iMyanmarHouse.com - Best Property Website for Myanmar
×

ကမ်ဥ္းနီေကာင္လို႔ေခၚတဲ့ ေသးငယ္လွတဲ့ အင္းဆက္ေလးဟာ အေရျပားေအာက္ကို တိုးဝင္တဲ့အခါ အလြန္ယားတဲ့ ဝဲဆိုတဲ့ အေရျပားေရာဂါ ျဖစ္လာပါတယ္။

လူလူခ်င္း ထိေတြ႕ရာကေန ကူးစက္လြယ္ၿပီး သူ႔အလိုလို မေပ်ာက္တတ္တဲ့အတြက္ ကုသဖို႔ အထူးလိုအပ္ပါတယ္။

 အဓိကအခ်က္မ်ား

1.       ဝဲေပါက္ေနသူနဲ႔ ထိေတြ႕ရာမွေသာ္ လည္းေကာင္း၊ အဝတ္အစား၊ အိပ္ရာမ်ား အတူသံုးစြဲရာမွေသာ္ လည္းေကာင္း ကူးစက္တတ္ပါတယ္။

2.       ဝဲေပ်ာက္ေစတဲ့ လိမ္းေဆးမ်ားနဲ႔ ကုသေပးဖို႔ လိုအပ္ပါတယ္။

3.       ဝဲေပါက္ေနသူရဲ႕ အိမ္သူအိမ္သားမ်ားကိုလည္း ကုသဖို႔ လိုပါတယ္။

4.       အေကာင္မရွိေတာ့တဲ့ အခ်ိန္မွာေတာင္ ရက္သတၱပတ္ အတန္ၾကာ ယားေနတတ္ပါတယ္။

5.       ဒါေပမဲ့ 6 ပတ္ထက္ၾကာေအာင္ ယားေနရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

 ျဖစ္တတ္တဲ့ အေၾကာင္းရင္းမ်ား

 ဗိုက္ႀကီးေနတဲ့ ကမ်ဥ္းနီေကာင္ အသားေပၚကို ေရာက္လာၿပီး အေရျပား အေပၚယံလႊာထဲ တိုးဝင္လာတဲ့အခါ ဝဲဆိုတာ ျဖစ္လာပါတယ္။ ဒီအေကာင္ဟာ အေရျပားေအာက္မွာ သူ႔ရဲ႕သက္တမ္း 1 လမွ 2 လအတြင္း ေတာက္ေလွ်ာက္ တစ္ေန႔ကို ဥ 3 ဥ ဥခ်ပါတယ္။ ဒီဥေတြ အေကာင္ေပါက္ဖို႔ 10 ရက္မွ 14 ရက္ခန္႔ ၾကာတတ္ပါတယ္။ ဝဲေပါက္တဲ့အခါ အေကာင္ကို ဓာတ္မတည့္တဲ့ ဆန္႔က်င္မႈျဖစ္တာေၾကာင့္ ယားယံတတ္တာပါ။

ဘာေၾကာင့္ ဝဲေပါက္ရသလဲ?

          ဝဲဟာ ညစ္ပတ္လို႔ေပါက္တာ မဟုတ္ပါဘူး။ အသန္႔ရွင္းဆံုးဆိုသူေတြ၊ အၿမဲ ဆပ္ျပာနဲ႔ လက္ေဆးေနသူေတြမွာလည္း ဝဲေပါက္ႏိုင္ပါတယ္။ ဝဲေပါက္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ -

●        ဝဲေပါက္သူေတြနဲ႔ လက္ဆြဲႏႈတ္ဆက္တာ၊ ေပြ႕ဖက္တာ စသည္ျဖင့္ ထိေတြ႕မိတာ

●        အဝတ္အစား၊ အိပ္ရာေတြ အတူသံုးစြဲတာ စတာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။

          ဝဲဟာ တိရစာၦန္ ကမ်ဥ္းနီေကာင္ေတြေၾကာင့္ ျဖစ္တာမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီတိရစာၦန္ေတြမွာေနတဲ့ ကမ်ဥ္းနီေကာင္ေတြေၾကာင့္ လက္ဖ်ံေတြမွာ အနီကြက္ကိုက္ရာေတြ ျဖစ္တတ္ပါတယ္။



