iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာအိုင္ေဒါ Voting 7 ျဖိဳးျမတ္ေအာင္

ပရိတ္သတ္အားေပးမႈ တခဲနက္ရရွိေနတဲ့ ျဖိဳးျမတ္ေအာင္ကေတာ့ ျမန္မာအိုင္ေဒါ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားၿပီပဲျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ဟသၤာတသား ျဖိဳးျမတ္ေအာင္က မေန႔ညက top 10 Result Show မွာ save ျဖစ္ၿပီး ေနာက္ထပ္ to 8 အဆင့္ကို တက္သြားတာပဲျဖစ္ပါတယ္။

ၿပိဳင္ပဲြဝင္ ခ်မ္းေျမ့ေမာင္ခ်ိဳနဲ႔ အၿပိဳင္အားေပးခံေနရၿပီး ပထမဆံုး result show မွာ မဲအမ်ားဆံုး ျဖိဳးျမတ္ေအာင္က ရရွိထားပါတယ္။ ခုလည္း ဟသၤာတပရိတ္သတ္ေတြကေတာ့ အသံခ်ဲ႔စက္ေတြနဲ႔ လွည့္လည္ႏႈိးေဆာ္ေနတာျဖစ္ပါတယ္။

ျဖိဳးျမတ္ေအာင္က Winner ျဖစ္ႏိုင္ေျခရွိသူတစ္ယာက္အျဖစ္ သံုးသပ္ေနၾကၿပီး ခုခ်ိန္ထိေတာ့ ပရိတ္သတ္ေတြက တခဲနက္ ႏွစ္သက္အားေပးေနၾကတာ ေတြ႔ရပါတယ္။

လူတိုင္းမသိေသးတဲ့ Vote 7 ၿဖိဳးျဖတ္ေအာင္ သုိ႔မဟုတ္ ပုရစ္တစ္ေကာင္ရဲ႕အစမ်ား

(A)

ၿဖိဳးျမတ္ေအာင္(Vote 7)ကMyanmar idolေပၚလာမွ ဝင္ၿပိဳင္ခဲ့သူလား။လူေတြမသိေသးတဲ့ သူရဲ႕ဂီတနဲ႔ပတ္သက္ေသာ အပုိင္းအစမ်ားမွာ . . .

(B)

Vote 7ျဖစ္သြားၿပီးေနာက္ပုိင္း ကုိၿဖိဳးကအားလပ္ရင္ဖုန္းေခၚလာတတ္သည္။သူ႔မွာလည္းစုိးရိမ္အားငယ္တာေတြရွိေတာ့ အားေပးရသည္။

“ကုိစုေရ. .အားလုံးထဲမွာကၽြန္ေတာ္ကရုပ္အဆုိးဆုံးဆုိေတာ့”

“အဆုိေတာ္လုပ္မွာပဲကြာ ရုပ္ျပစားမွာမွမဟုတ္တာ စုိင္းထီးဆုိင္ၾကည့္ေလ မ်က္မွန္နဲ႔သြားေခါႀကီးအားလုံးကခ်စ္တာပဲေလ”ဆယ္တန္းမေအာင္တာလည္း သူေနာင္တရေနၿပီ။

“ေရႊမႈန္ရတီနဲ႔အတန္းတူတာေပါ့ကြာ ဆယ္တန္းက်တယ္ေျပာတာရုိင္းတယ္ အထက္တန္းက်တယ္ေျပာရတယ္ကြ တေယာဦးတင္ရီလည္းတစ္တန္းမွမေအာင္ပါဘူးေဇာ္ဝင္းထြဋ္ျဖစ္ျဖစ္ ေလးျဖဴ ထူးအိမ္သင္ျဖစ္ျဖစ္ ဂီတနဲ႔ပတ္သက္ရင္ဦးတင္ရီကုိေလးစားရတာပဲ”ကၽြန္ေတာ့္မွာ ၾကံဖန္ႏွစ္သိမ့္ရေလသည္။

(C)

