iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာသက္တမ္း ၂၇ ႏွစ္တာ ကာလမွာ ပရိသတ္ကို ရယ္ေမာ ေပ်ာ္ရႊင္ေစခဲ့တဲ့ သရုပ္ေဆာင္ ကစ္ကစ္ဟာ အခုအခ်ိန္မွာ ဆီးခ်ိဳေဝဒနာေၾကာင့္ ေက်ာက္ကပ္ပ်က္စီး ၊ အျမင္အာရံုကြယ္ေနတဲ့ ေဝဒနာရွင္ တစ္ေယာက္ျဖစ္ေနပါတယ္။

ေဆးကုစရိတ္မတတ္ႏိုင္တဲ့ အခက္အခဲေတြကို အႏုပညာရွင္ေမာင္ႏွမေတြဆီ အကူအညီေတာင္းေပမဲ့ ကူညီေပးမယ့္သူကရွားေနပါတယ္။ Sunday မီဒီယာနဲ႕ အင္တာဗ်ဴးတစ္ခုမွာ သရုပ္ေဆာင္ ကစ္ကစ္က ခုလိုရင္ဖြင့္လာပါတယ္။

“ တစ္ခ်ိဳ႕ အႏုပညာရွင္ေတြကို ေဆးကုစရာ မရွိလို႕ အကူအညီေတာင္းေတာ့မ်က္ႏွာလႊဲႏိုင္သူေတြလည္းရွိတယ္။ ကစ္ကစ္ကေတာ့မနာႏိုင္ပါဘူး။ကိုယ့္ေလာကသားအခ်င္းခ်င္းေတြပဲဆိုေတာ့စိတ္မေကာင္းေတာ့ျဖစ္တယ္။ တစ္ခါမွအကူအညီ မေတာင္းဖူးဘူး။ တစ္ခါမွလည္း သူတို႕ဆီက ေငြေတြဘာေတြ မေခ်းဖူးဘူး။ အခုဟာကကိုယ့္မွာ ေဆးေလးေသာက္စရာမရွိလို႕ ပိုက္ဆံျပတ္သြားလို႕ အကူအညီေတာင္းတာ။” ဆိုျပီး ခံစားခ်က္ကိုခုလိုေျပာျပလာပါတယ္။

အကူအညီမေပးဘဲ မ်က္ကြယ္ျပဳခဲ့တဲ့ မင္းသမီးေတြအေၾကာင္းကိုလည္း –

“မင္းသမီးတစ္ေယာက္ရဲ႕ အေမ တခါေတြ႕တယ္။ သူတို႕ေမွာ္ဘီက ဂ်ပန္ဘုရားမွာ အဓိဌာန္ဝင္ေနလို႕ အဲ့ဒီကထြက္ရင္ လွဴမယ္တဲ့ ။ ေနာက္တစ္ေခါက္ဖုန္းဆက္ၾကည့္ေတာ့ အလုပ္မအားေသးလို႕ပါတဲ့။ ေနာက္မင္းသမီးတစ္ေယာက္ကို အကူအညီေတာင္းတယ္။ သံုးေလးငါးရက္ေနရင္ ျပန္လာခဲ့မယ္။ ဘန္ေကာက္သြားရမွာ မို႕လို႕တဲ့။ ေနာက္တစ္ေခါက္က်ေတာ့ လကုန္မွဆက္ပါလားတဲ့။” ဆိုျပီး ေျပာပါတယ္။

မင္းသမီးဝတ္မႈန္ေရႊရည္ (ကစ္ကစ္) က ေတာ့ ေထာက္ပံ့ကူညီေပးေၾကာင္းကို ခုလိုေျပာျပပါတယ္။

“ ဝတ္မႈန္ေရႊရည္က ကူညီတာ မဟုတ္ေတာ့ဘူး။ အခ်ိန္ရရင္ ရသလို ေထာက္ပံ့တာျဖစ္သြားျပီ။ ေတာ္ၾကာ ၅ သိန္း တစ္ခါ ၊ ေတာ္ၾကာ ၂ သိန္း ၊ သူ႕အေမဆုိရင္ ၁ သိန္း ၊ ၂ သိန္းေထာက္ပံ့တာျဖစ္သြားျပီ။ေသခ်ာေလးနားျပီး မွ အလုပ္ကို ဆက္လုပ္ ၊ ေငြေရးေၾကးေရး ဘာမွ မပူနဲ႕ဆိုျပီး ကစ္ကစ္ေလး ကကူညီတယ္။”

