iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ခ်လုိက္တာ မဟုတ္ပါဘူး။

သရုပ္ေဆာင္ အကယ္ဒမီသက္မြန္ျမင့္ကေတာ့ လတ္တေလာမွာ ေတာ္ေတာ္ေနမေကာင္းျဖစ္သြားလုိ႔ ခႏၶာကုိယ္အခ်ဳိးအစားက ပိန္သြားတာ ပါလုိ႔ဆုိပါတယ္။ သူ႔အေနနဲ႔ အစာအိမ္ေရာဂါေၾကာင့္ ဘာအစားမွလည္း မစားႏုိင္ခဲ့သလုိ အရည္ေတြပဲ တစ္လနီးပါးေလာက္ ေသာက္ရတဲ့ အခ်ိန္မွာ အားမရွိပဲ ပိန္ခဲ့တာပါတဲ့ ။ သူဝိတ္ခ်တာ မဟုတ္ဘူးလုိ႔လည္း Media ကေနေျပာျပခဲ့ပါတယ္။

” က်န္းမာေရးေၾကာင့္ပါ၊ ေတာ္ေတာ္ေနမေကာင္းျဖစ္သြားတယ္၊ အစာအိမ္ထိသြားတယ္ ထင္ပါတယ္။ အစားက သိပ္စားလုိ႔မရဘူး၊ အဲ့ဒီေတာ့ လူကသိပ္အား မျပည့္ပဲနဲ႔ ပိန္သြားတာပါ။ ဝိတ္ေလွ်ာ့လုိ႔ မဟုတ္ပါဘူး။ အရင္ကတည္းက အစာအိမ္ရွိတာပါ ဘာေၾကာင့္လဲဆုိေတာ့ သက္မြန္ တုိ႔ အႏုပညာသမားေတြက ထမင္းစားတဲ့အခ်ိန္ မမွန္ဘူးဆုိေတာ့ အစာအိမ္ကေတာ့ ရွိေနၿပီးသား ေနာက္က်ေတာ့ ဝမ္းသြားတဲ့ အခ်ိန္မွာ အစာလုံးဝ မဝင္ဘူး။ အရည္ေတြပဲ ေသာက္ရတာက တစ္လ နီးပါးေလာက္ျဖစ္သြားတဲ့အခါက်ေတာ့ ေတာ္ေတာ္ထိသြားတာေပါ့” ဆုိၿပီးေတာ့ ဇႊြန္လ ၁၆ ရက္ေန႔က E Sprit ဆုိင္ဖြင့္ပြဲက Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

သက္မြန္ျမင့္ဟာ ဒီတစ္ေခါက္ေနမေကာင္းျဖစ္တာကေတာ့ သူ႔အတြက္ အဆိုးဆုံးပါပဲတဲ့။ တစ္ခါမွလည္း မႀကဳံခဲ့ဖူးဘူးလုိ႔ ဆုိပါတယ္။ ဒါေၾကာင့္လည္း မိသားစုေတြက အရင္ကထက္ပုိၿပီးေတာ့ဂရုတစုိက္ရွိခဲ့ၾကတယ္လုိ႔ သူကေျပာပါတယ္။

” အမ်ားႀကီးဂရုစုိက္ေပးပါတယ္။ ဒီတစ္ေခါက္ေလာက္ ေနမေကာင္းျဖစ္တာ သက္မြန္မႀကဳံဖူးဘူး၊ ဒီတစ္ခါ အဆုိးဆုံးေပါ့ေနာ္။

ႏွစ္ပတ္ ေလာက္အတြင္းကုိ ဒရစ္(ပ္) ၆ ပုလင္းေလာက္ ခ်ိတ္လုိက္ရတယ္။ အိမ္မွာ အစ္မကလည္း နာ့စ္၊ ေယာကၡမကလည္း ဆရာဝန္ဆုိေတာ့ သူတုိ႔ကလည္း ဘယ္လုိမွ အစားကသြင္းလုိ႔မရဘူးဆုိေတာ့ သူတုိ႔က ဒရစ္(ပ္) ခ်ိတ္ေပးရတယ္”လို႔ဆုိပါတယ္။

