iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းတစ္ေယာက္နဲ႔ ညအိပ္ျခင္းျပႆနာမ်ားကို ေျပာၾကတဲ့အခါ ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္ျခင္း၊ တလူးလူး တလိမ့္လိမ့္ ျဖစ္ေနျခင္းတို႔ကို ေျပာျဖစ္ၾကပါလိမ့္မယ္။ ဒါေပမဲ့ ညအိပ္ေနတုန္း သြားရည္က်တာ၊ ေဟာက္တာ၊ ဆီးထြက္က်တာ၊ ေလလည္တာ စတာေတြကို ဖြင့္ေျပာဖို႔ေတာ့ ခက္ခဲေနပါလိမ့္မယ္။

ကိုယ့္ရဲ႕ အအိပ္အက်င့္ဆိုးေတြကို ေဘးလူမေျပာရင္ သတိေတာင္ ထားမိၾကမွာ မဟုတ္ပါဘူး။ တစ္ခါတစ္ရံ ဒီအက်င့္ဆိုးေတြဟာ အိပ္ေနတုန္း ပံုမွန္ျဖစ္ေလ့ရွိတဲ့ အခ်က္မ်ားျဖစ္ၿပီး တစ္ခါတစ္ရံမွာေတာ့ ေဟာက္တာဟာ အသက္႐ွဴလမ္းေၾကာင္းေရာဂါ တစ္မ်ိဳးမ်ိဳး ရွိေနႏိုင္သလိုပဲ ေနာက္ခံျပႆနာတစ္ခုခု ရွိေနတတ္ပါတယ္။

ဒါေၾကာင့္ ဘာေတြဟာ ပံုမွန္သာျဖစ္ၿပီး ဘာေတြက သတိထားရမယ့္ အခ်က္ေတြလဲဆိုတာကို သိထားဖို႔ လိုအပ္ပါလိမ့္မယ္။

ေအာက္ပါ အေၾကာင္းအရာမ်ားဟာ ဒီအမူအက်င့္ေတြ ဘာေၾကာင့္ျဖစ္ေပၚလာၿပီး ဘယ္အခ်ိန္မွာ သတိျပဳသင့္တယ္ဆိုတာကို ေဖာ္ျပထားပါတယ္။

1.ေဟာက္ျခင္း

ေလ့လာမႈအရ လူအမ်ားစုဟာ ညအိပ္ခ်ိန္မွာ ေဟာက္တတ္ၾကပါတယ္။

အသက္႐ွဴလမ္းေၾကာင္း က်ဥ္းသြားၿပီး လမ္းေၾကာင္းတစ္ေလ်ာက္နဲ႔ လည္ေခ်ာင္းထဲမွာရွိတဲ့ အသားစေတြ တုန္ခါမႈေၾကာင့္ ေဟာက္သံ ျဖစ္ေပၚလာပါတယ္။ အေအးမိျခင္းနဲ႔ ဓာတ္မတည့္မႈေတြေၾကာင့္ ေဟာက္ႏိုင္သလို တစ္ခါတစ္ရံ ပိုမိုစိုးရိမ္စရာေကာင္းတဲ အေျခအေနျဖစ္တဲ့ အိပ္ေနစဥ္ အသက္႐ွဴလမ္းေၾကာင္း ပိတ္ၿပီး ဦးေႏွာက္ ေအာက္စီဂ်င္ဓာတ္နည္းတဲ့ ေရာဂါတစ္မ်ိဳးေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္။

ေဟာက္သံက ျပႆနာျဖစ္ေစတာ မဟုတ္ပါဘူး။ အိပ္ေနစဥ္ ဦးေႏွာက္ထဲ ေအာက္စီဂ်င္ဓာတ္ ေလ်ာ့နည္းျခင္းက ျပႆနာျဖစ္ေစႏိုင္ပါတယ္။

ေဟာက္တာဟာ ျဖစ္ေနက်အရာ ျဖစ္ေပမယ့္ အိပ္ေရးမဝသလို ခံစားေနရရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

2.သြားရည္က်ျခင္း

အိပ္ေနစဥ္ သြားရည္က်ျခင္းဟာ ျဖစ္႐ိုးျဖစ္စဥ္ ျဖစ္ႏိုင္သလို တံေတြးအထြက္မ်ားတဲ့ ေရာဂါတစ္မ်ိဳးမ်ိဳးေၾကာင့္လည္း ျဖစ္ေနႏိုင္ပါတယ္။ ပံုမွန္သြားရည္က်တတ္သူ တစ္ေယာက္ဟာ ညဘက္မွာ အသက္႐ွဴလမ္းေၾကာင္း ပိတ္ေနတတ္သလား ဆုိတာကို သတိျပဳရပါမယ္။ သြားရည္က်ျခင္းဟာ ပံုမွန္ျဖစ္ႏိုင္သလို ေရာဂါတစ္မ်ိဳးမ်ိဳးနဲ႔လည္း တြဲေနတတ္ပါတယ္။

