iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သားေတြဟာ အာ႐ုံခံစားႏိုင္စြမ္းေကာင္းမြန္ၿပီး ႏူးညံတဲ့ အဂၤါေတြ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ရင္သားဟာ ယားယံလြယ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ ရင္သားေတြ အဝတ္နဲ႕ ပြတ္တိုက္မိျခင္း၊ ႏွင္းခူနာ၊ ႏို႔ခ်ိဳတိုက္ေကြၽးရျခင္း၊ သေႏၶလြယ္ထားရျခင္း စတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ရင္သားေတြ ယားယံတတ္ၾကပါတယ္။ ျပင္းထန္တဲ့ ေရာဂါ ျဖစ္ေနလို႔ ရင္သားယားယံတဲ့ ျဖစ္စဥ္ေတြက ေတာ္ေတာ္ရွားပါတယ္။ ရင္သားယားယံတဲ့အခါ မ်ားေသာအားျဖင့္ ကုတ္လိုက္႐ုံနဲ႔ သာမန္ေပ်ာက္သြားေလ့ရွိေပမဲ့ တစ္ခါတစ္ရံ ယားနာေပ်ာက္ေဆးလုိ ေဆးေတြသုံးတာေတာင္ ယားေနတုန္းဆိုရင္ေတာ့ တစ္ျခား ေရာဂါေတြ ျဖစ္ေနႏုိင္တဲ့အတြက္ ဆရာဝန္ထံ သြားေရာက္ျပသသင့္ပါၿပီ။ ကၽြန္ေတာ္ ဒီေဆာင္းပါးေလးထဲမွာေတာ့ Hello ဆရာ၀န္စာဖတ္ပရိတ္သတ္ အမ်ဳိးသမီးေတြ အတြက္ ရင္သားယားယံရျခင္း အေၾကာင္းရင္းေတြကုိ ေဖာ္ျပေပးသြားမွာပါ။

၁။ ရာသီဥတု ေျခာက္ေသြ႕ျခင္း။

ေအးခ်မ္းၿပီး ေျခာက္ေသြ႕တဲ့ ရာသီဥတုေတြက သင့္ရဲ႕ ခႏၶာကိုယ္တစ္ခုလုံးကို ယားယံေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ရင္သားနဲ႔ ရင္သားထိပ္ေခါင္းေတြလည္း ရာသီဥတုေၾကာင့္ ေရာင္ရမ္းႏိုင္ၿပီး ရင္သားဟာ အနီေရာင္ေပါက္ၿပီး ပြန္းပဲ့နာမ်ား ျဖစ္ေနတာကိုေတြ႕ရမွာပါ။ ဒီလိုအခ်ိန္မ်ိဳးမွာဆိုရင္ ေရေႏြးေႏြးေလးနဲ႔ ေရ ၁၀ မိနစ္ ခန္႕ခ်ိဳးေပးပါ။ ေရေႏြးနဲ႔ မခ်ိဳးပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ ေရေႏြးေတြဟာ သင့္ရဲ႕ ခႏၶာကိုယ္ေပၚမွ အေရးပါတဲ့ အဆီေတြကို ပါသြားေစႏိုင္ၿပီး အေရျပားကို ပိုၿပီးေတာ့ေတာင္ ေျခာက္ေသြ႕ေစႏိုင္တာေၾကာင့္မို႔ပါ။ ၿပီးရင္ သဘတ္ျဖင့္ ေရသုတ္ၿပီး ခရမ္ျဖစ္ျဖစ္၊ လိမ္းေဆးဆီျဖစ္ျဖစ္ ရင္သားမ်ားကို လိမ္းက်ံေပးျခင္းျဖင့္ ေျခာက္ေသြ႕ျခင္းေၾကာင့္ ျဖစ္တဲ့ ယားယံျခင္းကို ေပ်ာက္ကင္းေစႏိုင္မွာျဖစ္ပါတယ္။

၂။ ႏွင္းခူနာ။

ႏွင္းခူနာ ျဖစ္မယ္ဆိုရင္ ရင္သားထိပ္ေခါင္းမွာ ႂကြပ္ဆတ္တဲ့ အေရခြံေတြကိုေတြ႕လာရမွာ ျဖစ္ပါတယ္။ ႏွင္းခူနာ ျဖစ္ေနမယ္ဆိုရင္ ceramides လို႔ေခၚတဲ့ အဆီေမာ္လီက်ဴးေတြပါဝင္တဲ့ လိမ္းေဆးေတြ၊ အေရျပားကို သက္သာေစမယ့္ အဆီကဲ့သို႔ေသာ ပါဝင္ပစၥည္းေတြပါဝင္တဲ့ လိမ္းေဆးေတြကို လိမ္းေပးႏိုင္ပါတယ္။ ခႏၶာကိုယ္မွ သဘာအတိုင္း ထုတ္လုပ္တဲ့ Cortisol ေဟာ္မုန္း ေဆးခရမ္ျဖစ္တဲ့ hydrocortisone ဟာ ရင္သားေရာင္ရမ္းျခင္းနဲ႔ ယားယံျခင္း တို႔ကိုေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါ့အျပင္ ဆရာဝန္ထံျပသမယ္ဆိုရင္ ႏွင္းခူနာအတြက္ ဆီပါတဲ့ လိမ္းေဆးမ်ိဳးကို လိမ္းဖို႔ ၫႊန္ၾကားမွာ ျဖစ္ပါတယ္။ ႏွင္းခူနာ ျဖစ္ေနတဲ့အခ်ိန္ ရင္သားမွ အရည္ေတြ စိမ့္ထြက္လာမယ္၊ နာက်င္လာမယ္ဆိုရင္ ကူးစက္ေရာဂါ ကူးစက္ခံရျခင္းရဲ႕ လကၡဏာ ျဖစ္ႏိုင္တဲ့ အတြက္ ဆရာဝန္ထံ သြားေရာက္ျပသသင့္ပါတယ္။

