iMyanmarHouse.com - Best Property Website for Myanmar
×

ျမတ္စြာဘုရားရွင္သီတင္းေတာ္မူတဲ့ ေဇတဝန္ေက်ာင္းေတာ္ၾကီးရဲ့ ေကာင္းဒါယကာ အနာထပိဏ္သူေဌးၾကီးမွာ သုဇာတာဆုိတဲ့ေခ်ြးမတစ္ေယာက္ရွိပါတယ္။ထုိသုဇာတာ သတုိ႔သမီးက လင္ျဖစ္သူရဲ့ ေျပာဆုိဆုံးမမွဳကုိ မနာခံသလုိ၊ေယာကၡမျဖစ္သူရဲ့ ဆုံးမ စကားကုိလည္း ကလန္ကဆန္ျပန္လုပ္ျပီး ရန္ေတြ့တတ္တယ္

။ေယာကၡမနဲ႔ လင္သား ကုိရုိေသရေကာင္းမွန္းမသိဘူး။ဇနီးမယားဆုိးတစ္ေယာက္လုိ႔ေျပာရမွာပါ။ ဒါေၾကာင့္အနာထပိဏ္ သူေဌးၾကီၤးက သူရဲ့ေခ် ြးမဟာ သူ႔သားအတြက္ ဘယ္လုိ ဇနီးမယားျဖစ္တယ္ဆုိတာသိလုိတာနဲ႔ ျမတ္စြာဘုရားရွင္ကုိ ေမးျမန္းေလွ်ာက္ထား ပါတယ္။ ျမတ္စြာဘုရားရွင္က သုဇာတာ သင္သည္ အဘယ္သုိ႔ေသာ ဇနီးမယားျဖစ္သည္ကုိ သိေစလုိတာနဲ႔ ဇနီးမယား(၇)မ်ဳိးကုိေဟာေတာ္မူပါတယ္။ အဲဒီ(၇)မ်ဳိးက 
(၁) ဝဓာ ဘရိယာ(လူသတ္ေကာင္ႏွင့္တူေသာမယား)
မိမိရဲ့လင္သားအေပၚမွာ သနားငဲ့ညွာ ေထာက္ထားျခင္းမရွိ၊အျမဲတန္း ျပစ္မွားတတ္ျခင္း၊ ဆူပူျခင္း၊ဆဲဆုိျခင္း၊ေဆာင့္ေအာင့္ျခင္း၊အရြဲ့တုိက္ျခင္း၊မိမိရဲ့လင္သားမွ တစ္ပါးေသာ ေယာက်ၤားတုိ႔ကုိခ်စ္ခင္ႏွစ္သက္ ေဖာက္ျပန္ျခင္းမိမလင္သားအေပၚမခ်စ္ခင္ မႏွစ္ သက္ျခင္း၊ ေငြႏွင့္ဝယ္ထားေသာ က်ြန္ကုိ ႏွိပ္စက္သကဲ့သုိ႔ လင္သားအားႏွိပ္စက္ေသာ မယားကုိ လူသတ္ေကာင္ႏွင့္တူေသာ မယားလုိ႔ေခၚပါတယ္။ထုိမယားမ်ဳိးက မိန္းကေလး အေနနဲ႔မျဖစ္ေအာင္ ေရွာင္ရမွာျဖစ္သလုိ ေယာက်ၤားေလးမ်ားလည္း မေပါင္းသင္းမိေအာင္ေရွာင္ၾကဥ္ရမွာပါ။

(၂) ေစာရီ ဘရိယာ(ခုိးသူႏွင့္တူေသာ မယား)။
လင္ေယာက်ၤားသည္ အသက္ေမြးဝမ္းေက်ာင္းအတတ္ပညာတစ္ခုခုျဖင့္ရွာေဖြ၍ ေသာ္၄င္း၊ ကုန္သြယ္ျခင္းျဖင့္ရွာေဖြ၍ေသာ္၄င္း၊စုိက္ပ်ဳိးေမြးျမဴေရးျဖင့္ ရွာေဖြ၍ေသာ္၄င္း၊ ရွာေဖြလုိ႔ရတဲ့ေငြေၾကးဥစၥာကုိ (လင္ေယာက်ၤားအလုပ္လုပ္ျပီးရွာလုိ႔ရတဲ့ေငြကုိ) လင္ေယာက်ၤားမသိေအာင္ခုိးယူ သုံးျဖဳန္းတတ္တဲ့မယားကုိ သူခုိးႏွင့္တူေသာ မယားလုိ႔ေခၚပါတယ္။ထုိမယားမ်ဳိးကုိလည္း မိန္းကေလးအေနနဲ႔မျဖစ္ေအာင္ ေရွာင္ရမွာ ျဖစ္သလုိ ေယာက်ၤားေလးမ်ားလည္း မေပါင္းသင္းမိေအာင္ေရွာင္ၾကဥ္ရမွာပါ။

