iMyanmarHouse.com - Best Property Website for Myanmar
×

အပူေလာင္တယ္ဆိုတာ အျဖစ္မ်ားဆံုး ဒဏ္ရာတစ္မ်ိဳးပါ။ အမ်ားအားျဖင့္ ကေလးငယ္ေတြမွာ အျဖစ္မ်ားပါတယ္။ ဒါဟာ အေရျပားဆဲလ္ေတြကို ေသေစၿပီး အေရျပားကို ျပင္းျပင္းထန္ထန္ ထိခို္က္ေစပါတယ္။ တျခားဆက္စပ္ၿပီးေတာ့ စိုးရိမ္ရတဲ့ က်န္းမာေရးျပႆနာမ်ားကို ဦးတည္သြားေစႏိုင္ပါတယ္။
အပူေလာင္မႈအဆင့္

အပူေလာင္တာကို အဆင့္(၁)၊ အဆင့္(၂)၊ အဆင့္(၃) ဆိုၿပီး အဆင့္သံံုးခုခြဲထားပါတယ္။ အဆင့္(၁)ကေတာ့ အားအေလ်ာ့ဆံုးျဖစ္ၿပီး အဆင့္(၃)ကေတာ့ အားအျပင္းဆံုး  ျဖစ္ပါတယ္။ အဆင့္တစ္ခုခ်င္းဆီက ကြဲျပားတဲ့လကၡဏာနဲ႔ ထိိခိုက္မႈကို ေဖာ္ျပပါတယ္။

    အဆင့္(၁) အပူေလာင္မႈ : အရည္ၾကည္ဘုမထြက္ပဲ နီရဲေသာ အေရျပား၊ နာက်င္မႈအနည္းငယ္၊ ေယာင္ယမ္းမႈ အနည္းငယ္ ရွိမယ္။
    အဆင့္(၂) အပူေလာင္မႈ : ထိခိုက္မိတဲ့ေနရာမွာ အရည္ၾကည္ဘုနဲ႔ ထူအမ္းအမ္းျဖစ္ေနမယ္။
    အဆင့္(၃) အပူေလာင္မႈ : ထူအမ္းအမ္းျဖစ္ေနတဲ့ ေနရာပမာဏ မ်ားမယ္၊ အေရျပား ကြာက်ၿပီး အျဖဴေရာင္ အတြင္းသားေပၚေနမယ္။

အပူေလာင္ေစတဲ့အရာမ်ား

      ဓာတုပစၥည္းမ်ား
      လွ်ပ္စစ္
      ဆူပြက္ေနေသာ အရည္မ်ား
      မီး
    ေနေရာင္ျခည္

အပူေလာင္ရင္ ခ်က္ခ်င္းလုပ္ရမယ့္ ေရွးဦးသူနာျပဳနည္းလမ္း

ပထမအဆင့္။ အပူထပ္မေလာင္ေစဘဲ ေနာက္ထပ္ျဖစ္လာမယ့္ ထိခိုက္မႈကို ေရွာင္ရွားပါ။

အပူေၾကာင့္ေလာင္တာဆိုရင္ “ ရပ္၊ ခ်၊ လိမ့္ “ ဆိုတဲ့ နည္းကို သံုးပါ။ မီးေလာင္ေနတဲ့ေနရာကို အဝတ္စ ဒါမွမဟုတ္ ေရနဲ႔ အုပ္ၿပီးေတာ့ မီးသတ္လိုက္ပါ။

အေအးေၾကာင့္ေလာင္တာဆိုရင္ ေရေႏြးေႏြးထဲကို ႏွစ္ေပးတာ ဒါမွမဟုတ္ ႏူးညံ့ေႏြးေထြးတဲ့ အဝတ္ေတြနဲ႔ ပတ္ထားေပးၿပီး ေလာင္ေနတဲ့ေနရာကို ျပန္လည္ေႏြးေထြးေအာင္ အလွ်င္အျမန္ လုပ္ေဆာင္ပါ။

ဆူပြက္ေနတဲ့အရည္ေၾကာင့္ ေလာင္တာဆိုရင္ ေလာင္တဲ့ေနရာကို ဖြင့္ခ်ထားတဲ့ေရဘံုဘိုင္ေအာက္မွာ ၁၀မိနစ္ကေန မိနစ္၂၀ေလာက္ ထားထားပါ။ ေရခဲလံုးဝမသံုးပါနဲ႔။ အေရျပားကို ေနာက္ထပ္ပိုမို ထိခိုက္သြားႏုိင္ပါတယ္။

လွ်ပ္စစ္ေၾကာင့္ေလာင္တာဆိုရင္ ထိခိုက္တဲ့သူကို လွ်ပ္စစ္ပင္မေနရာကေန အေဝးကို ေခၚေဆာင္သြားပါ။ အသက္ရွင္မရွင္ စစ္ေဆးပါ။ ထိခိုက္သြားတဲ့သူကို လွ်ပ္စစ္ေရွာ့ခ္အတြက္ ျပဳလုပ္ေပးရတဲ့ ေရွးဦးသူနာျပဳနည္းျဖင့္ ျပဳစုပါ။ ေဆးဘက္ဆိုင္ရာအကူအညီကို အျမန္ဆံုးေခၚပါ။

