iMyanmarHouse.com - Best Property Website for Myanmar
×

ထိုင္းႏုိင္ငံရဲ႔ နာမည္ေက်ာ္အလွမယ္တစ္ဦးျဖစ္တဲ့ Maeya Sun Sun နဲ႔ အတူ MTV ရုိက္ကူးသြားမယ့္ အဆုုိေတာ္ဟန္ထူးစ်ာန္ကေတာ့ ဇြန္လ ၁၇ ရက္ေန႔ညက Maeya ကုိ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ သြားေရာက္ႀကိဳဆုိခဲ့တယ္လုိ႔ သိရပါတယ္။ သူ႔အေနနဲ႔ Maeya ကုိ ခ်စ္မိ သြားတဲ့အေၾကာင္းကုိလည္း မီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

'' သူ႔ကုိခ်စ္တဲ့ အခ်က္ကေတာ့ အမွန္ေတာ့ သူ႔မွာခ်စ္စရာေကာင္းတာ တစ္ခုမွမရွိပါဘူး။ မ်က္ႏွာက မည္းတယ္ ဘာညာ ေျပာၾကတာေပါ့့။ ဒါေပမယ့္ အစ္ကုိ႔ အေနနဲ႔ၾကည့္တဲ့အခါက်ေတာ့ သူကအရမ္းခ်စ္ဖုိ႔ေကာင္းတယ္၊ သူ႔ရဲ႕စိတ္ဓာတ္က အားလုံးကုိေပ်ာ္ေစခ်င္တယ္။ ၿပီးရင္ သူ႔မွာရွိတဲ့ မိတ္ကပ္ပညာကုိ Sharing လုပ္တယ္။ အဲ့ဒါကေတာ့သူ႔ကုိ အစ္ကုိခ်စ္ျခင္းတစ္ခုေပါ့။ သူ သြားတစ္ေခ်ာင္းထဲနဲ႔ ကၽြတ္ကၽြတ္ ကၽြတ္ ျမည္တဲ့ဟာႀကီးကုိ သူကုိက္စားျပတာ အစ္ကုိရယ္ခ်င္သြားတယ္ ေတာ္ေတာ္လည္းေပ်ာ္သြားတယ္။ အဲ့ဒါေၾကာင့္သူ႔ကုိ ခ်စ္သြားတာပါ''လုိ႔ သူက ဆုိပါတယ္။

ဟန္ထူးစ်ာန္နဲ႔ ထုိင္းႏုိင္ငံရဲ႕ နာမည္ေက်ာ္ အလွမယ္တစ္ဦးျဖစ္တဲ့ Maeya Sun Sun တုိ႔ဟာ Maeya ရဲ႕ ဗီဒီယုိဖုိင္ကုိ  ၾကည့္ၿပီး အျပန္ အလွန္စကားေျပာရာကေန ရင္းႏွီးခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဟန္ထူးစ်ာန္ရဲ႕ MTV မွာ ပါဝင္သရုပ္ေဆာင္ဖုိ႔ ကမ္းလွမ္းရင္းကေန ျမန္မာႏုိင္ငံကုိေရာက္ရွိလာတာျဖစ္ပါတယ္။ Maeya Sun Sun ရဲ႕ ျမန္မာႏုိင္ငံခရီးစဥ္ကေတာ့ ဒီတစ္ေခါက္က ပထမဆုံးျဖစ္ၿပီး Maeya တစ္ေယာက္ စိတ္ေတြလည္း လႈပ္ရွားေနတယ္ဆုိတာကုိ ဟန္ထူးစ်ာန္က ဇြန္လ ၁၇ ရက္ေန႔ညက ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္ႀကီးမွာ Sun Sun ကုိ လာႀကိဳၾကတဲ့ မီဒီယာေတြကုိ ေျပာျပခဲ့တာျဖစ္ပါတယ္။

ဟန္ထူးစ်ာန္ နဲ႔ Maeya ရဲ႕ စတင္ေတြ႔ဆုံမႈေလးကလည္း ဆန္းျပားပါတယ္။ Maeya ရဲ႕ အစားအေသာက္ဗီဒီယုိဖုိင္ကုိၾကည့္ရင္းကေန တဆင့္ ေတြ႔ဆုံခဲ့တာလုိ႔ သိရပါတယ္။

