iMyanmarHouse.com - Best Property Website for Myanmar
×

အစာအိမ္ေအာင့္တတ္ပါတယ္ဆိုတဲ့ ေယာင္းတို႔ေရ….

အၿပိဳင္အဆိုင္မ်ားတဲ့ ေခတ္ႀကီးမွာ ေယာင္းတို႔အေနနဲ႔ အလုပ္လည္း လုပ္ရတယ္။ အေျပးေလးသင္တန္းေတြလည္း တက္ရတယ္။ လူမႈေရးေတြလည္း လုပ္ရတယ္ဆိုေတာ့ စားခ်ိန္အိပ္ခ်ိန္ေတြက မမွန္ေတာ့ပါဘူး။ ဒါတင္မက မိန္းကေလးသဘာဝ အပူအစပ္ေတြကလည္း စားလိုက္ေသးဆိုေတာ့ အစာအိမ္ေအာင့္တာ နာတာေတြ အျဖစ္မ်ားလာၾကတာေပါ့ေနာ္။

အစာအိမ္ဆိုတာလည္း နာလို႔ေအာင့္လို႔ဆိုၿပီး မစားဘဲ ေနလို႔ကလည္းမရ၊(မစားရင္ အာဟာရခ်ိဳ႕တဲ့မွာလည္းပူရေသးတယ္ေလ) စားေတာ့လည္း မတည့္တာေတြမွ စားမိေနရင္ ေဆးေသာက္၊ ေဆးထိုးတာေတာင္ နာတာေအာက့္တာ မေပ်ာက္ႏိုင္ဘဲ ျပန္ျပန္ ေအာင့္ခ်င္တာဆိုေတာ့ ” လြယ္ေတာ့ မလြယ္ဘူး ဉာဏ္ကူရမွာေပါ့” ေနာ္။ ဟုတ္ၿပီ…  ဒါဆို အစာအိမ္ေအာင့္ပါတယ္ဆိုတဲ့ေယာင္းတို႔ကို အစားအစာနဲ႔ပတ္သက္လို႔ တည့္တာ၊ မတည့္တာေလးေတြေျပာျပခ်င္ပါတယ္။

အစာအိမ္ျဖစ္တဲ့ ေယာင္းတို႔ေတြ စားေပးသင့္တဲ့ အစားအစာေတြကေတာ့

၁) ပန္းေဂၚဖီစိမ္း ။ ။ အစိမ္းေရာင္ပန္းေဂၚဖီေလးေတြက စားခ်င္စဖြယ္ျဖစ္ေနရံုတင္မကဘူး။ သူ႔မွာပါတဲ့ Sulphoraphane ဓာတ္ႂကြယ္ဝစြာပါလို႔ အစာအိမ္ေအာင့္ေစတဲ့ H.pylori ပိုးေကာင္ေလးေတြကို ေသေစပါတယ္တဲ့။ ဒါဆို အစာအိမ္ေအာင့္တာလည္း သက္သာေစတာေပါ့ေနာ္။

၂) ၾကက္သြန္ျဖဴ ။ ။  ၾကက္သြန္ျဖဴက ပိုးေသေစတဲ့အာနိသင္ရွိတယ္လို႔ ေရွးလူႀကီးေတြေျပာၾကတာအမွန္ပါပဲ။ ဒီေတာ့ အစာအိမ္ H.pylori ပိုးကိုလည္း သူကေသေစပါတယ္။ ဒါေပမဲ့ သတိျပဳရမယ့္ တစ္ခုကေတာ့ အစာအိမ္ေလပူထျခင္းအခ်ိဳ႕မွာေတာ့ ၾကက္သြန္ျဖဴနဲ႔ မတည့္တတ္ပါဘူး။ စားၾကည့္ၿပီး အဆင္မေျပရင္ေတာ့ ဆက္မစားဖို႔အၾကံေပးပါရေစ။

