iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္ေတ္ာမ်ားမ်ားက သူတုိ႕ရဲ႕သြားအေရာင္က အဝါေရာင္ေပါက္ေနတဲ့ အတြက္ေၾကာင့္ ဓာတ္ပုံရုိက္တဲ့အခါမွာ သြားကုိ ဖုံးထားၾကေလ့ရွိပါတယ္။ လွပတဲ့ သြားေတြဟာ ဒီေန႕ေခတ္လုိ အလွအပေရးရာကို ဦးစားေပးလာၾကတဲ့ ေခတ္ႀကီးမွာ မရွိမျဖစ္အရာတစ္ခု ျဖစ္တဲ့အျပင္ မိမိကုိယ္ကုိ ယုံၾကည္ခ်က္ကိုလည္း ျမွင့္တင္ေပးႏုိင္တဲ့အတြက္ လူေတာ္ေတာ္မ်ားမ်ားက သူတုိ႕ရဲ႕ သြားနဲ႕ ခံတြင္းက်န္းမာေရးကုိ ပုိမုိေစာင့္ေရွာက္လာၾကတာကုိေတြ႕ရပါတယ္။ သြားေတြဟာ လူေတြနဲ႕ေတြ႕တဲ့အခါမွာ ပထမဆုံး သတိျပဳမိခံရတဲ့ အရာတစ္ခုျဖစ္တဲ့အျပင္ က်န္းမာေရးနဲ႕ မိမိကုိယ္ကုိ ယုံၾကည္ခ်က္အတြက္ ျပယုဂ္တစ္ခုလည္း ျဖစ္ပါေသးတယ္။ ဒါ့ေၾကာင့္ ဘယ္အသက္အရြယ္ပဲ ျဖစ္ျဖစ္ က်န္းမာေရးအတြက္သာမက အသြင္အျပင္အတြက္ပါ အေရးႀကီးတဲ့ သြားေတြကုိ ေစာင့္ေရွာက္ဖုိ႕ လုိအပ္ပါတယ္။

သြားေတြဟာ အသက္ႀကီးလာတာနဲ႕ အမွ် ပုိဝါလာႏုိင္ဆုိေပမဲ့ သြားနဲ႕ ခံတြင္းက်န္းမာေရးကုိ ေသခ်ာဂရုစုိက္မယ္ဆုိရင္ ဒီလုိ သြားဝါျခင္းကို အျပည့္အဝတားဆီးႏုိင္ပါတယ္။ ဒီေန႕ေခတ္ႀကီးမွာ သြားျဖဴေစႏုိင္တဲ့ ေဆးဝါးေတြကို ေဆးဆုိင္ေတြမွာ အလြယ္တကူ ဝယ္ယူလုိ႕ရတဲ့အျပင္ သဘာဝအတုိင္း ရရွိႏုိင္တဲ့ နည္းလမ္းေတြကလည္း သြားအေပၚယံေၾကြလႊာ (enamel) ပ်က္ဆီးျခင္းမွလည္း ကာကြယ္ေပးႏုိင္ပါတယ္။

သြားေတြဘာေၾကာင့္ ဝါရတာလဲ။

သြားေတြ ဝါရျခင္းဟာ အေၾကာင္းရင္း ႏွစ္ခ်က္ေၾကာင့္ ဝါရတာ ျဖစ္ပါတယ္။ ပထမဆုံးတစ္ခ်က္က

(၁) သြားအေပၚယံေၾကြလႊာ (enamel) ပါးလာျခင္း။

သြားေတြရဲ႕ အေပၚဆုံး အလႊာဟာ သြားအေပၚယံေၾကြလႊာ (enamel) လုိ႕ေခၚၿပီး သြားရဲ႕ အေရာင္ကုိ အျဖဴေရာင္ ျဖစ္ေစတဲ့ အရာ ျဖစ္တဲ့ အျပင္ သြားအတြင္းထဲက အစိတ္အပုိင္းေတြကုိ ကာကြယ္ေပးထားတဲ့ အရာလည္း ျဖစ္ပါတယ္။ သြားအေပၚယံေၾကြလႊာ (enamel) ရဲ႕ေအာက္မွာ ကယ္လ္ဆီယမ္ပါဝင္တဲ့ တစ္ရႈးျဖစ္တဲ့ Dentin ရွိၿပီး Dentin ရဲ႕ အေရာင္ဟာ အဝါေရာင္ – အညဳိေရာင္ရွိပါတယ္။ ဒါေၾကာင့္ သြားအေပၚယံေၾကြလႊာ (enamel) ပါးသြားတဲ့အခါမွာ သြားေတြဟာ ပုိဝါလာတာ ျဖစ္ပါတယ္။ သြားအေပၚယံေၾကြလႊာ (enamel)ေတြဟာ အက္ဆစ္မ်ားတဲ့အစားအစာေတြ၊ သြားဖုံးေရာဂါေတြနဲ႕ အသက္အရြယ္ေၾကာင့္ ဝါလာႏုိင္ၿပီး တစ္ခ်ဳိ႕လူေတြက်ေတာ့ သဘာဝအတုိင္းကို သြားအေပၚယံေၾကြလႊာ (enamel) ပါးေနၾကတာ ျဖစ္ပါတယ္။

