iMyanmarHouse.com - Best Property Website for Myanmar
×

ေရေသာက္ျခင္းသည္ က်န္းမာေရးအေထာက္အကူျပဳႏုိင္ေၾကာင္း၊ နံနက္မုိးလင္းသည္ႏွင့္ ေရမတ္ခြက္ ႏွစ္ခြက္၊ သုံးခြက္ခန္႔ကုိ အနည္းငယ္နားနားၿပီး ေသာက္ေပးျခင္းျဖင့္ ဝမ္းတြင္း၌ရွိေသာ အပူအပုပ္မ်ား ကင္းစင္၍ ကုိယ္စိတ္ႏွစ္ပါး ၾကည္ၾကည္လင္လင္ ေပါ့ေပါ့ပါးပါးျဖစ္ေစ၍ ေရေသာက္ျခင္းသည္ က်န္း မာေရးအေထာက္အကူျပဳေၾကာင္း သိရွိၿပီးျဖစ္ေပမည္။

ေရေသာက္ျခင္းျဖင့္ ခႏၶာကုိယ္ေပါ့ပါးလန္းဆန္း၍ အသားအေရမွာ စုိေျပျခင္းကုိရရွိမည္။ နံနက္မုိးလင္း အိပ္ရာမွ ထခ်ိန္တြင္ ေရဖန္ခြက္ေလးခြက္စာကုိ ေသာက္ၿပီး နာရီဝက္ေက်ာ္ခန္႔အထိ မည္သည့္အစား အစာမွ မစားေသးဘဲ ေနသင့္သည္။ နာရီဝက္ေက်ာ္မွသာ အစားအေသာက္မ်ားစားသုံးပါ။ ထုိကဲ့သုိ႔ ေရကုိစနစ္တက်ေသာက္သုံးလွ်င္ က်န္းမာေရးအေထာက္အကူျပဳ၍ မက်န္းမာသူမ်ား က်န္းမာေရး ေကာင္းလာမည္။ က်န္းမာသူမ်ား ပုိမုိက်န္းမာသည့္ ေပါ့ပါးလန္းဆန္းေသာ ကုိယ္ခႏၶာကုိ ပုိင္ဆုိင္၍ စိတ္ခ်မ္းသာ ကိုယ္က်န္းမာေရးမႈကုိ ရရွိမည္ျဖစ္သည္။

နံနက္တိုင္း အိပ္ရာမွ ႏုိးလွ်င္ႏုိးခ်င္း ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ နာတာရွည္ေရာဂါမ်ားကုိပင္ ေပ်ာက္ကင္းသက္သာေစႏုိင္ေၾကာင္းလည္း သိရသည္။ ေခါင္းကိုက္ျခင္း၊ ခႏၶာကုိယ္ကုိက္ခဲျခင္း၊ အဝ လြန္ျခင္း၊ ဦးေႏွာက္အေျမႇးပါးေရာင္ရမ္းျခင္း၊ ပန္းနာရင္က်ပ္ျခင္း၊ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ၊ အဆစ္ အျမစ္ေရာင္ျခင္း၊ ႏွလုံးႏႈန္းျမန္ျခင္း၊ ေႏွးျခင္း၊ ဝက္႐ူးျပန္ျခင္း၊ ေက်ာက္ကပ္၊ ဆီးေရာဂါ၊ အစာအိမ္နာ၊ ဝမ္းပ်က္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ဆီးခ်ဳိေရာဂါ၊ လိပ္ေခါင္းေရာဂါ၊ အဆုတ္နာ၊ ေလႁပြန္ပူျခင္း၊ ကင္ဆာေရာ ဂါ၊ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္းဆုိင္ရာေရာဂါမ်ားအျပင္ ဓမၼတာေသြးဆုိင္ရာေရာဂါမ်ားကုိပါ ေရ ေသာက္ျခင္းကုထုံးကုိ အသုံးျပဳ၍ ဆီး၊ ဝမ္း၊ ေသြး၊ ေလညႇိေပးကာ ေရာဂါသက္သာေပ်ာက္ကင္းေစ ႏုိင္ၿပီး သားအိမ္ေရာဂါႏွင့္ မ်က္စိေရာဂါတုိ႔ကုိပါ သက္သာေပ်ာက္ကင္းေစပါသည္။