>>    ေရာဂါလကၡဏာမ်ား

          အဓိကလကၡဏာကေတာ့ ယားယံတာပါပဲ။ အထူးသျဖင့္ ညဘက္ေတြနဲ႔ ပူျပင္းတဲ့အခါ ပိုယားတတ္ပါတယ္။ ကူးၿပီး ရက္အနည္းငယ္အၾကာမွာ ယားတတ္ၿပီး ျဖစ္ဖူးသူေတြမွာေတာ့ နာရီပိုင္းေလာက္ အတြင္းမွာတင္ စ ယားလာတတ္ပါတယ္။ ဝဲကြက္ေတြဟာ ခႏၶာကိုယ္နဲ႔ ေျခေတြလက္ေတြမွာ နီနီရဲရဲ အဖုေလးေတြအေနနဲ႔ ေပၚလာတတ္ၿပီး အင္ျပင္ေတြ၊ အေရျပားေရာဂါေတြနဲ႔ မွားတတ္ပါတယ္။

          အေကာင္ဝင္တဲ့ေနရာကို ေျခေခ်ာင္း၊ လက္ေခ်ာင္းၾကားနဲ႔ လက္ေကာက္ဝတ္ေတြမွာ ခဲေရာင္ လမ္းေၾကာင္း ေသးေသးေလးအေနနဲ႔ ေတြ႕ရတတ္ပါတယ္။ ခ်ိဳင္းၾကား၊ တင္ပါးၾကား၊ လိင္အဂၤါေတြနဲ႔ ေျခဖေနာင့္ေတြမွာလည္း ေတြ႕ရတတ္ပါေသးတယ္။

          ဒါ့အျပင္ ခ်ိဳင္းၾကား၊ ေပါင္ၾကားနဲ႔ လိင္အဂၤါေတြမွာ ယားယံတဲ့ အဖုအလံုးေလးေတြ ေပါက္တတ္ပါတယ္။ ဒီအဖုေလးေတြဟာ အေကာင္ေတြ ေသေၾကၿပီး ရက္သတၱပတ္ အတန္ၾကာေအာင္ ရွိေနတတ္ပါတယ္။

          ေမြးခါစကေလးေတြမွာ အရည္ၾကည္ဖုေလးေတြ၊ ျပည္ဖုေလးေတြအေနနဲ႔ ေတြ႕ရတတ္ပါတယ္။

          ဝဲမွာ ဘတ္တီးရီးယားပိုး ဝင္ေလ့ရွိၿပီး အသား အဖတ္ဖတ္ေတြ ကြာတာ၊ ကုတ္ရာေနရာမွာ ျပည္ဖုေတြ ျဖစ္လာတာမ်ိဳးေတြ ျမင္ရပါတယ္။

          Cellulitis လို႔ေခၚတဲ့ အေရျပားေအာက္ အဆီျပင္လႊာ ပိုးဝင္ ေရာင္ရမ္းတဲ့အခါ နီရဲနာက်င္လာတတ္ၿပီး အဖ်ား ပါဝင္လာတတ္ပါတယ္။



>>    ဝဲေပါက္ေၾကာင္း ဘယ္လိုသိႏိုင္မလဲ?



●        အလြန္ယားယံၿပီး ညဘက္ေတြမွာ ပိုဆိုးရင္

●        ေကြးေကြးေကာက္ေကာက္ လမ္းေၾကာင္းနီနီရဲရဲနဲ႔ အရည္ၾကည္ဖုေလးတစ္ခု ေတြ႕ခဲ့ရင္

●        ယားေနသူ တစ္ဦးဦးနဲ႔ ထိေတြ႕ခဲ့မိရင္ ဝဲေပါက္ေနႏိုင္ပါတယ္။

 ဝဲေပါက္ေနတာကို သိႏိုင္ဖို႔ ဆရာဝန္က လက္ေကာက္ဝတ္၊ ေျခေခ်ာင္း လက္ေခ်ာင္းၾကား၊ ေျခဖဝါး တစ္ဖက္တစ္ခ်က္ေတြမွာ နီရဲေနတာ၊ အရည္ၾကည္ဖုနဲ႔ ကုတ္ရာေတြ၊ အနာေဖးေတြ ရွိ/မရွိကို  စမ္းသပ္ၾကည့္ၿပီး သိရွိႏိုင္ပါတယ္။