ၿဖိဳးျမတ္ေအာင္ idolၿပိဳင္ဖုိ႔ပုသိမ္ကုိတက္သြားပုံက မင္းသားႀကီးေက်ာ္ဟိန္းတစ္ေယာက္ ပထမဆုံးရုပ္ရွင္ကုိ မနၱေလးသြားရုိက္ရတာသတိရခ်င္စရာ။ရန္ကုန္ဘူတာႀကီးထဲ လမ္းစရိတ္မရွိလုိ႔ေယာင္ခ်ာခ်ာျဖစ္ေနတုန္း အကယ္ဒမီစံရွားတင္စရိတ္ခံေခၚလုိ႔ သြားျဖစ္ရပုံေတြ သူ႔ကုိေျပာျပရသည္။

idolၿပိဳင္ဖုိ႔ ပုသိမ္သြားမယ္ဆုိေတာ့ ေကးေကး(အလွျပင္ဆုိင္)ဆီက ၁ေသာင္းေခ်းသြားရသည္။ဒုတိယတစ္ေခါက္မွာေတာ့ မနက္လင္းတဲ့အထိ ေခ်းလုိ႔ငွားလုိ႔မရ။ကုိသားငယ္(တကၠသုိလ္ထဲမွထမင္းဆုိင္)ကေငြ၂ေသာင္းေခ်းေတာ့မွ ကားဂိတ္ဆင္းရသည္။ပုသိမ္ကားကုိမမွီေတာ့ ေသာင္ႀကီးကားကုိစီးရသည္။ေသာင္ႀကီးမွရန္ကုန္ပုသိမ္လမ္းသုိ႔ဆုိင္ကယ္ၾကံဳလုိက္ရသည္။ေနာက္မွ ပုသိမ္သုိ႔ကားစီး။

အားလုံးေက်ာ့ေက်ာ့ေမာ့ေမာ့ၿပိဳင္ပြဲဝင္ေနခ်ိန္တြင္ေရေတြစုိရႊဲၿပီးေရာက္သြားသည္။အဲကြန္းကေအးအဝတ္ပုိကပါမလာ။ကုိမ်ဳိးေက်ာ့က”လူလားႂကြက္စုတ္လား”လုိ႔ေနာက္ေျပာင္သည္။မတင္ဇာက”ေမာင္ေလးကုိမနက္ကတည္းကမေတြ႕လုိ႔စိတ္ပူေနတာ”တဲ့ဒီလုိအေျပာခံရေတာ့ ရုတ္တရက္ကုိၿဖိဳးရင္ထဲ ေႏြးသြားသည္။သီခ်င္းဆုိခ်လုိက္ေတာ့ all yes။

(D)

ဗမာဂီတာတီးခတ္သူဖခင္နဲ႔ျမန္မာသီခ်င္းဆုိသူ မိခင္တုိ႔က သူတုိ႔ေမာင္ႏွမ၃ေယာက္ကုိေမြးဖြားခဲ့ေလသည္။မိဘေတြက အရပ္အဆုိေတာ္္ေတြ။ကုိၿဖိဳးလည္းအသက္၁၄ႏွစ္(လြန္ခဲ့ေသာ၁၂ႏွစ္)ကတည္းက မုိက္ကုိင္ေနခဲ့ၿပီ။ျမစ္ဝကၽြန္းေပၚေဒသ အလႉပြဲေတြ တန္ေဆာင္တုိင္ေတြ ပရဟိတပြဲေတြမွာ ၁၄ႏွစ္သားေလးသီခ်င္းလုိက္ဆုိေနခဲ့သည္။

မိခင္ရဲ႕မုန္႔ဟင္းခါးဆုိင္ကုိ ကူညီတာကလြဲရင္ ဘာမွမလုပ္ခဲ့။ဂီတကုိသာရူးသြပ္ေနခဲ့သည္။ကုိစံကြမ္းတုိ႔ လြင္မင္းထက္တုိ႔ Nextbandနဲ႔တြဲမိသည္။ပြဲရွိရင္ဂစ္တာေတြတီးဝုိင္းပစၥည္းေတြသယ္ေပး စင္ေပၚမွာျပင္ဆင္ေပး ဆုိခြင့္ရရင္ဆုိ။

ရန္ကုန္အဆုိေတာ္ႀကီးေတြလာရင္ ဘီယာစီးကရက္ဝယ္ေပး။သူ႔အတြက္စင္ေနာက္မွာ ထုိင္စရာခုံရယ္လုိ႔မရွိ။သီခ်င္းဆုိခ မရတာမ်ားသည္။၅ေထာင္၁ေသာင္း ရတဲ့အခါရသည္။တစ္ခုေတာ့ရွိသည္။

