iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သားကင္ဆာဟာ အမ်ိဳးသမီးေတြမွာအျဖစ္မ်ားတဲ့ကင္ဆာတစ္ခုအျဖစ္ လူသိမ်ားၾကေပမယ့္ သူနဲ႔ပတ္သက္တဲ့ က်န္းမာေရးဗဟုသုတက ျပည့္စံုခ်င္မွျပည့္စံုပါလိမ့္မယ္။ ရင္သားမွာ အက်ိတ္ေတြ႔မွ ရင္သားကင္ဆာကို ေတြးမိတတ္ၾကသလို တစ္ေယာက္ေျပာ၊ႏွစ္ေယာက္ေျပာ စကားေတြနဲ႔ပဲ သိထားၾကတာမ်ားပါတယ္။ ဗဟုသုတရွိထားၾကတဲ့ က်န္းမာေရးလိုက္စားသူေတြေတာင္မွ တစ္ခါတေလ ထင္မွတ္မွားေနတဲ့ အသိေတြရွိေနနိုင္ပါတယ္။

ဒါ့ေၾကာင့္ ရင္သားကင္ဆာနဲ႔ပတ္သက္ျပီး ကိုယ္သိထားတာ မွားေနသလား မွန္ေနသလားဆိုတာ တစ္ခ်က္ေလာက္ ဆန္းစစ္ၾကည့္လိုက္ပါဦး။

(၁) အမ်ိဳးသမီးေတြမွာပဲ ရင္သားကင္ဆာျဖစ္တယ္

မဟုတ္ပါဘူး။ အမ်ိဳးသားေတြမွာလည္း ရင္သားတစ္ရွဴးေတြရွိပါတယ္။ခႏၶာကိုယ္ထဲက တျခားတစ္ရွဴးေတြနဲ႔မတူဘဲ အမ်ိဳးသားေတြရဲ႕ရင္သားအတြင္းကဆဲလ္ေတြကေန ကင္ဆာဆဲလ္အျဖစ္ေျပာင္းလဲလာနိုင္ပါတယ္။ အမ်ိုးသမီးေတြနဲ႔ယွဥ္ရင္ ျဖစ္နိင္ေျခ အရမ္းနည္းတယ္၊ျဖစ္ခဲတယ္ဆိုေပမယ့္ အမ်ိဳးသားေတြမွာလည္း ရင္သားကင္ဆာျဖစ္နိုင္ပါတယ္။

(၂) ရင္သားမွာ အက်ိတ္ျဖစ္လာတာမွ ရင္သားကင္ဆာလကၡဏာလို႔ထင္တယ္

ရင္သားကင္ဆာျဖစ္ရင္ ရင္သားအက်ိတ္ရွိလာတတ္တာ မွန္ပါတယ္။ဒါေပမယ့္ အျမဲေတာ့ ဒီလကၡဏာနဲ႔ပဲမဟုတ္ပါဘူး။  ေျပာင္းလဲလာတဲ့တျခားလကၡဏာေတြရွိနုိင္သလို အက်ိတ္က ခ်ိဳင္းေအာက္နား ျပန္ရည္က်ိတ္ေတြထိ ကင္ဆာပ်ံ႔ႏွံ႕လာတတ္ပါတယ္။ ကနဦးအက်ိတ္က မသိသာေသးခင္မွာ တျခားေနရာေတြမွာ အက်ိတ္ေပၚလာနိုင္ပါတယ္။ ဒါ့အျပင္ အက်ိတ္မရွိဘဲ ရင္သားေရာင္ရမ္းလာတာ၊ နာက်င္လာတာ၊ အထိမခံနိုင္တာ၊ ရင္သားထိပ္ ရံႈ႕ဝင္ေနတာ၊ နို႔ရည္လိုလို အရည္ေတြထြက္လာတာ စတဲ့မူူမမွန္လကၡဏာေတြရွိနိုင္ပါတယ္။ အက်ိတ္မရွိတိုင္း ရင္သားကင္ဆာကိုေပါ့ဆေနလို႔မရပါဘူး။ ေျပာင္းလဲလာသမွ်လကၡဏာေတြကို သတိထားျပီး ေစာေစာစစ္ေဆးမႈခံယူပါ။

