iMyanmarHouse.com - Best Property Website for Myanmar
×




Credit: သတင်းဦး


#Unicode Version#
  လူသိများတဲ့ ဟာသသရုပ်ဆောင် ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ်တစ်ယောက်ကတော့ သူမတို့သားအမိက စားစရာမရှိလို့ တစ်ချို့ရက်တွေမှာ ရေပဲသောက်နေရတဲ့အကြောင်း ရင်ဖွင့်ပြောလိုက်ပါတယ်။

ကစ်ကစ်က ဆီးလမ်းကြောင်းမှာ ပိုးဝင်ပြီး ကျောက်ကပ်မကောင်း ဖြစ်နေတာနှစ်နဲ့ချီနေပြီဖြစ်ပါတယ်။ ခုတော့ ခန္ဓာကိုယ်တစ်ခုလုံး ဖောယောင်နေတဲ့ ဝေဒနာကို ခံစားနေရတာပါ။ “စားစရာဆန်လည်းမရှိ၊ပိုက်ဆံလည်းမရှိနဲ့ ဘာမှလည်းမစားခဲ့ရဘူး ရေချည်းပဲသောက်နေရတာ၊ ဘဘဗိုလ်ကလေးတင့်အောင်ပေးထားတဲ့ ငွေကလေးနဲ့ စားသောက်နေရတာပါ” လို့ ကစ်ကစ်ရဲ့သမီးဖြစ်သူက ယခုလက်ရှိ အခြေအနေကို ပြောပြပါတယ်။

ကစ်ကစ်က ခုတော့ အငှားတိုက်ခန်းလေးမှာ နေနေတာဖြစ်ပြီး တိုက်ခန်းငှားခအတွက်လည်း စိတ်ပူနေရတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဆေးရုံတက်ဖို့ လောက်လောက်လားလား ထောက်ပံ့တဲ့သူ ပေါ်လာစေချင်ကြောင်း ပြောပါတယ်။

Credit: သတင်းဦး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top