iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၂၀ ေက်ာ္ လူငယ္ေတြ ငယ္ငယ္က အၿမဲနားေထာင္ခဲ့ၾကတဲ့ “မ မရွိလုိ႔မျဖစ္”၊ “လြမ္းရက္ေတြအေၾကာင္း” ၊ “မင္းစိတ္နဲ႔ကိုယ့္ကိုယ္” စတဲ့ နာမည္ႀကီးသီခ်င္းေတြရဲ႕အဆုိရွင္ကေတာ့ အဆိုေတာ္ အဲလက္စ္ပဲျဖစ္ပါတယ္။ နာမည္ႀကီး လူႀကိဳက္မ်ားခဲ့တဲ့ သီခ်င္းေတြကို သီဆိုခဲ့သူျဖစ္တာေၾကာင့္ အဲလက္စ္ဆုိတာနဲ႔ မသိတဲ့သူမရွိသေလာက္ပါပဲ။

လက္ရွိမွာ ဂီတအလုပ္ေတြနဲ႔ ကြာေနေပမယ့္ ေက်ာင္းသားဘ၀ကို ျပန္လြမ္းတဲ့အခ်ိန္တုိင္း အဲလက္စ္၊ စည္သူလြင္နဲ႔ ေဆာင္းဦးလႈိင္တို႔ရဲ႕ “လြမ္းရယ္မေျပ” သီခ်င္းေလးကမပါမျဖစ္ပါ။ ဒီလိုနာမည္ႀကီးတဲ့ အဆိုေတာ္ အဲလက္စ္ကေတာ့ ဒိုရာအဲလက္စ္ (Dora Alex) နဲ႔ ကယ္ဗင္အဲလက္စ္ (Kevin Alex) ဆိုတဲ့ ခ်စ္စရာအျမႊာေလးႏွစ္ေယာက္ရဲ႕ ဖခင္လည္းျဖစ္ပါတယ္။

အဲလက္စ္ရဲ႕ သားနဲ႔သမီး အျမႊာေလးႏွစ္ေယာက္ျဖစ္တဲ့ ဒိုရာနဲ႔ ကယ္ဗင္တို႔ကေတာ့ အခုဆုိရင္ အသက္ ၁၈ ႏွစ္ရွိၾကၿပီျဖစ္ပါတယ္။ ဒိုရာနဲ႔ ကယ္ဗင္တို႔ႏွစ္ေယာက္ကေတာ့ ကိုယ္စီကိုယ္ငွ ၀ါသနာပါရာကို ယံုယံုၾကည္ၾကည္နဲ႔ လုပ္ကိုင္တတ္ၿပီး ဥာဏ္ရည္ျမင့္မားတဲ့ ကေလးႏွစ္ေယာက္ဆုိတာကိုေတာ့ ျပည္တြင္းမီဒီယာေတြမွာ ေျဖဆုိထားတဲ့ သူတုိ႔ရဲ႕ အင္တာဗ်ဴးေလးေတြကို ၾကည့္လိုက္ရင္ သိႏုိင္ပါတယ္။

အျမႊာႏွစ္ေယာက္ျဖစ္ေပမယ့္ အႏုပညာနဲ႔ပတ္သက္လို႔ တစ္ေယာက္တစ္မ်ိဳးစီ စိတ္၀င္စားၾကသူေတြလည္း ျဖစ္ပါတယ္။ ကယ္ဗင္က ဇာတ္ရုပ္တစ္ခုကို ေကာင္းေကာင္းသရုပ္ေဆာင္ႏုိင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ လုပ္ခ်င္တဲ့စိတ္ရွိေပမယ့္ ဒိုရာကေတာ့ သီခ်င္းေတြကို စိတ္၀င္စားသူျဖစ္ပါတယ္။

