iMyanmarHouse.com - Best Property Website for Myanmar
×

ဝမွလွတယ္ဆုိတဲ့ စကားပုံဟာ တကယ္တမ္းက်ေတာ့ ဝတဲ့သူတုိင္း သေဘာက်ဖုိ႔ ေတာ္ေတာ္ေလး ခက္ခဲတဲ့ စကားပုံေလးပါ။ အဝလြန္ေနတဲ့သူတစ္ေယာက္ကို ဘယ္သူကမွ လွတယ္လုိ႔ မျမင္ၾကသလုိ၊ ပိန္ကပ္ေနျပန္လြန္းရင္လည္း ၾကည့္မေကာင္းျပန္ပါဘူး။ ဝလြန္းျခင္း ပိန္လြန္းျခင္းဆုိတဲ့ ျပႆနာႏွစ္ရပ္ၾကားမွာ တူညီခ်က္တစ္ခုကေတာ့ အေျခခံအားျဖင့္ အာမခံခ်က္မရွိတဲ့ က်န္းမာေရးကုိ ပိုင္ဆုိင္ထားရတယ္ဆုိတဲ့ အခ်က္ပါဘဲ။

ဒီေတာ့ ဝလြန္းေနသူေတြဟာ မျဖစ္မေန ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖုိ႔လုိအပ္ၿပီး၊ ကုိယ္အေလးခ်ိန္ က်ဆင္းလြန္းေနသူေတြမွာလည္း မည္သည့္က်န္းမာေရးျပႆနာကုိ ရင္ဆုိင္ေနရတယ္ဆုိတာကို အေျဖရွာလုိက္ျခင္းက အသက္ဉာဏ္ေစာင့္ ျဖစ္ေစမွာပါ။ အခုေဖာ္ျပေပမယ့္ အေၾကာင္းအရာေလးကေတာ့ (၅)လအတြင္းမွာ ကိုယ္အေလးခ်ိန္ (၃၀)ကီလုိဂရမ္အထိ ခ်ႏုိင္ခဲ့တဲ့ ေကာင္မေလးတစ္ေယာက္ အေၾကာင္းပါ။

သူမရဲ႕အမည္ကေတာ့ Angel Raighn Flores ျဖစ္ပါတယ္။ သူမဟာ ယခင္က ကုိယ္အေလးခ်ိန္ (၈၅)ကီလုိဂရမ္ ရွိသူျဖစ္ၿပီး (၅)လအတြင္းမွာ (၅၆)ကီလုိဂရမ္သာ ရွိပါေတာ့တယ္။ ဒါဟာ သူမ ကီလုိ(၃၀)နီးပါးကုိ ဟန္ခ်က္ညီတဲ့ ေလ့က်င့္ခန္းေတြ ျပင္းထန္တဲ့ Diet Plan ေတြနဲ႔ ခ်မွတ္ႏုိင္ခဲ့တာပါ။

နဂုိတုန္းကေတာ့ Angel ဟာ လူထူထူဆုိရင္ ေရွာင္ေလ့ရွိပါတယ္။ သူမဟာ တစ္ေနရာကို ေရာက္သြားၿပီဆုိရင္ သူမ မလုိခ်င္တဲ့ လူေတြရဲ႕အာ႐ုံစုိက္မႈကို ခံရေလ့ရွိၿပီး၊ ေက်ာင္းကပြဲလုိေနရာမ်ိဳးဆုိရင္ အရွက္ခြဲခ်င္သူေတြက သူမကုိ ေစာင့္ဆုိင္းေနတယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ Angel ဟာ ျဖစ္ႏုိင္သမွ် လူထူထူဆုိရင္ ေရွာင္ေလ့ရွိပါတယ္။

Angel ဟာ ကနဦးတုန္းကေတာ့ သူမရဲ႕ ကိုယ္ပုိင္နည္းေတြ ဟန္ေတြနဲ႔ Diet Plan ေတြ၊ ေလ့က်င့္ခန္းေတြ လုပ္ခဲ့ေပမယ့္ သိသိသာသာ မထူးျခားခဲ့ပါဘူး။ သုိ႔ေသာ္လည္း ဘာျဖစ္လုိ႔ သူမ ကုိယ္အေလးခ်ိန္က်ဆင္းသြားတာလဲဆုိေတာ့ သူမဟာ Abigail Galang Rebong Transformation ဆုိတဲ့ လႈပ္ရွားမႈေလးကို ေလ့လာခဲ့ပါတယ္။

ယင္းေနာက္မွာေတာ့ ေလ့က်င့္ခန္းလဲလုပ္ ျပင္းထန္တဲ့ Diet Plan ကုိလည္း စခဲ့ပါတယ္။ သူမ စခဲ့တဲ့ Diet Plan ကေတာ့ အျခားသူေတြနဲ႔ ကုိက္ညီမႈရွိခ်င္မွရွိမွာဆုိေပမယ့္ သူမနဲ႔ေတာ့ အေတာ္ေလးကို အန္ဝင္ခြင္က် ရွိခဲ့ပါတယ္။ No rice, No meat Plan ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ ဆီနဲ႔ေၾကာ္ထားတဲ့ မည္သည့္အစားအစာကိုမွ် မစားေတာ့ပါဘူး။

