iMyanmarHouse.com - Best Property Website for Myanmar
×
၎. လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးနားလည်မှုရှိတယ်လို့ ထင်လို့ လား ။
.
# Unicode Version ဖြင့် ဖတ်ပါ #
၁. လူပျိုတွေထက် အိမ် ထောင်သည်ယောကျာ်းကပိုစီးပွားရှာနိုင်တယ်ထင်လို ့လား
တကယ်က စီးပွားရှာနိုင်တယ်မရှာနိုင်ဘူးဆိုတာ တစ်ယောက်ချင်းစီအရည်အချင်းနဲ ့
သက်ဆိုင်ပါတယ် ။လူပျိုထက် စီးပွားရှာနိုင်အားနည်းလို ့မိသားစုအဆင်မပြေတဲ ့ အိမ်ထောင်သည်တွေအများကြီးရှိပါတယ် ။ဒီတော့တွေးရမှာက အပျိုတစ်ယောက်အနေနဲ ့အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကို မက်မောစွဲလမ်းတာက သူ ့ကိုရေများများလောင်း (ငွေများများပေး)လို ့ဖြစ်နိုင်တယ် ။ မပေးနိုင်တဲ့ နေ ့ကော … အဲ ့ဒီ ့အိမ်ထောင်သည်ကြီးကို ခွာမှာလားဒါဆို စဉ်းစားဖို ့လိုပါပြီ ။ အမိဟာကိုယ့်ကိုယ်ကိုတန်ဖိုးဖြတ်နေတာကိုယ့်ကိုယ်ကိုလူမသိသူမသိတဲ ့ ပြည့်တန်ဆာဘဝထဲသွပ်သွင်းနေတာပါ ။ ပိုက်ဆံရလို ့ကပ်တယ်ဆိုကတည်းက အဲ ့မိန်းမက ပြည့်တန်ဆာပဲ ပြည့်တန်ဆာသည်သာငွေကြေးအလို ့ငှာ ယောကျာ်းတွေနဲ ့ပလူးပရောနေတာပါ ။
၂. လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးချောတယ်ခန် ့ညားတယ် ထင်လို ့လား
ဒါကလဲ သူတို ့ရဲ ့နေထိုင်မှု နဂိုရုပ်ရည်နဲ ့ဆိုင်ပါတယ် ။အိမ်ထောင်သည်ဖြစ်မှပိုခန် ့ညားလာတယ်သပ်ရပ်လာတယ်ဆိုတာက သူ ့အိမ်ထောင်ရှင်မရဲ ့အရည်အချင်းပါ ။သပ်ရပ်သန် ့ရှင်းနေဖို ့အတွက်လျှော်ဖွတ်မီးပူတိုက်ကိုသူ ့အိမ်ထောင်ရှင်မက ကိုယ်တိုင်မလုပ်ပေးတောင် စီမံခန် ့ခွဲထားတာပါ ။ရုပ်ကိုမက်တဲ ့အမိ သူအိုသွားရင်ကော သဘောကျအုံးမှာလား စွဲလမ်းအုံးမှာလားအမိလဲအဲ့လိုစိတ်ရှိတယ်ဆို အမိ၀င်တိုးတာကိုလက်သင့်ခံတဲ့ သကောင့်သားအိမ်ထောင်သည်လည်းအမိလို ရုပ်အလှမက်တဲ့ စိတ်ရှိနေနိုင်တယ်ဆိုတာ သတိပြုပါ ။
၃. လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးကြင်နာ ဂရုစိုက်တတ်လို ့လား ။