(၃) ရင္သားကင္ဆာအႏၱရာယ္က အစားအေသာက္၊ ကိုယ္လက္လႈပ္ရွားမႈတို႔နဲ႔ မဆိုင္ဘူး

ရင္သားကင္ဆာက မ်ိဳးရိုးရွိ္မွ ျဖစ္တာ၊ သူ႔အလိုလိုျဖစ္တာ၊ အေနအထိုင္ အစားအေသာက္ဆင္ျခင္လို႔ဘာမွမထူးဘူးလို႔ ေတြးေကာင္းေတြးမိၾကပါလိမ့္မယ္။ အမွန္က ကိုယ္အေလးခ်ိန္၊ ကိုယ္လက္လႈပ္ရွားမႈနဲ႔အစားအေသာက္ အားလံုးက ရင္သားကင္ဆာျဖစ္နိုင္ေျခအေပၚ သက္ေရာက္မႈရွိနိုင္ပါတယ္။ သင့္တင့္တဲ့ကိုယ္အေလးခ်ိန္ကိုထိန္းသိမ္းဖို႔၊ ထိုက္သင့္သေလာက္ ပံုမွန္ကိုယ္လက္လႈပ္ရွားမႈရွိဖို႔၊ က်န္းမာေရးနဲ႔ညီညြတ္ေအာင္စားေသာက္ဖို႔ ကင္ဆာကာကြယ္ေရးက်န္းမာေရးလမ္းညႊန္ခ်က္ေတြမွာပါရွိပါတယ္။

(၄) ဘရာစီယာဝတ္တာ ရင္သားကင္ဆာျဖစ္ေစနုိင္တယ္

ဘရာစီယာအတြင္းခံဝတ္ရင္ ရင္သားကင္ဆာျဖစ္နိုင္ေျခပိုမ်ားေစနိုင္တယ္လို႔ ထင္သူေတြရွိေပမယ့္ မဟုတ္ပါဘူး။ ဘရာဝတ္တာ ရင္သားရဲ႕ျပန္ရည္စနစ္ကို ဖိခ်ဳပ္သလိုျဖစ္ေစနိုင္ျပီး အဆိပ္အေတာက္ဓာတ္ေတြပိုမ်ားေစတယ္လို႔ အယူအဆမွားတတ္ၾကပါတယ္။ ဒါေပမယ့္ ဘရာဝတ္ရင္ ကင္ဆာျဖစ္ေစတယ္လို႔ တိက်ခိုင္မာတဲ့ သိပၸံနည္းအရ သက္ေသအေထာက္အထားမရွိပါဘူး။

(၅) ကိုယ္ဝန္ပ်က္က်ဖူးရင္ ရင္သားကင္ဆာျဖစ္နိုင္ေျခပိုမ်ားတယ္

မဟုတ္ပါဘူး။ ကိုယ္ဝန္ဖ်က္ခ်တာ၊ ပ်က္က်တာက ရင္သားကင္ဆာျဖစ္နိုင္ေျခပိုမ်ားေစနိုင္တယ္လို႔ အရင္ကေတြ႔ရွိခဲ့ၾကဖူးပါတယ္။ ဒါေပမယ့္ အခုေနာက္ပိုင္းပိုအေသးစိတ္တဲ့ေလ့လာမႈေတြအရ ကိုယ္ဝန္ပ်က္က်တာေရာ၊ ဖ်က္ခ်တာေရာက ရင္သားကင္ဆာနဲ႔ဆက္ႏႊယ္မႈွရွိတဲ့ အေထာက္အထားမေတြ႔ရပါဘူး။

(၆) ေခြ်းနံ႔ေပ်ာက္ေဆးသံုးတာ ရင္သားကင္ဆာျဖစ္နိုင္ေျခပိုမ်ားတယ္

ေခြ်းနံ႔ေပ်ာက္ေဆးတခ်ိဳ႕မွာ  တာရွည္ခံေစဖို႔သံုးတဲ့ Parabens ေတြက အက္စထရိုဂ်င္ေဟာ္မုန္းလို အာနိသင္ဆင္တူတယ္လို႔ အစကေတြ႔ရွိခဲ့ေပမယ့္ Parabens နဲ႔ရင္သားကင္ဆာၾကားက က်ိဳးေၾကာင္းဆက္ႏႊယ္မႈကို အတည္မျပဳနိုင္သလို Parabens က ရင္သားအက်ိတ္ေတြျဖစ္ေစနိုင္တယ္ဆိုတာ သက္ေသမျပနိုင္ခဲ့ပါဘူး။

