iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႔ အလႉမပါ သိန္း ၇၀၀၀ ေက်ာ္ၿပီ။

သ႐ုပ္ေဆာင္စည္ၿဖိဳးတို႔ မိသားစုဟာ ဒီေန႔မနက္မွာပဲ အၾကားအျမင္ဆရာမႀကီး E.T ရဲ႕ ေမြးေန႔ပြဲကို မႏၲေလးပရိယတၱိ စာသင္ တိုက္မွာ က်င္းပ ျပဳလုပ္ခဲ့ပါတယ္။လႉဒါန္းေငြ စုစုေပါင္းကလည္း သိန္း ၇၀၀၀ ေက်ာ္ေနၿပီလို႔ ဆိုပါတယ္။ အဲ့ဒီေနာက္အႏုပညာ အလုပ္ေတြ လုပ္ေနရတဲ့ စည္ၿဖိဳးက ႐ုပ္ရွင္ဇာတ္ကားႀကီး ၉ ကား႐ိုက္ကူးထားၿပီး ႐ုံတင္ဖို႔ တန္းစီေနတယ္လို႔ ေျပာပါတယ္။

သ႐ုပ္ေဆာင္ စည္ၿဖိဳးရဲ႕ အေဒၚျဖစ္သူ အၾကားအျမင္ဆရာမႀကီး E.T (ခ) ေဒၚေဆြေဆြဝင္းရဲ႕ အသက္ ၅၀ ႏွစ္ျပည့္ေမြးေန႔ပြဲကို ဇူလိုင္လ ၅ ရက္ေန႔မနက္ပိုင္းက မႏၲေလး ပရိယတၱိစာသင္တိုက္မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ အလႉလုပ္ျဖစ္တာကလည္း အၾကားအျမင္ဆရာမႀကီး E.T ဆုံးပါးသြားကတည္းက လုပ္ျဖစ္ခဲ့တာလို႔ စည္ၿဖိဳးက Duwun Media ကေနေျပာျပခဲ့ပါတယ္။

” မေဆြ ဆုံးသြားၿပီးကတည္းက လစဥ္ဒီလိုပဲ အလႉေတြလုပ္ျဖစ္တယ္။ ဘုန္းႀကီးေက်ာင္းေတြကို အဓိက ထားတယ္ေပါ့။ ေက်ာင္းမရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြဆိုရင္ ေက်ာင္းသြားလႉတယ္။ သိမ္မရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြဆိုရင္ သိမ္လႉတယ္။ ကုလီမရွိတဲ့ ဘုန္းႀကီးေက်ာင္း ဆိုရင္ ကုလီေပါ့၊ ဒီေန႔ လႉျဖစ္တဲ့ေက်ာင္းမွာေတာ့ မယ္သီလရွင္ေက်ာင္းေဆာင္မရွိလို႔ ေက်ာင္းေဆာင္လႉျဖစ္တယ္ေပါ့” လို႔ ဆိုပါတယ္။

အေဒၚျဖစ္သူ ဆုံးပါးသြားၿပီးကတည္းက လႉျဖစ္ခဲ့တဲ့ အလႉအေၾကာင္းေတြကို စည္ၿဖိဳးရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ မွတ္တမ္းတင္ျဖစ္တယ္ လို႔ဆိုပါတယ္။ လႉဒါန္းျဖစ္ခဲ့တဲ့ အလႉေငြ စုစုေပါင္းကလည္း သိန္း ၇၀၀၀ ေက်ာ္ေနၿပီျဖစ္ေၾကာင္း၊ အၾကားအျမင္ဆရာမႀကီး E.T မတည္ခဲ့တဲ့ ပုသိမ္ၿမိဳ႕က မ်က္စိေဆး႐ုံကလည္း ပုံမွန္လည္ပတ္လွ်က္ရွိတယ္လို႔ သူကဆိုပါတယ္။

