iMyanmarHouse.com - Best Property Website for Myanmar
×

မိုးရာသီမွာ ပတ္၀န္းက်င္ကလည္း စိုထိုင္းဆမ်ားတာရယ္၊ အင္းဆက္ေတြ ေပါက္ဖြားလြယ္တာရယ္ ၊ လက္မသန္႕တာမ်ားတာရယ္တို႔ေၾကာင့္ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ အျဖစ္မ်ားပါတယ္။ ၀မ္းပ်က္၀မ္းေလွ်ာ ေရာဂါဆိုတာ ကုသရ သိပ္ခက္ခဲတဲ့ ေရာဂါ မဟုတ္ေပမယ့္ ေပါ့ဆသင့္တဲ့ ေရာဂါေတာ့ မဟုတ္ပါဘူး။ ရုတ္တရက္ျဖစ္လာရင္ ဘာေဆးေသာက္ရမွန္းမသိ ဘာလုပ္ရမွန္းမသိ ျဖစ္တတ္တာေၾကာင့္ ေရာဂါ ပိုမဆိုးသြားေအာင္ ဒီလိုေလးေတြ လုပ္ပါလို႕။

(၁) ေရဓာတ္ျဖည့္ပါ

၀မ္းပ်က္၀မ္းေလွ်ာ ျဖစ္တဲ့အခါ ခႏၶာကိုယ္က ေရဓာတ္အမ်ားအျပား ဆံုးရံႈးရတာမို႔ ေရဓာတ္္ကို မျဖစ္မေန ျပန္္ျဖည့္ပါ။ ေရက်က္ေအး ဒါမွမဟုတ္ ဓာတ္ဆားရည္ကို တစ္ေန႔ (၂) လီတာေလာက္ ေသာက္ေပးသင့္ပါတယ္။

(၂) လက္ကိုသန္႔ရွင္းေအာင္ထားပါ

ဒီအခ်ိန္္မွာ လက္သန္႔ဖို႔က အရာအားလံုးထက္ ပိုအေရးၾကီးပါတယ္။ အျပင္ထြက္ျပီး ျပန္လာတဲ့အခါ၊ တစ္ခုခုကို ကိုင္တြယ္ျပီးတဲ့အခါ၊ သန္႔စင္ခန္းက ျပန္လာတဲ့ အခါတိုင္းမွာ လက္ကို စင္ၾကယ္ေအာင္ေဆးပါ။

(၃) ခ်င္းနဲ႔ပ်ားရည္

ေရေႏြးအိုးထဲ ခ်င္းထည့္ျပဳတ္ျပီး ေသာက္ခါနီးမွ ပ်ားရည္တစ္ဇြန္းထည့္ ေသာက္ေပးပါ။ ခ်င္းက အစားအေသာက္ေၾကာင့္ျဖစ္တဲ့ မူမမွန္တာေတြကို ကုသေပးနိုင္ျပီး ဗိုက္နာတာလည္း သက္သာေစပါတယ္။ ခ်င္းတက္ မရရင္ ခ်င္းအမႈန္႔ကို သံုးနိုင္သလို ဒါေသာက္ျပီးျပီးခ်င္း ေရမေသာက္ပါနဲ႔ဦး။

(၄) ပန္းသီးရွာလကာရည္

ရွာလကာရည္ဆိုတိုင္း ၀မ္းပ်က္တာကို ပိုဆိုးေစမယ္လို႔ေတြးလို႔ မရပါဘူးေနာ္။ ပန္းသီးရွာလကာရည္က ၀မ္းပ်က္၀မ္းေလွ်ာျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ေသေစနိုင္တာေၾကာင့္ ပန္းသီးရွာလကာရည္ကို ေရေရာျပီးတစ္ခြက္ေလာက္ ေသာက္ေပးရံုနဲ႔ ၀မ္းပ်က္တာကို သက္သာေစပါလိမ့္မယ္။

(၅) အမွ်င္ဓာတ္ ၾကြယ္၀တာေတြ စားပါ

ငွက္ေပ်ာသီးမွာ pectin fiber နဲ႕ potassium ပါ၀င္တာေၾကာင့္ ဒီလိုအခ်ိန္မွာ စားဖို႔ အသင့္ေတာ္ဆံုးပါ။ အမွည့္လြန္တဲ့ ငွက္ေပ်ာသီးမျဖစ္ဖို႔ေတာ့ လိုမယ္ေနာ္။ ထမင္း၊ဆန္ျပဳတ္နဲ႔ စြပ္ျပဳတ္ေတြလို အစားအစာမ်ိဳးလည္း စားေပးသင့္ပါတယ္။

