iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးအေတာ္မ်ားမ်ားဟာ ရာသီမလာခင္နဲ႔ ရာသီလာေနစဥ္အေတာအတြင္း ၀မ္းဗိုက္ေအာက္ပိုင္း ဆီးစပ္တ၀ိုက္ နာက်င္ကိုက္ခဲမႈေ၀ဒနာကို ခံစားရတတ္ပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ဒါဟာ စိုးရိမ္စရာေကာင္းတဲ့လကၡဏာ မဟုတ္ပါဘူး။ သားအိမ္ၾကြက္သားမ်ားကို က်ံဳ႕ေစႏိုင္တဲ့ ပရိုစတာဂလန္ဒင္အမည္ရွိ ေဟာ္မုန္းတစ္မ်ိဳးေၾကာင့္ ဒီေ၀ဒနာကို ခံစားရတာျဖစ္ျပီး ၄င္းဟာ သားအိမ္ၾကြက္သားေတြကို က်ံဳ႕ေစျခင္းအားျဖင့္ မိန္းမကိုယ္မွတဆင့္ ရာသီေသြးဆင္းႏိုင္ေအာင္ ကူညီေပးမွာ ျဖစ္ပါတယ္။
ဘယ္သူေတြမွာ ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေ၀ဒနာ ခံစားရႏိုင္ေခ် ပိုမ်ားသလဲ

ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေ၀ဒနာ ခံစားရႏိုင္ေခ် ပိုမ်ားသူေတြကေတာ့

အသက္ ၃၀ေအာက္ အမ်ိဳးသမီးမ်ား

အပ်ိဳေဖာ္၀င္ေစာသူမ်ား၊ အသက္ ၁၁ႏွစ္ထက္ေစာ၍ အပ်ိဳေဖာ္၀င္သူမ်ား

ရာသီေသြးဆင္းမ်ားသူ၊ ရာသီေသြးဆင္းမႈ ပံုမမွန္သူမ်ား

မီးမဖြားဖူးသူမ်ား

မိသားစုတြင္း အလားတူျပႆနာ ရွိသူမ်ား

ေဆးလိပ္ေသာက္သူမ်ား

ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေ၀ဒနာဟာ မ်ိဳးရိုးလည္းလိုက္တတ္ပါတယ္။ သင့္မိသားစုေဆြမ်ိဳး အမ်ိုးသမီးေတြထဲမွာ ဒီေ၀ဒနာခံစားရသူေတြရွိမယ္ဆိုရင္ သင့္ဆီကို မ်ိဳးရိုးလိုက္ႏိုင္ပါတယ္။ သင့္အေနနဲ႔ အစ္မ၊ ၀မ္းကြဲညီအစ္မ၊ အေမ၊ အေဒၚ၊ အဘြား စတဲ့ အမ်ိဳးသမီး ေဆြမ်ိဳးနီးစပ္ေတြကို ရာသီလာစဥ္ နာက်င္ကိုက္ခဲျခင္း ရွိမရွိ ေမးျမန္းၾကည့္ျပီး အၾကံဉာဏ္ရယူႏိုင္ပါတယ္။ ေကာင္းတဲ့အခ်က္ကေတာ့ ဒီေ၀ဒနာဟာ သင္အသက္ၾကီးလာတာနဲ႔အမွ် တျဖည္းျဖည္း ေလ်ာ့ပါးသက္သာသြားမွာ ျဖစ္ပါတယ္။
ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေ၀ဒနာကို ဘယ္လိုကုသမလဲ
အိမ္တြင္းကုထံုး

ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေ၀ဒနာကို သက္သာေအာင္ အကူအညီေပးႏိုင္တဲ့ အိမ္တြင္းကုထံုးေတြကေတာ့
ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္း

ေရေႏြးျဖင့္ေရခ်ိဳးျခင္း၊ နာက်င္ကိုက္ခဲသည့္ေနရာတ၀ိုက္ ေရေႏြးအိပ္ကပ္ေပးျခင္း

ဗီတာမင္ အီး၊ omega 3၊ ဗီတာမင္ ဘီ၀မ္း၊ ဗီတာမင္ ဘီစစ္ စသည့္ အာဟာရဓာတ္မ်ားပါ၀င္ေသာ ျဖည့္စြက္စာမ်ား စားသံုးျခင္း