အျခားစမ္းသပ္နည္းေတြကေတာ့ -

●      Ink Burrow Test

          ဒီစမ္းသပ္နည္းမွာ ယားေနတဲ့ေနရာကို ဖ်က္လြယ္နဲ႔ မင္အမည္း တို႔ၾကည့္တဲ့အခါ အခ်ိန္အတန္ၾကာမွာ အေရျပားေပၚက မင္ေပ်ာက္သြားၿပီး လမ္းေၾကာင္းတစ္ေလွ်ာက္မွာ မည္းမည္းေကြ႕ေကာက္လမ္းေၾကာင္းေလး ေပၚလာပါလိမ့္မယ္။



●      အေရျပားျခစ္ စစ္ေဆးျခင္း

          ယားေနတဲ့ေနရာက ေျခာက္ေသြ႕ေသြ႕ အေရျပားေလးကို ျခစ္ယူၿပီး အဏုျမဴမွန္ေျပာင္းေအာက္မွာ အေကာင္ကို ရွာႏိုင္ပါတယ္။

ကုသနည္း

 ဝဲဟာ သူ႔အလိုလို ေပ်ာက္မသြားတတ္ပါဘူး။ အေကာင္ေသေစတဲ့ လိမ္းေဆးလိမ္းေပးဖို႔ လိုအပ္ပါတယ္။ ေဆးဆိုင္မွာ ဒီအတိုင္း ဝယ္ႏိုင္သလို ဆရာဝန္အညႊန္းနဲ႔လည္း ဝယ္ႏိုင္ပါတယ္။ ဒါေပမဲ့ အသက္ 2 ႏွစ္ေအာက္ ကေလးငယ္မ်ားနဲ႔ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြကေတ့ာ ဆရာဝန္နဲ႔ ျပသၿပီးမွ လိမ္းရပါမယ္။

ဘယ္လိုလိမ္းမလဲ?

          ဝဲေပါက္ေနသူရဲ႕ အိမ္သူအိမ္သားေတြဟာ မယားရင္ေတာင္မွ ေဆးလိမ္းရပါမယ္။ ညဘက္ မအိပ္ခင္မွာ လိမ္းတာ အေကာင္းဆံုး ျဖစ္ပါတယ္။ ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးပါ။ ေမးေစ့ကေန ေျခဖဝါးအထိ၊ ေျခေခ်ာင္း လက္ေခ်ာင္းၾကား၊ လက္သည္းေအာက္နဲ႔ လိင္အဂၤါပါမက်န္ တစ္ကိုယ္လံုးကို လိမ္းေပးၿပီး တစ္ညလံုး ထားလိုက္ပါ။ ညဘက္မွာ လက္ေဆးခဲ့ရင္ ျပန္လိမ္းရပါမယ္။ မနက္ႏိုးတဲ့အခါ ေရခ်ိဳးၿပီး အက်ႌအသစ္ လဲပါ။

 အဝတ္အစားနဲ႔ အိပ္ရာ

ေဆးလိမ္းၿပီး မနက္မွာ လြန္ခဲ့တဲ့အပတ္က ဝတ္ခဲ့တဲ့ အဝတ္အစားအားလံုးနဲ႔ အိပ္ရာခင္း၊ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအံုးစြပ္၊ မ်က္ႏွာသုတ္ပုဝါ၊ စတာေတြကို ေရေႏြးနဲ႔ ေလွ်ာ္ပစ္ပါ။

ေဆး ထပ္မလိမ္းခင္ ဆရာဝန္နဲ႔ ျပသပါ။

တစ္ခါတစ္ရံ ေဆးထပ္လိမ္းဖို႔ လိုအပ္လာတဲ့အခါ ေဆးဝါးကြၽမ္းက်င္ သို႔မဟုတ္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ ဆရာဝန္ၫႊန္ၾကားခ်က္မပါပဲ ၂ၾကမ္ထပ္ပိုၿပီး ကိုယ့္သေဘာနဲ႔ကိုယ္ေဆးမလိမ္းသင့္ပါဘူး။ ပိုးမြားေသေဆးအလြန္အကြၽံသံုးစြဲျခင္းဟာလည္း အေရျပားကို ယားယံေစတတ္ပါတယ္။