ဟင္းသီးဟင္းရြက္ကုိသာ စားသုံးၿပီး ေတာ္ေတာ္မ်ားမ်ားကို ေရလုံျပဳတ္ကာ စားေသာက္ေလ့ရွိတယ္လုိ႔ သိရပါတယ္။ အဲဒီေနာက္ပုိင္းမွာေတာ့ အမ်ားျမင္တဲ့အတုိင္းပင္ Angel ဟာ တကယ့္ကုိ နတ္သမီးေလးလုိ ခႏၶာကုိယ္ကို ပုိင္ဆုိင္ခဲ့ရၿပီး အခုဆုိရင္ လူၾကားသူၾကားထဲကိုလည္း ရဲရဲတင္းတင္း သြားရဲေနပါၿပီလုိ႔ ေျပာပါတယ္။

source : rachfeed.com

Credit: ေနသူရိန္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဝမှလှတယ်ဆိုတဲ့ စကားပုံဟာ တကယ်တမ်းကျတော့ ဝတဲ့သူတိုင်း သဘောကျဖို့ တော်တော်လေး ခက်ခဲတဲ့ စကားပုံလေးပါ။ အဝလွန်နေတဲ့သူတစ်ယောက်ကို ဘယ်သူကမှ လှတယ်လို့ မမြင်ကြသလို၊ ပိန်ကပ်နေပြန်လွန်းရင်လည်း ကြည့်မကောင်းပြန်ပါဘူး။ ဝလွန်းခြင်း ပိန်လွန်းခြင်းဆိုတဲ့ ပြဿနာနှစ်ရပ်ကြားမှာ တူညီချက်တစ်ခုကတော့ အခြေခံအားဖြင့် အာမခံချက်မရှိတဲ့ ကျန်းမာရေးကို ပိုင်ဆိုင်ထားရတယ်ဆိုတဲ့ အချက်ပါဘဲ။

ဒီတော့ ဝလွန်းနေသူတွေဟာ မဖြစ်မနေ ကိုယ်အလေးချိန် လျှော့ချဖို့လိုအပ်ပြီး၊ ကိုယ်အလေးချိန် ကျဆင်းလွန်းနေသူတွေမှာလည်း မည်သည့်ကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရတယ်ဆိုတာကို အဖြေရှာလိုက်ခြင်းက အသက်ဉာဏ်စောင့် ဖြစ်စေမှာပါ။ အခုဖော်ပြပေမယ့် အကြောင်းအရာလေးကတော့ (၅)လအတွင်းမှာ ကိုယ်အလေးချိန် (၃၀)ကီလိုဂရမ်အထိ ချနိုင်ခဲ့တဲ့ ကောင်မလေးတစ်ယောက် အကြောင်းပါ။

သူမရဲ့အမည်ကတော့ Angel Raighn Flores ဖြစ်ပါတယ်။ သူမဟာ ယခင်က ကိုယ်အလေးချိန် (၈၅)ကီလိုဂရမ် ရှိသူဖြစ်ပြီး (၅)လအတွင်းမှာ (၅၆)ကီလိုဂရမ်သာ ရှိပါတော့တယ်။ ဒါဟာ သူမ ကီလို(၃၀)နီးပါးကို ဟန်ချက်ညီတဲ့ လေ့ကျင့်ခန်းတွေ ပြင်းထန်တဲ့ Diet Plan တွေနဲ့ ချမှတ်နိုင်ခဲ့တာပါ။

နဂိုတုန်းကတော့ Angel ဟာ လူထူထူဆိုရင် ရှောင်လေ့ရှိပါတယ်။ သူမဟာ တစ်နေရာကို ရောက်သွားပြီဆိုရင် သူမ မလိုချင်တဲ့ လူတွေရဲ့အာရုံစိုက်မှုကို ခံရလေ့ရှိပြီး၊ ကျောင်းကပွဲလိုနေရာမျိုးဆိုရင် အရှက်ခွဲချင်သူတွေက သူမကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Angel ဟာ ဖြစ်နိုင်သမျှ လူထူထူဆိုရင် ရှောင်လေ့ရှိပါတယ်။

Angel ဟာ ကနဦးတုန်းကတော့ သူမရဲ့ ကိုယ်ပိုင်နည်းတွေ ဟန်တွေနဲ့ Diet Plan တွေ၊ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပေမယ့် သိသိသာသာ မထူးခြားခဲ့ပါဘူး။ သို့သော်လည်း ဘာဖြစ်လို့ သူမ ကိုယ်အလေးချိန်ကျဆင်းသွားတာလဲဆိုတော့ သူမဟာ Abigail Galang Rebong Transformation ဆိုတဲ့ လှုပ်ရှားမှုလေးကို လေ့လာခဲ့ပါတယ်။

ယင်းနောက်မှာတော့ လေ့ကျင့်ခန်းလဲလုပ် ပြင်းထန်တဲ့ Diet Plan ကိုလည်း စခဲ့ပါတယ်။ သူမ စခဲ့တဲ့ Diet Plan ကတော့ အခြားသူတွေနဲ့ ကိုက်ညီမှုရှိချင်မှရှိမှာဆိုပေမယ့် သူမနဲ့တော့ အတော်လေးကို အန်ဝင်ခွင်ကျ ရှိခဲ့ပါတယ်။ No rice, No meat Plan ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဆီနဲ့ကြော်ထားတဲ့ မည်သည့်အစားအစာကိုမျှ မစားတော့ပါဘူး။

ဟင်းသီးဟင်းရွက်ကိုသာ စားသုံးပြီး တော်တော်များများကို ရေလုံပြုတ်ကာ စားသောက်လေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အများမြင်တဲ့အတိုင်းပင် Angel ဟာ တကယ့်ကို နတ်သမီးလေးလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ရပြီး အခုဆိုရင် လူကြားသူကြားထဲကိုလည်း ရဲရဲတင်းတင်း သွားရဲနေပါပြီလို့ ပြောပါတယ်။

source : rachfeed.com

Credit: နေသူရိန် (MyanmarNote)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top