(၇) ကိုယ့္ရင္သားကိုယ္ စမ္းသပ္ရံုနဲ႔ ရင္သားကင္ဆာရွိမရွိစစ္ေဆးဖို႔လံုေလာက္တယ္

ကိုယ့္ရင္သားကိုယ္စမ္းသပ္ရံုနဲ႔ မလံုေလာက္ပါဘူး။ ေရာဂါကိုေစာေစာသိနိုင္ဖို႔အေကာင္းဆံုးနည္းလမ္းျဖစ္ေပမယ့္ တစ္ခါတရံ သိသာတဲ့အက်ိတ္မေပၚဘဲ ေရာဂါရွိေနနိုင္တဲ့အတြက္ အသက္ ၄၀ ေက်ာ္အမ်ိဳးသမီးတိုင္း ၁ႏွစ္ (သို႔) ၂ႏွစ္ တစ္ခါ ရင္သားဓာတ္မွန္စစ္ေဆးမႈ (mammogram) ပံုမွန္ခံယူသင့္ပါတယ္။ ဒီေန႔အထိကေတာ့ Mammography ဟာ အေကာင္းဆံုးေရာဂါ ေရာဂါအေစာပိုင္းကို စစ္ေဆးနည္းျဖစ္ၿပီး ေရာဂါလကၡဏာမျပတဲ့ ကင္ဆာေတြကိုပါ ရွာေဖြ ေတြ႔ရွိႏိုင္ပါတယ္။

(၈) မ်ိဳးရိုးမရွိရင္ ရင္သားကင္ဆာ ကိုယ့္မွာမျဖစ္နိုင္ဘူး

မိသားစုထဲမွာ ရင္သားကင္ဆာမ်ိဳးရိုးရွိရင္ ကိုယ့္မွာလည္းျဖစ္နိုင္ေျခအႏၱရာယ္မ်ားတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ မ်ိဳးရိုးမရွိလည္း အမ်ိဳးသမီးတိုင္း ျဖစ္နိုင္ေျခရွိနိုင္တယ္လို႔မေမ့ပါနဲ႔။ ရင္သားကင္ဆာျဖစ္တဲ့အမ်ိဳးသမီး ဆယ္ေယာက္မွာ ကိုးေယာက္က မ်ိဳးရိုးေၾကာင့္မဟုတ္တဲ့အတြက္ ကိုယ့္မွာကင္ဆာမ်ိဳးရိုးမရွိတာနဲ႔ပဲ လကၡဏာေတြကို ေပါ့ေပါ့ဆဆမေနပါနဲ႔။

(၉) ရင္သားေသးတဲ့ အမ်ိဳးသမီးေတြ ရင္သားကင္ဆာျဖစ္နိုင္ေျခနည္းတယ္

ရင္သားအရြယ္အစားနဲ႔ ရင္သားကင္ဆာ ၾကားမွာ ဆက္ႏႊယ္မႈမရွိပါဘူး။ ရင္သားၾကီးလြန္းရင္သာ ေသးသူေတြထက္ စမ္းသပ္စစ္ေဆးရပိုခက္နိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ mammogram နဲ႔ MRI စစ္ေဆးမႈေတြကိုသာ အားကိုးသင့္ပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ ရင္သားၾကီးတာေသးတာ ထည့္မေတြးဘဲ ျပဳလုပ္သင့္တဲ့စစ္ေဆးမႈေတြကို ပံုမွန္လုပ္ေဆာင္သင့္တာျဖစ္ပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာတစ်ခုအဖြစ် လူသိများကြပေမယ့် သူနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတက ပြည့်စုံချင်မှပြည့်စုံပါလိမ့်မယ်။ ရင်သားမှာ အကျိတ်တွေ့မှ ရင်သားကင်ဆာကို တွေးမိတတ်ကြသလို တစ်ယောက်ပြော၊နှစ်ယောက်ပြော စကားတွေနဲ့ပဲ သိထားကြတာများပါတယ်။ ဗဟုသုတရှိထားကြတဲ့ ကျန်းမာရေးလိုက်စားသူတွေတောင်မှ တစ်ခါတလေ ထင်မှတ်မှားနေတဲ့ အသိတွေရှိနေနိုင်ပါတယ်။