3.အိပ္ေနရင္း လမ္းေလွ်ာက္ျခင္း

အႏၲရာယ္မ်ားၿပီး ပံုမမွန္တဲ့ အေၾကာင္းအရာတစ္ခုကေတာ့ ေယာင္ၿပီး လမ္းထေလွ်ာက္ျခင္း ျဖစ္ပါတယ္။ ပံုမွန္လူတစ္ေယာက္ဟာ ညအိပ္ေနစဥ္ တစ္ကိုယ္လံုး မလႈပ္မရွားႏိုင္ဘဲ အိပ္မက္ မက္ေနတတ္ၾကပါတယ္။ ဒီလိုမ်ိဳး ပံုမွန္ျဖစ္စဥ္ကို ေက်ာ္လြန္ၿပီး အိပ္မက္ထဲကအတိုင္း ထလႈပ္ရွားေနျခင္းဟာ ကိုယ္တိုင္ကိုေရာ၊ အတူအိပ္ေဖာ္ကိုပါ ဒဏ္ရာအနာတရ ျဖစ္ေစႏိုင္ပါတယ္။ အဆိုးရြာဆံုးကေတာ့ မီးဖိုေခ်ာင္ထဲ ေယာင္ဝင္သြားၿပီး မီးဖိုကို ဖြင့္ကာ ျပန္အိပ္ေပ်ာ္သြားျခင္းမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလို ျဖစ္ေနတဲ့ လူတစ္ေယာက္ဟာ ဆရာဝန္နဲ႔ အျမန္ဆံုး ျပသသင့္ပါတယ္။

4.အိပ္ေနရင္း ေယာင္စကားေျပာျခင္း

ညဘက္္ စကားေျပာတာျဖစ္ေစ၊ မပီမသ ေရရြတ္တာျဖစ္ေစ ေယာင္႐ံုေယာင္ျခင္းဟာ ဘာအႏၲရာယ္မွ မျဖစ္ေစႏိုင္ပါဘူး။ ကေလးေတြမွာ အိပ္မက္ဆိုးမ်ား မက္ၿပီး ထထေအာ္တာမ်ိဳး ရွိတတ္ၿပီး အိပ္ေမာက်တဲ့အဆင့္ REM အဆင့္မွာ ျဖစ္ေလ့ရွိတာေၾကာင့္ မနက္ႏိုးတဲ့အခါ မမွတ္မိတတ္ပါဘူး။ ညဘက္ ထေယာင္တာေၾကာင့္ အိပ္ေရးပ်က္တာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။

5. ဆီး ထြက္က်ျခင္း

အိပ္ရာထဲ ဆီးထြက္က်တာဟာ ရွက္စရာေကာင္းတဲ့ အက်င့္တစ္ခုျဖစ္ၿပီး တစ္ႀကိမ္တစ္ခါမွ် ျဖစ္ျခင္းဟာ စာမဖြဲ႕ေလာက္ပါဘူး။ အိပ္မက္ထဲ အိမ္သာသြားတဲ့အခါ အျပင္မွာပါ ထြက္က်တာမ်ိဳး ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ခဏခဏ ျဖစ္လာၿပီဆိုရင္ေတာ့ ညအိပ္ေနရင္း တက္တာမ်ိဳး ရွိ၊ မရွိကို စမ္းစစ္ၾကည့္သင့္ပါတယ္။ ညဘက္ ဝမ္းထြက္က်ၿပီ ဆိုရင္ေတာ့ တစ္ႀကိမ္တစ္ခါပင္ ျဖစ္ပါေစ ဆရာဝန္နဲ႔ ေတြ႕သင့္ပါၿပီ။

6.ညဘက္အိပ္ေနရင္း အာသာေျဖျခင္း

 ညဘက္မွာ အိပ္ေနရင္း အာသာေျဖျခင္း၊ အိပ္မက္မက္ျခင္းတို႔ဟာ အမ်ိဳးသားမွာေရာ အမ်ိဳးသမီးမွာပါ ျဖစ္ေလ့ရွိၿပီး အိပ္ေမာက်ေနတဲ့ REM အဆင့္မွာ ျဖစ္တတ္ပါတယ္။ သဘာဝျဖစ္စဥ္တစ္ခုသာ ျဖစ္ပါတယ္။

