iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ရွင္မမတို႔ေရ သားအိမ္ေယာင္တယ္ဆိုတာဘာမ်ားလဲေနာ္?
အမ်ိဳးသမီး မ်ိဳးပြားအဂါၤေတြကလည္း ဆန္းၾကယ္သားေနာ္။ ေယာင္းတို႔သိထားတဲ့အတိုင္း ဆီးစပ္နားတစ္ဝွိက္( တင္ပဆံုကြင္းထဲမွာ) သားအိမ္၊ မမ်ိဳးဥ အိမ္၊ မမ်ိဳးဥ ႁပြန္၊ မ်ိဳးဥ ႁပြန္လက္တံေလးေတြက
သူ႔ဟာနဲ႔သူ ေနရာတက် ရွိေနတာပါ။

ဒီေနရာမွာ သားအိမ္ ေယာင္တယ္လို႔ အလြယ္ေခၚေပမဲ့ တကယ္ေတာ့ အေပၚကေျပာတဲ့ မိန္းကေလးမ်ိဳးပြားအဂါၤေတြအကုန္ ေယာင္ယမ္းတာပါ ေယာင္းတို႔ေရ ။ လိင္ဆက္ဆံျခင္းကတစ္ဆင့္ ဘက္တီးရီးယားပိုးေလးေတြက မိန္းမကိုယ္ကတစ္ဆင့္ ဝင္လာမယ္။ အဲ့ကမွတစ္ဆင့္ အေပၚကိုတက္ၿပီး သားအိမ္ေခါင္း၊ သားအိမ္၊ မ်ိဳးဥႁပြန္လက္တံ အကုန္ေယာင္ေစတာပါ။

ဒါဆို မ်ိဳးပြားအဂၤါေတြအကုန္ေယာင္ေတာ့ ဆိုးမွာေပါ့ေနာ္လို႔ မမတို႔ထင္ပါလိမ့္မယ္။
တကယ္လည္းဆိုးပါတယ္။ ဒီလိုေယာင္ယမ္းျခင္းေၾကာင့္ ေယာင္းတို႔မွာ..
၁) ဆီးစပ္နားမွာ ေအာင့္ေတာင့္ေတာင့္ျဖစ္တာ၊ ထိလိုက္ရင္နာတာ၊ တခ်ိဳ႕လည္း အေလးမလိုက္မွ ေအာင့္သြားတာ
၂) ခ်မ္းတုန္ၿပီးဖ်ားတာ၊
၃) ဆီးပူတာ ၊ က်င္တာ၊ ေအာင့္တာ
၄) ရာသီခ်ိန္မဟုတ္ဘဲ ရာသီေသြးေတြဆင္းတာ
၅) အတူေနတဲ့အခ်ိန္မွာ ေသြးထြက္တာ
၆) မိန္းမကိုယ္က အနံ႔ျပင္းတဲ့ အျဖဴဆင္းတာ
၇) လႈပ္ရွားလိုက္တာနဲ႔ ေမာၿပီး ႏံုးေနတာေတြ ခံစားရတတ္ပါတယ္။

ဒါဆို သားအိမ္ေယာင္ယမ္းျခင္းက အိမ္ေထာင္ရွင္ မိန္းကေလးတိုင္းျဖစ္မွာလားဆိုရင္ေတာ့ မဟုတ္ပါဘူးေနာ္။ ပိုၿပီးျဖစ္ႏိုင္တယ္ဆိုတဲ့ အေနအထားေတြရွိပါတယ္။ ဥပမာ_ သားအိမ္ထဲသားဆက္ျခားပစၥည္း ( IUD) ထည့္ထားတယ္ ဆိုရင္ ေယာင္းတို႔ရဲ႕သားအိမ္ထဲမွာ ျပင္ပ ပစၥည္းေလးရွိေနလို႔ ပိုးဝင္ႏိုင္ေျခပိုမ်ားသြားပါတယ္။ ေနာက္ လိင္ဆက္ဆံတာကတစ္ဆင့္ကူးတဲ့ပိုးေတြဆိုေတာ့ အကာအကြယ္(Condom) မပါဘဲ အတူေနသူေတြ ပိုျဖစ္ႏိုင္ေခ်မ်ားပါတယ္တဲ့။

ဒါဆို သန္႔ရွင္းေနရင္ မျဖစ္ေတာ့ဘူးလားဆိုေတာ့ အသန္႔လြန္ရင္လည္းျဖစ္ပါတယ္။ တအားသန္႔ၿပီး ခဏခဏ အမ်ိဳးသမီးသန္႔စင္ေဆးေတြသံုးၿပီး ေဆးေၾကာရင္လည္း ပိုးဝင္ရင္ခုခံႏိုင္စြမ္းေတြ က်ဆင္းၿပီး သားအိမ္ေယာင္ျခင္း ပိုျဖစ္ေစပါတယ္တဲ့။ သားအိမ္ေယာင္တာ ေၾကာက္ဖို႔ေကာင္းတယ္ဆိုတာက ဒီျပႆနာဟာ ေအာင့္ရံု၊ နာရံု နဲ႔မၿပီးပါဘူး။ ေနာက္ဆက္တြဲေလးေတြက ကိုရီးယားကား
လို စီးရီးနဲ႔ လာေသးတာ။ ဘာေတြလဲဆိုေတာ့