နံနက္အိပ္ရာထခ်ိန္တြင္ ေရသန္႔ဘူး၏ ၁၀ ပုံပုံ ၆ ပုံ ပမာဏခန္႔ ေရေသာက္ေပးပါ။ ၄၅ မိနစ္ခန္႔ေစာင့္ ၿပီးမွ အစာစားပါ။ နံနက္စာ၊ ေန႔လည္စာႏွင့္ ညစာစားၿပီးေနာက္ ၂ နာရီအတြင္း မည္သည့္အစာမွ် ထပ္ မစားသင့္ေပ။ ေရာဂါမ်ား သက္သာေစသည့္အျပင္ ေဘးထြက္ဆုိးက်ဳိးလည္းမရွိေသာေၾကာင့္ “ေရကုိ ပုံမွန္ေသာက္ျခင္းျဖင့္ ကုသပါ” ဟု တုိက္တြန္းလုိက္ရပါသည္။
Credit: ေၾကးမုံသတင္းစာ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#

ရေသောက်ခြင်းသည် ကျန်းမာရေးအထောက်အကူပြုနိုင်ကြောင်း၊ နံနက်မိုးလင်းသည်နှင့် ရေမတ်ခွက် နှစ်ခွက်၊ သုံးခွက်ခန့်ကို အနည်းငယ်နားနားပြီး သောက်ပေးခြင်းဖြင့် ဝမ်းတွင်း၌ရှိသော အပူအပုပ်များ ကင်းစင်၍ ကိုယ်စိတ်နှစ်ပါး ကြည်ကြည်လင်လင် ပေါ့ပေါ့ပါးပါးဖြစ်စေ၍ ရေသောက်ခြင်းသည် ကျန်း မာရေးအထောက်အကူပြုကြောင်း သိရှိပြီးဖြစ်ပေမည်။

ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်း၍ အသားအရေမှာ စိုပြေခြင်းကိုရရှိမည်။ နံနက်မိုးလင်း အိပ်ရာမှ ထချိန်တွင် ရေဖန်ခွက်လေးခွက်စာကို သောက်ပြီး နာရီဝက်ကျော်ခန့်အထိ မည်သည့်အစား အစာမှ မစားသေးဘဲ နေသင့်သည်။ နာရီဝက်ကျော်မှသာ အစားအသောက်များစားသုံးပါ။ ထိုကဲ့သို့ ရေကိုစနစ်တကျသောက်သုံးလျှင် ကျန်းမာရေးအထောက်အကူပြု၍ မကျန်းမာသူများ ကျန်းမာရေး ကောင်းလာမည်။ ကျန်းမာသူများ ပိုမိုကျန်းမာသည့် ပေါ့ပါးလန်းဆန်းသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာရေးမှုကို ရရှိမည်ဖြစ်သည်။

နံနက်တိုင်း အိပ်ရာမှ နိုးလျှင်နိုးချင်း ရေများများသောက်ပေးခြင်းဖြင့် နာတာရှည်ရောဂါများကိုပင် ပျောက်ကင်းသက်သာစေနိုင်ကြောင်းလည်း သိရသည်။ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဝ လွန်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆစ် အမြစ်ရောင်ခြင်း၊ နှလုံးနှုန်းမြန်ခြင်း၊ နှေးခြင်း၊ ဝက်ရူးပြန်ခြင်း၊ ကျောက်ကပ်၊ ဆီးရောဂါ၊ အစာအိမ်နာ၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချိုရောဂါ၊ လိပ်ခေါင်းရောဂါ၊ အဆုတ်နာ၊ လေပြွန်ပူခြင်း၊ ကင်ဆာရော ဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါများအပြင် ဓမ္မတာသွေးဆိုင်ရာရောဂါများကိုပါ ရေ သောက်ခြင်းကုထုံးကို အသုံးပြု၍ ဆီး၊ ဝမ်း၊ သွေး၊ လေညှိပေးကာ ရောဂါသက်သာပျောက်ကင်းစေ နိုင်ပြီး သားအိမ်ရောဂါနှင့် မျက်စိရောဂါတို့ကိုပါ သက်သာပျောက်ကင်းစေပါသည်။

နံနက်အိပ်ရာထချိန်တွင် ရေသန့်ဘူး၏ ၁၀ ပုံပုံ ၆ ပုံ ပမာဏခန့် ရေသောက်ပေးပါ။ ၄၅ မိနစ်ခန့်စောင့် ပြီးမှ အစာစားပါ။ နံနက်စာ၊ နေ့လည်စာနှင့် ညစာစားပြီးနောက် ၂ နာရီအတွင်း မည်သည့်အစာမျှ ထပ် မစားသင့်ပေ။ ရောဂါများ သက်သာစေသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိသောကြောင့် “ရေကို ပုံမှန်သောက်ခြင်းဖြင့် ကုသပါ” ဟု တိုက်တွန်းလိုက်ရပါသည်။
Credit: ကြေးမုံသတင်းစာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top