၃။ ဆပ္ျပာမ်ား။

ရင္သားေတြ ယားယံျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရာက သင္သုံးေနတဲ့ ဆပ္ျပာ အမွတ္တံဆိပ္အသစ္ေတြ၊ Lotion ေတြနဲ႔ အဝတ္ေလွ်ာ္ ဆပ္ျပာေတြ ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ သန္႔စင္ေရး ထုတ္ကုန္ေတြမွာ ပါဝင္တဲ့ ဓာတုပစၥည္းေတြဟာ dermatitis လို႔ေခၚတဲ့ အေရျပားနီၿပီး ေရာင္အန္းနာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီ အေရျပားေတြကို နီရဲေစတဲ့ အနာေတြဟာ ခႏၶာကိုယ္ကို ယားယံေစႏိုင္ပါတယ္။ ဒီလို ဆပ္ျပာသစ္ ေျပာင္းသုံးလို႔ ရင္သားေတြ ယားယံလာရင္ allergic မျဖစ္ေစဖို႔ အတြက္ ထုတ္လုပ္ထားတဲ့ ဆပ္ျပာေတြ၊ အနံ႔မပါတဲ့ ဆပ္ျပာေတြနဲ႔ အေရာင္မပါတဲ့ ဆပ္ျပာေတြကို ေျပာင္းလဲသုံးၾကည့္ပါ။

၄။ အတြင္းခံ အဝတ္အစားမ်ား။

တစ္ခါတစ္ရံမွာ သင့္ရဲ႕ ဘရာစီယာနဲ႔ အမ်ိဳးသမီး ဝတ္အတြင္းခံေတြမွာပါဝင္တဲ့ ခ်ည္သားေတြနဲ႔ ဆိုးေဆးေတြကို ဓာတ္တုံ႔ျပန္တဲ့အေနနဲ႔ ရင္သားေတြ၊ ရင္သားထိပ္ေခါင္းေတြ ယားယံတတ္ပါတယ္။ ဒီလို ဓာတ္မတည့္တဲ့အခါ ဒီအထည္ေတြနဲ႔ ထိလိုက္တာနဲ႔ dermatitis လို႔ေခၚတဲ့ အေရျပားနီၿပီး ေရာင္အန္းနာေတြကို ျဖစ္ေစပါတယ္။ အကယ္၍ ဒီလို ေအာက္ခံအဝတ္အစားေတြ ဝတ္အၿပီးမွ dermatitis ျဖစ္လာမယ္ဆိုရင္ dermatitis ေတြ ျပန္လည္ေပ်ာက္ကင္းသြားေအာင္
ကိုယ္အရင္က ဝတ္ေနက် ေအာက္ခံအဝတ္အစားေတြကို ခဏမွ် ျပန္လည္ေျပာင္းဝတ္ဆင္သင့္ပါတယ္။

၅။ ပြတ္တိုက္ျခင္း။

ေလ့က်င့္ခန္း လုပ္တဲ့အခါ သင္ရဲ႕ ဘရာစီယာက အရမ္းက်ပ္ေနမယ္ဆိုရင္ ရင္သားထိပ္ေခါင္းေတြက အဝတ္စနဲ႔ သြားတိုက္မိႏိုင္ၿပီး ပြန္းရွနာေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒီဒဏ္ရာေတြျဖစ္ေနမယ္ဆိုရင္ ယားယံမႈနဲ႔ နာက်င္မႈကို ပိုခံစားရမွာ ျဖစ္ပါတယ္။ ဒီလို ျဖစ္မယ္ဆိုရင္ေတာ့ Vaseline လုိ႕ေခၚတဲ့ ေရနံဂ်ယ္လီေတြကို ေလ့က်င့္ခန္း မလုပ္ခင္ ထို ဧရိယာတစ္ဝိုက္မွာ လိမ္းထားသင့္ၿပီး ဘရာစီယာကလည္း အရမ္းမက်ပ္ဘဲ အတင့္အသင့္ ျဖစ္ေနဖို႔ လိုပါတယ္။