ယားယံျခင္းနဲ႔ နီရဲေနျခင္း

အမ်ားစုမွာေတာ့ ေဆးလိမ္းၿပီး ရက္အနည္းငယ္အတြင္း အယား သက္သာသြားတတ္ေပမယ့္ အခ်ိဳ႕လူေတြမွာ အေကာင္ ေသသြားတာေတာင္ အတန္ၾကာ ယားယံၿပီး နီရဲေနတတ္ပါတယ္။

 ျဖစ္ရတဲ့ အေၾကာင္းရင္းကေတာ့ -

●        ဝဲဖုေတြဟာ ေပ်ာက္ကင္းဖို႔ လနဲ႔ခ်ီၿပီး ၾကာတတ္ပါတယ္။ စတီး႐ြိဳက္လိမ္းေဆးက သက္သာေစႏိုင္ပါလိမ့္မယ္။

●        အေကာင္ေၾကာင့္၊ ကုတ္တာေတြေၾကာင့္၊ ေဆးေၾကာင့္နဲ႔ အျခားအေၾကာင္းရင္း အမ်ိဳးမ်ိဳးေၾကာင့္ ႏွင္းခူ ျဖစ္လာတတ္ပါတယ္။ အယားေပ်ာက္ေဆးေတြ၊ စတီး႐ိြဳက္လိမ္းေဆးေတြ လိမ္းေပးႏိုင္ပါတယ္။

●        ဝဲ မဟုတ္တာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ဝဲဟာ အျခားအေရျပားေရာဂါေတြျဖစ္တဲ့ ႏွင္းခူ၊ အင္ျပင္ စတာေတြနဲ႔ မွားတတ္ပါတယ္။

●        ပိုးျပန္ဝင္ျခင္း၊ အေကာင္ ေဆးၿပီးေနျခင္းေတြလည္း ျဖစ္နိုင္ပါတယ္။ ဝဲဟာ တစ္ခါတေလ ဝဲေဆးေတြကို ေဆးၿပီးေနတတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ေဆးတစ္မ်ိဳးမ်ိဳး ေျပာင္းေပးရပါမယ္။

ကုသဖို႔ ဘာေၾကာင့္ လိုအပ္တာလဲ?

          မကုသဘဲ ထားပါက -

●        ကုတ္ဖဲ့ရမွ ပိုးဝင္ၿပီး အမာရြတ္ေတြ ျဖစ္တတ္ပါတယ္။

●        ကုတ္ဖဲ့ရာမွာ ဘတ္တီးရီးယားပိုး ဝင္တာကို ေသခ်ာမကုသပါက ေက်ာက္ကပ္နဲ႔ ေသြးေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

●        ကုတ္ဖဲ့ေနရတဲ့ ကေလးဟာ ေက်ာင္းမွာ စာမွာ အာ႐ံုစူးစိုက္မႈ နည္းလာႏိုင္ပါတယ္။

●        မူႀကိဳနဲ႔ ေက်ာင္းဆရာမေတြဟာ ဝဲေပါက္ေနတဲ့ကေလးေတြကို ကုသၿပီးသည္အထိ အိမ္မွာပဲ ေနေစသင့္ပါတယ္။

Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကမျဉ်းနီကောင်လို့ခေါ်တဲ့ သေးငယ်လှတဲ့ အင်းဆက်လေးဟာ အရေပြားအောက်ကို တိုးဝင်တဲ့အခါ အလွန်ယားတဲ့ ဝဲဆိုတဲ့ အရေပြားရောဂါ ဖြစ်လာပါတယ်။

လူလူချင်း ထိတွေ့ရာကနေ ကူးစက်လွယ်ပြီး သူ့အလိုလို မပျောက်တတ်တဲ့အတွက် ကုသဖို့ အထူးလိုအပ်ပါတယ်။

 အဓိကအချက်များ

1.       ဝဲပေါက်နေသူနဲ့ ထိတွေ့ရာမှသော် လည်းကောင်း၊ အဝတ်အစား၊ အိပ်ရာများ အတူသုံးစွဲရာမှသော် လည်းကောင်း ကူးစက်တတ်ပါတယ်။

2.       ဝဲပျောက်စေတဲ့ လိမ်းဆေးများနဲ့ ကုသပေးဖို့ လိုအပ်ပါတယ်။

3.       ဝဲပေါက်နေသူရဲ့ အိမ်သူအိမ်သားများကိုလည်း ကုသဖို့ လိုပါတယ်။

4.       အကောင်မရှိတော့တဲ့ အချိန်မှာတောင် ရက်သတ္တပတ် အတန်ကြာ ယားနေတတ်ပါတယ်။

5.       ဒါပေမဲ့ 6 ပတ်ထက်ကြာအောင် ယားနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