ဓာတုပစၥည္းေၾကာင့္ေလာင္တာဆိုရင္ ျဖစ္ေစတဲ့ ဓာတုပစၥည္းရဲ႕ နာမည္အတိအက်ကို ေဖာ္ထုတ္ပါ။ အဲ့ဒါနဲ႔ ပတ္သက္လို႔ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္တဲ့သူရဲ႕ အကူအညီကို ခ်က္ခ်င္းေတာင္းယူပါ။

ေနေလာင္တာအတြက္ဆိုရင္ အရင္ဆံုး ထိခိုက္တဲ့ေနရာကို အေအးခံပါ။ သန္႔ရွင္းေရးလုပ္ပါ။ အလွဆီ လိမ္းပါ။ အကိုက္အခဲေပ်ာက္ေဆးေသာက္ပါ။

ဒုတိယအဆင့္။ တျခားဒဏ္ရာရွိမရွိ စစ္ေဆးပါ။

အပူေလာင္တာတစ္ခုတည္းမဟုတ္ဘူးဆိုရင္ စစ္ေဆးတာကို ပိုလုပ္ဖို႔ အႀကံေပးပါတယ္။

တတိယအဆင့္။ ဆရာဝန္နဲ႔ ျပသဖို႔ ျပင္ဆင္ပါ။

    အျခား ယားယံမႈနဲ႔ ေရာဂါပိုးကူးစက္မႈကို ကာကြယ္ရန္ အပူေလာင္ထားတဲ့ေနရာကို ေျခာက္ေသြ႕ၿပီး ပိုးသတ္ထားတဲ့ အဝတ္နဲ႔ ဖံုးအုပ္ထားပါ။
     အပူေလာင္ထားတဲ့ေနရာကို ဘာေဆးမွ မလိမ္းပါနဲ႔။ ဒါမွ ဆရာဝန္အတြက္ အေျခအေနကို ေျဖရွင္းဖို႔ ပိုမို လြယ္ကူမွာပါ။
    အေရျပားထိခိုက္မႈကို ကာကြယ္ဖို႔ အပူေလာင္ထားတဲ့ေနရာကို ေရခဲ ဒါမွမဟုတ္ ေထာပတ္တို႔ကို အသံုးမျပဳပါနဲ႔။

အိမ္မွာ အေသးစား အပူေလာင္တာအတြက္ ျပဳစုကုသမႈ

    အပူေလာင္တဲ့ေနရာကို အေအးခံပါ။
    ေျခာက္ေသြ႕တာကို ကာကြယ္ဖို႔ သက္သာေစမယ့္ Lotion ၊ အလွဆီတို႔ကို လိမ္းပါ။
    အစိုဓာတ္ကို ထိန္းထားပါ။
    ကြာေနတဲ့အေရျပားေတြကို ထပ္မခြာပါနဲ႔။ ယားယံတာကို သက္သာဖို႔ Lotion လိမ္းေပးပါ။

အပူေလာင္တဲ့ေနရာက ရက္အနည္းအၾကာမွာ ပိုဆိုးတာ ဒါမွမဟုတ္ မသက္သာတာဆိုရင္ ဆရာဝန္နဲ႔ ျပသပါ။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အပူလောင်တယ်ဆိုတာ အဖြစ်များဆုံး ဒဏ်ရာတစ်မျိုးပါ။ အများအားဖြင့် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါဟာ အရေပြားဆဲလ်တွေကို သေစေပြီး အရေပြားကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ တခြားဆက်စပ်ပြီးတော့ စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာများကို ဦးတည်သွားစေနိုင်ပါတယ်။
အပူလောင်မှုအဆင့်

အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သံုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး  ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။

    အဆင့်(၁) အပူလောင်မှု : အရည်ကြည်ဘုမထွက်ပဲ နီရဲသော အရေပြား၊ နာကျင်မှုအနည်းငယ်၊ ယောင်ယမ်းမှု အနည်းငယ် ရှိမယ်။
    အဆင့်(၂) အပူလောင်မှု : ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဘုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။
    အဆင့်(၃) အပူလောင်မှု : ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြား ကွာကျပြီး အဖြူရောင် အတွင်းသားပေါ်နေမယ်။

အပူလောင်စေတဲ့အရာများ

      ဓာတုပစ္စည်းများ
      လျှပ်စစ်
      ဆူပွက်နေသော အရည်များ
      မီး
    နေရောင်ခြည်