(၂) အစြန္းအထင္းမ်ား ။

သြားအေပၚယံေၾကြလႊာ (enamel) နဲ႕ သြားအတြင္းပုိင္း အစိတ္ပုိင္းေတြမွာ အစြန္းအထင္းေတြ ျဖစ္သြားျခင္းေၾကာင့္ သြားဝါလာႏုိင္ပါတယ္။ တစ္ခ်ဳိ႕ေသာ စားစရာနဲ႕ ေသာက္စရာေတြကလည္း သြားေတြကုိ အေရာင္စြန္းေစႏုိင္တဲ့အျပင္ သြားအေပၚယံေၾကြလႊာ (enamel) ကိုပါးလာေစႏုိင္ပါေသးတယ္။

အဲ့ဒါေတြကေတာ့

    ေကာ္ဖီ (သုိ႕) လက္ဖက္ရည္၊
    ေဆးလိပ္ေသာက္ျခင္း၊
    အက္ဆစ္ဓာတ္မ်ားတဲ့ အစားအစာေတြနဲ႕ အခ်ဳိေတြအမ်ားအျပားစားသုံးျခင္း တုိ႕ ျဖစ္ၾကပါတယ္။

သြားေတြကုိ သဘာဝအတုိင္း ျဖဴေအာင္ ဘယ္လုိ လုပ္ၾကမလဲ။

(၁) အစားအစာ စားေသာက္မႈ ပုံစံကုိ ေျပာင္းလဲပါ။

ဒီနည္းလမ္းကေတာ့ သြားကုိ အေရာင္စြန္းေစတဲ့ အစားအစာေတြ ကိုေရွာင္ၾကဥ္ဖုိ႕ပါပဲ။ ဝုိင္နဲ႕ လက္ဖက္ရည္ေတြမွာပါဝင္တဲ့ Tannins ဓာတ္ေပါင္းဟာ သြားကုိ အေရာင္စြန္းေစႏုိင္ပါတယ္။ ဒါ့အျပင္ ေကာ္ဖီ၊ ဆုိဒါေတြနဲ႕ သစ္သီးေဖ်ာ္ရည္ေတြကလည္း သြားေတြကုိ အေရာင္စြန္းေစႏုိင္ပါတယ္။ အက္ဆစ္မ်ားတဲ့ အစားအစာေတြကလည္း သြားအေပၚယံေၾကြလႊာ (enamel) ကိုပါးေစႏုိင္တဲ့အတြက္ သြားပုိဝါလာေစႏုိင္ပါတယ္။ ဒါေၾကာင့္ သြားဝါေနတဲ့ လူေတြ အေနျဖင့္ ဒီလုိ ေရွာက္မ်ဳိးႏြယ္အသီးေတြ၊ ေကာ္ဖီနဲ႕ ဆုိဒါတုိ႕ စားသုံးျခင္းကုိ ေရွာင္ၾကဥ္သင့္ပါတယ္။ ဒီလုိ အစားအစာေတြ စားသုံးၿပီးတဲ့ အခါမွာလည္း ပလုတ္က်င္းေပးသင့္ပါတယ္။ ဒါေပမဲ့ ဒီလုိ အစားအစာေတြ စားသုံးၿပီးၿပီးျခင္းမွာေတာ့ သြားခ်က္ျခင္း မတုိက္သင့္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ အက္ဆစ္ပါဝင္တဲ့ အစားအစာေတြဟာ သြားအေပၚယံေၾကြလႊာ (enamel) ကုိ အားနည္းေစၿပီး အဲ့အခ်ိန္မွာ သြားတုိက္ရင္ သြားအေပၚယံေၾကြလႊာ (enamel)ေတြပုိပါးသြားႏုိင္တဲ့ အတြက္ျဖစ္ပါတယ္။ သြားတုိက္မယ္ဆုိရင္လည္း အနည္းဆုံး မိနစ္ ၃၀ ခန္႕ေစာင့္ၿပီးမွ သြားတုိက္သင့္ပါတယ္။ ဒါ့အျပင္ ေဆးလိပ္နဲ႕ ေဆးရြက္ႀကီးထြက္ပစၥည္းေတြကလည္း နီကုိတင္း အစြန္းေတြကို ျဖစ္ႏုိင္တဲ့အတြက္ သြားဝါေနတဲ့လူေတြဆုိရင္ ေဆးလိပ္ေသာက္တဲ့အက်င့္ကို ျဖတ္သင့္ပါတယ္။ ဒီလုိ ေဆးလိပ္ေသာက္တဲ့ အက်င့္ကို ျဖတ္ျခင္းျဖင့္ သြားပ်က္စီးျခင္းနဲ႕ သြားဖုံးေရာဂါကုိလည္း ကာကြယ္ႏုိင္မွာ လည္း ျဖစ္ပါတယ္။

၂။ ဆီျဖင့္ ပလုတ္က်င္းေပးျခင္း။ (Oil pulling)

ဒီနည္းလမ္းဟာ ေရွးကတည္းက က်င့္သုံးလာခဲ့တဲ့ နည္းလမ္းျဖစ္ၿပီး သဘာဝထြက္အဆီမ်ားနဲ႕ ၅ မိနစ္ခန္႕ ပလုတ္က်င္းေပးတဲ့ နည္းလမ္း ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ သြားကုိ သန္႕ရွင္းေစရုံသာမက ခံတြင္းက်န္းမာေရး အတြက္လည္း ေကာင္းမြန္ပါတယ္။ ဒီနည္းလမ္းဟာ ပုံမွန္ သြားတုိက္ျခင္းကုိ အစားထုိးလုိ႕ရတဲ့ နည္းလမ္းေတာ့မဟုတ္ေပမဲ့ ေလ့လာခ်က္တစ္ခ်ဳိ႕က သြားကုိ ဆီျဖင့္ ပလုတ္က်င္းေပးျခင္းက သြားကုိ ျဖဴေစႏုိင္တယ္လုိ႕ ဆုိထားၾကပါတယ္။ သြားကို ဆီျဖင့္ ေဆးရာမွာ အသုံးျပဳႏုိင္တဲ့ ဆီေတြကေတာ့ အုန္းဆီ၊ ေနၾကာဆီ၊ ႏွမ္းဆီ တုိ႕ ျဖစ္ပါတယ္။ ဆီျဖင့္ ပလုတ္က်င္းရမယ့္အခ်ိန္ကေတာ့ သြားတုိက္ၿပီး လုပ္ရင္ အေကာင္းဆုံး ျဖစ္ၿပီး ပါးစပ္ထဲ ဆီထည့္ကာ မိနစ္ အနည္းငယ္ခန္႕ ပလုတ္က်င္းေပးၿပီး ေထြးထုတ္ရုံပဲ ျဖစ္ပါတယ္။