7.ေလလည္ျခင္း

အိပ္ေနရင္း ေလလည္ျခင္းဟာ စားတဲ့ အစားအစာနဲ႔ အူလမ္းေၾကာင္းတို႔အေပၚမွာ မူတည္ေနပါတယ္။ ေရာဂါေၾကာင့္ မျဖစ္တတ္ေပမယ့္ အခန္းေဖာ္က ျပန္ေျပာတဲ့အခါ ရွက္စရာ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေလလည္တာ မ်ားလာတဲ့အခါ စားတဲ့အစားအေသာက္ကို စိစစ္ဖို႔ လိုအပ္လာပါတယ္။

8.အေၾကာတြန္႔ျခင္း

အိပ္ငိုက္ေနတဲ့အခါ တြန္႔ခနဲ တြန္႔ခနဲ အေၾကာလိုက္သလို ခံစားမႈမ်ား ျဖစ္တတ္ပါတယ္။ တဖ်တ္ဖ်တ္ အလင္းေရာင္လိုမ်ိဳး၊ တေဖာက္ေဖာက္ အသံလိုမ်ိဳးေတြ ျဖစ္ေပၚလာတတ္ပါတယ္။ ဒီလိုျဖစ္ျခင္းဟာ စိုးရိမ္စရာမလိုအပ္ပါဘူး။

Credit : Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
သူငယ်ချင်းတစ်ယောက်နဲ့ ညအိပ်ခြင်းပြဿနာများကို ပြောကြတဲ့အခါ ညဘက်ကောင်းကောင်း အိပ်မပျော်ခြင်း၊ တလူးလူး တလိမ့်လိမ့် ဖြစ်နေခြင်းတို့ကို ပြောဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ညအိပ်နေတုန်း သွားရည်ကျတာ၊ ဟောက်တာ၊ ဆီးထွက်ကျတာ၊ လေလည်တာ စတာတွေကို ဖွင့်ပြောဖို့တော့ ခက်ခဲနေပါလိမ့်မယ်။

ကိုယ့်ရဲ့ အအိပ်အကျင့်ဆိုးတွေကို ဘေးလူမပြောရင် သတိတောင် ထားမိကြမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ဒီအကျင့်ဆိုးတွေဟာ အိပ်နေတုန်း ပုံမှန်ဖြစ်လေ့ရှိတဲ့ အချက်များဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ဟောက်တာဟာ အသက်ရှူလမ်းကြောင်းရောဂါ တစ်မျိုးမျိုး ရှိနေနိုင်သလိုပဲ နောက်ခံပြဿနာတစ်ခုခု ရှိနေတတ်ပါတယ်။

ဒါကြောင့် ဘာတွေဟာ ပုံမှန်သာဖြစ်ပြီး ဘာတွေက သတိထားရမယ့် အချက်တွေလဲဆိုတာကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။

အောက်ပါ အကြောင်းအရာများဟာ ဒီအမူအကျင့်တွေ ဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်အချိန်မှာ သတိပြုသင့်တယ်ဆိုတာကို ဖော်ပြထားပါတယ်။

1.ဟောက်ခြင်း

လေ့လာမှုအရ လူအများစုဟာ ညအိပ်ချိန်မှာ ဟောက်တတ်ကြပါတယ်။

အသက်ရှူလမ်းကြောင်း ကျဉ်းသွားပြီး လမ်းကြောင်းတစ်လျောက်နဲ့ လည်ချောင်းထဲမှာရှိတဲ့ အသားစတွေ တုန်ခါမှုကြောင့် ဟောက်သံ ဖြစ်ပေါ်လာပါတယ်။ အအေးမိခြင်းနဲ့ ဓာတ်မတည့်မှုတွေကြောင့် ဟောက်နိုင်သလို တစ်ခါတစ်ရံ ပိုမိုစိုးရိမ်စရာကောင်းတဲ အခြေအနေဖြစ်တဲ့ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ပြီး ဦးနှောက် အောက်စီဂျင်ဓာတ်နည်းတဲ့ ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ဟောက်သံက ပြဿနာဖြစ်စေတာ မဟုတ်ပါဘူး။ အိပ်နေစဉ် ဦးနှောက်ထဲ အောက်စီဂျင်ဓာတ် လျော့နည်းခြင်းက ပြဿနာဖြစ်စေနိုင်ပါတယ်။

ဟောက်တာဟာ ဖြစ်နေကျအရာ ဖြစ်ပေမယ့် အိပ်ရေးမဝသလို ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

2.သွားရည်ကျခြင်း

အိပ်နေစဉ် သွားရည်ကျခြင်းဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင်သလို တံတွေးအထွက်များတဲ့ ရောဂါတစ်မျိုးမျိုးကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ပုံမှန်သွားရည်ကျတတ်သူ တစ်ယောက်ဟာ ညဘက်မှာ အသက်ရှူလမ်းကြောင်း ပိတ်နေတတ်သလား ဆိုတာကို သတိပြုရပါမယ်။ သွားရည်ကျခြင်းဟာ ပုံမှန်ဖြစ်နိုင်သလို ရောဂါတစ်မျိုးမျိုးနဲ့လည်း တွဲနေတတ်ပါတယ်။