အပူလောင်ရင် ချက်ချင်းလုပ်ရမယ့် ရှေးဦးသူနာပြုနည်းလမ်း

ပထမအဆင့်။ အပူထပ်မလောင်စေဘဲ နောက်ထပ်ဖြစ်လာမယ့် ထိခိုက်မှုကို ရှောင်ရှားပါ။

အပူကြောင့်လောင်တာဆိုရင် “ ရပ်၊ ချ၊ လိမ့် “ ဆိုတဲ့ နည်းကို သုံးပါ။ မီးလောင်နေတဲ့နေရာကို အဝတ်စ ဒါမှမဟုတ် ရေနဲ့ အုပ်ပြီးတော့ မီးသတ်လိုက်ပါ။

အအေးကြောင့်လောင်တာဆိုရင် ရေနွေးနွေးထဲကို နှစ်ပေးတာ ဒါမှမဟုတ် နူးညံ့နွေးထွေးတဲ့ အဝတ်တွေနဲ့ ပတ်ထားပေးပြီး လောင်နေတဲ့နေရာကို ပြန်လည်နွေးထွေးအောင် အလျှင်အမြန် လုပ်ဆောင်ပါ။

ဆူပွက်နေတဲ့အရည်ကြောင့် လောင်တာဆိုရင် လောင်တဲ့နေရာကို ဖွင့်ချထားတဲ့ရေဘုံဘိုင်အောက်မှာ ၁၀မိနစ်ကနေ မိနစ်၂၀လောက် ထားထားပါ။ ရေခဲလုံးဝမသုံးပါနဲ့။ အရေပြားကို နောက်ထပ်ပိုမို ထိခိုက်သွားနိုင်ပါတယ်။

လျှပ်စစ်ကြောင့်လောင်တာဆိုရင် ထိခိုက်တဲ့သူကို လျှပ်စစ်ပင်မနေရာကနေ အဝေးကို ခေါ်ဆောင်သွားပါ။ အသက်ရှင်မရှင် စစ်ဆေးပါ။ ထိခိုက်သွားတဲ့သူကို လျှပ်စစ်ရှော့ခ်အတွက် ပြုလုပ်ပေးရတဲ့ ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပါ။ ဆေးဘက်ဆိုင်ရာအကူအညီကို အမြန်ဆုံးခေါ်ပါ။

ဓာတုပစ္စည်းကြောင့်လောင်တာဆိုရင် ဖြစ်စေတဲ့ ဓာတုပစ္စည်းရဲ့ နာမည်အတိအကျကို ဖော်ထုတ်ပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်တဲ့သူရဲ့ အကူအညီကို ချက်ချင်းတောင်းယူပါ။

နေလောင်တာအတွက်ဆိုရင် အရင်ဆုံး ထိခိုက်တဲ့နေရာကို အအေးခံပါ။ သန့်ရှင်းရေးလုပ်ပါ။ အလှဆီ လိမ်းပါ။ အကိုက်အခဲပျောက်ဆေးသောက်ပါ။

ဒုတိယအဆင့်။ တခြားဒဏ်ရာရှိမရှိ စစ်ဆေးပါ။

အပူလောင်တာတစ်ခုတည်းမဟုတ်ဘူးဆိုရင် စစ်ဆေးတာကို ပိုလုပ်ဖို့ အကြံပေးပါတယ်။

တတိယအဆင့်။ ဆရာဝန်နဲ့ ပြသဖို့ ပြင်ဆင်ပါ။

    အခြား ယားယံမှုနဲ့ ရောဂါပိုးကူးစက်မှုကို ကာကွယ်ရန် အပူလောင်ထားတဲ့နေရာကို ခြောက်သွေ့ပြီး ပိုးသတ်ထားတဲ့ အဝတ်နဲ့ ဖုံးအုပ်ထားပါ။
     အပူလောင်ထားတဲ့နေရာကို ဘာဆေးမှ မလိမ်းပါနဲ့။ ဒါမှ ဆရာဝန်အတွက် အခြေအနေကို ဖြေရှင်းဖို့ ပိုမို လွယ်ကူမှာပါ။
    အရေပြားထိခိုက်မှုကို ကာကွယ်ဖို့ အပူလောင်ထားတဲ့နေရာကို ရေခဲ ဒါမှမဟုတ် ထောပတ်တို့ကို အသုံးမပြုပါနဲ့။

အိမ်မှာ အသေးစား အပူလောင်တာအတွက် ပြုစုကုသမှု

    အပူလောင်တဲ့နေရာကို အအေးခံပါ။
    ခြောက်သွေ့တာကို ကာကွယ်ဖို့ သက်သာစေမယ့် Lotion ၊ အလှဆီတို့ကို လိမ်းပါ။
    အစိုဓာတ်ကို ထိန်းထားပါ။
    ကွာနေတဲ့အရေပြားတွေကို ထပ်မခွာပါနဲ့။ ယားယံတာကို သက်သာဖို့ Lotion လိမ်းပေးပါ။

အပူလောင်တဲ့နေရာက ရက်အနည်းအကြာမှာ ပိုဆိုးတာ ဒါမှမဟုတ် မသက်သာတာဆိုရင် ဆရာဝန်နဲ့ ပြသပါ။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top