သားအိမ္ေယာင္ၿပီးရင္ ေယာင္ယမ္းတဲ့ အရွိန္ေတြေၾကာင့္ အမာရြတ္ေတြက မ်ိဳးပြားအဂါၤေတြမွာ က်န္ခဲ့တတ္ပါတယ္။

ဒီအမာရြတ္ေတြေၾကာင့္ပဲ ကေလးလိုခ်င္တဲ့အခါမွာ ကေလးမရႏိုင္တာ၊ ကေလးရတဲ့အခါမွာ ေနရာလြဲမွာ သေႏၶတည္ျခင္းျဖစ္တဲ့ Ectopic pregnancy ျဖစ္တာေတြျဖစ္တတ္ပါတယ္။

ဒီ သားအိမ္ေယာင္ယမ္းမႈေၾကာင့္ ဆီးစပ္နာတယ္၊ ေအာင့္တယ္ဆိုတာကလည္း ေရရွည္ျဖစ္တတ္ပါတယ္။ ၿပီးရင္ ခံစားရလည္း အလြန္ခက္ပါတယ္။ တစ္ခ်ိဳ႕ဆို ဒီဒဏ္ကိုမခံႏိုင္လို႔ သားအိမ္ထုတ္ျပစ္ဖို႔အထိပါ စဥ္းစားၾကတယ္လို႔ဆိုၾကပါတယ္။
ဒါဖတ္ၿပီး အရမ္းေတာ့ေၾကာက္မသြားနဲ႔ေနာ္ ေယာင္းတို႔။

” အနာသိ ေဆးရွိ” ပဲမို႔ ဒါလည္း အခ်ိန္မီ သိလို႔ ဆရာဝန္စမ္းသပ္ၿပီး သားအိမ္ေယာင္တာေသခ်ာတယ္ဆိုရင္ ပိုးသတ္ေဆးေပးၿပီးကုသပါလိမ့္မယ္။ ပိုးသတ္ေဆးကို ၂ပတ္ေလာက္ထိေသာက္ရႏိုင္ေျခေတာ့
ရွိတာေပါ့ေနာ္။ မမတို႔အတြက္ ဒီေဆာင္းပါးေလးက အက်ိဳးတစ္ခုရွိမယ္ဆိုရင္ မိတ္ေဆြအတြက္ မၽွေဝေပးလိုက္ပါဦးေနာ္။

အမ်ိဳးသမီးတိုင္းက်န္းမာလွပေစေသာေစတနာျဖင့္

Credit: မယ္တင္( ေဆး ၁)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode  Version#

အိမ်ထောင်ရှင်မမတို့ရေ သားအိမ်ယောင်တယ်ဆိုတာဘာများလဲနော်?
အမျိုးသမီး မျိုးပွားအဂါၤတွေကလည်း ဆန်းကြယ်သားနော်။ ယောင်းတို့သိထားတဲ့အတိုင်း ဆီးစပ်နားတစ်ဝှိက်( တင်ပဆုံကွင်းထဲမှာ) သားအိမ်၊ မမျိုးဥ အိမ်၊ မမျိုးဥ ပြွန်၊ မျိုးဥ ပြွန်လက်တံလေးတွေက
သူ့ဟာနဲ့သူ နေရာတကျ ရှိနေတာပါ။

ဒီနေရာမှာ သားအိမ်ယောင်တယ်လို့ အလွယ်ခေါ်ပေမဲ့ တကယ်တော့ အပေါ်ကပြောတဲ့ မိန်းကလေးမျိုးပွားအဂါၤတွေအကုန် ယောင်ယမ်းတာပါ ယောင်းတို့ရေ ။ လိင်ဆက်ဆံခြင်းကတစ်ဆင့် ဘက်တီးရီးယားပိုးလေးတွေက မိန်းမကိုယ်ကတစ်ဆင့် ဝင်လာမယ်။ အဲ့ကမှတစ်ဆင့် အပေါ်ကိုတက်ပြီး သားအိမ်ခေါင်း၊ သားအိမ်၊ မျိုးဥပြွန်လက်တံ အကုန်ယောင်စေတာပါ။