ကြင်နာဂရုစိုက်တယ်ဆိုတာက အဲ့ ဒီလူရဲ့အကျင့်နဲ့ ဆိုင်ပါတယ် ။ နောက်ပြီး အိမ်ထောင်သည်ယောကျာ်းမှမဟုတ်ဘူး လူပျိုတွေလဲကြင်နာတတ်သလို ဂရုစိုက်တတ်ပါတယ် ။ဒါပေမဲ ့ နှာဘူးအိမ်ထောင်သည်က သာမန်လူပျိုထက်တော့ မိန်းကလေးတယောက်ကို ဘယ်လိုကျုံးသွင်းရမယ် ကညုရမယ်ဆိုတာ ပိုနားလည်မှာဖြစ်သလို သာမန်လူပျိုထက်တော့ လက်ရဲနှုတ်ရဲမှာပါပဲ ။ သူက အိမ်ထောင်သည်လေ .. မိန်းမတစ်ယောက်နဲ ့တစ်အိမ်တည်းကာလကြာရှည်နေဖူးပါတယ် ။ လူပျိုဘယ်လောက်ရှုပ်ရျုပ် ပွေရှုပ်တဲ့အိမ်ထောင်သည်ကို မမီပါဘူး ။ အဲ ့အတွက် အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ရဲ ့ကြင်နာမှုအပေါ်သာယာပြီး ငါ့ကိုသူ သိပ်ကြင်နာတာ သိပ်ချစ်တာပါပဲလို ့မထင်ပါနဲ ့ .. သင် သူ ့အိမ်ထောင်ရှင်မဘဝမရောက်သေးဘူးမို ့တစ်နည်းး သူနဲ ့တစ်အိမ်တည်းမနေရသေးဘူးမို ့ပါ ။ ခဏတာဟန်ဆောင်တာလောက် ဖုန်းထဲက လေနဲ ့ကြင်နာတာလောက်တော့ လူပျိုတွေလဲလုပ်တတ်ပါတယ် ။မလုပ်တာပဲရှိတာပါ ။
၄. လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးနားလည်မှုရှိတယ်လို ့ထင်လို ့လား ။
သူက အိမ်ထောင်သည်ယောကျာ်းဆိုတာ မမေ့ပါနဲ ့ ။ သူသည် အိမ်ထောင်သည် မယားငုတ်တုတ်နဲ့ အိမ်ထောင်သည်ဖြစ်တဲ့ အတွက် အမြီးတစ်တန်းတန်းပါနေမဲ ့သူ ့ရဲ ့အိမ်ထောင်သည်ဆိုတဲ ့နာမည်ဆိုးအရှိန်ကြောင့် နားလည်ပေးနေတာလဲ ဖြစ်နိုင်ပါတယ် ။ နားမလည်နိုင်ရင်တောင် နားလည်ပေးပါလိမ့်မယ် ။ အမိဟာ သူ ့မယားမှမဖြစ်သေးတာပဲ ။ အလိုက်အထိုက်နေမှ သူလိုချင်တာရမယ် ။ သူလိုနေတာ ဆက်ရနေမယ်လေ ။ လူပျိုတွေကတော့ နားလည်ပေးချင်မှ နားလည်ပေးနိုင်မယ် အိမ်ထောင်သည်ယောကျာ်းလောက်တော့ ဘယ်နားလည်ပေးနိုင်ပါ့မလဲ ..
.
၅ လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီး sexy ကျတယ်လို ့ခံယူလို ့လား (P.s မိန်းကလေးအချို ့အဲ့လိုခံယူတာမြင်ဖူးပါတယ်)