၃) ဒိန္ခ်ဥ္ ။ ။ ဒိန္ခ်ဥ္ေသာက္ရင္ ဝမ္းမွန္တယ္၊ အစာေၾကတယ္လို႔ေျပာၾကတာဟာ ဒိန္ခ်ဥ္မွာအစာေျခ ပိုးေလးေတြ( Probiotic) ေတြေပါႂကြယ္ဝစြာပါလို႔ပါတဲ့။ ဒီပိုးေလးေတြရွိမွ အစာအိမ္ဟာ အစာေျခဖ်က္ျခင္း၊ စုပ္ယူျခင္းကို ေကာင္းစြာလုပ္ကိုင္ႏိုင္ၿပီး အစာအိမ္ေအာင့္တာကိုသက္သာေစမွာပါ။

၄) နႏြင္း၊ နာနတ္သီး၊ မုန္လာဥနီ၊ ဂ်င္း ။ ။ ဒီအစားအစာေတြရဲ႕အာနိသင္က အစာအိမ္အနာကိုျမန္ျမန္က်က္ေစပါတယ္။ အစာအိမ္အနာရဲ႕လကၡဏာေတြျဖစ္တဲ့ ဗိုက္ကယ္တာ၊ ပ်ိဳ႕အန္ခ်င္တာ ေတြကိုသက္သာေစပါတယ္။

 ေရွာင္သင့္တဲ့အစားအစာေတြကေတာ့ _

ေကာ္ဖီ ==> ေကာ္ဖီမွာပါတဲ့ ကဖိန္းဓာတ္ဟာ အက္ဆစ္ဓာတ္အထြက္မ်ားေစလို႔ ေကာ္ဖီႀကိဳက္ပါတယ္ဆိုတဲ့ေယာင္းတို႔ေတြအေနနဲ႔ ေကာ္ဖီေသာက္တဲ့ ပမာဏကို ေလၽွာ့သင့္ပါတယ္။ ေကာ္ဖီအစား Green Tea ေသာက္ရင္ေတာ့ပိုေကာင္း တာေပါ့ေနာ္။

အရက္ ==> အလြန္အကၽြံ အရက္ေသာက္ျခင္းဟာ အဓိက အစာအိမ္ေအာင့္ေစတဲ့ အခ်က္တစ္ခုပါ။

အသင့္စား အလြယ္စား ဆိုးေဆးပါ အစားအစာေတြ ==> အလြယ္တကူစားႏိုင္ဖို႔အတြက္ အစားခံ ( Preservative) ေတြ ထည့္ထားရပါတယ္။ ဒီပစၥည္းေတြက အစာအိမ္မေကာင္းတဲ့ ေယာင္းေတြအတြက္ေတာ့ရန္သူပါပဲ။ ေခါက္ဆြဲျပဳတ္တို႔၊ မာလာရွမ္းေကာတို႔လည္း ပါတာမို႔ ဒါေတြလည္း အလြန္အကၽြံမစားသင့္ပါဘူးေနာ္။

အဆီအဆိမ့္မ်ားတဲ့ အစားအစာေတြ ==> ျပည့္ဝဆီ အမ်ားႀကီးပါတဲ့ အစားအစာေတြဟာ အစာေၾကဖို႔ ခက္ပါတယ္။ အစာမေၾကတာေၾကာင့္ အစာအိမ္ မအီမသာျဖစ္တာေတြ ျဖစ္တတ္တာေၾကာင့္ပါ။ ဥပမာ__ ဟမ္ဘာဂါ( Hamburger) ၊ အာလူးေၾကာ္

ပူလြန္းစပ္လြန္းတဲ့ အစားအစာေတြ ==> ပူစပ္တာေတြဟာ အစာအိမ္ေယာင္ယမ္းေစတာေၾကာင့္ အစာအိမ္ရွိရင္ေတာ့ လံုးဝေရွာင္ဖို႔ အႀကံေပးခ်င္ပါတယ္…