သူသီခ်င္းဆုိတာၾကားသြားရင္ေတာ့ ရန္ကုန္အဆုိေတာ္ႀကီးေတြ ခ်ီးမြမ္းသြားၾကသည္သာ။ေနာက္ေတာ့ရန္ကုန္အဆုိေတာ္ႀကီးေတြ ဟသၤာတေရာက္တုိင္း. .”ပုရစ္ဘယ္မွာလဲ ပုရစ္နဲ႔ေတြ႕ခ်င္တယ္”ျဖစ္လာသည္။ပုရစ္ဆုိသည္မွာအေကာင္ေသးေသာ္လည္း အသံက်ယ္တဲ့သေဘာ။ေမခလာေပးသြားေသာနာမည္။

မွတ္မွတ္ရရေျပာစရာတစ္ခုက စုိင္းစုိင္းခမ္းလိွုင္ဆုိေနတုန္း စတိတ္စင္အေျခအေနမေကာင္းလုိ႔စင္ေအာက္မွာဝင္ထမ္းရဖူးသည္။စင္ၿပိဳက်သြားလုိ႔ စုိင္းစုိင္းနဲ႔သူ႔ကုိ အပ်က္အစီးေတြၾကားက ဆြဲထုတ္ရဖူးေလသည္။

(E)

၂၀၁၅ေလာက္က သူငယ္ခ်င္းယူေဇာရဲ႕Generalေအာင္ဆန္းကုိ ဂစ္တာတီးဆုိၿပီး fbေပၚတင္လုိက္သည္။ထုိသီခ်င္းကုိအေၾကာင္းျပဳလုိ႔ေတးေရး နာႏူိပိစ္(Nano peace)သူ႔ကုိဆက္သြယ္လာသည္။နာႏူိပိစ္တုိ႔ Doron music bandက ရန္ကုန္မွာ။ Lead အကမ္း Bass အဘမ္း KB ကုိမုန္ယီးတုိ႔နဲ႔ဖြဲ႕စည္းထားေသာ ခရစ္ယာန္လူငယ္ေတြရဲ႕bandေလး။

ကုိၿဖိဳးကဗုဒၶဘာသာျဖစ္ေပမယ့္ ဂီတမွာလူမ်ဳိးဘာသာမရွိဆုိတဲ့ခံယူခ်က္ကုိယ္စီနဲ႔ Doronနဲ႔ကုိၿဖိဳး ျမင္ျမင္ခ်င္းရင္းႏွွီးေႏြးေထြးသြားေလသည္Generalေအာင္ဆန္းကုိ ေသခ်ာarrgementျပန္လုပ္ျပန္ဆုိဖုိ႔ တုိင္ပင္ၾကေတာ့သည္။

ကုိၿဖိဳးမွာ၂၀၁၆ေရာက္မွသာ ရန္ကုန္ကုိပထမဆုံး ေရာက္ဖူးခဲ့ျခင္းျဖစ္သည္။သူငယ္ခ်င္း ခန္႔မင္းထက္(သူႀကီး)က၁သိန္း ျပည့္ၿဖိဳးေက်ာ္က၅ေသာင္း ေပးသည္။ေခ်ာင္းဝကmusic houseစတူဒီယုိမွာGeneralေအာင္ဆန္းကုိ ျပန္ဆုိျပန္တီးၿပီးလုိင္းေပၚတင္လုိက္သည္။

like share Kေပါင္းမ်ားစြာရလာသည္။General ေအာင္ဆန္းမွာ အရင္ေခတ္ကေဂ်းေအာင္းရႏူိင္ေသာ္လည္းNLDေခတ္မွာ မ်က္ႏွာပန္းအလြန္လွခဲ့သည္။ျပည္တြင္းျပည္ပဆုေတာ္ေငြေတြ ခ်ီးျမႇင့္ၾကေလသည္။

ရလာတဲ့ပုိက္ဆံကုိရင္းၿပီးMTVတစ္ပုဒ္ ထပ္လုပ္ဖုိ႔ အားလုံးသေဘာတူၾကသည္။ေတးေရးနာႏုိပိစ္ရဲ႕ လူပဲအတူတူပဲ သီခ်င္းကုိရုိက္ၾကသည္။MTVမွာ ခုပ္ပီးနဲ႔ၿဖိဳးျမတ္ေအာင္ကအဆုိ အကမ္းကဂစ္တာနဲ႔။တီးခတ္သူေတြကDoron အဖြဲ႕။

“အဆုိနဲ႔ပတ္သက္ရင္ ကုိခုပ္ပီးကကၽြန္ေတာ့္ဆရာပါ ကုိစုရယ္”တဲ့ထုိရက္မ်ားတြင္ ခုပ္ပီးရွိရာသုခသုိ႔ သမုိင္းလမ္းဆုံမွ မနက္တုိင္းလမ္းေလၽွာက္လာရသည္။ကၽြန္ေတာ္က