ဒါ့ကြောင့် ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ကိုယ်သိထားတာ မှားနေသလား မှန်နေသလားဆိုတာ တစ်ချက်လောက် ဆန်းစစ်ကြည့်လိုက်ပါဦး။

(၁) အမျိုးသမီးတွေမှာပဲ ရင်သားကင်ဆာဖြစ်တယ်

မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သားတစ်ရှူးတွေရှိပါတယ်။ခန္ဓာကိုယ်ထဲက တခြားတစ်ရှူးတွေနဲ့မတူဘဲ အမျိုးသားတွေရဲ့ရင်သားအတွင်းကဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ယှဉ်ရင် ဖြစ်နိင်ခြေ အရမ်းနည်းတယ်၊ဖြစ်ခဲတယ်ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။

(၂) ရင်သားမှာ အကျိတ်ဖြစ်လာတာမှ ရင်သားကင်ဆာလက္ခဏာလို့ထင်တယ်

ရင်သားကင်ဆာဖြစ်ရင် ရင်သားအကျိတ်ရှိလာတတ်တာ မှန်ပါတယ်။ဒါပေမယ့် အမြဲတော့ ဒီလက္ခဏာနဲ့ပဲမဟုတ်ပါဘူး။  ပြောင်းလဲလာတဲ့တခြားလက္ခဏာတွေရှိနိုင်သလို အကျိတ်က ချိုင်းအောက်နား ပြန်ရည်ကျိတ်တွေထိ ကင်ဆာပျံ့နှံ့လာတတ်ပါတယ်။ ကနဦးအကျိတ်က မသိသာသေးခင်မှာ တခြားနေရာတွေမှာ အကျိတ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အကျိတ်မရှိဘဲ ရင်သားရောင်ရမ်းလာတာ၊ နာကျင်လာတာ၊ အထိမခံနိုင်တာ၊ ရင်သားထိပ် ရှုံ့ဝင်နေတာ၊ နို့ရည်လိုလို အရည်တွေထွက်လာတာ စတဲ့မူူမမှန်လက္ခဏာတွေရှိနိုင်ပါတယ်။ အကျိတ်မရှိတိုင်း ရင်သားကင်ဆာကိုပေါ့ဆနေလို့မရပါဘူး။ ပြောင်းလဲလာသမျှလက္ခဏာတွေကို သတိထားပြီး စောစောစစ်ဆေးမှုခံယူပါ။

(၃) ရင်သားကင်ဆာအန္တရာယ်က အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုတို့နဲ့ မဆိုင်ဘူး

ရင်သားကင်ဆာက မျိုးရိုးရှိမှ ဖြစ်တာ၊ သူ့အလိုလိုဖြစ်တာ၊ အနေအထိုင် အစားအသောက်ဆင်ခြင်လို့ဘာမှမထူးဘူးလို့ တွေးကောင်းတွေးမိကြပါလိမ့်မယ်။ အမှန်က ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့အစားအသောက် အားလုံးက ရင်သားကင်ဆာဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ သင့်တင့်တဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့၊ ထိုက်သင့်သလောက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ဖို့ ကင်ဆာကာကွယ်ရေးကျန်းမာရေးလမ်းညွှန်ချက်တွေမှာပါရှိပါတယ်။

(၄) ဘရာစီယာဝတ်တာ ရင်သားကင်ဆာဖြစ်စေနိုင်တယ်

ဘရာစီယာအတွင်းခံဝတ်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ ထင်သူတွေရှိပေမယ့် မဟုတ်ပါဘူး။ ဘရာဝတ်တာ ရင်သားရဲ့ပြန်ရည်စနစ်ကို ဖိချုပ်သလိုဖြစ်စေနိုင်ပြီး အဆိပ်အတောက်ဓာတ်တွေပိုများစေတယ်လို့ အယူအဆမှားတတ်ကြပါတယ်။ ဒါပေမယ့် ဘရာဝတ်ရင် ကင်ဆာဖြစ်စေတယ်လို့ တိကျခိုင်မာတဲ့ သိပ္ပံနည်းအရ သက်သေအထောက်အထားမရှိပါဘူး။