၃။ မုန္႕ဖုတ္ ဆုိဒါျဖင့္ သြားတုိက္ေပးျခင္း။

မုန္႕ဖုန္ဆုိဒါ (sodium bicarbonate) ဟာ သြားေပၚမွ အစြန္းအထင္းမ်ားကုိ ဖယ္ရွားေပးႏုိင္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက မုန္႕ဖုန္ဆုိဒါ (sodium bicarbonate) ဟာ သြားမ်ားကုိ ထိခုိက္ေစႏုိင္တယ္လုိ႕ ထင္ခဲ့ၾကေပမဲ့ ၂၀၁၇ ခုႏွစ္ကေလ့လာခ်က္တစ္ခုအရ မုန္႕ဖုန္ဆုိဒါ (sodium bicarbonate) ဟာ သြားေပၚက အစြန္းအထင္းမ်ားကုိ ဘာထိခုိက္မႈမွ မရွိေစဘဲ ဖယ္ရွားႏုိင္ေၾကာင္းေတြ႕ခဲ့ၾကပါတယ္။ Dentistry ဂ်ာနယ္ရဲ႕ ေလ့လာခ်က္တစ္ခုမွာ မုန္႕ဖုတ္ဆုိဒါ (sodium bicarbonate) သြားတုိက္ေပးျခင္းဟာ သြားခ်ဳိးမ်ားကို ဖယ္ရွားေပးႏုိင္ေၾကာင္းေတြ႕ရွိခဲ့ၿပီး မုန္႕ဖုတ္ဆုိဒါ (sodium bicarbonate) ေတြဟာ ဘတ္တီးရီးယားေတြနဲ႕ သြားခ်ဳိးမ်ားကုိ ဖယ္ရွားေပးႏုိင္ရုံသာမကဘဲ သြားပ်က္စီးျခင္းကုိလည္း ကာကြယ္ေပးႏုိင္ပါတယ္။

၄။ Hydrogen peroxide ကုိ အသုံးျပဳပါ။

Hydrogen peroxide ဟာ သြားအေရာင္စြန္းျခင္းကုိ တုိက္ဖ်က္ေပးႏုိင္တဲ့ အားေပ်ာ့တဲ့ အစြန္းခၽြတ္ေဆး ျဖစ္ၿပီး သြားအေကာင္းဆုံး ျဖဴေစဖုိ႕ မုန္႕ဖုတ္ဆုိဒါနဲ႕ Hydrogen peroxide ကုိ အသုံးျပဳၿပီး တစ္ပတ္ကုိ တစ္ခါ သြားတုိက္သင့္ပါတယ္။ Hydrogen peroxide ဟာ သြားအထဲက ဘတ္တီးရီးယားေတြကုိ သတ္ပစ္ႏုိင္ၿပီး ဓာတု သြားျဖဴေဆးေတြမွာလည္း Hydrogen peroxide ပါဝင္ေနပါတယ္။ ေလ့လာခ်က္ေတြအရ မုန္႕ဖုတ္ဆုိဒါနဲ႕ Hydrogen peroxide ၁ ရာခုိင္ႏႈန္းပါဝင္တဲ့ သြားတုိက္ေဆးေတြဟာ သြားကုိ သိသိသာသာ ျဖဴလာေစႏုိင္တယ္လုိ႕ ဆုိပါတယ္။ Hydrogen peroxide ကုိ ေရမ်ားမ်ားေရာၿပီး အသုံးျပဳမယ္ဆုိရင္ ကိစၥမရွိေပမဲ့ Hydrogen peroxide ျပင္းအားမ်ားေနမယ္ဆုိရင္ သြားဖုံးယားယံျခင္းနဲ႕ သြားက်င္ျခင္းေတြ ျဖစ္ပြားလာႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ဒီနည္းလမ္းဟာ ခဏခဏ လုပ္သင့္တဲ့ နည္းလမ္းတစ္ခုမဟုတ္ဘဲ တစ္ပတ္ကို တစ္ခါခန္႕သာ ျပဳလုပ္သင့္တဲ့ နည္းလမ္းျဖစ္ပါတယ္။ Hydrogen peroxide ကုိ အသုံးျပဳႏုိင္တဲ့ နည္းလမ္းတစ္ခုကေတာ့ ပလုတ္က်င္းေဆး အျဖစ္ အသုံးျပဳဖုိ႕ပါ။ ဒါေပမဲ့ အသုံးျပဳတဲ့အခါ အားေပ်ာ့သြားေအာင္ အၿမဲတမ္းေရေရာဖုိ႕လုိပါတယ္။ မ်ားေသာအားျဖင့္ ေဆးဆုိင္ေတြမွာ ေရာင္းေနၾကတဲ့ Hydrogen peroxide ေတြဟာ ၃ ရာခုိင္ႏႈန္း အရည္ေတြ ျဖစ္ၿပီး ၁.၅ ရာခုိင္ႏႈန္းျဖစ္ေအာင္ ေရနဲ႕ ဆတူေရာၿပီး ပလုတ္က်င္းႏုိင္ပါတယ္။ ေနာက္ထပ္ အသုံးျပဳႏုိင္တဲ့ နည္းလမ္းကေတာ့ မုန္႕ဖုန္ဆုိဒါနဲ႕ Hydrogen peroxide ကုိေရာၿပီး သြားတုိက္ေဆးကဲ့သုိ႕ သြားတုိက္ဖုိ႕ပါ။ သြားတုိက္မယ္ဆုိရင္ Hydrogen peroxide ၂ ဇြန္းနဲ႕ မုန္႕ဖုန္ဆုိဒါ ၁ ဇြန္းကို ေရာၿပီးသြားတုိက္ႏုိင္ပါတယ္။ ဒါေပမဲ့ အထက္က ေျပာသလုိ အႀကိမ္ႀကိမ္ အခါခါ တုိက္ေနရင္ သြားအေပၚယံေၾကြလႊာ ပ်က္ဆီးႏုိင္တာေၾကာင့္ တစ္ပတ္မွာ တစ္ခါ ခန္႕သာ တုိက္သင့္ပါတယ္။