ေယာင္းတို႔ေရ ခုဆို အစာအိမ္နဲ႔မတည့္တာေတြ၊ ဘာေတြစားရမယ္ဆိုတာေတြသိေလာက္ၿပီလို႔ထင္ပါတယ္ေနာ္…

မိန္းကေလးတိုင္း က်န္းမာလွပေစလိုေသာ ေစတနာျဖင့္

Credit: မယ္တင္( ေဆး ၁)
# Unicode Version ျဖင့္ ဖတ္ပါ #
အစာအိမ်အောင့်တတ်ပါတယ်ဆိုတဲ့ ယောင်းတို့ရေ….

အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးမှာ ယောင်းတို့အနေနဲ့ အလုပ်လည်း လုပ်ရတယ်။ အပြေးလေးသင်တန်းတွေလည်း တက်ရတယ်။ လူမှုရေးတွေလည်း လုပ်ရတယ်ဆိုတော့ စားချိန်အိပ်ချိန်တွေက မမှန်တော့ပါဘူး။ ဒါတင်မက မိန်းကလေးသဘာဝ အပူအစပ်တွေကလည်း စားလိုက်သေးဆိုတော့ အစာအိမ်အောင့်တာ နာတာတွေ အဖြစ်များလာကြတာပေါ့နော်။

အစာအိမ်ဆိုတာလည်း နာလို့အောင့်လို့ဆိုပြီး မစားဘဲ နေလို့ကလည်းမရ၊(မစားရင် အာဟာရချို့တဲ့မှာလည်းပူရသေးတယ်လေ) စားတော့လည်း မတည့်တာတွေမှ စားမိနေရင် ဆေးသောက်၊ ဆေးထိုးတာတောင် နာတာအောက့်တာ မပျောက်နိုင်ဘဲ ပြန်ပြန် အောင့်ချင်တာဆိုတော့ ” လွယ်တော့ မလွယ်ဘူး ဉာဏ်ကူရမှာပေါ့” နော်။ ဟုတ်ပြီ…  ဒါဆို အစာအိမ်အောင့်ပါတယ်ဆိုတဲ့ယောင်းတို့ကို အစားအစာနဲ့ပတ်သက်လို့ တည့်တာ၊ မတည့်တာလေးတွေပြောပြချင်ပါတယ်။

အစာအိမ်ဖြစ်တဲ့ ယောင်းတို့တွေ စားပေးသင့်တဲ့ အစားအစာတွေကတော့

၁) ပန်းဂေါ်ဖီစိမ်း ။ ။ အစိမ်းရောင်ပန်းဂေါ်ဖီလေးတွေက စားချင်စဖွယ်ဖြစ်နေရုံတင်မကဘူး။ သူ့မှာပါတဲ့ Sulphoraphane ဓာတ်ကြွယ်ဝစွာပါလို့ အစာအိမ်အောင့်စေတဲ့ H.pylori ပိုးကောင်လေးတွေကို သေစေပါတယ်တဲ့။ ဒါဆို အစာအိမ်အောင့်တာလည်း သက်သာစေတာပေါ့နော်။

၂) ကြက်သွန်ဖြူ ။ ။  ကြက်သွန်ဖြူက ပိုးသေစေတဲ့အာနိသင်ရှိတယ်လို့ ရှေးလူကြီးတွေပြောကြတာအမှန်ပါပဲ။ ဒီတော့ အစာအိမ် H.pylori ပိုးကိုလည်း သူကသေစေပါတယ်။ ဒါပေမဲ့ သတိပြုရမယ့် တစ်ခုကတော့ အစာအိမ်လေပူထခြင်းအချို့မှာတော့ ကြက်သွန်ဖြူနဲ့ မတည့်တတ်ပါဘူး။ စားကြည့်ပြီး အဆင်မပြေရင်တော့ ဆက်မစားဖို့အကြံပေးပါရစေ။

