iMyanmarHouse.com - Best Property Website for Myanmar
×

အရြယ္ေရာက္ျပီးသူေတြမွာ သဘာဝတရားရဲ႕ လိုအပ္ခ်က္အရ အတူေနဖို႔ (လိင္ဆက္ဆံဖို႔) ခႏၶာကိုယ္ဖြဲ႔စည္းမႈနဲ႔ ေဟာ္မုန္းေတြရဲ႕အခ်ိဳးအစားကို စီစဥ္ထားရွိပါတယ္။ ဒါေပမယ့္ လူေတြက တစ္ေယာက္နဲ႔တစ္ေယာက္အေၾကာင္းရင္းခံခ်င္းက တူၾကတာမဟုတ္ဘူးေလ။ ဒီေတာ့ အတူမေနႏုိင္တဲ့အေနအထားမွာရွိေနသူေတြအေနနဲ႔က အခက္အခဲရွိတာေပါ့။ ျပႆနာကေတာ့ အတူမေနတာ ၾကာလာတဲ့အခါ ေယာက်္ားေရာ မိန္းမမွာပါ ဆိုးက်ိဳးေတြရွိလာပါတယ္။ ဒီေဆာင္းပါးမွာေတာ့ အတူမေနတာၾကာတဲ့အခါ အမ်ိဳးသမီးေတြအတြက္ ဘယ္လိုဆိုးက်ိဳးေတြရွိလာႏုိင္လဲဆိုတာကို ေျပာျပေပးသြားမွာပါ။

၁။ စိတ္ဖိစီးမႈမ်ားလာမယ္။
အတူေနတာက စိတ္ဖိစီးမႈကိုေလ်ာ့က်ေစတဲ့နည္းလမ္းေတြထဲက အေကာင္းဆံုးတစ္ခုပါ။ ေသြးလည္ပတ္မႈေကာင္းမြန္သြားတာနဲ႔ အတူေနတဲ့အခါ ထြက္ေပၚလာတဲ့ ေဟာ္မုန္းေတြက စိတ္ဖိစီးမႈေလ်ာ့က်သြားေစဖို႔ အၾကီးအက်ယ္အေထာက္အကူျပဳျပီး ႏုပ်ိဳက်န္းမာေစပါတယ္။ အတူမေနတာၾကာရင္ေတာ့ စိတ္ဖိစီးမႈေလ်ာ့က်ေစတဲ့ေဟာ္မုန္းေတြ မထြက္ေတာ့ အေသးအဖြဲေလးေတြကအစ စိတ္တိုတာ၊ စိတ္ဆတ္လာတာေတြျဖစ္ႏုိင္ပါတယ္။ ၾကားဖူးတယ္မလား။ အပ်ိဳၾကီးေတြ စိတ္ဆတ္လြယ္တယ္ဆိုတာေလ။

၂။ ကိုယ္ခံအားနည္းလာမယ္။
အတူေနတဲ့အခါ ေသြးလည္ပတ္မႈအားေကာင္းတာ၊ ေဟာ္မုန္းေတြထြက္ရွိတာက ခႏၶာကိုယ္ကို သက္ေတာင့္သက္သာျဖစ္ေစျပီး စိတ္ဖိစီးမႈေတြ ေလ်ာ့က်ေစပါတယ္။ ဒီလိုအက်ိဳးသက္ေရာက္မႈရွိတာက ကိုယ္ခံအားစနစ္အတြက္ေကာင္းမြန္ႏုိင္ေစပါတယ္။ ဒါေပမယ့္ အတူမေနတာၾကာျပီဆိုရင္ေတာ့ ေျပာင္းျပန္ျဖစ္သြားျပီး ကိုယ္ခံအားနည္းလာမယ္၊ မၾကာခဏဖ်ားလာတတ္လာမယ္ေပါ့။