သရုပ္ေဆာင္ ကစ္ကစ္ တစ္ေယာက္ ေနျပန္ေကာင္းခဲ့ရင္ေတာင္ အျမဲေသာက္သံုးရမယ့္ ေဆးဖိုးစရိတ္ေတြ အတြက္ အလွဴရွင္ ေတြလိုအပ္ေနတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
အနုပညာသက်တမ်း ၂၇ နှစ်တာ ကာလမှာ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေခဲ့တဲ့ သရုပ်ဆောင် ကစ်ကစ်ဟာ အခုအချိန်မှာ ဆီးချိုဝေဒနာကြောင့် ကျောက်ကပ်ပျက်စီး ၊ အမြင်အာရုံကွယ်နေတဲ့ ဝေဒနာရှင် တစ်ယောက်ဖြစ်နေပါတယ်။

ဆေးကုစရိတ်မတတ်နိုင်တဲ့ အခက်အခဲတွေကို အနုပညာရှင်မောင်နှမတွေဆီ အကူအညီတောင်းပေမဲ့ ကူညီပေးမယ့်သူကရှားနေပါတယ်။ Sunday မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ သရုပ်ဆောင် ကစ်ကစ်က ခုလိုရင်ဖွင့်လာပါတယ်။

“ တစ်ချို့ အနုပညာရှင်တွေကို ဆေးကုစရာ မရှိလို့ အကူအညီတောင်းတော့မျက်နှာလွှဲနိုင်သူတွေလည်းရှိတယ်။ ကစ်ကစ်ကတော့မနာနိုင်ပါဘူး။ကိုယ့်လောကသားအချင်းချင်းတွေပဲဆိုတော့စိတ်မကောင်းတော့ဖြစ်တယ်။ တစ်ခါမှအကူအညီ မတောင်းဖူးဘူး။ တစ်ခါမှလည်း သူတို့ဆီက ငွေတွေဘာတွေ မချေးဖူးဘူး။ အခုဟာကကိုယ့်မှာ ဆေးလေးသောက်စရာမရှိလို့ ပိုက်ဆံပြတ်သွားလို့ အကူအညီတောင်းတာ။” ဆိုပြီး ခံစားချက်ကိုခုလိုပြောပြလာပါတယ်။

အကူအညီမပေးဘဲ မျက်ကွယ်ပြုခဲ့တဲ့ မင်းသမီးတွေအကြောင်းကိုလည်း –

“မင်းသမီးတစ်ယောက်ရဲ့ အမေ တခါတွေ့တယ်။ သူတို့မှော်ဘီက ဂျပန်ဘုရားမှာ အဓိဌာန်ဝင်နေလို့ အဲ့ဒီကထွက်ရင် လှူမယ်တဲ့ ။ နောက်တစ်ခေါက်ဖုန်းဆက်ကြည့်တော့ အလုပ်မအားသေးလို့ပါတဲ့။ နောက်မင်းသမီးတစ်ယောက်ကို အကူအညီတောင်းတယ်။ သုံးလေးငါးရက်နေရင် ပြန်လာခဲ့မယ်။ ဘန်ကောက်သွားရမှာ မို့လို့တဲ့။ နောက်တစ်ခေါက်ကျတော့ လကုန်မှဆက်ပါလားတဲ့။” ဆိုပြီး ပြောပါတယ်။

မင်းသမီးဝတ်မှုန်ရွှေရည် (ကစ်ကစ်) က တော့ ထောက်ပံ့ကူညီပေးကြောင်းကို ခုလိုပြောပြပါတယ်။

“ ဝတ်မှုန်ရွှေရည်က ကူညီတာ မဟုတ်တော့ဘူး။ အချိန်ရရင် ရသလို ထောက်ပံ့တာဖြစ်သွားပြီ။ တော်ကြာ ၅ သိန်း တစ်ခါ ၊ တော်ကြာ ၂ သိန်း ၊ သူ့အမေဆိုရင် ၁ သိန်း ၊ ၂ သိန်းထောက်ပံ့တာဖြစ်သွားပြီ။သေချာလေးနားပြီး မှ အလုပ်ကို ဆက်လုပ် ၊ ငွေရေးကြေးရေး ဘာမှ မပူနဲ့ဆိုပြီး ကစ်ကစ်လေး ကကူညီတယ်။”

သရုပ်ဆောင် ကစ်ကစ် တစ်ယောက် နေပြန်ကောင်းခဲ့ရင်တောင် အမြဲသောက်သုံးရမယ့် ဆေးဖိုးစရိတ်တွေ အတွက် အလှူရှင် တွေလိုအပ်နေတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top