၆။ ကိုယ္ဝန္ရွိျခင္း။

ကုိယ္ဝန္လြယ္ထားရခ်ိန္ဆုိရင္ ကိုယ္အေလးခ်ိန္တက္လာျခင္း၊ မနက္ပိုင္း ပ်ိဳ႕ခ်င္အန္ခ်င္စိတ္ျဖစ္ျခင္း၊ ေဟာ္မုန္း အတက္အက်ျဖစ္ျခင္းနဲ႔အတူ ရင္သားယားယံျခင္းကိုပါ ခံစားရမွာ ျဖစ္ပါတယ္။ ဒီအခ်က္ေတြဟာ ကိုယ္ဝန္ေဆာင္ရျခင္းရဲ႕ လကၡဏာေတြ ျဖစ္ၿပီး ေဟာ္မုန္းေျပာင္းလဲျခင္းနဲ႕ အတူ ရင္သားေတြက ကေလးငယ္ကို ႏို႔ခ်ိဳတိုက္ေကြၽးဖို႔ ျပင္ဆင္တဲ့ အေနနဲ႔ ျပည့္တင္းလာမွာ ျဖစ္ပါတယ္။ ဒီလုိအခ်ိန္မွာ ကိုးကိုမႈန္႕ ရတဲ့အဆီမ်ား၊ သိုးေမႊးမ်ားရတဲ့အဆီမ်ားကို သုံးျခင္းက ရင္သားယားယံျခင္းကို ေလွ်ာ့က်ေစမွာ ျဖစ္ပါတယ္။

၇။ ႏို႔ခ်ိဳတိုက္ေကြၽးရျခင္း။

ႏို႔ရည္ အႂကြင္းအက်န္ေတြ၊ ႏို႔ရည္သယ္ႁပြန္ေတြ ပိတ္ဆို႔ျခင္းနဲ႔ ႏို႔ခ်ိဳတိုက္ေကြၽးတဲ့ အခါ အေနအထားမမွန္တဲ့အခါမွာ ရင္သားထိပ္ေခါင္းေတြ နာက်င္ၿပီး ယားယံလာႏိုင္ပါတယ္။ ႏို႔ခ်ိဳ႕တိုက္ေကြၽးတဲ့အခါ ရင္သားထိပ္ေခါင္းေတြကို သန္႕ရွင္းေအာင္လည္း ထားသင့္ၿပီး ရင္သားနာက်င္ယားယံေနမယ္ဆိုရင္ေတာ့ သိုေမႊးမွရတဲ့ လိမ္းေဆးဆီ (Lanolin ointment) ေတြ လိမ္းေပးျခင္းက ရင္သားယားယံျခင္းကို သက္သာေစမွာ ျဖစ္ပါတယ္။

၈။ မွကၡ႐ု။

ႏို႔ခ်ိဳတိုက္ေကြၽးေနတဲ့အခ်ိန္ ရင္သားထိပ္ေခါင္းနားတစ္ဝိုက္မွာ ယားယံ႐ုံသာကဘဲ အေရျပား အလႊာခ်ပ္ေတြကိုပါ ေတြ႕ေနရမယ္ဆိုရင္ေတာ့ Candida albicans လို႔ေခၚတဲ့ မႈိတစ္မ်ိဳး ေပါက္ျခင္းေၾကာင့္ ျဖစ္ရတဲ့ မွကၡ႐ု ေဝဒနာကို ခံစားေနရတဲ့ လကၡဏာ ျဖစ္ႏိုင္ပါတယ္။ ဒါဆိုရင္ မႈိေတြကို တိုက္ဖ်က္ႏိုင္တဲ့ လိမ္းေဆးေတြကိုရင္သားနဲ႔ ရင္သားထိပ္ေခါင္းနား တစ္ဝိုက္ လိမ္းေပးႏိုင္ၿပီး မျပင္းတဲ့ မႈိတိုက္ဖ်က္ေဆးေတြလည္း ေသာက္သုံးၿပီး ကုသႏိုင္မွာ ျဖစ္ပါတယ္။

၉။ ေသြးဆုံးျခင္း။

အမ်ိဳးသမီးေတြရဲ႕ ဘဝျဖစ္စဥ္ထဲမွာ မျဖစ္မေနျဖတ္သန္းရမယ့္ ေသြးဆုံးခ်ိန္ေရာက္လာခ်ိန္မွာေတာ့ အေရျပားေတြ ပါးလာျခင္း၊ ေျခာက္ေသြ႕လာျခင္းနဲ႔ ပိုယားယံလာျခင္းတို႔ကို ခံစားရမွာ ျဖစ္ပါတယ္။ ဒီလို အရာေတြဟာ ေဟာ္မုန္း ပမာဏ အတက္အက် ျမန္လာျခင္းနဲ႔ အီစထ႐ိုဂ်င္ ေဟာ္မုန္ နည္းလာျခင္းတို႔ေၾကာင့္ ျဖစ္ရတာ ျဖစ္ၿပီး ခႏၶာကိုယ္ကလည္း အဆီေတြ မထုတ္လုပ္ႏိုင္ေတာ့တဲ့ အတြက္ အေရျပားပိုမို ေျခာက္ေသြ႕လာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီး ေမြးလမ္းေၾကာင္းနဲ႔ ရင္သားထိပ္ေခါင္းေတြမွာ ယားယံမႈေတြကို ခံစားလာရမွာပါ။ ဒါကို ကုသဖို႔ အတြက္ဆိုရင္ေတာ့ အရမ္းမျပင္းတဲ့ ဆပ္ျပာနဲ႔ ေရခ်ိဳးျခင္း၊ Lotion မ်ားလိမ္းေပးႏုိင္ၿပီး ေရပူနဲ႔ ေရခ်ိဳးျခင္းတို႔ကို သတိထားေရွာင္ၾကဥ္သင့္ပါတယ္။