ဒါဆို မျိုးပွားအင်္ဂါတွေအကုန်ယောင်တော့ ဆိုးမှာပေါ့နော်လို့ မမတို့ထင်ပါလိမ့်မယ်။
တကယ်လည်းဆိုးပါတယ်။ ဒီလိုယောင်ယမ်းခြင်းကြောင့် ယောင်းတို့မှာ..
၁) ဆီးစပ်နားမှာ အောင့်တောင့်တောင့်ဖြစ်တာ၊ ထိလိုက်ရင်နာတာ၊ တချို့လည်း အလေးမလိုက်မှ အောင့်သွားတာ
၂) ချမ်းတုန်ပြီးဖျားတာ၊
၃) ဆီးပူတာ ၊ ကျင်တာ၊ အောင့်တာ
၄) ရာသီချိန်မဟုတ်ဘဲ ရာသီသွေးတွေဆင်းတာ
၅) အတူနေတဲ့အချိန်မှာ သွေးထွက်တာ
၆) မိန်းမကိုယ်က အနံ့ပြင်းတဲ့ အဖြူဆင်းတာ
၇) လှုပ်ရှားလိုက်တာနဲ့ မောပြီး နုံးနေတာတွေ ခံစားရတတ်ပါတယ်။

ဒါဆို သားအိမ်ယောင်ယမ်းခြင်းက အိမ်ထောင်ရှင် မိန်းကလေးတိုင်းဖြစ်မှာလားဆိုရင်တော့ မဟုတ်ပါဘူးနော်။ ပိုပြီးဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားတွေရှိပါတယ်။ ဥပမာ_ သားအိမ်ထဲသားဆက်ခြားပစ္စည်း ( IUD) ထည့်ထားတယ် ဆိုရင် ယောင်းတို့ရဲ့သားအိမ်ထဲမှာ ပြင်ပ ပစ္စည်းလေးရှိနေလို့ ပိုးဝင်နိုင်ခြေပိုများသွားပါတယ်။ နောက် လိင်ဆက်ဆံတာကတစ်ဆင့်ကူးတဲ့ပိုးတွေဆိုတော့ အကာအကွယ်(Condom) မပါဘဲ အတူနေသူတွေ ပိုဖြစ်နိုင်ချေများပါတယ်တဲ့။

ဒါဆို သန့်ရှင်းနေရင် မဖြစ်တော့ဘူးလားဆိုတော့ အသန့်လွန်ရင်လည်းဖြစ်ပါတယ်။ တအားသန့်ပြီး ခဏခဏ အမျိုးသမီးသန့်စင်ဆေးတွေသုံးပြီး ဆေးကြောရင်လည်း ပိုးဝင်ရင်ခုခံနိုင်စွမ်းတွေ ကျဆင်းပြီး သားအိမ်ယောင်ခြင်း ပိုဖြစ်စေပါတယ်တဲ့။ သားအိမ်ယောင်တာ ကြောက်ဖို့ကောင်းတယ်ဆိုတာက ဒီပြဿနာဟာ အောင့်ရုံ၊ နာရုံ နဲ့မပြီးပါဘူး။ နောက်ဆက်တွဲလေးတွေက ကိုရီးယားကား
လို စီးရီးနဲ့ လာသေးတာ။ ဘာတွေလဲဆိုတော့

သားအိမ်ယောင်ပြီးရင် ယောင်ယမ်းတဲ့ အရှိန်တွေကြောင့် အမာရွတ်တွေက မျိုးပွားအဂါၤတွေမှာ ကျန်ခဲ့တတ်ပါတယ်။

ဒီအမာရွတ်တွေကြောင့်ပဲ ကလေးလိုချင်တဲ့အခါမှာ ကလေးမရနိုင်တာ၊ ကလေးရတဲ့အခါမှာ နေရာလွဲမှာ သန္ဓေတည်ခြင်းဖြစ်တဲ့ Ectopic pregnancy ဖြစ်တာတွေဖြစ်တတ်ပါတယ်။

ဒီ သားအိမ်ယောင်ယမ်းမှုကြောင့် ဆီးစပ်နာတယ်၊ အောင့်တယ်ဆိုတာကလည်း ရေရှည်ဖြစ်တတ်ပါတယ်။ ပြီးရင် ခံစားရလည်း အလွန်ခက်ပါတယ်။ တစ်ချို့ဆို ဒီဒဏ်ကိုမခံနိုင်လို့ သားအိမ်ထုတ်ပြစ်ဖို့အထိပါ စဉ်းစားကြတယ်လို့ဆိုကြပါတယ်။
ဒါဖတ်ပြီး အရမ်းတော့ကြောက်မသွားနဲ့နော် ယောင်းတို့။

” အနာသိ ဆေးရှိ” ပဲမို့ ဒါလည်း အချိန်မီ သိလို့ ဆရာဝန်စမ်းသပ်ပြီး သားအိမ်ယောင်တာသေချာတယ်ဆိုရင် ပိုးသတ်ဆေးပေးပြီးကုသပါလိမ့်မယ်။ ပိုးသတ်ဆေးကို ၂ပတ်လောက်ထိသောက်ရနိုင်ခြေတော့
ရှိတာပေါ့နော်။ မမတို့အတွက် ဒီဆောင်းပါးလေးက အကျိုးတစ်ခုရှိမယ်ဆိုရင် မိတ်ဆွေအတွက် မျှဝေပေးလိုက်ပါဦးနော်။

အမျိုးသမီးတိုင်းကျန်းမာလှပစေသောစေတနာဖြင့်

Credit: မယ်တင်( ဆေး ၁)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top