“မင္းကဇာတ္နာေအာင္ ေျပာေနသလုိပဲ” “တကယ္ပါအစ္ကုိရာ လမ္းစရိတ္ေတာင္မရွိတာပါ”လမ္းေလၽွာက္ရင္း Bon Joviရဲ႕Blaze of Gloryကုိ ဂါထာလုိရြတ္ခဲ့ရေသာVite 7ရဲ႕ေန႔မ်ား။

(F)

MTVကုိလုိင္းေပၚတင္လုိက္ရာ သိပ္မေပါက္။ရွိသမၽွပလုံသြားေပမယ့္ ကုိယ္လုပ္ခ်င္တာလုပ္လုိက္ရလုိ႔တစ္ဖြဲ႕လုံးေပ်ာ္ၾကရသည္။

ရန္ကုန္အဆုိေတာ္ႀကီးေတြကလည္း ဟသၤာတေရာက္ရင္သာ ပုရစ္ကုိေမးတတ္ရွာတတ္တာ။ရန္ကုန္မွာက အခ်ိန္ေပးႏူိင္သူမရွိလုိ႔ သြားမေတြ႕ေတာ့။ကုိေဂ်ႀကီး(Jေမာင္ေမာင္)တစ္ေယာက္သာေတြ႕တုိင္းထမင္းေကၽြး လက္ဖက္ရည္တုိက္ ဂီတေလာကအေၾကာင္းေတြေျပာျပတတ္သည္။၂၀၁၇ တစ္ႏွစ္လုံး ဟသၤာတရန္ကုန္ သြားလုိက္ျပန္လုိက္ undergoundဘဝနဲ႔ေယာင္လည္လည္။ပရုိဂ်ဴဆာတခ်ဳိ႕နဲ႔စကားေျပာခြင့္ရေပမယ့္ ကီးမကုိက္ၾက။ကုိၿဖိဳးကလည္း ဂီတနဲ႔ပတ္သက္ရင္ မာနႀကီးတတ္သူ။”ရင္ထဲမွာလည္း နာက်ည္းခ်က္တခ်ဳိ႕ရွိေနၿပီကုိစုရာ”

ထုိအခ်ိန္မ်ားတြင္ ကၽြန္ေတာ္ေရးဖူးတဲ့ကဗ်ာစာသားအပုိင္းအစတစ္ခုက သူ႔အတြက္ရည္စူးထားသလုိခံစားရပါသည္တဲ့”ၿမိဳ႕ကေလးက ကမာေကာင္ပုလဲတစ္လုံးကုိ မ်ဳိထားသလုိမ်ဳိးမၾကာခင္ ကမၻာေက်ာ္ေတာ့မယ့္ လူတစ္ေယာက္ကုိ မ်ဳိထားေလရဲ႕”ဆုိတဲ့စာသား။

(G)

ဤသုိ႔ျဖင့္ ဘာဆက္လုပ္ရမွန္းမသိခ်ိန္ Myanmar idolကေနဝင္ၿပိဳင္ဖုိ႔ သူဆုံးျဖတ္လုိက္သည္။

“ကၽြန္ေတာ္သာ ပုိက္ဆံရွိရင္ဝင္မၿပိဳင္ဘူး ေခြတန္း ထုတ္မွာ ပုိက္ဆံမရွိလုိ႔ ဝင္ၿပိဳင္ခဲ့တာအစ္ကုိေရ”တဲ့

idolကုိ အမွန္အကန္လုိ႔သူယုံၾကည္သည္။idol တာဝန္ရွိသူေတြက အစစအရာရာလုိေလေသးမရွိကူညီေဆာင္ရြက္ေပးၾကသည္။အားလုံးမိသားစုလုိ။”အျပင္မွာေျပာေနတာေတြက တစ္မ်ဳိးျဖစ္ခ်င္ျဖစ္မယ္ ကၽြန္ေတာ္ကလက္ေတြ႕ေလ idolကတရားမၽွတတယ္ ေက်ာသားရင္သားမခြဲဘူး”

အခုေတာ့မနက္၇နာရီstar cityမွ ေရႊထြဋ္တင္သြား။သီခ်င္းက်င့္ ရုိက္ကူးေရးလုပ္။မအားလပ္ေတာ့ၿပီ။သူေျပာေလ့ရွိေသာ စကားက”အားလုံးရင္ထဲ တင္က်န္မယ့္သီခ်င္းေတြဖန္တီးခ်င္တယ္” ဆုိတာပဲ။