၁၀။ ေရဒီယို ဓာတ္ေရာင္ျခည္ ျဖင့္ ကုသျခင္း။

ရင္သားကင္ဆာ ျဖစ္ရင္ ကုသရတဲ့ နည္းလမ္းေတြက ကုသမႈ ျဖစ္စဥ္ၿပီးသြားရင္ေတာင္ ရင္သားနဲ႔ ရင္သားထိပ္ေခါင္းေတြကို ျပင္းထန္စြာ ယားယံေစႏိုင္ပါတယ္။ ေရဒီယိုဓာတ္ေရာင္ျခည္ဟာ အေရျပားဆဲလ္ေတြကို သတ္ပစ္ၿပီး အေရျပားကို ေျခာက္ေသြ႕ေစျခင္း၊ ပူစပ္ေစျခင္းနဲ႔ အေရခြံေတြ လန္တာနဲ႔အမွ် ယားယံျခင္းတို႔ကို ျဖစ္ေစမွာျဖစ္ပါတယ္။ ဒီလို ယားယံမႈကို ခံစားေနရမယ္ဆိုရင္ ထိုဧရိယာ တစ္ဝိုက္ကို ေရခဲတုံးမ်ားနဲ႔ ပြတ္တိုက္ေပးျခင္း၊ ေပါ့ေပါ့ပါးပါး ခ်ည္ထည္ အဝတ္အစားမ်ားကို ဝတ္ဆင္ျခင္းနဲ႔ အရည္ဓာတ္မ်ားမ်ား ေသာက္သုံးေပးျခင္းျဖင့္ယားယံမႈကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဒါ့အျပင္ ဟစ္စၥတာမင္းလို႔ေခၚတဲ့ မတည့္တဲ့အရာနဲ႔ ထိတဲ့အခါ ယားယံေစတဲ့ျဒပ္ေပါင္းကို တိုက္ဖ်က္ေပးတဲ့ antihistamines ေဆးေတြနဲ႔ corticosteroid ေဟာ္မုန္းေသာက္ေဆးေတြ ေသာက္ျခင္းျဖင့္လည္း ယားယံမႈကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

၁၁။ ရင္သားထိပ္ေခါင္းဆိုင္ရာ ပဲဂ်က္စ္ ေရာဂါ (Paget’s Disease of the Nipple)

၁၉ ရာစုခန္႕က ၿဗိတိန္ ဆရာဝန္တစ္ဦး ျဖစ္တဲ့ Sir James Paget ရဲ႕ နာမည္ကို ဂုဏ္ျပဳၿပီး ေခၚေဝၚထားတဲ့ ရင္သားထိပ္ေခါင္းဆိုင္ရာ ပဲဂ်က္စ္ ေရာဂါဟာ ရွားပါးတဲ့ ရင္သားကင္ဆာ ပုံစံတစ္မ်ိဳး ျဖစ္ၿပီး ကင္ဆာဆဲလ္ေတြက ရင္သားထိပ္ေခါင္းတစ္ဝိုက္မွာ ျဖစ္ေပၚတတ္ပါတယ္။ ဒီကင္ဆာဟာ ပထမဆုံး ရင္သားထိပ္ေခါင္း ႏို႔သယ္ႁပြန္ေတြမွာ စျဖစ္ၿပီး ေနာက္မွာရင္သားထိပ္ေခါင္း မ်က္ႏွာျပင္နဲ႔ areola လို႔ေခၚတဲ့ ရင္သားထိပ္ေခါင္း တစ္ဝိုက္က အနက္ေရာင္ အေရျပားေတြထဲကို ပ်ံ႕ႏွံသြားတတ္ပါတယ္။ ဒီကင္ဆာ ျဖစ္ေနမယ္မယ္ဆိုရင္လည္း ရင္သားထိပ္ေခါင္းေတြနဲ႔ ရင္သားထိပ္ေခါင္းတစ္ဝိုက္က အနက္ေရာင္ အေရျပားဟာ အေရခြံဖတ္ေတြ ျဖစ္ေပၚလာၿပီး နီရဲယားယံလာမွာ ျဖစ္ပါတယ္။ National Cancer Institute ရဲ႕ ေလ့လာခ်က္အရေတာ့ ရင္သားထိပ္ေခါင္းဆိုင္ရာ ပဲဂ်က္စ္ ေရာဂါဟာ အေမရိကန္ႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ ရင္သားကင္ဆာေတြရဲ႕ ၅ ရာခိုင္ႏႈန္း အထိသာ ရွိတယ္လို႔ ဆိုပါတယ္။ ရင္သား ထိပ္ေခါင္းဆိုင္ရာ ပဲဂ်က္စ္ ေရာဂါဟာ အေရျပားေတြ ကြၽတ္ဆပ္ၿပီး အေရခြံကြာတတ္တာေၾကာင့္
ႏွင္းခူနာနဲ႔ မွားတတ္ၾကပါတယ္။ ဒါေပမဲ့ ႏွင္းခူနာနဲ႔ ကြဲတဲ့အခ်က္က ဒီပဲဂ်က္စ္ေရာဂါဟာ ရင္သားထိပ္ေခါင္းတစ္ဖက္တည္းမွာပဲ ျဖစ္တတ္ၿပီး အဝါေရာင္ နဲ႔ ေသြးေရာင္ အရည္ေတြ ထြက္တာကိုေတြ႕ရမွာ ျဖစ္ပါတယ္။ အကယ္၍ ႏွင္းခူနာ ေပ်ာက္ေဆးေတြနဲ႔ကုသတာေတာင္မေပ်ာက္ဘူးဆိုရင္ ခႏၶာကိုယ္ အသားမွ်င္ကို စမ္းသပ္စစ္
ေဆးဖို႔လိုပါတယ္။ ပဲဂ်က္စ္ေရာဂါကို မ်ားေသာအားျဖင့္ ခြဲစိတ္ကုသေလ့ ရွိၿပီး ၿပီးမွာ ေရဒီယို ဓာတ္ေရာင္ျခည္နဲ႔ ကုသေလ့ ရွိပါတယ္။