ဖခင္ဆီက ဂီတဗီဇ ပါလာတဲ့ ဒိုရာအဲလက္စ္ကေတာ့ ေနာက္ႏွစ္ ျပည္ပမွာ တကၠသိုလ္သြားမတက္ခင္မွာ EP အယ္လ္ဘမ္ တစ္ခ်ပ္ထြက္ဖို႔ ႀကိဳးစားေနသူေလး ျဖစ္ပါတယ္။ ၂၀၁၆ ေအာက္တုိဘာေလာက္ကတည္းက ေက်ာင္းတစ္ဖက္နဲ႔ အခ်ိန္ရရင္ရသလို အေခြအတြက္ အခ်ိန္ေပးၿပီး လုပ္ေနခဲ့တာ ျဖစ္ပါတယ္။

ဒိုရာရဲ႕ EP အယ္လ္ဘမ္မွာေတာ့ သီခ်င္း ၈ ပုဒ္ပါ၀င္မွာျဖစ္ၿပီး က်ားေပါက္ ေရးေပးထားတဲ့ တစ္ပုဒ္ကလြဲရင္ က်န္တဲ့သီခ်င္းေတြကို ဒိုရာကိုယ္တိုင္ ေရးသားထားတာျဖစ္ပါတယ္။ ဒိုရာရဲ႕အေခြအတြက္ ဖခင္ျဖစ္တဲ့ အဲလက္စ္က ခြန္အားေတြအမ်ားႀကီး ေပးခဲ့တယ္လုိ႔ ဒိုရာက အင္တာဗ်ဴးေတြမွာ ေျဖထားပါတယ္။

က်ားေပါက္နဲ႔အတူ တြဲလုပ္ေနတဲ့ ဒိုရာရဲ႕ EP ေလးကေတာ့ ဒီႏွစ္ထဲမွာ ထြက္လာမွာမို႔ အဲလက္စ္ကို အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြေရာ ၊ ဒိုရာရဲ႕သီးသန္႔ပရိသတ္ေတြပါ ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္ …

အျမႊာဆုိေပမယ့္ အခ်င္းခ်င္းထက္ ဒိုရာေလးက အေမနဲ႔ပိုတူၿပီး ကယ္ဗင္ကေတာ့ အေဖနဲ႔ ပိုဆင္တယ္လို႔ ထင္ရပါတယ္။ ပရိသတ္ႀကီးကေရာ ဘယ္လိုထင္ပါသလဲ … ဖတ္ရႈအားေပးတဲ့အတြက္ အထူးေက်းဇူးတင္ပါတယ္ ေပ်ာ္ရႊင္စရာေန႔ရက္ေလး ျဖစ္ပါေစ

Myat Su Nyein

Ref : Dora Alex, Alex Ei and Kevin Alex Facebook/People Magazine

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
အသက် ၂၀ ကျော် လူငယ်တွေ ငယ်ငယ်က အမြဲနားထောင်ခဲ့ကြတဲ့ “မ မရှိလို့မဖြစ်”၊ “လွမ်းရက်တွေအကြောင်း” ၊ “မင်းစိတ်နဲ့ကိုယ့်ကိုယ်” စတဲ့ နာမည်ကြီးသီချင်းတွေရဲ့အဆိုရှင်ကတော့ အဆိုတော် အဲလက်စ်ပဲဖြစ်ပါတယ်။ နာမည်ကြီး လူကြိုက်များခဲ့တဲ့ သီချင်းတွေကို သီဆိုခဲ့သူဖြစ်တာကြောင့် အဲလက်စ်ဆိုတာနဲ့ မသိတဲ့သူမရှိသလောက်ပါပဲ။

လက်ရှိမှာ ဂီတအလုပ်တွေနဲ့ ကွာနေပေမယ့် ကျောင်းသားဘဝကို ပြန်လွမ်းတဲ့အချိန်တိုင်း အဲလက်စ်၊ စည်သူလွင်နဲ့ ဆောင်းဦးလှိုင်တို့ရဲ့ “လွမ်းရယ်မပြေ” သီချင်းလေးကမပါမဖြစ်ပါ။ ဒီလိုနာမည်ကြီးတဲ့ အဆိုတော် အဲလက်စ်ကတော့ ဒိုရာအဲလက်စ် (Dora Alex) နဲ့ ကယ်ဗင်အဲလက်စ် (Kevin Alex) ဆိုတဲ့ ချစ်စရာအမြွှာလေးနှစ်ယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။