၅။ အသီးမ်ားစားသုံးေပးျခင္း။

နာနတ္သီးမွာ ပါဝင္တဲ့ Bromelain အင္ဇုိင္းနဲ႕ သေဘၤာသီးမွာ ပါဝင္တဲ့ Papain အင္ဇုိင္းတုိ႕ဟာ သြားမ်ားကုိ ျဖဴေဖြးေစႏုိင္ပါတယ္။ ၂၀၁၂ ခုႏွစ္ကေလ့လာခ်က္အရ ဒီအင္ဇုိင္း ၂ မ်ဳိးမွာ သြားကုိ ျဖဴေစႏုိင္တဲ့ ဓာတုပစၥည္းေတြ ပါဝင္ေၾကာင္းေတြ႕ရွိခဲ့ၾကပါတယ္။ နာနတ္သီးမွာပါဝင္တဲ့ Bromelain အင္ဇုိင္းဟာ သြားအေပၚယံက အစြန္းမ်ားကုိ ဖ်က္ေပးႏုိင္တဲ့အျပင္ သြားခ်ဳိးတက္ျခင္းကုိလည္း ကာကြယ္ေပးႏုိင္ပါတယ္။ သေဘၤာသီးမွာ ပါဝင္တဲ့ papain အင္ဇုိင္းကလည္း သြားအစြန္းေတြကုိ ခၽြတ္ေပးႏုိင္ၿပီး papain အင္ဇုိင္းဟာ သေဘၤာသီး အမွည့္ေတြထက္ အစိမ္းေတြမွာ ပုိမ်ားပါတယ္။

၆။ ခံတြင္းက်န္းမာေရးကို ဂရုစုိက္ျခင္း။

ဒီနည္းလမ္းကေတာ့ သြားဝါျခင္းကုိ ကာကြယ္ခ်င္တဲ့ လူေတြအေနနဲ႕ လုပ္ႏုိင္တဲ့ အေကာင္းဆုံး နည္းလမ္းလည္း ျဖစ္ပါတယ္။ ခံတြင္းက်န္းမာေရး အတြက္ လုပ္ေဆာင္ရမယ့္ နည္းလမ္းေတြကေတာ့ သြားပုံမွန္တုိက္ျခင္းနဲ႕ dental floss (သြားသန္႕ရွင္းရေသာ ႀကဳိးမွ်င္တုိ႕ျဖင့္ သန္႕ရွင္းျခင္း ) တုိ႕ ျဖစ္ပါတယ္။ သြားတုိက္တာကေတာ့ အားလုံးသိၿပီးသားမုိ႕ ဒီေဆာင္းပါးမွာ flossing အေၾကာင္းကုိပဲ ရွင္းျပသြားပါ့မယ္။ flossing ဆုိတာ သြားတုိက္တံ အလြယ္တကူ မေရာက္ႏုိင္တဲ့ေနရာေတြက သြားခ်ဳိးေတြနဲ႕ အစားအစာ အၾကြင္းအက်န္ေတြကို သန္႕ရွင္းရတဲ့ နည္းလမ္းျဖစ္ပါတယ္။ သြားတုိက္တံေတြ အေနနဲ႕ သြားဖုံးနဲ႕ သြားႏွစ္ခုၾကားက ေနရာေတြကုိ မေရာက္ႏုိင္ၾကဘဲ ၾကာရင္ ဒီလုိ သြားခ်ဳိးေတြက သြားကုိ ပ်က္ဆီးေစႏုိင္တဲ့အျပင္ ခံတြင္းေရာဂါေတြကုိ ျဖစ္ေစႏုိင္ပါတယ္။ ဒီလုိအခ်ိန္မွာ flossing က အေကာင္းဆုံး နည္းလမ္း ျဖစ္ပါတယ္။ flossing လုပ္ဖုိ႕ အတြက္ ပထမဆုံးဆုံး ၁၈ လက္မခန္႕ရွိတဲ့ ႀကဳိးမွ်င္ရွိဖုိ႕လုိၿပီး လက္ခလယ္ ၂ ေခ်ာင္းမွာ အစြန္း ၂ ဖက္ကုိ ခ်ည္ထားကာ သြားရဲ႕ၾကားအတြင္းက ေနရာေတြကုိ ေပ်ာ့ေျပာင္းစြာ အထက္နဲ႕ ေအာက္ သန္႕ရွင္းရတဲ့ နည္းလမ္း ျဖစ္ပါတယ္။ သြားသန္႕ရွင္းႀကဳိးမွ်င္နဲ႕ သန္႕ရွင္းတဲ့ အခါ အားသုံးမိရင္ သြားဖုံးတစ္ရႈးေတြကုိ ဒဏ္ရာရေစႏုိင္တဲ့အတြက္ ေပ်ာ့ေျပာင္းစြာ အသုံးျပဳဖုိ႕ လုိပါတယ္။