3.အိပ်နေရင်း လမ်းလျှောက်ခြင်း

အန္တရာယ်များပြီး ပုံမမှန်တဲ့ အကြောင်းအရာတစ်ခုကတော့ ယောင်ပြီး လမ်းထလျှောက်ခြင်း ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ ညအိပ်နေစဉ် တစ်ကိုယ်လုံး မလှုပ်မရှားနိုင်ဘဲ အိပ်မက် မက်နေတတ်ကြပါတယ်။ ဒီလိုမျိုး ပုံမှန်ဖြစ်စဉ်ကို ကျော်လွန်ပြီး အိပ်မက်ထဲကအတိုင်း ထလှုပ်ရှားနေခြင်းဟာ ကိုယ်တိုင်ကိုရော၊ အတူအိပ်ဖော်ကိုပါ ဒဏ်ရာအနာတရ ဖြစ်စေနိုင်ပါတယ်။ အဆိုးရွာဆုံးကတော့ မီးဖိုချောင်ထဲ ယောင်ဝင်သွားပြီး မီးဖိုကို ဖွင့်ကာ ပြန်အိပ်ပျော်သွားခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်နေတဲ့ လူတစ်ယောက်ဟာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

4.အိပ်နေရင်း ယောင်စကားပြောခြင်း

ညဘက် စကားပြောတာဖြစ်စေ၊ မပီမသ ရေရွတ်တာဖြစ်စေ ယောင်ရုံယောင်ခြင်းဟာ ဘာအန္တရာယ်မှ မဖြစ်စေနိုင်ပါဘူး။ ကလေးတွေမှာ အိပ်မက်ဆိုးများ မက်ပြီး ထထအော်တာမျိုး ရှိတတ်ပြီး အိပ်မောကျတဲ့အဆင့် REM အဆင့်မှာ ဖြစ်လေ့ရှိတာကြောင့် မနက်နိုးတဲ့အခါ မမှတ်မိတတ်ပါဘူး။ ညဘက် ထယောင်တာကြောင့် အိပ်ရေးပျက်တာမျိုးတော့ မဖြစ်ပါစေနဲ့။

5. ဆီး ထွက်ကျခြင်း

အိပ်ရာထဲ ဆီးထွက်ကျတာဟာ ရှက်စရာကောင်းတဲ့ အကျင့်တစ်ခုဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ ဖြစ်ခြင်းဟာ စာမဖွဲ့လောက်ပါဘူး။ အိပ်မက်ထဲ အိမ်သာသွားတဲ့အခါ အပြင်မှာပါ ထွက်ကျတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ခဏခဏ ဖြစ်လာပြီဆိုရင်တော့ ညအိပ်နေရင်း တက်တာမျိုး ရှိ၊ မရှိကို စမ်းစစ်ကြည့်သင့်ပါတယ်။ ညဘက် ဝမ်းထွက်ကျပြီ ဆိုရင်တော့ တစ်ကြိမ်တစ်ခါပင် ဖြစ်ပါစေ ဆရာဝန်နဲ့ တွေ့သင့်ပါပြီ။

6.ညဘက်အိပ်နေရင်း အာသာဖြေခြင်း

 ညဘက်မှာ အိပ်နေရင်း အာသာဖြေခြင်း၊ အိပ်မက်မက်ခြင်းတို့ဟာ အမျိုးသားမှာရော အမျိုးသမီးမှာပါ ဖြစ်လေ့ရှိပြီး အိပ်မောကျနေတဲ့ REM အဆင့်မှာ ဖြစ်တတ်ပါတယ်။ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

7.လေလည်ခြင်း

အိပ်နေရင်း လေလည်ခြင်းဟာ စားတဲ့ အစားအစာနဲ့ အူလမ်းကြောင်းတို့အပေါ်မှာ မူတည်နေပါတယ်။ ရောဂါကြောင့် မဖြစ်တတ်ပေမယ့် အခန်းဖော်က ပြန်ပြောတဲ့အခါ ရှက်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေလည်တာ များလာတဲ့အခါ စားတဲ့အစားအသောက်ကို စိစစ်ဖို့ လိုအပ်လာပါတယ်။

8.အကြောတွန့်ခြင်း

အိပ်ငိုက်နေတဲ့အခါ တွန့်ခနဲ တွန့်ခနဲ အကြောလိုက်သလို ခံစားမှုများ ဖြစ်တတ်ပါတယ်။ တဖျတ်ဖျတ် အလင်းရောင်လိုမျိုး၊ တဖောက်ဖောက် အသံလိုမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ စိုးရိမ်စရာမလိုအပ်ပါဘူး။

Credit : Dr. Mya Phoo Ngon (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top