၁၂။ အႏၲရာယ္ မရွိတဲ့ အက်ိတ္မ်ား။

တစ္ခါတစ္ရံမွာ ရင္သားႁပြန္ေတြ အထဲမွာ ျဖစ္တတ္တဲ့ ကင္ဆာက်ိတ္မဟုတ္တဲ့ သာမန္အက်ိတ္ေတြကလည္း ရင္သားထိပ္ေခါင္း အေရခြံေတြကုိ မာေၾကာယားယံေစႏိုင္ပါတယ္။ အက်ိတ္အတြက္ ေရာဂါ စစ္ေဆးမယ္ဆိုရင္ေတာ့ ဆရာဝန္ေတြက ရင္သားႁပြန္ေတြကိုဓာတ္မွန္ ႐ိုက္ျခင္း၊ ႏႈန္းလြန္အသံလႈိင္း (ultrasound) ႐ိုက္ျခင္း၊ Mammography လို႔ေခၚတဲ့ X-Ray ျဖင့္ ရင္သားပုံရိပ္ေဖာ္ နည္းစနစ္မ်ားနဲ႔ စစ္ေဆးႏိုင္မွာ ျဖစ္ပါတယ္။ အမ်ားဆုံး ဒီအက်ိတ္ေတြကို ခြဲစိတ္ၿပီး ကုသေလ့ရွိၾကပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ရင်သားတွေဟာ အာရုံခံစားနိုင်စွမ်းကောင်းမွန်ပြီး နူးညံတဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရင်သားဟာ ယားယံလွယ်တတ်ပါတယ်။ များသောအားဖြင့် ရင်သားတွေ အဝတ်နဲ့ ပွတ်တိုက်မိခြင်း၊ နှင်းခူနာ၊ နို့ချိုတိုက်ကျွေးရခြင်း၊ သန္ဓေလွယ်ထားရခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ရင်သားတွေ ယားယံတတ်ကြပါတယ်။ ပြင်းထန်တဲ့ ရောဂါ ဖြစ်နေလို့ ရင်သားယားယံတဲ့ ဖြစ်စဉ်တွေက တော်တော်ရှားပါတယ်။ ရင်သားယားယံတဲ့အခါ များသောအားဖြင့် ကုတ်လိုက်ရုံနဲ့ သာမန်ပျောက်သွားလေ့ရှိပေမဲ့ တစ်ခါတစ်ရံ ယားနာပျောက်ဆေးလို ဆေးတွေသုံးတာတောင် ယားနေတုန်းဆိုရင်တော့ တစ်ခြား ရောဂါတွေ ဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါပြီ။ ကျွန်တော် ဒီဆောင်းပါးလေးထဲမှာတော့ Hello ဆရာဝန်စာဖတ်ပရိတ်သတ် အမျိုးသမီးတွေ အတွက် ရင်သားယားယံရခြင်း အကြောင်းရင်းတွေကို ဖော်ပြပေးသွားမှာပါ။

၁။ ရာသီဥတု ခြောက်သွေ့ခြင်း။

အေးချမ်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုတွေက သင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ယားယံစေနိုင်ပါတယ်။ ဒါ့ကြောင့် ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေလည်း ရာသီဥတုကြောင့် ရောင်ရမ်းနိုင်ပြီး ရင်သားဟာ အနီရောင်ပေါက်ပြီး ပွန်းပဲ့နာများ ဖြစ်နေတာကိုတွေ့ရမှာပါ။ ဒီလိုအချိန်မျိုးမှာဆိုရင် ရေနွေးနွေးလေးနဲ့ ရေ ၁၀ မိနစ် ခန့်ချိုးပေးပါ။ ရေနွေးနဲ့ မချိုးပါနဲ့။ ဘာကြောင့်လဲဆိုတော့ ရေနွေးတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှ အရေးပါတဲ့ အဆီတွေကို ပါသွားစေနိုင်ပြီး အရေပြားကို ပိုပြီးတော့တောင် ခြောက်သွေ့စေနိုင်တာကြောင့်မို့ပါ။ ပြီးရင် သဘတ်ဖြင့် ရေသုတ်ပြီး ခရမ်ဖြစ်ဖြစ်၊ လိမ်းဆေးဆီဖြစ်ဖြစ် ရင်သားများကို လိမ်းကျံပေးခြင်းဖြင့် ခြောက်သွေ့ခြင်းကြောင့် ဖြစ်တဲ့ ယားယံခြင်းကို ပျောက်ကင်းစေနိုင်မှာဖြစ်ပါတယ်။