ဒါ့အျပင္တစ္ျခားေသာခံတြင္း သန္႕ရွင္းေရးဆိုင္ရာ နည္းလမ္းေတြကေတာ့-

    တစ္ေန႕ ၂ ႀကိမ္ သြားတုိက္ျခင္း (သြားဖုံးနဲ႕ သြားေနာက္ဖက္ကုိလည္း သန္႕ရွင္းေပးဖုိ႕ လုိပါတယ္။)
    ဖရုိရုိဒ္ ပါဝင္ေသာ သြားတုိက္ေဆးကုိ အသုံးျပဳျခင္း ( ဖလုိရုိ္ဒ္ဟာ သြားပ်က္စီးျခင္းကုိ ကာကြယ္ေပးႏုိင္ပါတယ္။ )
    သြားၾကားက သြားခ်ဳိးေတြကို သြားသန္႕ရွင္း ႀကဳိးမွ်င္ အသုံးျပဳၿပီး သန္႕ရွင္းျခင္း တုိ႕ ျဖစ္ပါတယ္။

မလုပ္ေဆာင္သင့္တဲ့ နည္းလမ္းေတြကေတာ့ သံပုရာ၊ လိေမၼာ္နဲ႕ ပန္းသီးမွ ထုတ္လုပ္တဲ့ ရွာလကာရည္ေတြ၊ မီးေသြးေတြနဲ႕ သြားသန္႕ရွင္းတာမ်ဳိးကုိ မလုပ္ေဆာင္သင့္ပါဘူး။။

ကမာၻေပၚမွာ လူအနည္းငယ္ကသာ သဘာဝအတုိင္း သြားျဖဴေဖြးေနၾကတာပါ။ သြားဟာ အသက္ႀကီးလာတာနဲ႕ အမွ် ပုိဝါလာႏုိင္တဲ့ အတြက္ ခံတြင္းက်န္းမာေရးကို အေကာင္းဆုံး ထိန္းသိမ္းေစာင့္ေရွာက္ျခင္းနဲ႕ သြားက်န္းမာေရးကုိ ပုံမွန္စစ္ေဆးျခင္းတုိ႕က သြားေတြကုိ ေတာက္ပေနေစမွာျဖစ္ပါတယ္။ သြားဝါျခင္းဟာ က်န္းမာေရးေၾကာင့္ ျဖစ္ရတဲ့ ျပႆနာ မဟုတ္ေပမဲ့ သြားဆရာဝန္နဲ႕ ျပသျခင္းက ေၾကြသြား ပြန္းျခင္းေတြနဲ႕ သြားပ်က္ဆီးျခင္းေတြကို စစ္ေဆးႏုိင္မွာ ျဖစ္ပါတယ္။ အထက္ပါ နည္းလမ္းေတြဟာ အိမ္မွာ ကုိယ့္ဘာသာ လုပ္ႏုိင္တဲ့ နည္းလမ္းေတြ ျဖစ္ၿပီး သြားဆရာဝန္နဲ႕ သြားေရာက္ျပသမယ္ဆုိရင္ အျခားေသာ သြားျဖဴနည္းစနစ္ေတြနဲ႕ ကုသႏုိင္ဦးမွာပါ။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
လူတော်တေ်ာများများက သူတို့ရဲ့သွားအရောင်က အဝါရောင်ပေါက်နေတဲ့ အတွက်ကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ သွားကို ဖုံးထားကြလေ့ရှိပါတယ်။ လှပတဲ့ သွားတွေဟာ ဒီနေ့ခေတ်လို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်ကြီးမှာ မရှိမဖြစ်အရာတစ်ခု ဖြစ်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်ချက်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် လူတော်တော်များများက သူတို့ရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာကြတာကိုတွေ့ရပါတယ်။ သွားတွေဟာ လူတွေနဲ့တွေ့တဲ့အခါမှာ ပထမဆုံး သတိပြုမိခံရတဲ့ အရာတစ်ခုဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ မိမိကိုယ်ကို ယုံကြည်ချက်အတွက် ပြယုဂ်တစ်ခုလည်း ဖြစ်ပါသေးတယ်။ ဒါ့ကြောင့် ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက်သာမက အသွင်အပြင်အတွက်ပါ အရေးကြီးတဲ့ သွားတွေကို စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

သွားတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုဝါလာနိုင်ဆိုပေမဲ့ သွားနဲ့ ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်မယ်ဆိုရင် ဒီလို သွားဝါခြင်းကို အပြည့်အဝတားဆီးနိုင်ပါတယ်။ ဒီနေ့ခေတ်ကြီးမှာ သွားဖြူစေနိုင်တဲ့ ဆေးဝါးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့အပြင် သဘာဝအတိုင်း ရရှိနိုင်တဲ့ နည်းလမ်းတွေကလည်း သွားအပေါ်ယံကြွေလွှာ (enamel) ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