(၃)။အယ်ာ ဘရိယာ(သခင္ႏွင့္တူေသာမယား)
လင္သားအေပၚျပဳသင့္ျပဳထုိက္သည့္အမွဳတုိ႔ကုိမျပဳမူ၍ ပ်င္းရိတတ္ျခင္း၊ အစားၾကီးျခင္း၊ လင္ေယာက်ၤားကုိက်ြန္လုိသေဘာထားျပီး ၾကမ္းတမ္း ရုန္႔ရင္းစြာ မေကာင္းေသာစကား တုိ႔ႏွင့္ ေျပာဆုိဆက္ဆံတတ္တဲ့ မယားကုိ သခင္ႏွင့္တူေသာ မယားလုိ႔ေခၚပါတယ္။ ထုိမယားမ်ဳိးကုိလည္း မိန္းကေလးအေနနဲ႔မျဖစ္ေအာင္ ေရွာင္ရမွာျဖစ္သလုိ ေယာက်ၤားေလးမ်ားလည္း မေပါင္းသင္းမိေအာင္ေရွာင္ၾကဥ္ရမွာပါ။

(၄) မာတာဘရိယာ(မိခင္ႏွင့္တူေသာမယား)
မိခင္သည္ သားသမီးမ်ားအေပၚ ေမတၱာ၊ကရုဏာ၊မုဒိတာ၊ဥေပကၡာဆုိတဲ့ ျဗဟၼစုိတရားေလးပါးတုိ႔ႏွင့္ေစာင့္ေရွာက္ ေက်ြးေမြးသကဲ့သုိ႔ လင္သားအေပၚ ထုိထုိေသာ စိတ္ေစတနာတုိ႔ျဖင့္ေက်ြးေမြးေစာင့္ေရွာက္ေသာ၊လင္ေယာက်ၤားရွာေဖြထားေသာ ပစၥည္းဥစၥာမ်ားကုိ မဖိတ္မစင္ေအာင္ ထိန္းသိမ္းတတ္တဲ့မယားကုိ မိခင္ႏွင့္တူေသာ မယားလုိ႔ေခၚပါတယ္။ထုိမယားမ်ဳိးျဖစ္ေအာင္ မိန္းကေလးမ်ားအေနနဲ႔ ၾကဳိးစားရမွာျဖစ္သလုိ ေယာက်ၤားေလးမ်ားအေနနဲ႔ႏွင့္လည္းေပါင္းသင္းထုိက္တဲ့ မယားမ်ဳိးလုိ႔ဆုိရမွာပါ။

(၅) ဘာဂိနီ ဘရိယာ(ႏွမႏွင့္တူေသာမယား)
ႏွမျဖစ္သူသည္ မိမိရဲ့ အစ္ကုိ၊ေမာင္တုိ႔အေပၚမွာ ခ်စ္ျခင္း၊ေၾကာက္ျခင္း၊ရုိေသျခင္းမ်ား ထားသကဲ့သုိ႔ ဇနီးမယားသည္လည္း လင္သားအေပၚ ခ်စ္ျခင္း၊ေၾကာက္ျခင္း၊ရုိေသျခင္း၊ အရွက္သိကၡာႏွင့္ျပည္စုံ၍ လင္သားအား မည္သည့္နည္းႏွင့္မ်ွ လင္သားအား ကလန္ကဆန္ ဆန္႔က်င္ဘက္မလုပ္တဲ့မယားမ်ဳိးကုိေခၚတာပါ။ ထုိသုိ႔ေသာ ဇနီးမယားမ်ဳိးျဖစ္ေအာင္ မိန္းကေလးမ်ားအေနနဲ႔ အတုယူရမွာျဖစ္သလုိ ေယာက်ၤားေလးအေနနဲ႔လဲ ေပါင္းသင္းဆက္ဆံထုိက္တယ္ဆုိတာသိေစခ်င္ပါတယ္။