Vote 7ၿဖိဳးျမတ္ေအာင္ကား ဂီတကုိသာမန္ေပၚပင္ဝင္လုပ္သူမဟုတ္။(လုံးဝမဟုတ္)ႏွစ္ႏွစ္ကာကာရူးသြပ္မႈရွိေသာRock Metal တစ္ေယာက္ဆုိတာေသခ်ာလွေပသည္။ဦးသိန္းတန္ဆြဲထုတ္လာတဲ့king ဖဲအစစ္။

စုေမာင္ေမာင္

(ဟသၤာတသူ/သားေတြshare copy လုပ္ႏူိင္ပါေၾကာင္း)

(ေနာက္တဆင့္မွ ဆက္ေရးမယ္ကုိၿဖိဳးေရ. .)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  mmfeed
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာအိုင်ဒေါ Voting 7 ဖြိုးမြတ်အောင်

ပရိတ်သတ်အားပေးမှု တခဲနက်ရရှိနေတဲ့ ဖြိုးမြတ်အောင်ကတော့ မြန်မာအိုင်ဒေါ နောက်တစ်ဆင့်ကို တက်ရောက်သွားပြီပဲဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဟင်္သာတသား ဖြိုးမြတ်အောင်က မနေ့ညက top 10 Result Show မှာ save ဖြစ်ပြီး နောက်ထပ် to 8 အဆင့်ကို တက်သွားတာပဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုနဲ့ အပြိုင်အားပေးခံနေရပြီး ပထမဆုံး result show မှာ မဲအများဆုံး ဖြိုးမြတ်အောင်က ရရှိထားပါတယ်။ ခုလည်း ဟင်္သာတပရိတ်သတ်တွေကတော့ အသံချဲ့စက်တွေနဲ့ လှည့်လည်နှိုးဆော်နေတာဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က Winner ဖြစ်နိုင်ခြေရှိသူတစ်ယာက်အဖြစ် သုံးသပ်နေကြပြီး ခုချိန်ထိတော့ ပရိတ်သတ်တွေက တခဲနက် နှစ်သက်အားပေးနေကြတာ တွေ့ရပါတယ်။

လူတိုင်းမသိသေးတဲ့ Vote 7 ဖြိုးဖြတ်အောင် သို့မဟုတ် ပုရစ်တစ်ကောင်ရဲ့အစများ

(A)

ဖြိုးမြတ်အောင်(Vote 7)ကMyanmar idolပေါ်လာမှ ဝင်ပြိုင်ခဲ့သူလား။လူတွေမသိသေးတဲ့ သူရဲ့ဂီတနဲ့ပတ်သက်သော အပိုင်းအစများမှာ . . .

(B)

Vote 7ဖြစ်သွားပြီးနောက်ပိုင်း ကိုဖြိုးကအားလပ်ရင်ဖုန်းခေါ်လာတတ်သည်။သူ့မှာလည်းစိုးရိမ်အားငယ်တာတွေရှိတော့ အားပေးရသည်။

“ကိုစုရေ. .အားလုံးထဲမှာကျွန်တော်ကရုပ်အဆိုးဆုံးဆိုတော့”

“အဆိုတော်လုပ်မှာပဲကွာ ရုပ်ပြစားမှာမှမဟုတ်တာ စိုင်းထီးဆိုင်ကြည့်လေ မျက်မှန်နဲ့သွားခေါကြီးအားလုံးကချစ်တာပဲလေ”ဆယ်တန်းမအောင်တာလည်း သူနောင်တရနေပြီ။

“ရွှေမှုန်ရတီနဲ့အတန်းတူတာပေါ့ကွာ ဆယ်တန်းကျတယ်ပြောတာရိုင်းတယ် အထက်တန်းကျတယ်ပြောရတယ်ကွ တယောဦးတင်ရီလည်းတစ်တန်းမှမအောင်ပါဘူးဇော်ဝင်းထွဋ်ဖြစ်ဖြစ် လေးဖြူ ထူးအိမ်သင်ဖြစ်ဖြစ် ဂီတနဲ့ပတ်သက်ရင်ဦးတင်ရီကိုလေးစားရတာပဲ”ကျွန်တော့်မှာ ကြံဖန်နှစ်သိမ့်ရလေသည်။

