iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳတိုင္းၾကိဳက္တဲ့ ႏွင္းဆီခိုင္ လူပ်ိဳၾကီး ေနတိုးကေတာ့ အခ်စ္ေရးကို ဖြင့္ဟလိုက္ပါျပီ။ ႏွင္းဆီအဖြဲ႕သားေတြထဲမွာ single ဂုဏ္ပုဒ္ကို ထိန္းထားတဲ့ လူပ်ိဳၾကီးရဲ႕ အခ်စ္ေရးက ဘယ္လို မ်ားလဲ ဆိုတာ ေျပာခ်င္လြန္းလို႕ပါ။ ကိုေနတိုးက အင္တာဗ်ဴးမွာ အခ်စ္ေရးကို ဘယ္လိုေျဖထားလဲဆိုေတာ့-

“ အခ်စ္ေရးနဲ႕ပတ္သက္ျပီး သို႕ေလာ သို႕ေလာက ပိုေကာင္းပါတယ္။ ေမးခြန္းတစ္ခု အေျဖတစ္ခုဆိုတာ ပြင့္ပြင့္လင္းလင္း ေျပာတာထက္ ခ်န္လွပ္ျပီးေတာ့ စဥ္းစားစရာ ေလးနဲ႕ ေျပာတာကပိုျပိီး ဖီးလ္ လို႕ေကာင္းတယ္။ သုိ႕ေလာ သို႕ေလာေလးက ပိုျပီးေကာင္းပါတယ္။ တစ္ေယာက္တစ္မ်ိဳးစီေပါ့။ အတည္ မျပဳေသးပါဘူး။” လို႕ဆုိပါတယ္။( ကိုေနတိုးတို႕ စကားေျပာရာမွာ ပညာသားပါခ်က္ ပဲေနာ္)

ေနတိုးခ်စ္မယ့္ ေကာင္မေလး ပံုစံကေရာ ဘယ္လိုမ်ားလဲ။

“က်ေနာ္ခ်စ္တဲ့ ပံုစံက ပရိသတ္ခ်စ္တဲ့ ပံုစံနဲ႕ တစ္ထပ္တည္း က်မယ္လို႕ ေမွ်ာ္လင့္ပါတယ္ ခင္ဗ်။ က်ေနာ့္ ေကာင္မေလးက အႏုပညာ ေလာကထဲက မဟုတ္ပါဘူး။ က်ေနာ့္ရဲ႕ ေရြးခ်ယ္မႈက ပိုျပီးေလးနက္တဲ့ အခ်ိန္အခါတစ္ခုေရာက္လာပါျပီ။ကၽြန္ေတာ္သြားခ်င္တဲ့ family life တစ္ခုကို နည္းနည္းေလးေနာက္က်ေနျပီဆိုေတာ့ အျမန္ အေျပးေတာ့လိုက္ေနရတာေပါ့။” လို႕ဆိုပါတယ္။

ဒီတစ္သက္ မိန္းမယူဦးမွာလားဆိုတဲ့ ပရိသတ္ေတြရဲ႕ ေမးခြန္းအေပၚေနတိုးအေျဖက –

“ ယူမွာပါ။ အဓိကကေတာ့ ေပါင္းဖက္ရမယ့္ လူႏွစ္ေယာက္ရဲ႕ စိတ္ခံစားမႈ ကို အရင္ join ရမွာေပါ့။ ဘယ္သူ႕စိတ္ၾကိဳက္ဆိုတာထက္ကို ေပါင္းဖက္ရမယ့္လူႏွစ္ေယာက္ရဲ႕ စိတ္ထဲမွာရွိတဲ့ relationship ကပိုအေရးၾကီးတယ္လို႕ျမင္ပါတယ္။ လူပ်ိဳၾကီး ဘဝနဲ႕တက္ခဲ့တဲ့ မဂၤလာေဆာင္ေတြက မခန္႕မွန္းႏိုင္ေတာ့ဘူး။ ေတာ္ေတာ္မ်ားတယ္။ အားက်မိတယ္။ ႏွင္းဆီအဖြဲ႕မွာေတာ့ ရံဖန္ရံခါေတာ့ စေနာက္ခံရပါတယ္။ သူတို႕စေနာက္ခ်င္ေအာင္ ရံဖန္ရံခါ က်ေနာ္ျပဳမူေနထိုင္တဲ့ အခါမ်ိဳးမွာေပါ့။” လို႕ဆိုပါတယ္။

အေျခအေနတစ္ခုေစာင့္ေပးမယ္ဆိုရင္ အားလံုးေရွ႕ကို ပရိသတ္သိခ်င္တဲ့အေျဖတစ္ခုေရာက္လာမွာပါဆိုျပီးေတာ့လည္း ေနတိုးကေျဖၾကားသြားပါတယ္။