ဒီလိုတွေးတဲ့ အမိကို ဘယ်လိုအမြင်နဲ့ကြည့်ရမလဲဆိုတာ တွေးမရဖြစ်မိတယ် ။ အိမ်ထောင်သည်ယောကျာ်းမှမဟုတ် အဲ့ကိစ္စ စိတ်ဝင်စားတဲ ့ယောကျာ်းတိုင်း sexy ကျနိုင်ပါတယ် ။ စိတ်ဝင်စားမှုပေါ်မှာပဲမူတည်တယ် ။ မိန်းကလေးတစ်ယောက်အနေနဲ ့အဲ့လို sexy ကျတဲ့ယောကျာ်းနဲ ့ပလူးရှလူးထချင်ရင်တော့ အမိအနေနဲ့ ပြည့်တန်ဆာလုပ်စားသင့်တယ် ။ sexy ကျတဲ့ နှာဘူး ပုရိသ ယောကျာ်းပေါင်းများစွာ အိမ်ထောင်သည် လူပျို တစ်ခုလပ် မုဆိုးဖိုများစွာနဲ ့တွေ ့ဖို ့အခွင့်အရေးရှိတယ်လေ ။ သူများအိမ်ထောင် သူများမိသားစုကိုတော့ အမိရဲ ့တဏှာစိတ်သက်သက်ကြောင့် မဖျက်စီးပါနဲ ့ ။
၆. လူပျိုတစ်ယောက်ရနိုင်ဖို ့အရည်အချင်း မရှိလို ့လား ။
ဘယ်လိုအကြောင်းဘယ်လိုစိတ်ကြောင့် အိမ်ထောင်သည်ယောကျာ်းကိုစွဲလမ်းမိတာဖြစ်ပစေ ၊ အကြမ်းအားဖြင့်တော့ အမိဟာ လူပျိုတစ်ယောက်ကို မရနိုင်လို ့ အိမ်ထောင်သည်ယောကျာ်းကို ထောင်ဖမ်းတယ်လို ့ပဲ သတ်မှတ်ခြင်းခံရပါမယ် ။ ဒါကို မကျေမနပ်မဖြစ်လေနဲ ့ပြောခဲ ့ပြီးပါကောလားး အိမ်ထောင်သည်ဟာ လူပျိုထက်တော့ အချစ်နယ်ပယ်မှာ တစ်ဆင့်နိမ့်ပါတယ်လို ့ ။ လူပျိုတစ်ယောက်ကိုရနိုင်လျက် အိမ်ထောင်သည်ကိုမှ တမ်းတမ်းစွဲမိနေပြီဆိုရင်တော့ အမိမှာရောဂါတစ်မျိုးမျိုးစွဲကပ်နေပြီဆိုတာ သေချာပါတယ် ။ အဲ့ ရောဂါနာမည်က ကြောင်တောင်နှိုက်ချင်တဲ ့ရောဂါ ၊ မယားငယ်ခံချင်တဲ ့ရောဂါ တစ်နည်း သူများလင်တပြီးရုူးတဲ ့ မပိုင်လင်တရူးရောဂါပါ
၇- ၀ါသနာ ဗီဇ လား ပတ်ဝန်းကျင်ကြောင့်လားးး ။
၀ါသနာအရဆိုရင်တော့ အမိ စိတ်ဓါတ်အဆင့်ကို ပြန်တိုင်းသင့်ပါတယ် ။ ၀ါသနာဆိုတာ သူတပါးကိုမထိခိုက်စေရဘူးလေ ၊ ဗီဇ ဆိုရင်တော့ အမိရဲ ့မိဘမျိုးရိုးကို လိုက်ဖွေရှာရလိမ့်မယ် မျိုးရိုးလိုက်တာပဲလားလို ့ပေါ့ ။ ဘယ်လိုပဲပတ်ဝန်းကျင်က မကောင်းပစေ သူတို ့ပြောတဲ ့အတိုင်းလုပ်ဖို ့သူတို ့လုပ်တဲ ့အတိုင်းလိုက်ကျင့်ဖို ့သင့်မသင့် ဆုံးဖြတ်ရွေးချယ်တာက အမိနဲ ့ပဲဆိုင်တယ် ။ ကိုယ်တိုင်က သာယာချင်နေတာကို ၀န်ခံရလိမ့်မယ်
၈- ၀ဋ်ကြွေးးကြောင့်လား ။
၀ဋ်ကြွေး ဆိုတဲ ့စကားက မပြောချင်ဆုံးစကားပဲ ။ အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကို စွဲလမ်းမိတာ ၀ဋ်ကြွေးတဲ့လား ။ ၀ဋ်ကြွေးကြောင့် စွဲလမ်းမိသွားတာပါတဲ့ လား ။ ကမ္ဘာ့ ့ရယ်စရာအကောင်းဆုံးဟာသ မှတ်တမ်းထဲ အဲ့ စကားထည့်ပေးရမယ် ။ အမိကို အပိုင်ဖမ်းလိုက် ဗလက္ကာရပြုလိုက်ပြီး သိမ်းပိုက်ထားလို ့မယားငယ် ကီပင်ဘဝရောက်သွားတယ် အဲ့ ဒီ ့အိမ်ထောင်သည်ယောကျာ်းက မတရားသိမ်းပိုက်တယ်ဆိုရင် ၀ဋ်ကြွေးလို ့ပြောရင် တော်သေးတယ် ။ အခု အမိကစွဲလမ်းနေတာ အမိကမပြတ်နိုင်တာက ၀ဋ်ကြွေးတဲ ့လား hak hak