(၆) သခီ ဘရိယာ(အေဆြခင္ပြန္းႏွင့္တူေသာ မယား)
ႏွစ္ေပါင္းၾကာျမင့္စြာေဝးကြာေနတဲ့ မိတ္ေဆြသူငယ္ခ်င္းကုိ ရုတ္တရက္ျမင္ရလုိက္လ်ွင္ ဝမ္းေျမာက္ဝမ္းသာျဖစ္သကဲ့သုိ႔ လင္ေယာက်ၤားအေပၚမွာလည္း ဝမ္းေျမာက္ဝမ္းသာ ၾကိဳဆုိျခင္း၊ဝမ္းေျမာက္ဝမ္းသာျဖစ္ျခင္း၊အိမ္၌စြဲျမဲစြာေန၍ အရပ္တစ္ပါးသုိ႔ လင္မသိေအာင္မသြားတတ္ေသာ၊သီလေစာင့္ထိန္း၍ လင္ေယာက်ၤားမွတစ္ပါးမည္သူ ႏွင့္မွ ေဖာက္ျပန္ျခင္းမရွိျခင္း၊အမ်ဳိးကုိေစာင့္ထိန္းျပီး လင္ေယာက်ၤားအား မယားဝတ္တရားငါးပါးႏွင့္အညီလုပ္ေက်ြးတတ္တဲ့ မယားကုိေခၚတာပါ။ ထုိသုိေသာ ဇနီးမယားေကာင္းတစ္ဦးျဖစ္ရန္ မိန္းကေလးမ်ားမွတ္သားနာယူသင့္သလုိ ေယာက်ၤားေလးမ်ားအေနနဲ႔လည္း အိမ္ေထာင္ဖက္ေရြးခ်ယ္သင့္တဲ့ဇနီးမယား ျဖစ္ပါတယ္။

(၇)။ဒါသီ ဘရိယာ(က်ြန္ႏွင့္တူေသာမယား)
က်ြန္ေကာင္းတစ္ေယာက္သည္ သခင္အား ရုိေသစြာလုပ္ေက်ြးျပဳသကဲ့သုိ႔ မိမိလင္သား က မိမိကုိေဒါသတရားႏွင့္ဆက္ဆံေသာ္လည္း အမ်က္ေဒါသမျဖစ္ျခင္း၊မျပစ္မွားျခင္း၊ ဆဲဆုိေသာအက်င့္မရွိပဲသည္းခံတတ္ျခင္း၊လင္အား ခ်စ္ေၾကာက္ရုိေသစြာ လင္၏အလုိဆႏၵကုိလုိက္ေလ်ာတတ္ေသာ မယားကုိဆုိလုိတာပါ။ က်ြန္ဆုိးနဲ႔တူတဲ ့မယားေတာ့မျဖစ္ေစခ်င္ပါ။ က်ြန္ဆုိးတစ္ေယာက္က်ေတာ့ ထုိကဲ့သုိ႔မဟုတ္ပဲ သခင္ကြယ္ရာမွာ ထင္သလုိျပဳမူတတ္သလုိ ဇနီးမယားကလည္း ေယာက်ၤားကြယ္ရာမွာ ေယာကၤ်ားရွာေဖြထားေသာပစၥည္းဥစၥာမ်ားကုိ သုံးျဖဳန္းတဲ့ မယားေတာ့မျဖစ္ေစခ်င္ပါ။ က်ြန္မွာ ထုိကဲ့သုိ က်ြန္ေကာင္း၊က်ြန္ဆုိးရွိတယ္ဆုိတာသိေစခ်င္လုိ႔ ႏွစ္မ်ဳိးေရးျပလုိက္တာပါ။

ဆုုိခဲ့တဲ့ ဇနီးမယား(၇)မ်ဳိးအနက္က အေမႏွင့္တူေသာ ဇနီး၊နွမႏွင့္တူေသာ ဇနီး၊အေဆြခင္ပြန္းႏွင့္တူေသာ ဇနီးမ်ားက လင္ေယာက်ၤားႏွင့္ အသက္ထက္ဆုံး ေနထုိင္ျခင္း၊ သီလတရားႏွင့္ျပည့္စုံေသာေၾကာင့္ ေသလြန္သည့္အခါမွာ နတ္ျပည့္သုိ႔ လားေရာက္ရေၾကာင္း၊