(၅) ကိုယ်ဝန်ပျက်ကျဖူးရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်

မဟုတ်ပါဘူး။ ကိုယ်ဝန်ဖျက်ချတာ၊ ပျက်ကျတာက ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ အရင်ကတွေ့ရှိခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းပိုအသေးစိတ်တဲ့လေ့လာမှုတွေအရ ကိုယ်ဝန်ပျက်ကျတာရော၊ ဖျက်ချတာရောက ရင်သားကင်ဆာနဲ့ဆက်နွှယ်မှုှရှိတဲ့ အထောက်အထားမတွေ့ရပါဘူး။

(၆) ချွေးနံ့ပျောက်ဆေးသုံးတာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်

ချွေးနံ့ပျောက်ဆေးတချို့မှာ  တာရှည်ခံစေဖို့သုံးတဲ့ Parabens တွေက အက်စထရိုဂျင်ဟော်မုန်းလို အာနိသင်ဆင်တူတယ်လို့ အစကတွေ့ရှိခဲ့ပေမယ့် Parabens နဲ့ရင်သားကင်ဆာကြားက ကျိုးကြောင်းဆက်နွှယ်မှုကို အတည်မပြုနိုင်သလို Parabens က ရင်သားအကျိတ်တွေဖြစ်စေနိုင်တယ်ဆိုတာ သက်သေမပြနိုင်ခဲ့ပါဘူး။

(၇) ကိုယ့်ရင်သားကိုယ် စမ်းသပ်ရုံနဲ့ ရင်သားကင်ဆာရှိမရှိစစ်ဆေးဖို့လုံလောက်တယ်

ကိုယ့်ရင်သားကိုယ်စမ်းသပ်ရုံနဲ့ မလုံလောက်ပါဘူး။ ရောဂါကိုစောစောသိနိုင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပေမယ့် တစ်ခါတရံ သိသာတဲ့အကျိတ်မပေါ်ဘဲ ရောဂါရှိနေနိုင်တဲ့အတွက် အသက် ၄၀ ကျော်အမျိုးသမီးတိုင်း ၁နှစ် (သို့) ၂နှစ် တစ်ခါ ရင်သားဓာတ်မှန်စစ်ဆေးမှု (mammogram) ပုံမှန်ခံယူသင့်ပါတယ်။ ဒီနေ့အထိကတော့ Mammography ဟာ အကောင်းဆုံးရောဂါ ရောဂါအစောပိုင်းကို စစ်ဆေးနည်းဖြစ်ပြီး ရောဂါလက္ခဏာမပြတဲ့ ကင်ဆာတွေကိုပါ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။

(၈) မျိုးရိုးမရှိရင် ရင်သားကင်ဆာ ကိုယ့်မှာမဖြစ်နိုင်ဘူး

မိသားစုထဲမှာ ရင်သားကင်ဆာမျိုးရိုးရှိရင် ကိုယ့်မှာလည်းဖြစ်နိုင်ခြေအန္တရာယ်များတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မျိုးရိုးမရှိလည်း အမျိုးသမီးတိုင်း ဖြစ်နိုင်ခြေရှိနိုင်တယ်လို့မမေ့ပါနဲ့။ ရင်သားကင်ဆာဖြစ်တဲ့အမျိုးသမီး ဆယ်ယောက်မှာ ကိုးယောက်က မျိုးရိုးကြောင့်မဟုတ်တဲ့အတွက် ကိုယ့်မှာကင်ဆာမျိုးရိုးမရှိတာနဲ့ပဲ လက္ခဏာတွေကို ပေါ့ပေါ့ဆဆမနေပါနဲ့။

(၉) ရင်သားသေးတဲ့ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းတယ်

ရင်သားအရွယ်အစားနဲ့ ရင်သားကင်ဆာ ကြားမှာ ဆက်နွှယ်မှုမရှိပါဘူး။ ရင်သားကြီးလွန်းရင်သာ သေးသူတွေထက် စမ်းသပ်စစ်ဆေးရပိုခက်နိုင်ပါသေးတယ်။ ဒါ့ကြောင့် mammogram နဲ့ MRI စစ်ဆေးမှုတွေကိုသာ အားကိုးသင့်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရင်သားကြီးတာသေးတာ ထည့်မတွေးဘဲ ပြုလုပ်သင့်တဲ့စစ်ဆေးမှုတွေကို ပုံမှန်လုပ်ဆောင်သင့်တာဖြစ်ပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top