(C)

ဖြိုးမြတ်အောင် idolပြိုင်ဖို့ပုသိမ်ကိုတက်သွားပုံက မင်းသားကြီးကျော်ဟိန်းတစ်ယောက် ပထမဆုံးရုပ်ရှင်ကို မန္တလေးသွားရိုက်ရတာသတိရချင်စရာ။ရန်ကုန်ဘူတာကြီးထဲ လမ်းစရိတ်မရှိလို့ယောင်ချာချာဖြစ်နေတုန်း အကယ်ဒမီစံရှားတင်စရိတ်ခံခေါ်လို့ သွားဖြစ်ရပုံတွေ သူ့ကိုပြောပြရသည်။

idolပြိုင်ဖို့ ပုသိမ်သွားမယ်ဆိုတော့ ကေးကေး(အလှပြင်ဆိုင်)ဆီက ၁သောင်းချေးသွားရသည်။ဒုတိယတစ်ခေါက်မှာတော့ မနက်လင်းတဲ့အထိ ချေးလို့ငှားလို့မရ။ကိုသားငယ်(တက္ကသိုလ်ထဲမှထမင်းဆိုင်)ကငွေ၂သောင်းချေးတော့မှ ကားဂိတ်ဆင်းရသည်။ပုသိမ်ကားကိုမမှီတော့ သောင်ကြီးကားကိုစီးရသည်။သောင်ကြီးမှရန်ကုန်ပုသိမ်လမ်းသို့ဆိုင်ကယ်ကြုံလိုက်ရသည်။နောက်မှ ပုသိမ်သို့ကားစီး။

အားလုံးကျော့ကျော့မော့မော့ပြိုင်ပွဲဝင်နေချိန်တွင်ရေတွေစိုရွှဲပြီးရောက်သွားသည်။အဲကွန်းကအေးအဝတ်ပိုကပါမလာ။ကိုမျိုးကျော့က”လူလားကြွက်စုတ်လား”လို့နောက်ပြောင်သည်။မတင်ဇာက”မောင်လေးကိုမနက်ကတည်းကမတွေ့လို့စိတ်ပူနေတာ”တဲ့ဒီလိုအပြောခံရတော့ ရုတ်တရက်ကိုဖြိုးရင်ထဲ နွေးသွားသည်။သီချင်းဆိုချလိုက်တော့ all yes။

(D)

ဗမာဂီတာတီးခတ်သူဖခင်နဲ့မြန်မာသီချင်းဆိုသူ မိခင်တို့က သူတို့မောင်နှမ၃ယောက်ကိုမွေးဖွားခဲ့လေသည်။မိဘတွေက အရပ်အဆိုတော်တွေ။ကိုဖြိုးလည်းအသက်၁၄နှစ်(လွန်ခဲ့သော၁၂နှစ်)ကတည်းက မိုက်ကိုင်နေခဲ့ပြီ။မြစ်ဝကျွန်းပေါ်ဒေသ အလှူပွဲတွေ တန်ဆောင်တိုင်တွေ ပရဟိတပွဲတွေမှာ ၁၄နှစ်သားလေးသီချင်းလိုက်ဆိုနေခဲ့သည်။

မိခင်ရဲ့မုန့်ဟင်းခါးဆိုင်ကို ကူညီတာကလွဲရင် ဘာမှမလုပ်ခဲ့။ဂီတကိုသာရူးသွပ်နေခဲ့သည်။ကိုစံကွမ်းတို့ လွင်မင်းထက်တို့ Nextbandနဲ့တွဲမိသည်။ပွဲရှိရင်ဂစ်တာတွေတီးဝိုင်းပစ္စည်းတွေသယ်ပေး စင်ပေါ်မှာပြင်ဆင်ပေး ဆိုခွင့်ရရင်ဆို။

ရန်ကုန်အဆိုတော်ကြီးတွေလာရင် ဘီယာစီးကရက်ဝယ်ပေး။သူ့အတွက်စင်နောက်မှာ ထိုင်စရာခုံရယ်လို့မရှိ။သီချင်းဆိုခ မရတာများသည်။၅ထောင်၁သောင်း ရတဲ့အခါရသည်။တစ်ခုတော့ရှိသည်။