လူေနမႈပံုစံေျပာင္းလဲျခင္း၊ ေဆးလိပ္၊ ေဆးရြက္ၾကီးႏွင့္ အရက္ေသစာေသာက္စားျခင္းမွ ေရွာင္ၾကဥ္ျခင္း

ကိုယ္ေရာစိတ္ပါ သက္ေသာင့္သက္သာျဖစ္ေအာင္ ေနျခင္း၊ စိတ္ဖိစီးမႈမ်ားေစမည့္အရာမ်ားကို ေရွာင္ၾကဥ္ျခင္း
ေဆး၀ါးကုသျခင္း

အကယ္၍ အထက္မွာေျပာခဲ့တဲ့ အိမ္တြင္းကုထံုးေတြနဲ႔ မလံုေလာက္ဘူးဆိုရင္လည္း အျခားေရြးခ်ယ္စရာ ေဆး၀ါးကုသမႈ နည္းလမ္းမ်ားစြာရွိပါတယ္။ ေ၀ဒနာျဖစ္ပြားေစတဲ့ အေၾကာင္းအရင္းနဲ႔ လကၡဏာျပင္းထန္မႈအေပၚ မူတည္ျပီး ေအာက္ေဖာ္ျပပါ ေဆး၀ါးမ်ားအနက္ သင္နဲ႔အသင့္ေတာ္ဆံုး အမ်ိဳးအစားကို သင့္ဆရာ၀န္က ညႊန္ၾကားေပးမွာ ျဖစ္ပါတယ္။

စတီးရြိဳက္မပါ၀င္သည့္ အေရာင္က်ေဆးမ်ား

အကိုက္အခဲေပ်ာက္ေဆးမ်ား

စိတ္က်ေ၀ဒနာသက္သာေဆးမ်ား

ရာသီလာစဥ္ နာက်င္ကိုက္ခဲျခင္းဟာ ဆယ္ေက်ာ္သက္နဲ႔ အမ်ိဳးသမီးငယ္ေတြမွာ ျဖစ္ေလ့ျဖစ္ထမ်ားေပမယ့္ အခ်ိဳ႕မိန္းကေလးေတြမွာေတာ့ ရာသီေသြးဆင္းမ်ားျပီး နာက်င္ကိုက္ခဲမႈဒဏ္ကို ျပင္းျပင္းထန္ထန္ ခံစားရတတ္ပါတယ္။ ဒီေ၀ဒနာဟာ မိန္းကေလးေတြကို ေက်ာင္းမလာႏိုင္ေအာင္၊ အားကစားမလုပ္ႏိုင္ေအာင္၊ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မသြားလာႏိုင္ေအာင္ အေႏွာင့္အယွက္ေပးတတ္တဲ့ ျပႆနာတစ္ခုလို႔ဆိုရင္လည္း မမွားပါဘူး။

ဒီေဆာင္းပါးကို ဖတ္ရႈျခင္းအားျဖင့္ ရာသီမလာခင္ နာက်င္ကိုက္ခဲမႈေ၀ဒနာကို ရင္ဆိုင္ေက်ာ္လႊားရာမွာ အေထာက္အကူျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးအတော်များများဟာ ရာသီမလာခင်နဲ့ ရာသီလာနေစဉ်အတောအတွင်း ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရတတ်ပါတယ်။ များသောအားဖြင့်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ သားအိမ်ကြွက်သားများကို ကျုံ့စေနိုင်တဲ့ ပရိုစတာဂလန်ဒင်အမည်ရှိ ဟော်မုန်းတစ်မျိုးကြောင့် ဒီဝေဒနာကို ခံစားရတာဖြစ်ပြီး ၎င်းဟာ သားအိမ်ကြွက်သားတွေကို ကျုံ့စေခြင်းအားဖြင့် မိန်းမကိုယ်မှတဆင့် ရာသီသွေးဆင်းနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။
ဘယ်သူတွေမှာ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသလဲ

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရနိုင်ချေ ပိုများသူတွေကတော့

အသက် ၃၀အောက် အမျိုးသမီးများ

အပျိုဖော်ဝင်စောသူများ၊ အသက် ၁၁နှစ်ထက်စော၍ အပျိုဖော်ဝင်သူများ

ရာသီသွေးဆင်းများသူ၊ ရာသီသွေးဆင်းမှု ပုံမမှန်သူများ

မီးမဖွားဖူးသူများ

မိသားစုတွင်း အလားတူပြဿနာ ရှိသူများ

ဆေးလိပ်သောက်သူများ

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာဟာ မျိုးရိုးလည်းလိုက်တတ်ပါတယ်။ သင့်မိသားစုဆွေမျိုး အမျိုးသမီးတွေထဲမှာ ဒီဝေဒနာခံစားရသူတွေရှိမယ်ဆိုရင် သင့်ဆီကို မျိုးရိုးလိုက်နိုင်ပါတယ်။ သင့်အနေနဲ့ အစ်မ၊ ဝမ်းကွဲညီအစ်မ၊ အမေ၊ အဒေါ်၊ အဘွား စတဲ့ အမျိုးသမီး ဆွေမျိုးနီးစပ်တွေကို ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ရှိမရှိ မေးမြန်းကြည့်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ဒီဝေဒနာဟာ သင်အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း လျော့ပါးသက်သာသွားမှာ ဖြစ်ပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို ဘယ်လိုကုသမလဲ
အိမ်တွင်းကုထုံး

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာအောင် အကူအညီပေးနိုင်တဲ့ အိမ်တွင်းကုထုံးတွေကတော့
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း

ရေနွေးဖြင့်ရေချိုးခြင်း၊ နာကျင်ကိုက်ခဲသည့်နေရာတဝိုက် ရေနွေးအိပ်ကပ်ပေးခြင်း

ဗီတာမင် အီး၊ omega 3၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီစစ် စသည့် အာဟာရဓာတ်များပါဝင်သော ဖြည့်စွက်စာများ စားသုံးခြင်း

လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း

ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာဖြစ်အောင် နေခြင်း၊ စိတ်ဖိစီးမှုများစေမည့်အရာများကို ရှောင်ကြဉ်ခြင်း
ဆေးဝါးကုသခြင်း

အကယ်၍ အထက်မှာပြောခဲ့တဲ့ အိမ်တွင်းကုထုံးတွေနဲ့ မလုံလောက်ဘူးဆိုရင်လည်း အခြားရွေးချယ်စရာ ဆေးဝါးကုသမှု နည်းလမ်းများစွာရှိပါတယ်။ ဝေဒနာဖြစ်ပွားစေတဲ့ အကြောင်းအရင်းနဲ့ လက္ခဏာပြင်းထန်မှုအပေါ် မူတည်ပြီး အောက်ဖော်ပြပါ ဆေးဝါးများအနက် သင်နဲ့အသင့်တော်ဆုံး အမျိုးအစားကို သင့်ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။

စတီးရွိုက်မပါဝင်သည့် အရောင်ကျဆေးများ

အကိုက်အခဲပျောက်ဆေးများ

စိတ်ကျဝေဒနာသက်သာဆေးများ

ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဟာ ဆယ်ကျော်သက်နဲ့ အမျိုးသမီးငယ်တွေမှာ ဖြစ်လေ့ဖြစ်ထများပေမယ့် အချို့မိန်းကလေးတွေမှာတော့ ရာသီသွေးဆင်းများပြီး နာကျင်ကိုက်ခဲမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဒီဝေဒနာဟာ မိန်းကလေးတွေကို ကျောင်းမလာနိုင်အောင်၊ အားကစားမလုပ်နိုင်အောင်၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မသွားလာနိုင်အောင် အနှောင့်အယှက်ပေးတတ်တဲ့ ပြဿနာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး။

ဒီဆောင်းပါးကို ဖတ်ရှုခြင်းအားဖြင့် ရာသီမလာခင် နာကျင်ကိုက်ခဲမှုဝေဒနာကို ရင်ဆိုင်ကျော်လွှားရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top