 ဖြစ်တတ်တဲ့ အကြောင်းရင်းများ

 ဗိုက်ကြီးနေတဲ့ ကမျဉ်းနီကောင် အသားပေါ်ကို ရောက်လာပြီး အရေပြား အပေါ်ယံလွှာထဲ တိုးဝင်လာတဲ့အခါ ဝဲဆိုတာ ဖြစ်လာပါတယ်။ ဒီအကောင်ဟာ အရေပြားအောက်မှာ သူ့ရဲ့သက်တမ်း 1 လမှ 2 လအတွင်း တောက်လျှောက် တစ်နေ့ကို ဥ 3 ဥ ဥချပါတယ်။ ဒီဥတွေ အကောင်ပေါက်ဖို့ 10 ရက်မှ 14 ရက်ခန့် ကြာတတ်ပါတယ်။ ဝဲပေါက်တဲ့အခါ အကောင်ကို ဓာတ်မတည့်တဲ့ ဆန့်ကျင်မှုဖြစ်တာကြောင့် ယားယံတတ်တာပါ။

ဘာကြောင့် ဝဲပေါက်ရသလဲ?

          ဝဲဟာ ညစ်ပတ်လို့ပေါက်တာ မဟုတ်ပါဘူး။ အသန့်ရှင်းဆုံးဆိုသူတွေ၊ အမြဲ ဆပ်ပြာနဲ့ လက်ဆေးနေသူတွေမှာလည်း ဝဲပေါက်နိုင်ပါတယ်။ ဝဲပေါက်ရတဲ့ အကြောင်းရင်းတွေကတော့ -

●        ဝဲပေါက်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ စသည်ဖြင့် ထိတွေ့မိတာ

●        အဝတ်အစား၊ အိပ်ရာတွေ အတူသုံးစွဲတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

          ဝဲဟာ တိရစ္ဆာန် ကမျဉ်းနီကောင်တွေကြောင့် ဖြစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတိရစ္ဆာန်တွေမှာနေတဲ့ ကမျဉ်းနီကောင်တွေကြောင့် လက်ဖျံတွေမှာ အနီကွက်ကိုက်ရာတွေ ဖြစ်တတ်ပါတယ်။



>>    ရောဂါလက္ခဏာများ

          အဓိကလက္ခဏာကတော့ ယားယံတာပါပဲ။ အထူးသဖြင့် ညဘက်တွေနဲ့ ပူပြင်းတဲ့အခါ ပိုယားတတ်ပါတယ်။ ကူးပြီး ရက်အနည်းငယ်အကြာမှာ ယားတတ်ပြီး ဖြစ်ဖူးသူတွေမှာတော့ နာရီပိုင်းလောက် အတွင်းမှာတင် စ ယားလာတတ်ပါတယ်။ ဝဲကွက်တွေဟာ ခန္ဓာကိုယ်နဲ့ ခြေတွေလက်တွေမှာ နီနီရဲရဲ အဖုလေးတွေအနေနဲ့ ပေါ်လာတတ်ပြီး အင်ပြင်တွေ၊ အရေပြားရောဂါတွေနဲ့ မှားတတ်ပါတယ်။

          အကောင်ဝင်တဲ့နေရာကို ခြေချောင်း၊ လက်ချောင်းကြားနဲ့ လက်ကောက်ဝတ်တွေမှာ ခဲရောင် လမ်းကြောင်း သေးသေးလေးအနေနဲ့ တွေ့ရတတ်ပါတယ်။ ချိုင်းကြား၊ တင်ပါးကြား၊ လိင်အင်္ဂါတွေနဲ့ ခြေဖနောင့်တွေမှာလည်း တွေ့ရတတ်ပါသေးတယ်။

          ဒါ့အပြင် ချိုင်းကြား၊ ပေါင်ကြားနဲ့ လိင်အင်္ဂါတွေမှာ ယားယံတဲ့ အဖုအလုံးလေးတွေ ပေါက်တတ်ပါတယ်။ ဒီအဖုလေးတွေဟာ အကောင်တွေ သေကြေပြီး ရက်သတ္တပတ် အတန်ကြာအောင် ရှိနေတတ်ပါတယ်။

