေးနေရတဲ့ အဖိုတွေမှာ လှုပ်ရှားလုပ်ဆောင်ပါတယ်။ စိတ်မချမ်းမသာဖြစ်နေတဲ့ ဗိုးအထီးတွေမှာ အဲဒီ CRF စနစ်ဟာ သေနတ်က မီးပွင့်သွားသလိုပဲ စိတ်ဖိစီးမှုတွေကို နိုးကြွအောင် လုပ်ပါတယ်။ အဲဒီ CRF ဟာလည်း တစ်လင်တစ်မယားစနစ်ကို အားပေးပါတယ်။ တစ်နည်းပြောရရင် ကိုယ့်ကြင်ဖော်နဲ့ဝေးရင် လွမ်းဆွတ်စိတ် ဖိစီးမှုဖြစ်အောင် လုပ်တဲ့လက်သည်က CRF ပါ။ ဦးနှောက်ရဲ့ဗဟိုချက် အစိတ်အပိုင်းဖြစ်တဲ့ Nucleus Accumbens ကတော့ အစားအစာ၊ လိင်ဆက်ဆံမှု၊ ငွေကြေးရရှိမှု၊ လူတွေရဲ့ အသိအမှတ်ပြုမှုလို ဆုလာဘ် (အသိအမှတ်ပြု ချီးမြှောက်ခံရတဲ့) ခံစားမှုကို လုပ်ဆောင်ပေးပါ တယ်။ တကယ်တော့ လူ့ဦးနှောက်ဟာ ဓာတ်ပစ္စည်းတွေက ထိန်းချုပ်တဲ့ လျှပ်စည်းပတ်လမ်းတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသား၊ ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်ကို တွေ့တဲ့ အခါတိုင်း “အဲဒီဆွဲဆောင်မှုရှိတဲ့ သူလေးနဲ့ ချစ်တင်းနှောလိုက်ရရင် ဘယ်လောက်ကောင်းမလဲ” လို့ ဦးနှောက်ထဲက ဆုလာဘ် လျှပ်စီးပတ်လမ်းက ကျွန်တော်တို့ကို ပြောပြပါ တယ်။

ဒါပေမဲ့ အောက်ဆီတိုစင်နဲ့ဆိုင်တဲ့ လျှပ်စီးပတ်လမ်းကတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ကြင်ဖော်တွေကို ဘယ်လောက် ချစ်ကြောင်း ပြောပြပါတယ်။ CRF ကတော့ ကျွန်တော်တို့ ကြင်ဖော်တွေ နဲ့ ဝေးကွာနေတဲ့အခါ ဘယ်လောက် စိတ်မချမ်းသာကြောင်း ပုံဖော်ပေးပါတယ်။ အဲဒီတော့ ဖောက်ပြန်တာ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးတာ ၊ လိင်ဆက်ဆံတာတွေဟာ ဦးနှောက်ထဲက လျှစ်စီးပတ်လမ်း အမျိုးမျိုးရဲ့ မောင်းနှင်မှုကြောင့် ဖြစ်နေတာပါ။ အဲဒီတော့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးကို မတွေ့ခင် အမျိုးသားတစ်ယောက်ကို အောက်ဆီတိုစင်နဲ့ ထိတွေ့ပေးရင် အဲဒီအမျိုးသမီးအပေါ် ဖောက်ပြန်ချင်တဲ့စိတ် မရှိဘဲ ပုံမှန်အတိုင်းဆက်ဆံပြီး ကိုယ့်ကြင်ဖော်အပေါ်ပဲ သစ္စာဆက်ရှိတယ် ဆိုတာ တွေ့ရှိခဲ့ပေမယ့် ချောချောလှလှ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေနဲ့ တွေ့တိုင်း ဖျန်းရအောင် အောက်ဆီတိုစင်ဘူးကို အမြဲဆောင်ထားဖို့ကလည်း မလွယ်ပါ။ အဲဒီတော့ တခြားနည်း မရှိတော့ဘူးလား မေးစရာရှိပါတယ်။

“အမျိုးသားတွေမှာ အောက်ဆီတိုစင် ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့ သိသာထင်ရှားတဲ့ ဇီဝကမ္မ လှုံ့ဆော်ပေးတဲ့ အရာကတော့ ချစ်တင်းနှောတာပဲ ဖြစ်ပါတယ်” လို့ နာဗ်ကြော သိပ္ပံပညာရှင်တွေဖြစ်တဲ့ Larry Yong နဲ့ Brian Alexander တို့က ဆိုပါတယ်။ ကိုယ့်ကြင်ဖော်နဲ့ ချစ်တင်းနှောတာ၊ နမ်းတာ၊ ဖက်တာ၊ ကြင်နာစွာ ပွတ်သပ်ပေးတာနဲ့ ရင်းရင်းနှီးနှီး ထွေရာလေးပါး စကားပြောတာတွေဟာ အောက်ဆီ တိုစင် မြင့်မားလာအောင် ကူညီပေးတယ်လို့ Larry က ဆိုပါတယ်။