၃) ဒိန်ချဉ် ။ ။ ဒိန်ချဉ်သောက်ရင် ဝမ်းမှန်တယ်၊ အစာကြေတယ်လို့ပြောကြတာဟာ ဒိန်ချဉ်မှာအစာခြေ ပိုးလေးတွေ( Probiotic) တွေပေါကြွယ်ဝစွာပါလို့ပါတဲ့။ ဒီပိုးလေးတွေရှိမှ အစာအိမ်ဟာ အစာခြေဖျက်ခြင်း၊ စုပ်ယူခြင်းကို ကောင်းစွာလုပ်ကိုင်နိုင်ပြီး အစာအိမ်အောင့်တာကိုသက်သာစေမှာပါ။

၄) နနွင်း၊ နာနတ်သီး၊ မုန်လာဥနီ၊ ဂျင်း ။ ။ ဒီအစားအစာတွေရဲ့အာနိသင်က အစာအိမ်အနာကိုမြန်မြန်ကျက်စေပါတယ်။ အစာအိမ်အနာရဲ့လက္ခဏာတွေဖြစ်တဲ့ ဗိုက်ကယ်တာ၊ ပျို့အန်ချင်တာ တွေကိုသက်သာစေပါတယ်။

 ရှောင်သင့်တဲ့အစားအစာတွေကတော့ _

ကော်ဖီ ==> ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်ဟာ အက်ဆစ်ဓာတ်အထွက်များစေလို့ ကော်ဖီကြိုက်ပါတယ်ဆိုတဲ့ယောင်းတို့တွေအနေနဲ့ ကော်ဖီသောက်တဲ့ ပမာဏကို လျှော့သင့်ပါတယ်။ ကော်ဖီအစား Green Tea သောက်ရင်တော့ပိုကောင်း တာပေါ့နော်။

အရက် ==> အလွန်အကျွံ အရက်သောက်ခြင်းဟာ အဓိက အစာအိမ်အောင့်စေတဲ့ အချက်တစ်ခုပါ။

အသင့်စား အလွယ်စား ဆိုးဆေးပါ အစားအစာတွေ ==> အလွယ်တကူစားနိုင်ဖို့အတွက် အစားခံ ( Preservative) တွေ ထည့်ထားရပါတယ်။ ဒီပစ္စည်းတွေက အစာအိမ်မကောင်းတဲ့ ယောင်းတွေအတွက်တော့ရန်သူပါပဲ။ ခေါက်ဆွဲပြုတ်တို့၊ မာလာရှမ်းကောတို့လည်း ပါတာမို့ ဒါတွေလည်း အလွန်အကျွံမစားသင့်ပါဘူးနော်။

အဆီအဆိမ့်များတဲ့ အစားအစာတွေ ==> ပြည့်ဝဆီ အများကြီးပါတဲ့ အစားအစာတွေဟာ အစာကြေဖို့ ခက်ပါတယ်။ အစာမကြေတာကြောင့် အစာအိမ် မအီမသာဖြစ်တာတွေ ဖြစ်တတ်တာကြောင့်ပါ။ ဥပမာ__ ဟမ်ဘာဂါ( Hamburger) ၊ အာလူးကြော်

ပူလွန်းစပ်လွန်းတဲ့ အစားအစာတွေ ==> ပူစပ်တာတွေဟာ အစာအိမ်ယောင်ယမ်းစေတာကြောင့် အစာအိမ်ရှိရင်တော့ လုံးဝရှောင်ဖို့ အကြံပေးချင်ပါတယ်…

ယောင်းတို့ရေ ခုဆို အစာအိမ်နဲ့မတည့်တာတွေ၊ ဘာတွေစားရမယ်ဆိုတာတွေသိလောက်ပြီလို့ထင်ပါတယ်နော်…

မိန်းကလေးတိုင်း ကျန်းမာလှပစေလိုသော စေတနာဖြင့်

Credit: မယ်တင်( ဆေး ၁)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top