ေနတိုးရဲ႕ ႏွလံုးသားကို ကိုင္လႈပ္ခဲ့တဲ့ ေကာင္မေလးက ဘယ္သူမ်ားလဲေတာ့ ရင္ခုန္စြာ ေစာင့္ၾကည့္ရမွာေပါ့ေနာ္။

Credit: သတင္းဦး
# Unicode Version ျဖင့္ ဖတ္ပါ #
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လူပျိုကြီး နေတိုးကတော့ အချစ်ရေးကို ဖွင့်ဟလိုက်ပါပြီ။ နှင်းဆီအဖွဲ့သားတွေထဲမှာ single ဂုဏ်ပုဒ်ကို ထိန်းထားတဲ့ လူပျိုကြီးရဲ့ အချစ်ရေးက ဘယ်လို များလဲ ဆိုတာ ပြောချင်လွန်းလို့ပါ။ ကိုနေတိုးက အင်တာဗျူးမှာ အချစ်ရေးကို ဘယ်လိုဖြေထားလဲဆိုတော့-

“ အချစ်ရေးနဲ့ပတ်သက်ပြီး သို့လော သို့လောက ပိုကောင်းပါတယ်။ မေးခွန်းတစ်ခု အဖြေတစ်ခုဆိုတာ ပွင့်ပွင့်လင်းလင်း ပြောတာထက် ချန်လှပ်ပြီးတော့ စဉ်းစားစရာ လေးနဲ့ ပြောတာကပိုပြီး ဖီးလ် လို့ကောင်းတယ်။ သို့လော သို့လောလေးက ပိုပြီးကောင်းပါတယ်။ တစ်ယောက်တစ်မျိုးစီပေါ့။ အတည် မပြုသေးပါဘူး။” လို့ဆိုပါတယ်။( ကိုနေတိုးတို့ စကားပြောရာမှာ ပညာသားပါချက် ပဲနော်)

နေတိုးချစ်မယ့် ကောင်မလေး ပုံစံကရော ဘယ်လိုများလဲ။

“ကျနော်ချစ်တဲ့ ပုံစံက ပရိသတ်ချစ်တဲ့ ပုံစံနဲ့ တစ်ထပ်တည်း ကျမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ။ ကျနော့် ကောင်မလေးက အနုပညာ လောကထဲက မဟုတ်ပါဘူး။ ကျနော့်ရဲ့ ရွေးချယ်မှုက ပိုပြီးလေးနက်တဲ့ အချိန်အခါတစ်ခုရောက်လာပါပြီ။ကျွန်တော်သွားချင်တဲ့ family life တစ်ခုကို နည်းနည်းလေးနောက်ကျနေပြီဆိုတော့ အမြန် အပြေးတော့လိုက်နေရတာပေါ့။” လို့ဆိုပါတယ်။

ဒီတစ်သက် မိန်းမယူဦးမှာလားဆိုတဲ့ ပရိသတ်တွေရဲ့ မေးခွန်းအပေါ်နေတိုးအဖြေက –

“ ယူမှာပါ။ အဓိကကတော့ ပေါင်းဖက်ရမယ့် လူနှစ်ယောက်ရဲ့ စိတ်ခံစားမှု ကို အရင် join ရမှာပေါ့။ ဘယ်သူ့စိတ်ကြိုက်ဆိုတာထက်ကို ပေါင်းဖက်ရမယ့်လူနှစ်ယောက်ရဲ့ စိတ်ထဲမှာရှိတဲ့ relationship ကပိုအရေးကြီးတယ်လို့မြင်ပါတယ်။ လူပျိုကြီး ဘဝနဲ့တက်ခဲ့တဲ့ မင်္ဂလာဆောင်တွေက မခန့်မှန်းနိုင်တော့ဘူး။ တော်တော်များတယ်။ အားကျမိတယ်။ နှင်းဆီအဖွဲ့မှာတော့ ရံဖန်ရံခါတော့ စနောက်ခံရပါတယ်။ သူတို့စနောက်ချင်အောင် ရံဖန်ရံခါ ကျနော်ပြုမူနေထိုင်တဲ့ အခါမျိုးမှာပေါ့။” လို့ဆိုပါတယ်။

အခြေအနေတစ်ခုစောင့်ပေးမယ်ဆိုရင် အားလုံးရှေ့ကို ပရိသတ်သိချင်တဲ့အဖြေတစ်ခုရောက်လာမှာပါဆိုပြီးတော့လည်း နေတိုးကဖြေကြားသွားပါတယ်။

နေတိုးရဲ့ နှလုံးသားကို ကိုင်လှုပ်ခဲ့တဲ့ ကောင်မလေးက ဘယ်သူများလဲတော့ ရင်ခုန်စွာ စောင့်ကြည့်ရမှာပေါ့နော်။

Credit: သတင်းဦး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top