သူသီချင်းဆိုတာကြားသွားရင်တော့ ရန်ကုန်အဆိုတော်ကြီးတွေ ချီးမွမ်းသွားကြသည်သာ။နောက်တော့ရန်ကုန်အဆိုတော်ကြီးတွေ ဟင်္သာတရောက်တိုင်း. .”ပုရစ်ဘယ်မှာလဲ ပုရစ်နဲ့တွေ့ချင်တယ်”ဖြစ်လာသည်။ပုရစ်ဆိုသည်မှာအကောင်သေးသော်လည်း အသံကျယ်တဲ့သဘော။မေခလာပေးသွားသောနာမည်။

မှတ်မှတ်ရရပြောစရာတစ်ခုက စိုင်းစိုင်းခမ်းလှိုင်ဆိုနေတုန်း စတိတ်စင်အခြေအနေမကောင်းလို့စင်အောက်မှာဝင်ထမ်းရဖူးသည်။စင်ပြိုကျသွားလို့ စိုင်းစိုင်းနဲ့သူ့ကို အပျက်အစီးတွေကြားက ဆွဲထုတ်ရဖူးလေသည်။

(E)

၂၀၁၅လောက်က သူငယ်ချင်းယူဇောရဲ့Generalအောင်ဆန်းကို ဂစ်တာတီးဆိုပြီး fbပေါ်တင်လိုက်သည်။ထိုသီချင်းကိုအကြောင်းပြုလို့တေးရေး နာနိူပိစ်(Nano peace)သူ့ကိုဆက်သွယ်လာသည်။နာနိူပိစ်တို့ Doron music bandက ရန်ကုန်မှာ။ Lead အကမ်း Bass အဘမ်း KB ကိုမုန်ယီးတို့နဲ့ဖွဲ့စည်းထားသော ခရစ်ယာန်လူငယ်တွေရဲ့bandလေး။

ကိုဖြိုးကဗုဒ္ဓဘာသာဖြစ်ပေမယ့် ဂီတမှာလူမျိုးဘာသာမရှိဆိုတဲ့ခံယူချက်ကိုယ်စီနဲ့ Doronနဲ့ကိုဖြိုး မြင်မြင်ချင်းရင်းနှီးနွေးထွေးသွားလေသည်Generalအောင်ဆန်းကို သေချာarrgementပြန်လုပ်ပြန်ဆိုဖို့ တိုင်ပင်ကြတော့သည်။

ကိုဖြိုးမှာ၂၀၁၆ရောက်မှသာ ရန်ကုန်ကိုပထမဆုံး ရောက်ဖူးခဲ့ခြင်းဖြစ်သည်။သူငယ်ချင်း ခန့်မင်းထက်(သူကြီး)က၁သိန်း ပြည့်ဖြိုးကျော်က၅သောင်း ပေးသည်။ချောင်းဝကmusic houseစတူဒီယိုမှာGeneralအောင်ဆန်းကို ပြန်ဆိုပြန်တီးပြီးလိုင်းပေါ်တင်လိုက်သည်။

like share Kပေါင်းများစွာရလာသည်။General အောင်ဆန်းမှာ အရင်ခေတ်ကဂျေးအောင်းရနိူင်သော်လည်းNLDခေတ်မှာ မျက်နှာပန်းအလွန်လှခဲ့သည်။ပြည်တွင်းပြည်ပဆုတော်ငွေတွေ ချီးမြှင့်ကြလေသည်။

ရလာတဲ့ပိုက်ဆံကိုရင်းပြီးMTVတစ်ပုဒ် ထပ်လုပ်ဖို့ အားလုံးသဘောတူကြသည်။တေးရေးနာနိုပိစ်ရဲ့ လူပဲအတူတူပဲ သီချင်းကိုရိုက်ကြသည်။MTVမှာ ခုပ်ပီးနဲ့ဖြိုးမြတ်အောင်ကအဆို အကမ်းကဂစ်တာနဲ့။တီးခတ်သူတွေကDoron အဖွဲ့။

“အဆိုနဲ့ပတ်သက်ရင် ကိုခုပ်ပီးကကျွန်တော့်ဆရာပါ ကိုစုရယ်”တဲ့ထိုရက်များတွင် ခုပ်ပီးရှိရာသုခသို့ သမိုင်းလမ်းဆုံမှ မနက်တိုင်းလမ်းလျှောက်လာရသည်။ကျွန်တော်က

“မင်းကဇာတ်နာအောင် ပြောနေသလိုပဲ” “တကယ်ပါအစ်ကိုရာ လမ်းစရိတ်တောင်မရှိတာပါ”လမ်းလျှောက်ရင်း Bon Joviရဲ့Blaze of Gloryကို ဂါထာလိုရွတ်ခဲ့ရသောVite 7ရဲ့နေ့များ။

