iMyanmarHouse.com - Best Property Website for Myanmar
×

သီချင်းချိုချိုအေးအေးလေးတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ တေးသံရှင် မနောကတော့ ပရိသတ်တွေခံစားစီးမျောနိုင်ဖို့အတွက်အတွက် သီချင်းအသစ်လေးတွေကို အမြဲကြိုးစားပြီး ဖန်တီးနေတာပဲ ဖြစ်ပါတယ်။








Credit: Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
သီချင်းချိုချိုအေးအေးလေးတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ တေးသံရှင် မနောကတော့ ပရိသတ်တွေခံစားစီးမျောနိူင်ဖို့အတွက်အတွက် သီချင်းအသစ်လေးတွေကို အမြဲကြိုးစားပြီး ဖန်တီးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ မနောက သီချင်းအသစ်လေးတစ်ပုဒ်ကို ပုံဖော်နေတဲ့ပုံရိပ်တွေနဲ့ သီချင်းအသစ်လေးကို သုံးရက်အတွင်း တင်ပေးမယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာရေးသားထားတာ တွေ့ရပါတယ်။ ဒီသီချင်းအသစ်လေးမှာတော့ မနောက ဆယ်ကျော်သက်အရွယ်ကျောင်းသားလေးတစ်ဦး ပြန်ဖြစ်လို့နေတာပါ။ ချစ်ပရိသတ်တွေအတွက် သီချင်းအသစ်အတွက် ပုံဖော်သရုပ်ဆောင်နေတဲ့ မနောရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်မြတ်နိုးရတဲ့အနုပညာအလုပ်ကိုလုပ်နေရတာမို့ မနောကတော့ ပျော်နေတာပါပဲနော်။

မနောကတော့ လတ်တလောမှာလည်း *ခဏ ခဏချော့ * သီချင်းလေးကိုလည်း ပရိသတ်တွေနားဆင်ဖို့အတွက် ဝေမျှပေးထားပါသေးတယ်နော်။

မနောကတော့ “မဂ်လာပါအဆိုတော် ပိုပို မှရေးပေးထားတဲ့သီချင်းအသစ်လေးကျနော်ကြိုက်လွန်းလို့ဆိုထားတယ်ဗျို့တင်မယ်နော် (၃)ရက်အတွင်းအားပေးအုန်းဗျားးးအဲဒါ အဲဒါ အရေးကြီးတယ်နောခဏတိုင်းခဏတိုင်းကိုအားပေးအုန်းဗျို့” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ သတင်းကောင်းပါးထားတာပဲ ဖြစ်ပါတယ်။

မနောကတော့ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဆိုတာ သူ့ရဲ့MTV တွေကိုကြည့်ရင် သိနိုင်ပါတယ်။

မနောကတော့ လတ်တလောမှာ ချစ်ရတဲ့ပရိသတ်တွေအတွက် သီချင်းတွေဆက်တိုက်ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း မနောအကောင်းဆုံးကြိုးစားထားတဲ့ သီချင်းလေးထွက်လာရင်လည်း အားပေးကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။

Source;Manaw’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top