သွားတွေဘာကြောင့် ဝါရတာလဲ။

သွားတွေ ဝါရခြင်းဟာ အကြောင်းရင်း နှစ်ချက်ကြောင့် ဝါရတာ ဖြစ်ပါတယ်။ ပထမဆုံးတစ်ချက်က

(၁) သွားအပေါ်ယံကြွေလွှာ (enamel) ပါးလာခြင်း။

သွားတွေရဲ့ အပေါ်ဆုံး အလွှာဟာ သွားအပေါ်ယံကြွေလွှာ (enamel) လို့ခေါ်ပြီး သွားရဲ့ အရောင်ကို အဖြူရောင် ဖြစ်စေတဲ့ အရာ ဖြစ်တဲ့ အပြင် သွားအတွင်းထဲက အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားတဲ့ အရာလည်း ဖြစ်ပါတယ်။ သွားအပေါ်ယံကြွေလွှာ (enamel) ရဲ့အောက်မှာ ကယ်လ်ဆီယမ်ပါဝင်တဲ့ တစ်ရှုးဖြစ်တဲ့ Dentin ရှိပြီး Dentin ရဲ့ အရောင်ဟာ အဝါရောင် – အညိုရောင်ရှိပါတယ်။ ဒါကြောင့် သွားအပေါ်ယံကြွေလွှာ (enamel) ပါးသွားတဲ့အခါမှာ သွားတွေဟာ ပိုဝါလာတာ ဖြစ်ပါတယ်။ သွားအပေါ်ယံကြွေလွှာ (enamel)တွေဟာ အက်ဆစ်များတဲ့အစားအစာတွေ၊ သွားဖုံးရောဂါတွေနဲ့ အသက်အရွယ်ကြောင့် ဝါလာနိုင်ပြီး တစ်ချို့လူတွေကျတော့ သဘာဝအတိုင်းကို သွားအပေါ်ယံကြွေလွှာ (enamel) ပါးနေကြတာ ဖြစ်ပါတယ်။

(၂) အစွန်းအထင်းများ ။

သွားအပေါ်ယံကြွေလွှာ (enamel) နဲ့ သွားအတွင်းပိုင်း အစိတ်ပိုင်းတွေမှာ အစွန်းအထင်းတွေ ဖြစ်သွားခြင်းကြောင့် သွားဝါလာနိုင်ပါတယ်။ တစ်ချို့သော စားစရာနဲ့ သောက်စရာတွေကလည်း သွားတွေကို အရောင်စွန်းစေနိုင်တဲ့အပြင် သွားအပေါ်ယံကြွေလွှာ (enamel) ကိုပါးလာစေနိုင်ပါသေးတယ်။

အဲ့ဒါတွေကတော့

    ကော်ဖီ (သို့) လက်ဖက်ရည်၊
    ဆေးလိပ်သောက်ခြင်း၊
    အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေနဲ့ အချိုတွေအများအပြားစားသုံးခြင်း တို့ ဖြစ်ကြပါတယ်။

သွားတွေကို သဘာဝအတိုင်း ဖြူအောင် ဘယ်လို လုပ်ကြမလဲ။

(၁) အစားအစာ စားသောက်မှု ပုံစံကို ပြောင်းလဲပါ။

ဒီနည်းလမ်းကတော့ သွားကို အရောင်စွန်းစေတဲ့ အစားအစာတွေ ကိုရှောင်ကြဉ်ဖို့ပါပဲ။ ဝိုင်နဲ့ လက်ဖက်ရည်တွေမှာပါဝင်တဲ့ Tannins ဓာတ်ပေါင်းဟာ သွားကို အရောင်စွန်းစေနိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီ၊ ဆိုဒါတွေနဲ့ သစ်သီးဖျော်ရည်တွေကလည်း သွားတွေကို အရောင်စွန်းစေနိုင်ပါတယ်။ အက်ဆစ်များတဲ့ အစားအစာတွေကလည်း သွားအပေါ်ယံကြွေလွှာ (enamel) ကိုပါးစေနိုင်တဲ့အတွက် သွားပိုဝါလာစေနိုင်ပါတယ်။ ဒါကြောင့် သွားဝါနေတဲ့ လူတွေ အနေဖြင့် ဒီလို ရှောက်မျိုးနွယ်အသီးတွေ၊ ကော်ဖီနဲ့ ဆိုဒါတို့ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလို အစားအစာတွေ စားသုံးပြီးတဲ့ အခါမှာလည်း ပလုတ်ကျင်းပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီလို အစားအစာတွေ စားသုံးပြီးပြီးခြင်းမှာတော့ သွားချက်ခြင်း မတိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အက်ဆစ်ပါဝင်တဲ့ အစားအစာတွေဟာ သွားအပေါ်ယံကြွေလွှာ (enamel) ကို အားနည်းစေပြီး အဲ့အချိန်မှာ သွားတိုက်ရင် သွားအပေါ်ယံကြွေလွှာ (enamel)တွေပိုပါးသွားနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ သွားတိုက်မယ်ဆိုရင်လည်း အနည်းဆုံး မိနစ် ၃၀ ခန့်စောင့်ပြီးမှ သွားတိုက်သင့်ပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေကလည်း နီကိုတင်း အစွန်းတွေကို ဖြစ်နိုင်တဲ့အတွက် သွားဝါနေတဲ့လူတွေဆိုရင် ဆေးလိပ်သောက်တဲ့အကျင့်ကို ဖြတ်သင့်ပါတယ်။ ဒီလို ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖြတ်ခြင်းဖြင့် သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါကိုလည်း ကာကွယ်နိုင်မှာ လည်း ဖြစ်ပါတယ်။