(F)

MTVကိုလိုင်းပေါ်တင်လိုက်ရာ သိပ်မပေါက်။ရှိသမျှပလုံသွားပေမယ့် ကိုယ်လုပ်ချင်တာလုပ်လိုက်ရလို့တစ်ဖွဲ့လုံးပျော်ကြရသည်။

ရန်ကုန်အဆိုတော်ကြီးတွေကလည်း ဟင်္သာတရောက်ရင်သာ ပုရစ်ကိုမေးတတ်ရှာတတ်တာ။ရန်ကုန်မှာက အချိန်ပေးနိူင်သူမရှိလို့ သွားမတွေ့တော့။ကိုဂျေကြီး(Jမောင်မောင်)တစ်ယောက်သာတွေ့တိုင်းထမင်းကျွေး လက်ဖက်ရည်တိုက် ဂီတလောကအကြောင်းတွေပြောပြတတ်သည်။၂၀၁၇ တစ်နှစ်လုံး ဟင်္သာတရန်ကုန် သွားလိုက်ပြန်လိုက် undergoundဘဝနဲ့ယောင်လည်လည်။ပရိုဂျူဆာတချို့နဲ့စကားပြောခွင့်ရပေမယ့် ကီးမကိုက်ကြ။ကိုဖြိုးကလည်း ဂီတနဲ့ပတ်သက်ရင် မာနကြီးတတ်သူ။”ရင်ထဲမှာလည်း နာကျည်းချက်တချို့ရှိနေပြီကိုစုရာ”

ထိုအချိန်များတွင် ကျွန်တော်ရေးဖူးတဲ့ကဗျာစာသားအပိုင်းအစတစ်ခုက သူ့အတွက်ရည်စူးထားသလိုခံစားရပါသည်တဲ့”မြို့ကလေးက ကမာကောင်ပုလဲတစ်လုံးကို မျိုထားသလိုမျိုးမကြာခင် ကမ္ဘာကျော်တော့မယ့် လူတစ်ယောက်ကို မျိုထားလေရဲ့”ဆိုတဲ့စာသား။

(G)

ဤသို့ဖြင့် ဘာဆက်လုပ်ရမှန်းမသိချိန် Myanmar idolကနေဝင်ပြိုင်ဖို့ သူဆုံးဖြတ်လိုက်သည်။

“ကျွန်တော်သာ ပိုက်ဆံရှိရင်ဝင်မပြိုင်ဘူး ခွေတန်း ထုတ်မှာ ပိုက်ဆံမရှိလို့ ဝင်ပြိုင်ခဲ့တာအစ်ကိုရေ”တဲ့

idolကို အမှန်အကန်လို့သူယုံကြည်သည်။idol တာဝန်ရှိသူတွေက အစစအရာရာလိုလေသေးမရှိကူညီဆောင်ရွက်ပေးကြသည်။အားလုံးမိသားစုလို။”အပြင်မှာပြောနေတာတွေက တစ်မျိုးဖြစ်ချင်ဖြစ်မယ် ကျွန်တော်ကလက်တွေ့လေ idolကတရားမျှတတယ် ကျောသားရင်သားမခွဲဘူး”

အခုတော့မနက်၇နာရီstar cityမှ ရွှေထွဋ်တင်သွား။သီချင်းကျင့် ရိုက်ကူးရေးလုပ်။မအားလပ်တော့ပြီ။သူပြောလေ့ရှိသော စကားက”အားလုံးရင်ထဲ တင်ကျန်မယ့်သီချင်းတွေဖန်တီးချင်တယ်” ဆိုတာပဲ။

Vote 7ဖြိုးမြတ်အောင်ကား ဂီတကိုသာမန်ပေါ်ပင်ဝင်လုပ်သူမဟုတ်။(လုံးဝမဟုတ်)နှစ်နှစ်ကာကာရူးသွပ်မှုရှိသောRock Metal တစ်ယောက်ဆိုတာသေချာလှပေသည်။ဦးသိန်းတန်ဆွဲထုတ်လာတဲ့king ဖဲအစစ်။

စုမောင်မောင်

(ဟင်္သာတသူ/သားတွေshare copy လုပ်နိူင်ပါကြောင်း)

(နောက်တဆင့်မှ ဆက်ရေးမယ်ကိုဖြိုးရေ. .)

ဖိုးသူတော် (www.phothutaw.com)
Credit:  mmfeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top