၃။ စိတ္ဓာတ္က်ဆင္းမယ္။
FA ေတြအတြက္ေတာ့ ဝမ္းနည္းစရာပါပဲ။ အတူေနတာက ပိုမိုက်န္းမာေသာဘဝနဲ႔ ၾကံ႕ခိုင္တဲ့ခႏၶာကိုယ္ကို ရရွိေစႏုိင္ပါတယ္။ ပိုမိုေပ်ာ္ရႊင္ျပီး စိတ္ဖိစီးမႈနည္းတယ္ဆိုတဲ့သေဘာေပါ့။ ဒီလိုမွမဟုတ္ရင္ေတာ့ စိတ္ဖိစီးမႈေတြမ်ားလာမယ္၊ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ေတြကို ပိုမိုျပင္းထန္လာျပီး ဝမ္းနည္းတဲ့ခံစားခ်က္ေတြ မၾကာခဏဝင္ေရာက္လာမယ္။ ေနာက္ပိုင္းမွာေတာ့ စိတ္ဓာတ္က်ဆင္းတာအထိပါျဖစ္လာႏုိင္ပါတယ္။

၄။ ကိုယ္အေလးခ်ိန္မ်ားလာမယ္။
အတူေနတာက ကယ္လိုရီေတြကိုေလာင္ကၽြမ္းႏိုင္တဲ့ အေၾကာင္းရင္းခံေကာင္းေကာင္းတစ္ခုဆိုတာေတာ့ သိျပီးၾကမွာပါ။ အတူေနျခင္းက ႏွလံုးက်န္းမာေရးနဲ႔ ခႏၶာကိုယ္က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့အက်ိဳးရလဒ္ေတြကိုေပးစြမ္းႏုိင္ပါတယ္။ ဒီေတာ့ အတူမေနတာၾကာတဲ့အခါ ေလ့က်င့္ခန္းမွန္မွန္မလုပ္ျဖစ္သလိုမ်ိဳးျဖစ္သြားျပီး ကုိယ္အေလးခ်ိန္တက္လာႏုိင္တာေပါ့။ ေနာက္တစ္ခုကေတာ့ စိတ္ဖိစီးမႈမ်ားမယ္။ စိတ္ဖိစီးမႈမ်ားရင္ ပိုစားမယ္။ ဒီေတာ့ ဝိတ္တက္လာျပန္တာေပါ့။

၅။ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္မႈက်ဆင္းလာမယ္။
အတူမေနတာ ၾကာလာေလေလ ေယာက်္ားေရာ မိန္းမမွာပါ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္က်ဆင္းလာေလပဲျဖစ္ပါတယ္။ အတူမေနတာ ၾကာတဲ့အခါမွာ လိင္ပိုင္းဆိုင္ရာၾကြက္သားေတြက အားေလ်ာ့လာျပီးဆက္ဆံတဲ့အခါမွာ တင္းျပည့္က်ပ္ျပည့္ စိတ္ေက်နပ္မႈကို ရရွိမႈေလ်ာ့နည္းလာပါလိမ့္မယ္။ ေနာက္တစ္ခုကေတာ့ အတူမေနတာၾကာတဲ့အခါမွာ ကိုယ့္ကိုကိုယ္ယံုၾကည္မႈေတြက်ဆင္းလာႏုိင္ပါတယ္။ ကိုယ့္ကိုကိုယ္ယံုၾကည္မႈနည္းရင္ ဘယ္ေနရာမွ အလုပ္မျဖစ္ဘူးဆိုေတာ့ ဒီကိစၥကလည္း အတူတူပဲေပါ့။

Credit: Hellosayarwon
# Unicode Versionျဖင့္ ဖတ္ပါ #
အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့အချိုးအစားကို စီစဉ်ထားရှိပါတယ်။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့တစ်ယောက်အကြောင်းရင်းခံချင်းက တူကြတာမဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့အနေအထားမှာရှိနေသူတွေအနေနဲ့က အခက်အခဲရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောကျ်ားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေအတွက် ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။