၂။ ဆီဖြင့် ပလုတ်ကျင်းပေးခြင်း။ (Oil pulling)

ဒီနည်းလမ်းဟာ ရှေးကတည်းက ကျင့်သုံးလာခဲ့တဲ့ နည်းလမ်းဖြစ်ပြီး သဘာဝထွက်အဆီများနဲ့ ၅ မိနစ်ခန့် ပလုတ်ကျင်းပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သွားကို သန့်ရှင်းစေရုံသာမက ခံတွင်းကျန်းမာရေး အတွက်လည်း ကောင်းမွန်ပါတယ်။ ဒီနည်းလမ်းဟာ ပုံမှန် သွားတိုက်ခြင်းကို အစားထိုးလို့ရတဲ့ နည်းလမ်းတော့မဟုတ်ပေမဲ့ လေ့လာချက်တစ်ချို့က သွားကို ဆီဖြင့် ပလုတ်ကျင်းပေးခြင်းက သွားကို ဖြူစေနိုင်တယ်လို့ ဆိုထားကြပါတယ်။ သွားကို ဆီဖြင့် ဆေးရာမှာ အသုံးပြုနိုင်တဲ့ ဆီတွေကတော့ အုန်းဆီ၊ နေကြာဆီ၊ နှမ်းဆီ တို့ ဖြစ်ပါတယ်။ ဆီဖြင့် ပလုတ်ကျင်းရမယ့်အချိန်ကတော့ သွားတိုက်ပြီး လုပ်ရင် အကောင်းဆုံး ဖြစ်ပြီး ပါးစပ်ထဲ ဆီထည့်ကာ မိနစ် အနည်းငယ်ခန့် ပလုတ်ကျင်းပေးပြီး ထွေးထုတ်ရုံပဲ ဖြစ်ပါတယ်။

၃။ မုန့်ဖုတ် ဆိုဒါဖြင့် သွားတိုက်ပေးခြင်း။

မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားပေါ်မှ အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်ပါတယ်။ လူတော်တော်များများက မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားများကို ထိခိုက်စေနိုင်တယ်လို့ ထင်ခဲ့ကြပေမဲ့ ၂၀၁၇ ခုနှစ်ကလေ့လာချက်တစ်ခုအရ မုန့်ဖုန်ဆိုဒါ (sodium bicarbonate) ဟာ သွားပေါ်က အစွန်းအထင်းများကို ဘာထိခိုက်မှုမှ မရှိစေဘဲ ဖယ်ရှားနိုင်ကြောင်းတွေ့ခဲ့ကြပါတယ်။ Dentistry ဂျာနယ်ရဲ့ လေ့လာချက်တစ်ခုမှာ မုန့်ဖုတ်ဆိုဒါ (sodium bicarbonate) သွားတိုက်ပေးခြင်းဟာ သွားချိုးများကို ဖယ်ရှားပေးနိုင်ကြောင်းတွေ့ရှိခဲ့ပြီး မုန့်ဖုတ်ဆိုဒါ (sodium bicarbonate) တွေဟာ ဘတ်တီးရီးယားတွေနဲ့ သွားချိုးများကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ သွားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ Hydrogen peroxide ကို အသုံးပြုပါ။

Hydrogen peroxide ဟာ သွားအရောင်စွန်းခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ အားပျော့တဲ့ အစွန်းချွတ်ဆေး ဖြစ်ပြီး သွားအကောင်းဆုံး ဖြူစေဖို့ မုန့်ဖုတ်ဆိုဒါနဲ့ Hydrogen peroxide ကို အသုံးပြုပြီး တစ်ပတ်ကို တစ်ခါ သွားတိုက်သင့်ပါတယ်။ Hydrogen peroxide ဟာ သွားအထဲက ဘတ်တီးရီးယားတွေကို သတ်ပစ်နိုင်ပြီး ဓာတု သွားဖြူဆေးတွေမှာလည်း Hydrogen peroxide ပါဝင်နေပါတယ်။ လေ့လာချက်တွေအရ မုန့်ဖုတ်ဆိုဒါနဲ့ Hydrogen peroxide ၁ ရာခိုင်နှုန်းပါဝင်တဲ့ သွားတိုက်ဆေးတွေဟာ သွားကို သိသိသာသာ ဖြူလာစေနိုင်တယ်လို့ ဆိုပါတယ်။ Hydrogen peroxide ကို ရေများများရောပြီး အသုံးပြုမယ်ဆိုရင် ကိစ္စမရှိပေမဲ့ Hydrogen peroxide ပြင်းအားများနေမယ်ဆိုရင် သွားဖုံးယားယံခြင်းနဲ့ သွားကျင်ခြင်းတွေ ဖြစ်ပွားလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းဟာ ခဏခဏ လုပ်သင့်တဲ့ နည်းလမ်းတစ်ခုမဟုတ်ဘဲ တစ်ပတ်ကို တစ်ခါခန့်သာ ပြုလုပ်သင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Hydrogen peroxide ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ပလုတ်ကျင်းဆေး အဖြစ် အသုံးပြုဖို့ပါ။ ဒါပေမဲ့ အသုံးပြုတဲ့အခါ အားပျော့သွားအောင် အမြဲတမ်းရေရောဖို့လိုပါတယ်။ များသောအားဖြင့် ဆေးဆိုင်တွေမှာ ရောင်းနေကြတဲ့ Hydrogen peroxide တွေဟာ ၃ ရာခိုင်နှုန်း အရည်တွေ ဖြစ်ပြီး ၁.၅ ရာခိုင်နှုန်းဖြစ်အောင် ရေနဲ့ ဆတူရောပြီး ပလုတ်ကျင်းနိုင်ပါတယ်။ နောက်ထပ် အသုံးပြုနိုင်တဲ့ နည်းလမ်းကတော့ မုန့်ဖုန်ဆိုဒါနဲ့ Hydrogen peroxide ကိုရောပြီး သွားတိုက်ဆေးကဲ့သို့ သွားတိုက်ဖို့ပါ။ သွားတိုက်မယ်ဆိုရင် Hydrogen peroxide ၂ ဇွန်းနဲ့ မုန့်ဖုန်ဆိုဒါ ၁ ဇွန်းကို ရောပြီးသွားတိုက်နိုင်ပါတယ်။ ဒါပေမဲ့ အထက်က ပြောသလို အကြိမ်ကြိမ် အခါခါ တိုက်နေရင် သွားအပေါ်ယံကြွေလွှာ ပျက်ဆီးနိုင်တာကြောင့် တစ်ပတ်မှာ တစ်ခါ ခန့်သာ တိုက်သင့်ပါတယ်။