(၆) ဒါေတြကိုေရွာင္
၀မ္းပ်က္ေနတဲ့ အခ်ိန္မွာ လက္လုပ္ခ်ဥ္ေတြ၊ အသုပ္ေတြ၊ နို႔နဲ႔ နို႔ပါတဲ့ အစားအစာေတြ၊ အရည္ရႊမ္းတဲ့ အသီးေတြကို မစားပါနဲ႔။ ဆရာ၀န္ညႊန္ၾကားခ်က္ မပါဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ ေဆးေသာက္တာမ်ိဳး မလုပ္ပါနဲ႕။

Credit : MAY THAZINHTOO
# Unicode Version ျဖင့္ ဖတ္ပါ #
မိုးရာသီမှာ ပတ်ဝန်းကျင်ကလည်း စိုထိုင်းဆများတာရယ်၊ အင်းဆက်တွေ ပေါက်ဖွားလွယ်တာရယ် ၊ လက်မသန့်တာများတာရယ်တို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များပါတယ်။ ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုတာ ကုသရ သိပ်ခက်ခဲတဲ့ ရောဂါ မဟုတ်ပေမယ့် ပေါ့ဆသင့်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ရုတ်တရက်ဖြစ်လာရင် ဘာဆေးသောက်ရမှန်းမသိ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်တာကြောင့် ရောဂါ ပိုမဆိုးသွားအောင် ဒီလိုလေးတွေ လုပ်ပါလို့။

(၁) ရေဓာတ်ဖြည့်ပါ

ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်အများအပြား ဆုံးရှုံးရတာမို့ ရေဓာတ်ကို မဖြစ်မနေ ပြန်ဖြည့်ပါ။ ရေကျက်အေး ဒါမှမဟုတ် ဓာတ်ဆားရည်ကို တစ်နေ့ (၂) လီတာလောက် သောက်ပေးသင့်ပါတယ်။

(၂) လက်ကိုသန့်ရှင်းအောင်ထားပါ

ဒီအချိန်မှာ လက်သန့်ဖို့က အရာအားလုံးထက် ပိုအရေးကြီးပါတယ်။ အပြင်ထွက်ပြီး ပြန်လာတဲ့အခါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတဲ့အခါ၊ သန့်စင်ခန်းက ပြန်လာတဲ့ အခါတိုင်းမှာ လက်ကို စင်ကြယ်အောင်ဆေးပါ။

(၃) ချင်းနဲ့ပျားရည်

ရေနွေးအိုးထဲ ချင်းထည့်ပြုတ်ပြီး သောက်ခါနီးမှ ပျားရည်တစ်ဇွန်းထည့် သောက်ပေးပါ။ ချင်းက အစားအသောက်ကြောင့်ဖြစ်တဲ့ မူမမှန်တာတွေကို ကုသပေးနိုင်ပြီး ဗိုက်နာတာလည်း သက်သာစေပါတယ်။ ချင်းတက် မရရင် ချင်းအမှုန့်ကို သုံးနိုင်သလို ဒါသောက်ပြီးပြီးချင်း ရေမသောက်ပါနဲ့ဦး။

(၄) ပန်းသီးရှာလကာရည်

ရှာလကာရည်ဆိုတိုင်း ဝမ်းပျက်တာကို ပိုဆိုးစေမယ်လို့တွေးလို့ မရပါဘူးနော်။ ပန်းသီးရှာလကာရည်က ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ပန်းသီးရှာလကာရည်ကို ရေရောပြီးတစ်ခွက်လောက် သောက်ပေးရုံနဲ့ ဝမ်းပျက်တာကို သက်သာစေပါလိမ့်မယ်။

(၅) အမျှင်ဓာတ် ကြွယ်ဝတာတွေ စားပါ

ငှက်ပျောသီးမှာ pectin fiber နဲ့ potassium ပါဝင်တာကြောင့် ဒီလိုအချိန်မှာ စားဖို့ အသင့်တော်ဆုံးပါ။ အမှည့်လွန်တဲ့ ငှက်ပျောသီးမဖြစ်ဖို့တော့ လိုမယ်နော်။ ထမင်း၊ဆန်ပြုတ်နဲ့ စွပ်ပြုတ်တွေလို အစားအစာမျိုးလည်း စားပေးသင့်ပါတယ်။

(၆) ဒါတွေကိုရှောင်
ဝမ်းပျက်နေတဲ့ အချိန်မှာ လက်လုပ်ချဉ်တွေ၊ အသုပ်တွေ၊ နို့နဲ့ နို့ပါတဲ့ အစားအစာတွေ၊ အရည်ရွှမ်းတဲ့ အသီးတွေကို မစားပါနဲ့။ ဆရာဝန်ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်တာမျိုး မလုပ်ပါနဲ့။

Credit : MAY THAZINHTOO
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top