အကယ္ဒမီသရုပ္ေဆာင္ သက္မြန္ျမင့္ဟာ လက္ရွိရပ္တည္ေနတဲ့ ဘဝကေတာ့ သူ႔ရဲ႕ ဆႏၵနဲ႔ ထပ္တူမက်ေသးဘူးလုိ႔ ဆုိပါတယ္။

” ဆႏၵနဲ႔ ဘဝ တစ္ထပ္တည္းက်လားဆုိေတာ့ မက်ဘူးလုိ႔ေျပာရမယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေမ်ွာ္လင့္ထားတဲ့ ဘဝလည္းရွိတယ္၊ မေမွ်ာ္လင့္ ထားပဲနဲ႔ အေကာင္းဘက္ကုိ ပုိင္ဆုိင္တဲ့ဘဝလည္းရွိတယ္၊ အဆုိးဘက္ကုိ ပုိင္ဆုိင္တဲ့ ဘဝလည္းရွိတယ္။ ဘဝတစ္ခုမွာ အဆုိး အေကာင္း ဆုိတာအမ်ားႀကီး ဒြန္တြဲပါတယ္။ ဘာပဲျဖစ္ျဖစ္ ကုိယ္စိတ္ခ်မ္းသာေပ်ာ္ရႊင္ရတယ္ဆုိရင္ ေက်နပ္စရာေကာင္းတဲ့ ဘဝပါပဲ” လုိ႔ သူကေျပာပါတယ္။

သက္မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမခ်စ္တဲ့အ ႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။ သူ႔အေနနဲ႔ ကမ္းလွမ္း လာ တဲ့ ကာရုိက္တာတုိင္းကုိလည္း အေကာင္းဆုံးႀကိဳးစားသရုပ္ေဆာင္ခဲ့လုိ႔ တစ္ေန႔ထက္တစ္ေန႔ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ ပုိင္ဆုိင္ခဲ့တာျဖစ္ပါတယ္။ သက္မြန္ျမင့္ဟာ ေလွ်ာက္လွမ္းလာတဲ့ အႏုပညာပန္းတုိင္အျဖစ္ အကယ္ဒမီရုပ္တု ၂ ဆုကုိလည္း ပုိင္ဆုိင္ထားႏုိင္ပါၿပီ။

သက္မြန္ျမင့္ကေတာ့ သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာ ဒါရိုက္တာဝိုင္း ရိုက္ကူးတဲ့ ” အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ရုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ ဆုကို ရရွိထားသူ တစ္ဦး ျဖစ္သလို ၂၀၁၆ခုႏွစ္က က်င္းပခဲ့တဲ့ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ ဆုေပးပြဲမွာ “ခ်စ္လွစြာေသာအမုန္း” ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။

Credit: Kyaw Kyaw - mmfeed
# Unicode Version ျဖင့္ ဖတ္ပါ #
ဝိတ်ချလိုက်တာ မဟုတ်ပါဘူး။

သရုပ်ဆောင် အကယ်ဒမီသက်မွန်မြင့်ကတော့ လတ်တလောမှာ တော်တော်နေမကောင်းဖြစ်သွားလို့ ခန္ဓာကိုယ်အချိုးအစားက ပိန်သွားတာ ပါလို့ဆိုပါတယ်။ သူ့အနေနဲ့ အစာအိမ်ရောဂါကြောင့် ဘာအစားမှလည်း မစားနိုင်ခဲ့သလို အရည်တွေပဲ တစ်လနီးပါးလောက် သောက်ရတဲ့ အချိန်မှာ အားမရှိပဲ ပိန်ခဲ့တာပါတဲ့ ။ သူဝိတ်ချတာ မဟုတ်ဘူးလို့လည်း Media ကနေပြောပြခဲ့ပါတယ်။