သခင္ႏွင့္တူေသာဇနီး၊ခုိးသူႏွင့္တူေသာဇနီး၊  လူသတ္ေကာင္နဲ႔ တူေသာဇနီးမယားမ်ားကေတာ့ လင္ေယာက်ၤားအေပၚ မရုိမေသ မေလးမစားလုပ္ျခင္း၊ ဆဲဆုိျပစ္မွားျခင္း၊ေဖာက္ျပန္ျခင္း၊မထီမ်က္ျမင္ႏွိပ္စက္ေစာ္ကားျခင္းတုိ႔ေၾကာင့္
သီလမရွိတဲ့ဇနီးမ်ားျဖစ္ၾကတယ္လုိ႔ဆုိရမွာ။ထုိထိုိေသာဇနီးမယားေသလွ်င္
ငရဲသုိ႔လားေရာက္ရမည္ဆုိတဲ့အေၾကာင္းကုိျမတ္စြာဘုရားရွင္က သုဇာတာ အမ်ဳိးသမီးကုိေဟာေတာ္မူပါတယ္။
ထုိထုိေသာ ဇနီးမယား(၇)မ်ဳိးထဲမွ “သုဇာတာ” သင္သည္အဘယ္သုိ႔ေသာဇနီးမယား ျဖစ္ခ်င္သလဲလုိ႔ေမးေတာ့ သုဇာတာက က်ြန္ေကာင္းတစ္ေယာက္ႏွင့္တူေသာ ဇနီးျဖစ္ေအာင္ က်င့္ၾကံပါမည္ဟုေလွ်ာက္ထား ပါတယ္။ ဒီပုိစ့္ေလးကုိဖတ္မွတ္ျပီး မိန္းကေလးမ်ားလည္း လူသတ္ေကာင္ႏွင့္ တူေသာဇနီး၊ခုိးသူႏွင့္တူေသာဇနီး၊ သခင္ႏွင့္တူေသာ၊ ဇနီးမ်ဳိးမျဖစ္ေအာင္ အတုယူရမွာ လုိက္နာရမွာျဖစ္သလုိ ေယာက်ၤားေလးမ်ားအေနနဲ႔လည္းမိမိေရြးခ်ယ္မယ့္ အိမ္ေထာင္ဖက္ကုိ ထုိခုိးသူႏွင့္တူေသာ၊လူသတ္ေကာင္ႏွင့္တူေသာ၊သခင္ႏွင့္တူေသာ ဇနီးမယားမ်ဳိးကုိ ေရွာင္ၾကဥ္ျပီး မိခင္ႏွင့္တူေသာ ၊ႏွမႏွင့္တူေသာ၊အေဆြခင္ပြန္းႏွင့္တူေသာ၊ က်ြန္ေကာင္းတစ္ေယာက္ႏွင့္တူေသာ မိန္းကေလးမ်ဳိးကုိေရြးခ်ယ္ရမည္ဆုိတဲ့ အေၾကာင္းကုိ သိေစခ်င္တာနဲ႔ အသိေပးေရးသာလုိက္ရပါသည္။

အားလုံးကုိယ္စိတ္ႏွစ္ပါးက်န္းမာခ်မ္းသာၾကပါေစ။

Credit: အရွင္ဝိမလဝံသ (နာလႏၵာတကၠသုိလ္၊အိႏၵိယနုိင္ငံ)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version ျဖင့္ ဖတ္ပါ #
 မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်

။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီၤးက သူရဲ့ချေ ွးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောင်္ကျားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျွေးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျွေးမွေးစောင့်ရှောက်သော၊လင်ယောင်္ကျားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။

(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောင်္ကျားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။

(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောင်္ကျားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောင်္ကျားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောင်္ကျားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျွေးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောင်္ကျားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။

(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျွေးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ့မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောင်္ကျားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။

ဆိုုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောင်္ကျားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊

သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊  လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောင်္ကျားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်
သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိုသောဇနီးမယားသေလျှင်
ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောင်္ကျားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

Credit: အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top