iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမတို႔ရဲ့ မ်က္ေတာင္ေလးေတြ ေကာ့ညြတ္ေနေအာင္ ေန႔စဥ္အသုံးျပဳေလ့ရွိတဲ့ မ်က္ေတာင္ေကာ့ေဆး (mascara) ကို မလိုေတာ့တဲ့အခ်ိန္မွာ ေသေသခ်ာခ်ာသန႔္စင္ေဆးေၾကာေပးဖို႔ လိုတယ္ဆိုတာ သိပါသလား…? ဒီလိုမွမဟုတ္ပဲ ေရခ်ိဳးလိုက္ရင္ သူ႔အလိုလို ေပ်ာက္ျပယ္သြားမယ္လို႔ သေဘာထားရင္ေတာ့ အႏၲရာယ္ႀကီးတဲ့ အယူဆမွားတစ္ခုကို လက္ခံမိသလိုျဖစ္ေနပါၿပီ။

တစ္ကယ္ေတာ့ မက္စ္ကာရာကို သုံးၿပီးသြားရင္ ေသေသခ်ာခ်ာျပန္လည္ သန႔္စင္ေပးဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတဲ့ အေၾကာင္းကို မက္စ္ကာရာေၾကာင့္ မ်က္လုံးကြယ္လုနီးပါးျဖစ္ခဲ့ရတဲ့ အမ်ိဳးသမီးတစ္ဦးရဲ့ ျဖစ္ရပ္မွန္သတင္းက သက္ေသျပေနပါတယ္။

ၾသစေၾတးလ်နိုင္ငံ ဆစ္ဒနီၿမိဳ႕က Theresa Lynch ဆိုသူ အိမ္ ေထာင္သည္ ကေလးႏွစ္ေယာက္မိခင္ အမ်ိဳးသမီးတစ္ဦးဟာ ၂၅ ႏွစ္လုံးလုံး မက္စ္ကာရာ သုံးၿပီးတိုင္း ေသေသခ်ာခ်ာ ျပန္လည္မဖယ္ရွားတာေၾကာင့္ သူမရဲ့ မ်က္ခြံအတြင္းပိုင္းမွာ အနက္ေရာက္ အသားဖုအစက္ အစက္ေတြ ထြက္လာခဲ့ပါတယ္။

အသက္ ၅၀ ရွိၿပီျဖစ္တဲ့ Theresa Lynch ဟာ မ်က္လုံးယားယံမွုနဲ႔ ကသိကေအာက္ခံစားရမွု ေဝဒနာခံစားလာရတဲ့အတြက္ ဆရာဝန္ျပသခဲ့ရာ မ်က္ခြံအတြင္းပိုင္းမွာ အနက္ေရာင္အစက္ဖုေတြ ထေနတာကို သိခဲ့ရပါတယ္။
ဒီအသားဖုေလးေတြဟာ အျမင္အာ႐ုံကို ထိခိုက္ဖို႔ အေျခအေနကို ေရာက္ေနပါၿပီ။ အဲဒီအတြက္ ေမ့ေဆးေပးၿပီး မိနစ္ ၉၀ ၾကာခြဲစိတ္မွု ျပဳလုပ္ကာ ဖယ္ရွားခဲ့ရပါတယ္။

သူမဟာ မက္စ္ကာရာအသုံးျပဳၿပီး ေသေသခ်ာခ်ာ မေဆးေၾကာပဲ ၂၅ ႏွစ္လုံးလုံး ညအိမ္ယာဝင္ခဲ့တာေၾကာင့္ ျဖစ္ရတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ သူမကို ခြဲစိပ္ကုသေပးတဲ့ ဆရာဝန္ Dr Dana Robaei ကလည္း အျခားအမ်ိဳးသမီးေတြ သတိျပဳဆင္ျခင္နိုင္ေအာင္ Theresa Lynch ရဲ့ ခြင့္ျပဳခ်က္နဲ႔ ပုံေတြကို ပညာေပးေဝမၽွခဲ့ပါတယ္။