၂။ နှင်းခူနာ။

နှင်းခူနာ ဖြစ်မယ်ဆိုရင် ရင်သားထိပ်ခေါင်းမှာ ကြွပ်ဆတ်တဲ့ အရေခွံတွေကိုတွေ့လာရမှာ ဖြစ်ပါတယ်။ နှင်းခူနာ ဖြစ်နေမယ်ဆိုရင် ceramides လို့ခေါ်တဲ့ အဆီမော်လီကျူးတွေပါဝင်တဲ့ လိမ်းဆေးတွေ၊ အရေပြားကို သက်သာစေမယ့် အဆီကဲ့သို့သော ပါဝင်ပစ္စည်းတွေပါဝင်တဲ့ လိမ်းဆေးတွေကို လိမ်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှ သဘာအတိုင်း ထုတ်လုပ်တဲ့ Cortisol ဟော်မုန်း ဆေးခရမ်ဖြစ်တဲ့ hydrocortisone ဟာ ရင်သားရောင်ရမ်းခြင်းနဲ့ ယားယံခြင်း တို့ကိုပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် ဆရာဝန်ထံပြသမယ်ဆိုရင် နှင်းခူနာအတွက် ဆီပါတဲ့ လိမ်းဆေးမျိုးကို လိမ်းဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။ နှင်းခူနာ ဖြစ်နေတဲ့အချိန် ရင်သားမှ အရည်တွေ စိမ့်ထွက်လာမယ်၊ နာကျင်လာမယ်ဆိုရင် ကူးစက်ရောဂါ ကူးစက်ခံရခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်တဲ့ အတွက် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

၃။ ဆပ်ပြာများ။

ရင်သားတွေ ယားယံခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာက သင်သုံးနေတဲ့ ဆပ်ပြာ အမှတ်တံဆိပ်အသစ်တွေ၊ Lotion တွေနဲ့ အဝတ်လျှော် ဆပ်ပြာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ သန့်စင်ရေး ထုတ်ကုန်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ dermatitis လို့ခေါ်တဲ့ အရေပြားနီပြီး ရောင်အန်းနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီ အရေပြားတွေကို နီရဲစေတဲ့ အနာတွေဟာ ခန္ဓာကိုယ်ကို ယားယံစေနိုင်ပါတယ်။ ဒီလို ဆပ်ပြာသစ် ပြောင်းသုံးလို့ ရင်သားတွေ ယားယံလာရင် allergic မဖြစ်စေဖို့ အတွက် ထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေ၊ အနံ့မပါတဲ့ ဆပ်ပြာတွေနဲ့ အရောင်မပါတဲ့ ဆပ်ပြာတွေကို ပြောင်းလဲသုံးကြည့်ပါ။

၄။ အတွင်းခံ အဝတ်အစားများ။

တစ်ခါတစ်ရံမှာ သင့်ရဲ့ ဘရာစီယာနဲ့ အမျိုးသမီး ဝတ်အတွင်းခံတွေမှာပါဝင်တဲ့ ချည်သားတွေနဲ့ ဆိုးဆေးတွေကို ဓာတ်တုံ့ပြန်တဲ့အနေနဲ့ ရင်သားတွေ၊ ရင်သားထိပ်ခေါင်းတွေ ယားယံတတ်ပါတယ်။ ဒီလို ဓာတ်မတည့်တဲ့အခါ ဒီအထည်တွေနဲ့ ထိလိုက်တာနဲ့ dermatitis လို့ခေါ်တဲ့ အရေပြားနီပြီး ရောင်အန်းနာတွေကို ဖြစ်စေပါတယ်။ အကယ်၍ ဒီလို အောက်ခံအဝတ်အစားတွေ ဝတ်အပြီးမှ dermatitis ဖြစ်လာမယ်ဆိုရင် dermatitis တွေ ပြန်လည်ပျောက်ကင်းသွားအောင်
ကိုယ်အရင်က ဝတ်နေကျ အောက်ခံအဝတ်အစားတွေကို ခဏမျှ ပြန်လည်ပြောင်းဝတ်ဆင်သင့်ပါတယ်။

၅။ ပွတ်တိုက်ခြင်း။

လေ့ကျင့်ခန်း လုပ်တဲ့အခါ သင်ရဲ့ ဘရာစီယာက အရမ်းကျပ်နေမယ်ဆိုရင် ရင်သားထိပ်ခေါင်းတွေက အဝတ်စနဲ့ သွားတိုက်မိနိုင်ပြီး ပွန်းရှနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဒဏ်ရာတွေဖြစ်နေမယ်ဆိုရင် ယားယံမှုနဲ့ နာကျင်မှုကို ပိုခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်မယ်ဆိုရင်တော့ Vaseline လို့ခေါ်တဲ့ ရေနံဂျယ်လီတွေကို လေ့ကျင့်ခန်း မလုပ်ခင် ထို ဧရိယာတစ်ဝိုက်မှာ လိမ်းထားသင့်ပြီး ဘရာစီယာကလည်း အရမ်းမကျပ်ဘဲ အတင့်အသင့် ဖြစ်နေဖို့ လိုပါတယ်။