အဲလက်စ်ရဲ့ သားနဲ့သမီး အမြွှာလေးနှစ်ယောက်ဖြစ်တဲ့ ဒိုရာနဲ့ ကယ်ဗင်တို့ကတော့ အခုဆိုရင် အသက် ၁၈ နှစ်ရှိကြပြီဖြစ်ပါတယ်။ ဒိုရာနဲ့ ကယ်ဗင်တို့နှစ်ယောက်ကတော့ ကိုယ်စီကိုယ်ငှ ဝါသနာပါရာကို ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်တတ်ပြီး ဉာဏ်ရည်မြင့်မားတဲ့ ကလေးနှစ်ယောက်ဆိုတာကိုတော့ ပြည်တွင်းမီဒီယာတွေမှာ ဖြေဆိုထားတဲ့ သူတို့ရဲ့ အင်တာဗျူးလေးတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။

အမြွှာနှစ်ယောက်ဖြစ်ပေမယ့် အနုပညာနဲ့ပတ်သက်လို့ တစ်ယောက်တစ်မျိုးစီ စိတ်ဝင်စားကြသူတွေလည်း ဖြစ်ပါတယ်။ ကယ်ဗင်က ဇာတ်ရုပ်တစ်ခုကို ကောင်းကောင်းသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက် လုပ်ချင်တဲ့စိတ်ရှိပေမယ့် ဒိုရာကတော့ သီချင်းတွေကို စိတ်ဝင်စားသူဖြစ်ပါတယ်။

ဖခင်ဆီက ဂီတဗီဇ ပါလာတဲ့ ဒိုရာအဲလက်စ်ကတော့ နောက်နှစ် ပြည်ပမှာ တက္ကသိုလ်သွားမတက်ခင်မှာ EP အယ်လ်ဘမ် တစ်ချပ်ထွက်ဖို့ ကြိုးစားနေသူလေး ဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာလောက်ကတည်းက ကျောင်းတစ်ဖက်နဲ့ အချိန်ရရင်ရသလို အခွေအတွက် အချိန်ပေးပြီး လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒိုရာရဲ့ EP အယ်လ်ဘမ်မှာတော့ သီချင်း ၈ ပုဒ်ပါဝင်မှာဖြစ်ပြီး ကျားပေါက် ရေးပေးထားတဲ့ တစ်ပုဒ်ကလွဲရင် ကျန်တဲ့သီချင်းတွေကို ဒိုရာကိုယ်တိုင် ရေးသားထားတာဖြစ်ပါတယ်။ ဒိုရာရဲ့အခွေအတွက် ဖခင်ဖြစ်တဲ့ အဲလက်စ်က ခွန်အားတွေအများကြီး ပေးခဲ့တယ်လို့ ဒိုရာက အင်တာဗျူးတွေမှာ ဖြေထားပါတယ်။

ကျားပေါက်နဲ့အတူ တွဲလုပ်နေတဲ့ ဒိုရာရဲ့ EP လေးကတော့ ဒီနှစ်ထဲမှာ ထွက်လာမှာမို့ အဲလက်စ်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေရော ၊ ဒိုရာရဲ့သီးသန့်ပရိသတ်တွေပါ စောင့်မျှော်အားပေးကြပါဦးနော် …

အမြွှာဆိုပေမယ့် အချင်းချင်းထက် ဒိုရာလေးက အမေနဲ့ပိုတူပြီး ကယ်ဗင်ကတော့ အဖေနဲ့ ပိုဆင်တယ်လို့ ထင်ရပါတယ်။ ပရိသတ်ကြီးကရော ဘယ်လိုထင်ပါသလဲ … ဖတ်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်ပါစေ

Myat Su Nyein

Ref : Dora Alex, Alex Ei and Kevin Alex Facebook/People Magazine

Credit: MMFeed
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top