*** အိမ်ထောင်သည်ယောကျာ်းတစ်ယောက်အပေါ် စိတ်ညွတ်နေပြီ စွဲလမ်းနေပြီဆိုရင် ဒီ ၈ ချက်ကို ကိုယ့်ဘာသာကိုယ်ပြန်မေးပြီး တွေးကြည့်ပါ ။ ပြီးရင်ထည့်တွက်ရမှာက အမိရဲ ့အရှက်တရားနဲ့ ပက်သက်တဲ ့အသိစိတ် အမိခေါင်းထဲမှာဘယ်လောက်ကျန်သလဲ တိုင်းတာသင့်တယ် ။ အရှက်မရှိဘူးဆိုရင် ဆက်တိုးပေါ့ ။ ရှက်တတ်တယ်ဆိုရင်တော့ ဆင်ခြင်သင့်တာ ဆင်ခြင်လိမ့်မယ် ။ ဘာသာကိုးကွယ်မှုတွေတော့ထည့်မပြောတော့ပါဘူး ။ မှတ်သင့်တာကတစ်ခုပါပဲ ။ အမိလုပ်သလို တခြားမိန်းမတစ်ယောက်လဲလုပ်နိုင်တယ်ဆိုတာပါပဲ ။ အမိအခု သူတပါးလင်ကို စွဲလမ်းတယ်ဆို အမိလိုပဲတခြားမိန်းမတစ်ယောက်ကလဲ သူ ့ကို စွဲလမ်းမယ် ။ အဲ့သလိုပဲ အမိနဲ့ဆုံစဉ် အမိအပေါ်သူတိမ်းညွှတ်တယ်ဆို အမိမဟုတ်တဲ ့တခြားမိန်းမဆိုရင်လဲတိမ်းညွတ်မှာပါပဲ ။ ဒါဟာ ဘာသာကိုးကွယ်မှု နဲ ့မဆိုင်တဲ ့ လူတိုင်းနဲ ့ပဲဆိုင်တဲ့ နိယာမပါ ။***
.
### အထက်ပါအချက်တွေက အပျိုတစ်ယောက်က အိမ်ထောင်သည်ယောကျာ်းတွေကို စွဲလမ်းတဲ့ အကြောင်းတွေဖြစ်ပြီး အိမ်ထောင်သည်ယောကျာ်းက တိမ်းညွတ်တဲ ့အခြေအနေပါ ။ ကိုယ့်ကို မတိမ်းညွတ်ပဲ အိမ်ထောင်ရှင်မကို သစ္စာရှိတဲ ့ အိမ်ထောင်သည်ယောကျာ်း ကို စွဲလမ်းတဲ ့သူတွေကိုတော့ တစ်ခုပဲပြောချင်ပါတယ် ။ ကိုယ့်အဆင့်ကိုယ်သိ ကိုယ့်နေရာကိုယ်သိ မဖြစ်နိုင်တာမမှန်းနဲ ့ ယောကျာ်းရှားနေတယ်လို ့ထင်ရင် သတ္တဝါ အများအပြားရှိပါသေးတယ် ။ ရိုင်းမှာစိုးလို ့မပြောတော့ဘူး ကိုယ့်ဘာသာကိုယ် ဉာဏ်မီသလောက်တွေးကြည့်ပါ ။ သူတပါးရဲ ့သာယာတဲ ့မိသားစုဘဝကို မဖျက်ဆီးပါနဲ ့ ။ သူ ့ဘာသာသူ မသာယာရင်လဲ နဂိုအတိုင်းပဲရှိပါစေ အမိကြောင့်တော့ မပြိုပျက်ပါစေနဲ ့။
Credit: ပျိုမေတို့ သိစေဖို့
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top