၆။ ကိုယ်ဝန်ရှိခြင်း။

ကိုယ်ဝန်လွယ်ထားရချိန်ဆိုရင် ကိုယ်အလေးချိန်တက်လာခြင်း၊ မနက်ပိုင်း ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း၊ ဟော်မုန်း အတက်အကျဖြစ်ခြင်းနဲ့အတူ ရင်သားယားယံခြင်းကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကိုယ်ဝန်ဆောင်ရခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပြီး ဟော်မုန်းပြောင်းလဲခြင်းနဲ့ အတူ ရင်သားတွေက ကလေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ ပြင်ဆင်တဲ့ အနေနဲ့ ပြည့်တင်းလာမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုးကိုမှုန့် ရတဲ့အဆီများ၊ သိုးမွှေးများရတဲ့အဆီများကို သုံးခြင်းက ရင်သားယားယံခြင်းကို လျှော့ကျစေမှာ ဖြစ်ပါတယ်။

၇။ နို့ချိုတိုက်ကျွေးရခြင်း။

နို့ရည် အကြွင်းအကျန်တွေ၊ နို့ရည်သယ်ပြွန်တွေ ပိတ်ဆို့ခြင်းနဲ့ နို့ချိုတိုက်ကျွေးတဲ့ အခါ အနေအထားမမှန်တဲ့အခါမှာ ရင်သားထိပ်ခေါင်းတွေ နာကျင်ပြီး ယားယံလာနိုင်ပါတယ်။ နို့ချို့တိုက်ကျွေးတဲ့အခါ ရင်သားထိပ်ခေါင်းတွေကို သန့်ရှင်းအောင်လည်း ထားသင့်ပြီး ရင်သားနာကျင်ယားယံနေမယ်ဆိုရင်တော့ သိုမွှေးမှရတဲ့ လိမ်းဆေးဆီ (Lanolin ointment) တွေ လိမ်းပေးခြင်းက ရင်သားယားယံခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

၈။ မှက္ခရု။

နို့ချိုတိုက်ကျွေးနေတဲ့အချိန် ရင်သားထိပ်ခေါင်းနားတစ်ဝိုက်မှာ ယားယံရုံသာကဘဲ အရေပြား အလွှာချပ်တွေကိုပါ တွေ့နေရမယ်ဆိုရင်တော့ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုး ပေါက်ခြင်းကြောင့် ဖြစ်ရတဲ့ မှက္ခရု ဝေဒနာကို ခံစားနေရတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် မှိုတွေကို တိုက်ဖျက်နိုင်တဲ့ လိမ်းဆေးတွေကိုရင်သားနဲ့ ရင်သားထိပ်ခေါင်းနား တစ်ဝိုက် လိမ်းပေးနိုင်ပြီး မပြင်းတဲ့ မှိုတိုက်ဖျက်ဆေးတွေလည်း သောက်သုံးပြီး ကုသနိုင်မှာ ဖြစ်ပါတယ်။

၉။ သွေးဆုံးခြင်း။

အမျိုးသမီးတွေရဲ့ ဘဝဖြစ်စဉ်ထဲမှာ မဖြစ်မနေဖြတ်သန်းရမယ့် သွေးဆုံးချိန်ရောက်လာချိန်မှာတော့ အရေပြားတွေ ပါးလာခြင်း၊ ခြောက်သွေ့လာခြင်းနဲ့ ပိုယားယံလာခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို အရာတွေဟာ ဟော်မုန်း ပမာဏ အတက်အကျ မြန်လာခြင်းနဲ့ အီစထရိုဂျင် ဟော်မုန် နည်းလာခြင်းတို့ကြောင့် ဖြစ်ရတာ ဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အဆီတွေ မထုတ်လုပ်နိုင်တော့တဲ့ အတွက် အရေပြားပိုမို ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီး မွေးလမ်းကြောင်းနဲ့ ရင်သားထိပ်ခေါင်းတွေမှာ ယားယံမှုတွေကို ခံစားလာရမှာပါ။ ဒါကို ကုသဖို့ အတွက်ဆိုရင်တော့ အရမ်းမပြင်းတဲ့ ဆပ်ပြာနဲ့ ရေချိုးခြင်း၊ Lotion များလိမ်းပေးနိုင်ပြီး ရေပူနဲ့ ရေချိုးခြင်းတို့ကို သတိထားရှောင်ကြဉ်သင့်ပါတယ်။