ပ်ိဳေမတို႔ေတြလည္း မကစ္ကာရာကို အသုံးမလိုေတာ့ရင္ ေသေသခ်ာခ်ာေလးေဆးေၾကာၾကဖို႔ မေမ့ၾကပါနဲ႔ဦးေနာ္။
Credit: popolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ပျိုမေတို့ရဲ့ မျက်တောင်လေးတွေ ကော့ညွတ်နေအောင် နေ့စဉ်အသုံးပြုလေ့ရှိတဲ့ မျက်တောင်ကော့ဆေး (mascara) ကို မလိုတော့တဲ့အချိန်မှာ သေသေချာချာသန့်စင်ဆေးကြောပေးဖို့ လိုတယ်ဆိုတာ သိပါသလား…? ဒီလိုမှမဟုတ်ပဲ ရေချိုးလိုက်ရင် သူ့အလိုလို ပျောက်ပြယ်သွားမယ်လို့ သဘောထားရင်တော့ အန္တရာယ်ကြီးတဲ့ အယူဆမှားတစ်ခုကို လက်ခံမိသလိုဖြစ်နေပါပြီ။

တစ်ကယ်တော့ မက်စ်ကာရာကို သုံးပြီးသွားရင် သေသေချာချာပြန်လည် သန့်စင်ပေးဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို မက်စ်ကာရာကြောင့် မျက်လုံးကွယ်လုနီးပါးဖြစ်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်သတင်းက သက်သေပြနေပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က Theresa Lynch ဆိုသူ အိမ် ထောင်သည် ကလေးနှစ်ယောက်မိခင် အမျိုးသမီးတစ်ဦးဟာ ၂၅ နှစ်လုံးလုံး မက်စ်ကာရာ သုံးပြီးတိုင်း သေသေချာချာ ပြန်လည်မဖယ်ရှားတာကြောင့် သူမရဲ့ မျက်ခွံအတွင်းပိုင်းမှာ အနက်ရောက် အသားဖုအစက် အစက်တွေ ထွက်လာခဲ့ပါတယ်။

အသက် ၅၀ ရှိပြီဖြစ်တဲ့ Theresa Lynch ဟာ မျက်လုံးယားယံမှုနဲ့ ကသိကအောက်ခံစားရမှု ဝေဒနာခံစားလာရတဲ့အတွက် ဆရာဝန်ပြသခဲ့ရာ မျက်ခွံအတွင်းပိုင်းမှာ အနက်ရောင်အစက်ဖုတွေ ထနေတာကို သိခဲ့ရပါတယ်။
ဒီအသားဖုလေးတွေဟာ အမြင်အာရုံကို ထိခိုက်ဖို့ အခြေအနေကို ရောက်နေပါပြီ။ အဲဒီအတွက် မေ့ဆေးပေးပြီး မိနစ် ၉၀ ကြာခွဲစိတ်မှု ပြုလုပ်ကာ ဖယ်ရှားခဲ့ရပါတယ်။

သူမဟာ မက်စ်ကာရာအသုံးပြုပြီး သေသေချာချာ မဆေးကြောပဲ ၂၅ နှစ်လုံးလုံး ညအိမ်ယာဝင်ခဲ့တာကြောင့် ဖြစ်ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ သူမကို ခွဲစိပ်ကုသပေးတဲ့ ဆရာဝန် Dr Dana Robaei ကလည်း အခြားအမျိုးသမီးတွေ သတိပြုဆင်ခြင်နိုင်အောင် Theresa Lynch ရဲ့ ခွင့်ပြုချက်နဲ့ ပုံတွေကို ပညာပေးဝေမျှခဲ့ပါတယ်။

ပျိုမေတို့တွေလည်း မကစ်ကာရာကို အသုံးမလိုတော့ရင် သေသေချာချာလေးဆေးကြောကြဖို့ မမေ့ကြပါနဲ့ဦးနော်။
Credit: popolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top