          မွေးခါစကလေးတွေမှာ အရည်ကြည်ဖုလေးတွေ၊ ပြည်ဖုလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။

          ဝဲမှာ ဘတ်တီးရီးယားပိုး ဝင်လေ့ရှိပြီး အသား အဖတ်ဖတ်တွေ ကွာတာ၊ ကုတ်ရာနေရာမှာ ပြည်ဖုတွေ ဖြစ်လာတာမျိုးတွေ မြင်ရပါတယ်။

          Cellulitis လို့ခေါ်တဲ့ အရေပြားအောက် အဆီပြင်လွှာ ပိုးဝင် ရောင်ရမ်းတဲ့အခါ နီရဲနာကျင်လာတတ်ပြီး အဖျား ပါဝင်လာတတ်ပါတယ်။



>>    ဝဲပေါက်ကြောင်း ဘယ်လိုသိနိုင်မလဲ?



●        အလွန်ယားယံပြီး ညဘက်တွေမှာ ပိုဆိုးရင်

●        ကွေးကွေးကောက်ကောက် လမ်းကြောင်းနီနီရဲရဲနဲ့ အရည်ကြည်ဖုလေးတစ်ခု တွေ့ခဲ့ရင်

●        ယားနေသူ တစ်ဦးဦးနဲ့ ထိတွေ့ခဲ့မိရင် ဝဲပေါက်နေနိုင်ပါတယ်။

 ဝဲပေါက်နေတာကို သိနိုင်ဖို့ ဆရာဝန်က လက်ကောက်ဝတ်၊ ခြေချောင်း လက်ချောင်းကြား၊ ခြေဖဝါး တစ်ဖက်တစ်ချက်တွေမှာ နီရဲနေတာ၊ အရည်ကြည်ဖုနဲ့ ကုတ်ရာတွေ၊ အနာဖေးတွေ ရှိ/မရှိကို  စမ်းသပ်ကြည့်ပြီး သိရှိနိုင်ပါတယ်။

အခြားစမ်းသပ်နည်းတွေကတော့ -

●      Ink Burrow Test

          ဒီစမ်းသပ်နည်းမှာ ယားနေတဲ့နေရာကို ဖျက်လွယ်နဲ့ မင်အမည်း တို့ကြည့်တဲ့အခါ အချိန်အတန်ကြာမှာ အရေပြားပေါ်က မင်ပျောက်သွားပြီး လမ်းကြောင်းတစ်လျှောက်မှာ မည်းမည်းကွေ့ကောက်လမ်းကြောင်းလေး ပေါ်လာပါလိမ့်မယ်။



●      အရေပြားခြစ် စစ်ဆေးခြင်း

          ယားနေတဲ့နေရာက ခြောက်သွေ့သွေ့ အရေပြားလေးကို ခြစ်ယူပြီး အဏုမြူမှန်ပြောင်းအောက်မှာ အကောင်ကို ရှာနိုင်ပါတယ်။

ကုသနည်း

 ဝဲဟာ သူ့အလိုလို ပျောက်မသွားတတ်ပါဘူး။ အကောင်သေစေတဲ့ လိမ်းဆေးလိမ်းပေးဖို့ လိုအပ်ပါတယ်။ ဆေးဆိုင်မှာ ဒီအတိုင်း ဝယ်နိုင်သလို ဆရာဝန်အညွှန်းနဲ့လည်း ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ အသက် 2 နှစ်အောက် ကလေးငယ်များနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတေ့ာ ဆရာဝန်နဲ့ ပြသပြီးမှ လိမ်းရပါမယ်။

ဘယ်လိုလိမ်းမလဲ?