၁၀။ ရေဒီယို ဓာတ်ရောင်ခြည် ဖြင့် ကုသခြင်း။

ရင်သားကင်ဆာ ဖြစ်ရင် ကုသရတဲ့ နည်းလမ်းတွေက ကုသမှု ဖြစ်စဉ်ပြီးသွားရင်တောင် ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေကို ပြင်းထန်စွာ ယားယံစေနိုင်ပါတယ်။ ရေဒီယိုဓာတ်ရောင်ခြည်ဟာ အရေပြားဆဲလ်တွေကို သတ်ပစ်ပြီး အရေပြားကို ခြောက်သွေ့စေခြင်း၊ ပူစပ်စေခြင်းနဲ့ အရေခွံတွေ လန်တာနဲ့အမျှ ယားယံခြင်းတို့ကို ဖြစ်စေမှာဖြစ်ပါတယ်။ ဒီလို ယားယံမှုကို ခံစားနေရမယ်ဆိုရင် ထိုဧရိယာ တစ်ဝိုက်ကို ရေခဲတုံးများနဲ့ ပွတ်တိုက်ပေးခြင်း၊ ပေါ့ပေါ့ပါးပါး ချည်ထည် အဝတ်အစားများကို ဝတ်ဆင်ခြင်းနဲ့ အရည်ဓာတ်များများ သောက်သုံးပေးခြင်းဖြင့်ယားယံမှုကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ဟစ်စ္စတာမင်းလို့ခေါ်တဲ့ မတည့်တဲ့အရာနဲ့ ထိတဲ့အခါ ယားယံစေတဲ့ဒြပ်ပေါင်းကို တိုက်ဖျက်ပေးတဲ့ antihistamines ဆေးတွေနဲ့ corticosteroid ဟော်မုန်းသောက်ဆေးတွေ သောက်ခြင်းဖြင့်လည်း ယားယံမှုကို လျှော့ချနိုင်ပါတယ်။

၁၁။ ရင်သားထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါ (Paget’s Disease of the Nipple)

၁၉ ရာစုခန့်က ဗြိတိန် ဆရာဝန်တစ်ဦး ဖြစ်တဲ့ Sir James Paget ရဲ့ နာမည်ကို ဂုဏ်ပြုပြီး ခေါ်ဝေါ်ထားတဲ့ ရင်သားထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါဟာ ရှားပါးတဲ့ ရင်သားကင်ဆာ ပုံစံတစ်မျိုး ဖြစ်ပြီး ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီကင်ဆာဟာ ပထမဆုံး ရင်သားထိပ်ခေါင်း နို့သယ်ပြွန်တွေမှာ စဖြစ်ပြီး နောက်မှာရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ areola လို့ခေါ်တဲ့ ရင်သားထိပ်ခေါင်း တစ်ဝိုက်က အနက်ရောင် အရေပြားတွေထဲကို ပျံ့နှံသွားတတ်ပါတယ်။ ဒီကင်ဆာ ဖြစ်နေမယ်မယ်ဆိုရင်လည်း ရင်သားထိပ်ခေါင်းတွေနဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က အနက်ရောင် အရေပြားဟာ အရေခွံဖတ်တွေ ဖြစ်ပေါ်လာပြီး နီရဲယားယံလာမှာ ဖြစ်ပါတယ်။ National Cancer Institute ရဲ့ လေ့လာချက်အရတော့ ရင်သားထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရင်သားကင်ဆာတွေရဲ့ ၅ ရာခိုင်နှုန်း အထိသာ ရှိတယ်လို့ ဆိုပါတယ်။ ရင်သား ထိပ်ခေါင်းဆိုင်ရာ ပဲဂျက်စ် ရောဂါဟာ အရေပြားတွေ ကျွတ်ဆပ်ပြီး အရေခွံကွာတတ်တာကြောင့်
နှင်းခူနာနဲ့ မှားတတ်ကြပါတယ်။ ဒါပေမဲ့ နှင်းခူနာနဲ့ ကွဲတဲ့အချက်က ဒီပဲဂျက်စ်ရောဂါဟာ ရင်သားထိပ်ခေါင်းတစ်ဖက်တည်းမှာပဲ ဖြစ်တတ်ပြီး အဝါရောင် နဲ့ သွေးရောင် အရည်တွေ ထွက်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အကယ်၍ နှင်းခူနာ ပျောက်ဆေးတွေနဲ့ကုသတာတောင်မပျောက်ဘူးဆိုရင် ခန္ဓာကိုယ် အသားမျှင်ကို စမ်းသပ်စစ်
ဆေးဖို့လိုပါတယ်။ ပဲဂျက်စ်ရောဂါကို များသောအားဖြင့် ခွဲစိတ်ကုသလေ့ ရှိပြီး ပြီးမှာ ရေဒီယို ဓာတ်ရောင်ခြည်နဲ့ ကုသလေ့ ရှိပါတယ်။

၁၂။ အန္တရာယ် မရှိတဲ့ အကျိတ်များ။

တစ်ခါတစ်ရံမှာ ရင်သားပြွန်တွေ အထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာကျိတ်မဟုတ်တဲ့ သာမန်အကျိတ်တွေကလည်း ရင်သားထိပ်ခေါင်း အရေခွံတွေကို မာကြောယားယံစေနိုင်ပါတယ်။ အကျိတ်အတွက် ရောဂါ စစ်ဆေးမယ်ဆိုရင်တော့ ဆရာဝန်တွေက ရင်သားပြွန်တွေကိုဓာတ်မှန် ရိုက်ခြင်း၊ နှုန်းလွန်အသံလှိုင်း (ultrasound) ရိုက်ခြင်း၊ Mammography လို့ခေါ်တဲ့ X-Ray ဖြင့် ရင်သားပုံရိပ်ဖော် နည်းစနစ်များနဲ့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အများဆုံး ဒီအကျိတ်တွေကို ခွဲစိတ်ပြီး ကုသလေ့ရှိကြပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top