iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာရွင္ အခ်င္းခ်င္း ရုိင္းပင္းကူညီမႈေတြဆိုတာ အျပင္ေလာကမွာ တကယ္ရွိတာပါ။ ခုရက္ပိုင္းေလးတင္ ေက်ာက္ကပ္နဲ႕ ဆီးခ်ိဳ ေဝဒနာ အျပင္းအထန္ခံစားရျပီး မ်က္စိကြယ္သြားတဲ့ ဟာသသရုပ္ေဆာင္ ကစ္ကစ္ကို ခိုင္ႏွင္းေဝ နဲ႕ခ်မ္းခ်မ္းတို႕က အစားအစာ ပစၥည္းေတြ သြားျပီးလွဴဒါန္းခဲ့ပါတယ္။

ဒါေတြကအၾကီးစားကူညီေစာင့္ေရွာက္မႈေတြပါ။ မင္းသမီးေတြက ျပဳလုပ္ေပးတဲ့ အေသးစား ျဖည့္ဆည္းေပးမႈေတြ လည္းရွိတယ္ဆိုတာ ေျပာျပခ်င္လြန္းလို႕ပါ။

မင္းသမီးေတြက သူတို႕ရဲ႕ အသံုးအေဆာင္ေတြကို ဟာသသရုပ္ေဆာင္ေတြဆီ ျပန္အမ္းေပးၾကပါတယ္။ မင္းသမီးေတြဆီက သူရခဲ့တဲ့ ပစၥည္းေတြ အေၾကာင္း မ်ိဳးမ်ိဳးခိုင္က ခုလိုေျပာလာပါတယ္။

“ သင္ဇာဝင့္ေက်ာ္ကေလ ပိုက္ဆံအိတ္ဆိုရင္ brand ေတြပဲ အမ္းတာ။ အခုလည္း Gucci တံဆိပ္နဲ႕ အိတ္ေပးတယ္။ မင္းသမီးေတြေတာ္ေတာ္မ်ားမ်ားက အမ္းပါတယ္။ မၾကီးစိုး ၊ မေအးျမတ္သူ ၊ ေရႊမႈံရတီ သူတို႕ေတြ အကုန္အမ္းတယ္။ ေမသန္းႏုဆို ဖိနပ္ေတြေတာ္ေတာ္ေပးတာ။ ကိုယ္ေတြမသံုးႏိုင္ခင္တုန္းက မင္းသမီးေတြေပးတာနဲ႕ဇာတ္ကားေတြရိုက္လာရတာေလ။ ကိုယ့္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို ေက်းဇူးတင္ပါတယ္။

မၾကီးတို႕ဆီမွာ ညီအစ္ကိုေမာင္ႏွမလိုပဲေပါ့။ သူတို႕မွာရွိတဲ့ ပစၥည္းေလးေတြကို တစ္ဆင့္ သူတို႕သံုးျပီးတဲ့ အခါက်ရင္ ေအာက္လက္ငယ္သားေတြအတြက္ အရမ္းၾကည့္ပါတယ္။” လို႕ေျပာျပလာပါတယ္။

Credit:  hotnew
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
  အနုပညာရှင် အချင်းချင်း ရိုင်းပင်းကူညီမှုတွေဆိုတာ အပြင်လောကမှာ တကယ်ရှိတာပါ။ ခုရက်ပိုင်းလေးတင် ကျောက်ကပ်နဲ့ ဆီးချို ဝေဒနာ အပြင်းအထန်ခံစားရပြီး မျက်စိကွယ်သွားတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို ခိုင်နှင်းဝေ နဲ့ချမ်းချမ်းတို့က အစားအစာ ပစ္စည်းတွေ သွားပြီးလှူဒါန်းခဲ့ပါတယ်။

ဒါတွေကအကြီးစားကူညီစောင့်ရှောက်မှုတွေပါ။ မင်းသမီးတွေက ပြုလုပ်ပေးတဲ့ အသေးစား ဖြည့်ဆည်းပေးမှုတွေ လည်းရှိတယ်ဆိုတာ ပြောပြချင်လွန်းလို့ပါ။

မင်းသမီးတွေက သူတို့ရဲ့ အသုံးအဆောင်တွေကို ဟာသသရုပ်ဆောင်တွေဆီ ပြန်အမ်းပေးကြပါတယ်။ မင်းသမီးတွေဆီက သူရခဲ့တဲ့ ပစ္စည်းတွေ အကြောင်း မျိုးမျိုးခိုင်က ခုလိုပြောလာပါတယ်။

“ သင်ဇာဝင့်ကျော်ကလေ ပိုက်ဆံအိတ်ဆိုရင် brand တွေပဲ အမ်းတာ။ အခုလည်း Gucci တံဆိပ်နဲ့ အိတ်ပေးတယ်။ မင်းသမီးတွေတော်တော်များများက အမ်းပါတယ်။ မကြီးစိုး ၊ မအေးမြတ်သူ ၊ ရွှေမှုံရတီ သူတို့တွေ အကုန်အမ်းတယ်။ မေသန်းနုဆို ဖိနပ်တွေတော်တော်ပေးတာ။ ကိုယ်တွေမသုံးနိုင်ခင်တုန်းက မင်းသမီးတွေပေးတာနဲ့ဇာတ်ကားတွေရိုက်လာရတာလေ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်။

မကြီးတို့ဆီမှာ ညီအစ်ကိုမောင်နှမလိုပဲပေါ့။ သူတို့မှာရှိတဲ့ ပစ္စည်းလေးတွေကို တစ်ဆင့် သူတို့သုံးပြီးတဲ့ အခါကျရင် အောက်လက်ငယ်သားတွေအတွက် အရမ်းကြည့်ပါတယ်။” လို့ပြောပြလာပါတယ်။

Credit:  hotnew

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top