နှစ်ဖက်တီးမှ မြည်တဲ့လက်ခုပ်

အဲဒီတော့ ဘာသာရေး၊ လူမှုရေး ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံနဲ့ တရားဥပဒေအရ ခွင့်ပြုတာတွေ၊ တားမြစ်တာတွေ၊ အပြစ်ဒဏ်တွေ ဘယ်လိုပဲရှိရှိ လိင်ပိုင်းဆိုင်ရာ ဆန်းသစ်မှုလိုအင်ကြောင့် ယောကျ်ားတွေမှာ ဖောက်ပြန် တတ်တဲ့ သဘာဝရှိပြီး မိန်းမတွေမှာတော့ ဘဝရပ်တည်ရေးအတွက် ပစ္စည်းဥစ္စာတွေနဲ့ ဝန်ဆောင်ထောက်ပံ့မှု အရင်းအမြစ်တွေ ရပိုင်ဖို့ ဖောက်ပြန် တတ်ကြတယ်လို့ မနုသ၁ဗေဒနဲ့ စိတ်ပညာက ဆိုသလို ဦးနှောက်ထဲက အောက်ဆီတိုစင်လို နာဗ်ကြောပို့ ပစ္စည်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖောက်ပြန်တာ၊ သစ္စာစောင့်တည်တာတွေ ဖြစ်ပေါ်လာ တယ် ဆိုတာလည်း သိခဲ့ရပါတယ်။ တကယ်တော့ လက်ခုပ်ဆို တာ နှစ်ဖက်တီးမှ မြည်တယ်ဆိုတဲ့အတိုင်း လေ့လာမှုတွေ အရ ဖောက်ပြန်မှုတွေဟာ နှစ်ဦးနှစ်ဖက်လုံးအပေါ် မူတည်တယ်ဆိုတာ ထင်ရှားပါတယ်။ မနုသ၁ဗေဒနဲ့ ဆင့်ကဲ စိတ်ပညာတွေအရ လူ့သဘာဝကိုယ်က ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်ဆိုပေမယ့် နာဗ်ကြောသိပ္ပံအရ သိလာရတာတွေအရ ကိုယ့်ကြင်ဖော်အပေါ် ယုယကြင်နာ ဂရုစိုက်မှုတွေဟာလည်း ကိုယ့်ကြင်ဖော်အပေါ် သစ္စာမြဲမြံနေအောင် ထောက်ကူတယ်ဆိုတာ ပြသနေပါတယ်။

တကယ့်လက်တွေ့ ဖောက်ပြန်မှုတွေမှာ ကြည့်လိုက်ရင်လည် အဲဒီအတိုင်း မှန်ကန်နေတာကို တွေ့ရမှာပါ။ အချို့မိန်းမတွေ အပျိုဘဝတုန်းက ပြင်ပြင်ဆင် ဆင် နေပေမယ့် အိမ်ထောင်ကျပြီးရင် ဖြစ်စေ၊ ကလေးရပြီးရင် ဖြစ်စေ မပြင်မဆင် ဖိုတီဖတ်သီ ဖြစ်သွားတာ၊ အစပိုင်းက ဂရုစိုက်တာ ကြင်နာယုယတာတွေ ရှိပေမယ့် နောက်ပိုင်း တဖြည်းဖြည်းနဲ့ လျော့လာတာ၊ လုံးဝဂရုမစိုက် မယုယ မကြင်နာဖြစ်လာတာ၊ မိန်းမတွေအတွက် အချို့ယောကျ်ားတွေဟာ ကိုယ့်ဘဝအတွက် လုံခြုံစိတ်ရတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ ထင်သလိုမဟုတ်တာ၊ ဒါမှမဟုတ် ဘဝအတွက် ပိုပြီးလုံခြုံစိတ်ချ အာမခံချက် ပိုရှိနိုင်တယ်လို့ ထင်တဲ့သူ တွေ့လာရတာတွေ ဟာ ဖောက်ပြန်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူ့သဘာဝအရ ယောကျ်ားးဖြစ်စေ၊ မိန်းမဖြစ်စေ ဖောက်ပြန်တတ်တဲ့ သဘောရှိပေမယ့် ဖောက်ပြန်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားပြီး ဆင်ခြင်လုပ်ဆောင် နိုင်ကြရင် သာယာချမ်းမြေ့ပြီး သစ္စာရှိတည်မြဲတဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး ဖြစ်နိုင်ပါကြောင်း ရေးသား လိုက်ရပါတယ်။

ဖြိုးေ၀ ( မဟာဝိဇ္ဇာ )

Credit:The Ladies News
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top