၁။ စိတ်ဖိစီးမှုများလာမယ်။
အတူနေတာက စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပါ။ သွေးလည်ပတ်မှုကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှုလျော့ကျသွားစေဖို့ အကြီးအကျယ်အထောက်အကူပြုပြီး နုပျိုကျန်းမာစေပါတယ်။ အတူမနေတာကြာရင်တော့ စိတ်ဖိစီးမှုလျော့ကျစေတဲ့ဟော်မုန်းတွေ မထွက်တော့ အသေးအဖွဲလေးတွေကအစ စိတ်တိုတာ၊ စိတ်ဆတ်လာတာတွေဖြစ်နိုင်ပါတယ်။ ကြားဖူးတယ်မလား။ အပျိုကြီးတွေ စိတ်ဆတ်လွယ်တယ်ဆိုတာလေ။

၂။ ကိုယ်ခံအားနည်းလာမယ်။
အတူနေတဲ့အခါ သွေးလည်ပတ်မှုအားကောင်းတာ၊ ဟော်မုန်းတွေထွက်ရှိတာက ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ ဒီလိုအကျိုးသက်ရောက်မှုရှိတာက ကိုယ်ခံအားစနစ်အတွက်ကောင်းမွန်နိုင်စေပါတယ်။ ဒါပေမယ့် အတူမနေတာကြာပြီဆိုရင်တော့ ပြောင်းပြန်ဖြစ်သွားပြီး ကိုယ်ခံအားနည်းလာမယ်၊ မကြာခဏဖျားလာတတ်လာမယ်ပေါ့။

၃။ စိတ်ဓာတ်ကျဆင်းမယ်။
FA တွေအတွက်တော့ ဝမ်းနည်းစရာပါပဲ။ အတူနေတာက ပိုမိုကျန်းမာသောဘဝနဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ရရှိစေနိုင်ပါတယ်။ ပိုမိုပျော်ရွှင်ပြီး စိတ်ဖိစီးမှုနည်းတယ်ဆိုတဲ့သဘောပေါ့။ ဒီလိုမှမဟုတ်ရင်တော့ စိတ်ဖိစီးမှုတွေများလာမယ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုမိုပြင်းထန်လာပြီး ဝမ်းနည်းတဲ့ခံစားချက်တွေ မကြာခဏဝင်ရောက်လာမယ်။ နောက်ပိုင်းမှာတော့ စိတ်ဓာတ်ကျဆင်းတာအထိပါဖြစ်လာနိုင်ပါတယ်။

၄။ ကိုယ်အလေးချိန်များလာမယ်။
အတူနေတာက ကယ်လိုရီတွေကိုလောင်ကျွမ်းနိုင်တဲ့ အကြောင်းရင်းခံကောင်းကောင်းတစ်ခုဆိုတာတော့ သိပြီးကြမှာပါ။ အတူနေခြင်းက နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုပေးစွမ်းနိုင်ပါတယ်။ ဒီတော့ အတူမနေတာကြာတဲ့အခါ လေ့ကျင့်ခန်းမှန်မှန်မလုပ်ဖြစ်သလိုမျိုးဖြစ်သွားပြီး ကိုယ်အလေးချိန်တက်လာနိုင်တာပေါ့။ နောက်တစ်ခုကတော့ စိတ်ဖိစီးမှုများမယ်။ စိတ်ဖိစီးမှုများရင် ပိုစားမယ်။ ဒီတော့ ဝိတ်တက်လာပြန်တာပေါ့။

၅။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကျဆင်းလာမယ်။
အတူမနေတာ ကြာလာလေလေ ယောကျ်ားရော မိန်းမမှာပါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းလာလေပဲဖြစ်ပါတယ်။ အတူမနေတာ ကြာတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာကြွက်သားတွေက အားလျော့လာပြီးဆက်ဆံတဲ့အခါမှာ တင်းပြည့်ကျပ်ပြည့် စိတ်ကျေနပ်မှုကို ရရှိမှုလျော့နည်းလာပါလိမ့်မယ်။ နောက်တစ်ခုကတော့ အတူမနေတာကြာတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကျဆင်းလာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းရင် ဘယ်နေရာမှ အလုပ်မဖြစ်ဘူးဆိုတော့ ဒီကိစ္စကလည်း အတူတူပဲပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top