'' Maeya ရဲ႕ ဗီဒီယုိဖုိင္ေလးတစ္ခုကုိ အစ္ကုိၾကည့္ရတယ္၊ သူ မုန္႔ေတြစားျပေနတာ သူ႔ကုိၾကည့္ရင္း ၾကည့္ရင္းနဲ႔ အသည္းေတြယားၿပီးေတာ့ ရယ္ခ်င္လာတာေပါ့။ အဲ့ဒီကိစၥကုိ အစ္ကုိ႔ရဲ႕ သူငယ္ခ်င္းေတြကုိေျပာျပရင္းနဲ႔ ေပ်ာ္ခဲ့ရတယ္။ အေပ်ာ္ေတြလည္းကူးစက္သြားေတာ့ သူနဲ႔ရုိက္ မယ္ဆုိၿပီး ေတြးလုိက္မိတယ္။ သူက အရမ္းလည္းရယ္ရတယ္ ခင္ဖုိ႔လည္းေကာင္းပါတယ္။ သူက အရမ္းကုိ Funny လုပ္တတ္တဲ့ တစ္ေယာက္ ေပါ့ေနာ္၊ အစ္ကုိ႔အေနနဲ႔ သူ႔ေၾကာင့္ေပ်ာ္ခဲ့ရတယ္၊ သူက ခင္ဖုိ႔လည္းေကာင္းပါတယ္။ သူနဲ႔ MTV ေလးရုိက္ျဖစ္ဖုိ႔ စဥ္းစား လုိက္တာကလည္း ပရိသတ္ေတြကုိေပ်ာ္ေစခ်င္လုိ႔ပါ။ ဘာေၾကာင့္လည္းဆုိေတာ့ အစ္ကုိ႔ရဲ႕ Music Video ေလးေတြက ငုိရတာေတြ မ်ားေတာ့ ပရိသတ္ေတြ ကလည္း ေျပာၾကတယ္။ အစ္ကုိကုိယ္တုိင္ကလည္း ပုံစံေလး ေျပာင္းခ်င္ေနတာပါ။ '' လုိ႔ သူကဆုိပါတယ္။

ဟန္ထူးစ်ာန္ဟာ အိမ္မက္ဆုံရာ သီခ်င္းဆုိၿပိဳင္ပြဲႀကီးမွာ 3 Runner Up ဆုအျပင္ Popular Choice Award ဆုကိုလည္းရရွိခဲ့သူျဖစ္ပါတယ္။ ၿပိဳင္ပြဲႀကီးၿပီးသြားတဲ့ေနာက္ ၂၀၁၇ ခုႏွစ္အတြင္းမွာ " Celebrity'' ဆုိတဲ့ ပထမဆုံးတစ္ကုိယ္ေတာ္ေတးစီးရီးထြက္ရွိခဲ့ပါတယ္။ တစ္ကုိယ္ေတာ္ အေခြ ထြက္ရွိၿပီးတဲ့ေနာက္မွာလည္း အြန္လုိင္းေပၚကေန MTV ေလးေတြတင္ဆက္ေပးရင္းနဲ႔မွ ပရိသတ္ေတြရဲ႔ အားေပးမႈကုိ ပုိမုိရရွိခဲ့တာ ျဖစ္ပါတယ္။

Credit: Duwun

#Unicode Version#
ထိုင်းနိုင်ငံရဲ့ နာမည်ကျော်အလှမယ်တစ်ဦးဖြစ်တဲ့ Maeya Sun Sun နဲ့ အတူ MTV ရိုက်ကူးသွားမယ့် အဆိုတော်ဟန်ထူးဈာန်ကတော့ ဇွန်လ ၁၇ ရက်နေ့ညက Maeya ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ Maeya ကို ချစ်မိ သွားတဲ့အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' သူ့ကိုချစ်တဲ့ အချက်ကတော့ အမှန်တော့ သူ့မှာချစ်စရာကောင်းတာ တစ်ခုမှမရှိပါဘူး။ မျက်နှာက မည်းတယ် ဘာညာ ပြောကြတာပေါ့။ ဒါပေမယ့် အစ်ကို့ အနေနဲ့ကြည့်တဲ့အခါကျတော့ သူကအရမ်းချစ်ဖို့ကောင်းတယ်၊ သူ့ရဲ့စိတ်ဓာတ်က အားလုံးကိုပျော်စေချင်တယ်။ ပြီးရင် သူ့မှာရှိတဲ့ မိတ်ကပ်ပညာကို Sharing လုပ်တယ်။ အဲ့ဒါကတော့သူ့ကို အစ်ကိုချစ်ခြင်းတစ်ခုပေါ့။ သူ သွားတစ်ချောင်းထဲနဲ့ ကျွတ်ကျွတ် ကျွတ် မြည်တဲ့ဟာကြီးကို သူကိုက်စားပြတာ အစ်ကိုရယ်ချင်သွားတယ် တော်တော်လည်းပျော်သွားတယ်။ အဲ့ဒါကြောင့်သူ့ကို ချစ်သွားတာပါ''လို့ သူက ဆိုပါတယ်။