” လစဥ္ လႉျဖစ္တဲ့အေၾကာင္းကိုလည္း ေဖ့စ္ဘြတ္ေပၚမွာလည္း ကြၽန္ေတာ္တင္ပါတယ္။ မေဆြ ဆုံးပါးသြားၿပီးကတည္းက အခုခ်ိန္ထိေပါ့ လစဥ္လႉခဲ့တာ ဒီေန႔ လႉတဲ့ ေက်ာင္းေဆာင္ဖိုး မပါ သိန္း ၇၀၀၀ ေက်ာ္ေနပါၿပီ။ ေနာက္လည္း ဒီလိုပဲ လႉျဖစ္သြားမွာပါ။ မေဆြ မတည္ခဲ့တဲ့ ပုသိမ္က မ်က္စိေဆး႐ုံကလည္း ၃ လတစ္ႀကိမ္ မ်က္စိေတြ ခြဲေပးေနဦးမွာပါ” လို႔ စည္ၿဖိဳးကေျပာပါတယ္။

စည္ၿဖိဳးဟာ ႐ုပ္ရႈင္ဇာတ္ကားႀကီး ၉ ကား႐ိုက္ကူးထားတယ္လို႔ ဆိုပါတယ္။ ႐ုံတင္ျပသႏိုင္ဖို႔အတြက္ လည္းတန္းစီေစာင့္ေနတယ္လို႔ ေျပာပါ တယ္။ သူ႔ဟာ ႐ုပ္ရွင္ဇာတ္ကားေတြကို အေရအတြက္မ်ားမ်ား ႐ိုက္ကူးရဖို႔ထက္ အရည္အေသြး ေကာင္းတဲ့ ဇာတ္ကားေတြျဖစ္ဖို႔ အခ်ိန္ေပး ေနရတယ္လို႔ ဇူလိုင္လ ၇ ရက္ေန႔မနက္က ဆရာမE.T ရဲ႕ ေမြးေန႔ပြဲမွာ Duwun Media ကိုေျဖဆိုခဲ့တာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ စည္ၿဖိဳးကိုေတာ့ တီဗီေၾကာ္ျငာ၊ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈ ရရွိလာခဲ့တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံဇာတ္လမ္းတြဲေတြ႐ိုက္ကူးေနတာျဖစ္ပါတယ္။ သူ ေနာက္ဆုံး႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒါ႐ိုက္တာသားညီ႐ိုက္တဲ့ သန္းေခါင္ယံမိတ္ဆုံစားပြဲ ဆိုတဲ့ ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔သိရပါတယ္။

Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီနေ့ အလှူမပါ သိန်း ၇၀၀၀ ကျော်ပြီ။

သရုပ်ဆောင်စည်ဖြိုးတို့ မိသားစုဟာ ဒီနေ့မနက်မှာပဲ အကြားအမြင်ဆရာမကြီး E.T ရဲ့ မွေးနေ့ပွဲကို မန္တလေးပရိယတ္တိ စာသင် တိုက်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။လှူဒါန်းငွေ စုစုပေါင်းကလည်း သိန်း ၇၀၀၀ ကျော်နေပြီလို့ ဆိုပါတယ်။ အဲ့ဒီနောက်အနုပညာ အလုပ်တွေ လုပ်နေရတဲ့ စည်ဖြိုးက ရုပ်ရှင်ဇာတ်ကားကြီး ၉ ကားရိုက်ကူးထားပြီး ရုံတင်ဖို့ တန်းစီနေတယ်လို့ ပြောပါတယ်။

သရုပ်ဆောင် စည်ဖြိုးရဲ့ အဒေါ်ဖြစ်သူ အကြားအမြင်ဆရာမကြီး E.T (ခ) ဒေါ်ဆွေဆွေဝင်းရဲ့ အသက် ၅၀ နှစ်ပြည့်မွေးနေ့ပွဲကို ဇူလိုင်လ ၅ ရက်နေ့မနက်ပိုင်းက မန္တလေး ပရိယတ္တိစာသင်တိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလှူလုပ်ဖြစ်တာကလည်း အကြားအမြင်ဆရာမကြီး E.T ဆုံးပါးသွားကတည်းက လုပ်ဖြစ်ခဲ့တာလို့ စည်ဖြိုးက Duwun Media ကနေပြောပြခဲ့ပါတယ်။