          ဝဲပေါက်နေသူရဲ့ အိမ်သူအိမ်သားတွေဟာ မယားရင်တောင်မှ ဆေးလိမ်းရပါမယ်။ ညဘက် မအိပ်ခင်မှာ လိမ်းတာ အကောင်းဆုံး ဖြစ်ပါတယ်။ ရေနွေးနွေးလေးနဲ့ ချိုးပါ။ မေးစေ့ကနေ ခြေဖဝါးအထိ၊ ခြေချောင်း လက်ချောင်းကြား၊ လက်သည်းအောက်နဲ့ လိင်အင်္ဂါပါမကျန် တစ်ကိုယ်လုံးကို လိမ်းပေးပြီး တစ်ညလုံး ထားလိုက်ပါ။ ညဘက်မှာ လက်ဆေးခဲ့ရင် ပြန်လိမ်းရပါမယ်။ မနက်နိုးတဲ့အခါ ရေချိုးပြီး အကျႌအသစ် လဲပါ။

 အဝတ်အစားနဲ့ အိပ်ရာ

ဆေးလိမ်းပြီး မနက်မှာ လွန်ခဲ့တဲ့အပတ်က ဝတ်ခဲ့တဲ့ အဝတ်အစားအားလုံးနဲ့ အိပ်ရာခင်း၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါ၊ စတာတွေကို ရေနွေးနဲ့ လျှော်ပစ်ပါ။

ဆေး ထပ်မလိမ်းခင် ဆရာဝန်နဲ့ ပြသပါ။

တစ်ခါတစ်ရံ ဆေးထပ်လိမ်းဖို့ လိုအပ်လာတဲ့အခါ ဆေးဝါးကျွမ်းကျင် သို့မဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားချက်မပါပဲ ၂ကြမ်ထပ်ပိုပြီး ကိုယ့်သဘောနဲ့ကိုယ်ဆေးမလိမ်းသင့်ပါဘူး။ ပိုးမွားသေဆေးအလွန်အကျွံသုံးစွဲခြင်းဟာလည်း အရေပြားကို ယားယံစေတတ်ပါတယ်။

ယားယံခြင်းနဲ့ နီရဲနေခြင်း

အများစုမှာတော့ ဆေးလိမ်းပြီး ရက်အနည်းငယ်အတွင်း အယား သက်သာသွားတတ်ပေမယ့် အချို့လူတွေမှာ အကောင် သေသွားတာတောင် အတန်ကြာ ယားယံပြီး နီရဲနေတတ်ပါတယ်။

 ဖြစ်ရတဲ့ အကြောင်းရင်းကတော့ -

●        ဝဲဖုတွေဟာ ပျောက်ကင်းဖို့ လနဲ့ချီပြီး ကြာတတ်ပါတယ်။ စတီးရွိုက်လိမ်းဆေးက သက်သာစေနိုင်ပါလိမ့်မယ်။

●        အကောင်ကြောင့်၊ ကုတ်တာတွေကြောင့်၊ ဆေးကြောင့်နဲ့ အခြားအကြောင်းရင်း အမျိုးမျိုးကြောင့် နှင်းခူ ဖြစ်လာတတ်ပါတယ်။ အယားပျောက်ဆေးတွေ၊ စတီးရွိုက်လိမ်းဆေးတွေ လိမ်းပေးနိုင်ပါတယ်။

●        ဝဲ မဟုတ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဝဲဟာ အခြားအရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူ၊ အင်ပြင် စတာတွေနဲ့ မှားတတ်ပါတယ်။

●        ပိုးပြန်ဝင်ခြင်း၊ အကောင် ဆေးပြီးနေခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဝဲဟာ တစ်ခါတလေ ဝဲဆေးတွေကို ဆေးပြီးနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးတစ်မျိုးမျိုး ပြောင်းပေးရပါမယ်။

ကုသဖို့ ဘာကြောင့် လိုအပ်တာလဲ?

          မကုသဘဲ ထားပါက -

●        ကုတ်ဖဲ့ရမှ ပိုးဝင်ပြီး အမာရွတ်တွေ ဖြစ်တတ်ပါတယ်။

●        ကုတ်ဖဲ့ရာမှာ ဘတ်တီးရီးယားပိုး ဝင်တာကို သေချာမကုသပါက ကျောက်ကပ်နဲ့ သွေးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

●        ကုတ်ဖဲ့နေရတဲ့ ကလေးဟာ ကျောင်းမှာ စာမှာ အာရုံစူးစိုက်မှု နည်းလာနိုင်ပါတယ်။

●        မူကြိုနဲ့ ကျောင်းဆရာမတွေဟာ ဝဲပေါက်နေတဲ့ကလေးတွေကို ကုသပြီးသည်အထိ အိမ်မှာပဲ နေစေသင့်ပါတယ်။

Credit: Dr. Emerald (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top