” ကျန်းမာရေးကြောင့်ပါ၊ တော်တော်နေမကောင်းဖြစ်သွားတယ်၊ အစာအိမ်ထိသွားတယ် ထင်ပါတယ်။ အစားက သိပ်စားလို့မရဘူး၊ အဲ့ဒီတော့ လူကသိပ်အား မပြည့်ပဲနဲ့ ပိန်သွားတာပါ။ ဝိတ်လျှော့လို့ မဟုတ်ပါဘူး။ အရင်ကတည်းက အစာအိမ်ရှိတာပါ ဘာကြောင့်လဲဆိုတော့ သက်မွန် တို့ အနုပညာသမားတွေက ထမင်းစားတဲ့အချိန် မမှန်ဘူးဆိုတော့ အစာအိမ်ကတော့ ရှိနေပြီးသား နောက်ကျတော့ ဝမ်းသွားတဲ့ အချိန်မှာ အစာလုံးဝ မဝင်ဘူး။ အရည်တွေပဲ သောက်ရတာက တစ်လ နီးပါးလောက်ဖြစ်သွားတဲ့အခါကျတော့ တော်တော်ထိသွားတာပေါ့” ဆိုပြီးတော့ ဇွှွန်လ ၁၆ ရက်နေ့က E Sprit ဆိုင်ဖွင့်ပွဲက Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

သက်မွန်မြင့်ဟာ ဒီတစ်ခေါက်နေမကောင်းဖြစ်တာကတော့ သူ့အတွက် အဆိုးဆုံးပါပဲတဲ့။ တစ်ခါမှလည်း မကြုံခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း မိသားစုတွေက အရင်ကထက်ပိုပြီးတော့ဂရုတစိုက်ရှိခဲ့ကြတယ်လို့ သူကပြောပါတယ်။

” အများကြီးဂရုစိုက်ပေးပါတယ်။ ဒီတစ်ခေါက်လောက် နေမကောင်းဖြစ်တာ သက်မွန်မကြုံဖူးဘူး၊ ဒီတစ်ခါ အဆိုးဆုံးပေါ့နော်။

နှစ်ပတ် လောက်အတွင်းကို ဒရစ်(ပ်) ၆ ပုလင်းလောက် ချိတ်လိုက်ရတယ်။ အိမ်မှာ အစ်မကလည်း နာ့စ်၊ ယောက္ခမကလည်း ဆရာဝန်ဆိုတော့ သူတို့ကလည်း ဘယ်လိုမှ အစားကသွင်းလို့မရဘူးဆိုတော့ သူတို့က ဒရစ်(ပ်) ချိတ်ပေးရတယ်”လို့ဆိုပါတယ်။

အကယ်ဒမီသရုပ်ဆောင် သက်မွန်မြင့်ဟာ လက်ရှိရပ်တည်နေတဲ့ ဘဝကတော့ သူ့ရဲ့ ဆန္ဒနဲ့ ထပ်တူမကျသေးဘူးလို့ ဆိုပါတယ်။

” ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်းကျလားဆိုတော့ မကျဘူးလို့ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ မျှော်လင့်ထားတဲ့ ဘဝလည်းရှိတယ်၊ မမျှော်လင့် ထားပဲနဲ့ အကောင်းဘက်ကို ပိုင်ဆိုင်တဲ့ဘဝလည်းရှိတယ်၊ အဆိုးဘက်ကို ပိုင်ဆိုင်တဲ့ ဘဝလည်းရှိတယ်။ ဘဝတစ်ခုမှာ အဆိုး အကောင်း ဆိုတာအများကြီး ဒွန်တွဲပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ချမ်းသာပျော်ရွှင်ရတယ်ဆိုရင် ကျေနပ်စရာကောင်းတဲ့ ဘဝပါပဲ” လို့ သူကပြောပါတယ်။

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အ နုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ သူ့အနေနဲ့ ကမ်းလှမ်း လာ တဲ့ ကာရိုက်တာတိုင်းကိုလည်း အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့လို့ တစ်နေ့ထက်တစ်နေ့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ လျှောက်လှမ်းလာတဲ့ အနုပညာပန်းတိုင်အဖြစ် အကယ်ဒမီရုပ်တု ၂ ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ပါပြီ။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ” အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Credit: Kyaw Kyaw - mmfeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top