iMyanmarHouse.com - Best Property Website for Myanmar
×

နိုင်​ငံ​ကျော်​အနုပညာရှင်​နှစ်​ဦးဖြစ်​ကြတဲ့ ​အောင်​ရဲလင်းနဲ့ သင်​ဇာဝင့်​​ကျော်​တို့နှစ်​ဦးက​တော့ သရုပ်​​ဆောင်းမှာထူးချွန်​တာ​ကြောင့်​ ပရိသတ်​ရဲ့ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားကြတာပဲ ဖြစ်​ပါတယ်​။







Credit: Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
နိူင်ငံကျော်အနုပညာရှင်နှစ်ဦးဖြစ်ကြတဲ့ အောင်ရဲလင်းနဲ့ သင်ဇာဝင့်ကျော်တို့နှစ်ဦးကတော့ သရုပ်ဆောင်းမှာထူးချွန်တာကြောင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားကြတာပဲ ဖြစ်ပါတယ်။

ဇာတ်ကားတွေတော်တော်များများမှာ အတူတွဲသရုပ်ဆောင်လေ့ရှိတဲ့ သူတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး မောင်နှမအရင်းတွေလို ခင်မင်ကြတာပါ။ သင်ဇာဝင့်ကျော်ကတော့ ဒီနေ့လေးမှာ ကျရောက်တဲ့ အောင်ရဲလင်းရဲ့ အသက်၃၀ပြည့်မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ သင်ဇာ့ရဲ့မွေးနေ့ဆုတောင်းစကားလေးရဲ့အောက်မှာတော့ အောင်ရဲလင်းက မထိတထိလေးနဲ့ ကျေးဇူးတင်စကားပြန်လည်ဆိုခဲ့တာပါ။

အောင်ရဲလင်းကတောာ “peaceful my full of 30th birthday (19.6.88 ) under the embrace of..” Lord Buddha ” n all my thanks goes to the ones who wish for me….:)) I wish all of the people…to b healthy…wealthy n…happy 🙂 ဆိုပြီး အသက်၃၀ပြည့်မွေးနေ့ကို ဘုရားမှာအေးအေးချမ်းချမ်းဖြတ်သန်းခဲ့တဲ့အကြောင်းနဲ့ လူတွေအကုန်လုံး ကျန်းမာချမ်းသာကြစေဖို့ ဆုတောင်းပေးထားတာပါ။

အောင်ရဲလင်းကတော့ “Thanks you chit sone🌚🌚” “ကျေးဇူးပါ အချစ်ဆုံးရေ” ဆိုပြီး ချစ်စနိုးနဲ့ မထိတထိလေးကျေးဇူးတင်ခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ အပြန်အလှန်ပြောနေပုံကိုကြည့်ရတာတော့ အရမ်းကို ချစ်ဖို့ကောင်းပါတယ်။

အောင်ရဲလင်းကတော့ အမြဲလိုလိုဖက်ရှင်ကျနေတတ်တာကြောင့်ရော ယောက်ျားပီသတဲ့ ရုပ်ရည်ကြောင့်ပါ အားပေးတဲ့ပရိသ်တွေ တစ်နေ့တစ်ခြား ပိုပိုများလာတာပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး အောင်ရဲလင်းရဲ့အချစ်ခရီးလမ်းကတော့ ချစ်တတ်လွန်းတဲ့ ချစ်သူလေးနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ အလန်းစားမမချော သင်ဇာဝင့်ကျော်ကတော့ ချစ်ရတဲ့အနုပညာကိုပဲ အာရုံစိုက်ပြီး ဘဝကိုတည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနေတာပါ။အောင်ရဲလင်းနဲ့ သင်ဇာတို့နှစ်ဦး အတိုင်အဖောက်ညီညီသရုပ်ဆောင်ခဲ့ကြတဲ့ “ဝိညဉ်ကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေသဲသဲလှုပ်အားပေးခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အောင်ရဲလင်းနဲ့ သင်ဇာဝင့်ကျော်တို့ အနုပညာမောင်နှမနှစ်ဦးကို အရင်ကထက်ပိုချစ်ပေးလိုက်ကြပါဦးနော်။

Source:Aung Ye Lin’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top