ဟန်ထူးဈာန်နဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အလှမယ်တစ်ဦးဖြစ်တဲ့ Maeya Sun Sun တို့ဟာ Maeya ရဲ့ ဗီဒီယိုဖိုင်ကို  ကြည့်ပြီး အပြန် အလှန်စကားပြောရာကနေ ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဟန်ထူးဈာန်ရဲ့ MTV မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းရင်းကနေ မြန်မာနိုင်ငံကိုရောက်ရှိလာတာဖြစ်ပါတယ်။ Maeya Sun Sun ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကတော့ ဒီတစ်ခေါက်က ပထမဆုံးဖြစ်ပြီး Maeya တစ်ယောက် စိတ်တွေလည်း လှုပ်ရှားနေတယ်ဆိုတာကို ဟန်ထူးဈာန်က ဇွန်လ ၁၇ ရက်နေ့ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ Sun Sun ကို လာကြိုကြတဲ့ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဟန်ထူးဈာန် နဲ့ Maeya ရဲ့ စတင်တွေ့ဆုံမှုလေးကလည်း ဆန်းပြားပါတယ်။ Maeya ရဲ့ အစားအသောက်ဗီဒီယိုဖိုင်ကိုကြည့်ရင်းကနေ တဆင့် တွေ့ဆုံခဲ့တာလို့ သိရပါတယ်။

'' Maeya ရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို အစ်ကိုကြည့်ရတယ်၊ သူ မုန့်တွေစားပြနေတာ သူ့ကိုကြည့်ရင်း ကြည့်ရင်းနဲ့ အသည်းတွေယားပြီးတော့ ရယ်ချင်လာတာပေါ့။ အဲ့ဒီကိစ္စကို အစ်ကို့ရဲ့ သူငယ်ချင်းတွေကိုပြောပြရင်းနဲ့ ပျော်ခဲ့ရတယ်။ အပျော်တွေလည်းကူးစက်သွားတော့ သူနဲ့ရိုက် မယ်ဆိုပြီး တွေးလိုက်မိတယ်။ သူက အရမ်းလည်းရယ်ရတယ် ခင်ဖို့လည်းကောင်းပါတယ်။ သူက အရမ်းကို Funny လုပ်တတ်တဲ့ တစ်ယောက် ပေါ့နော်၊ အစ်ကို့အနေနဲ့ သူ့ကြောင့်ပျော်ခဲ့ရတယ်၊ သူက ခင်ဖို့လည်းကောင်းပါတယ်။ သူနဲ့ MTV လေးရိုက်ဖြစ်ဖို့ စဉ်းစား လိုက်တာကလည်း ပရိသတ်တွေကိုပျော်စေချင်လို့ပါ။ ဘာကြောင့်လည်းဆိုတော့ အစ်ကို့ရဲ့ Music Video လေးတွေက ငိုရတာတွေ များတော့ ပရိသတ်တွေ ကလည်း ပြောကြတယ်။ အစ်ကိုကိုယ်တိုင်ကလည်း ပုံစံလေး ပြောင်းချင်နေတာပါ။ '' လို့ သူကဆိုပါတယ်။

ဟန်ထူးဈာန်ဟာ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကြီးမှာ 3 Runner Up ဆုအပြင် Popular Choice Award ဆုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက် ၂၀၁၇ ခုနှစ်အတွင်းမှာ " Celebrity'' ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးထွက်ရှိခဲ့ပါတယ်။ တစ်ကိုယ်တော် အခွေ ထွက်ရှိပြီးတဲ့နောက်မှာလည်း အွန်လိုင်းပေါ်ကနေ MTV လေးတွေတင်ဆက်ပေးရင်းနဲ့မှ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

Credit: Duwun

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top