” မဆွေ ဆုံးသွားပြီးကတည်းက လစဉ်ဒီလိုပဲ အလှူတွေလုပ်ဖြစ်တယ်။ ဘုန်းကြီးကျောင်းတွေကို အဓိက ထားတယ်ပေါ့။ ကျောင်းမရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် ကျောင်းသွားလှူတယ်။ သိမ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် သိမ်လှူတယ်။ ကုလီမရှိတဲ့ ဘုန်းကြီးကျောင်း ဆိုရင် ကုလီပေါ့၊ ဒီနေ့ လှူဖြစ်တဲ့ကျောင်းမှာတော့ မယ်သီလရှင်ကျောင်းဆောင်မရှိလို့ ကျောင်းဆောင်လှူဖြစ်တယ်ပေါ့” လို့ ဆိုပါတယ်။

အဒေါ်ဖြစ်သူ ဆုံးပါးသွားပြီးကတည်းက လှူဖြစ်ခဲ့တဲ့ အလှူအကြောင်းတွေကို စည်ဖြိုးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မှတ်တမ်းတင်ဖြစ်တယ် လို့ဆိုပါတယ်။ လှူဒါန်းဖြစ်ခဲ့တဲ့ အလှူငွေ စုစုပေါင်းကလည်း သိန်း ၇၀၀၀ ကျော်နေပြီဖြစ်ကြောင်း၊ အကြားအမြင်ဆရာမကြီး E.T မတည်ခဲ့တဲ့ ပုသိမ်မြို့က မျက်စိဆေးရုံကလည်း ပုံမှန်လည်ပတ်လျှက်ရှိတယ်လို့ သူကဆိုပါတယ်။

” လစဉ် လှူဖြစ်တဲ့အကြောင်းကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာလည်း ကျွန်တော်တင်ပါတယ်။ မဆွေ ဆုံးပါးသွားပြီးကတည်းက အခုချိန်ထိပေါ့ လစဉ်လှူခဲ့တာ ဒီနေ့ လှူတဲ့ ကျောင်းဆောင်ဖိုး မပါ သိန်း ၇၀၀၀ ကျော်နေပါပြီ။ နောက်လည်း ဒီလိုပဲ လှူဖြစ်သွားမှာပါ။ မဆွေ မတည်ခဲ့တဲ့ ပုသိမ်က မျက်စိဆေးရုံကလည်း ၃ လတစ်ကြိမ် မျက်စိတွေ ခွဲပေးနေဦးမှာပါ” လို့ စည်ဖြိုးကပြောပါတယ်။

စည်ဖြိုးဟာ ရုပ်ရှုင်ဇာတ်ကားကြီး ၉ ကားရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ရုံတင်ပြသနိုင်ဖို့အတွက် လည်းတန်းစီစောင့်နေတယ်လို့ ပြောပါ တယ်။ သူ့ဟာ ရုပ်ရှင်ဇာတ်ကားတွေကို အရေအတွက်များများ ရိုက်ကူးရဖို့ထက် အရည်အသွေး ကောင်းတဲ့ ဇာတ်ကားတွေဖြစ်ဖို့ အချိန်ပေး နေရတယ်လို့ ဇူလိုင်လ ၇ ရက်နေ့မနက်က ဆရာမE.T ရဲ့ မွေးနေ့ပွဲမှာ Duwun Media ကိုဖြေဆိုခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် စည်ဖြိုးကိုတော့ တီဗီကြော်ငြာ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိလာခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေတာဖြစ်ပါတယ်။ သူ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာသားညီရိုက်တဲ့ သန်းခေါင်ယံမိတ်ဆုံစားပွဲ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top