၅။ အသီးများစားသုံးပေးခြင်း။

နာနတ်သီးမှာ ပါဝင်တဲ့ Bromelain အင်ဇိုင်းနဲ့ သင်္ဘောသီးမှာ ပါဝင်တဲ့ Papain အင်ဇိုင်းတို့ဟာ သွားများကို ဖြူဖွေးစေနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်ကလေ့လာချက်အရ ဒီအင်ဇိုင်း ၂ မျိုးမှာ သွားကို ဖြူစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ Bromelain အင်ဇိုင်းဟာ သွားအပေါ်ယံက အစွန်းများကို ဖျက်ပေးနိုင်တဲ့အပြင် သွားချိုးတက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ papain အင်ဇိုင်းကလည်း သွားအစွန်းတွေကို ချွတ်ပေးနိုင်ပြီး papain အင်ဇိုင်းဟာ သင်္ဘောသီး အမှည့်တွေထက် အစိမ်းတွေမှာ ပိုများပါတယ်။

၆။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်း။

ဒီနည်းလမ်းကတော့ သွားဝါခြင်းကို ကာကွယ်ချင်တဲ့ လူတွေအနေနဲ့ လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ ခံတွင်းကျန်းမာရေး အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့ သွားပုံမှန်တိုက်ခြင်းနဲ့ dental floss (သွားသန့်ရှင်းရသော ကြိုးမျှင်တို့ဖြင့် သန့်ရှင်းခြင်း ) တို့ ဖြစ်ပါတယ်။ သွားတိုက်တာကတော့ အားလုံးသိပြီးသားမို့ ဒီဆောင်းပါးမှာ flossing အကြောင်းကိုပဲ ရှင်းပြသွားပါ့မယ်။ flossing ဆိုတာ သွားတိုက်တံ အလွယ်တကူ မရောက်နိုင်တဲ့နေရာတွေက သွားချိုးတွေနဲ့ အစားအစာ အကြွင်းအကျန်တွေကို သန့်ရှင်းရတဲ့ နည်းလမ်းဖြစ်ပါတယ်။ သွားတိုက်တံတွေ အနေနဲ့ သွားဖုံးနဲ့ သွားနှစ်ခုကြားက နေရာတွေကို မရောက်နိုင်ကြဘဲ ကြာရင် ဒီလို သွားချိုးတွေက သွားကို ပျက်ဆီးစေနိုင်တဲ့အပြင် ခံတွင်းရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအချိန်မှာ flossing က အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ flossing လုပ်ဖို့ အတွက် ပထမဆုံးဆုံး ၁၈ လက်မခန့်ရှိတဲ့ ကြိုးမျှင်ရှိဖို့လိုပြီး လက်ခလယ် ၂ ချောင်းမှာ အစွန်း ၂ ဖက်ကို ချည်ထားကာ သွားရဲ့ကြားအတွင်းက နေရာတွေကို ပျော့ပြောင်းစွာ အထက်နဲ့ အောက် သန့်ရှင်းရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သွားသန့်ရှင်းကြိုးမျှင်နဲ့ သန့်ရှင်းတဲ့ အခါ အားသုံးမိရင် သွားဖုံးတစ်ရှုးတွေကို ဒဏ်ရာရစေနိုင်တဲ့အတွက် ပျော့ပြောင်းစွာ အသုံးပြုဖို့ လိုပါတယ်။

ဒါ့အပြင်တစ်ခြားသောခံတွင်း သန့်ရှင်းရေးဆိုင်ရာ နည်းလမ်းတွေကတော့-

    တစ်နေ့ ၂ ကြိမ် သွားတိုက်ခြင်း (သွားဖုံးနဲ့ သွားနောက်ဖက်ကိုလည်း သန့်ရှင်းပေးဖို့ လိုပါတယ်။)
    ဖရိုရိုဒ် ပါဝင်သော သွားတိုက်ဆေးကို အသုံးပြုခြင်း ( ဖလိုရိုဒ်ဟာ သွားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ )
    သွားကြားက သွားချိုးတွေကို သွားသန့်ရှင်း ကြိုးမျှင် အသုံးပြုပြီး သန့်ရှင်းခြင်း တို့ ဖြစ်ပါတယ်။

မလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကတော့ သံပုရာ၊ လိမ္မော်နဲ့ ပန်းသီးမှ ထုတ်လုပ်တဲ့ ရှာလကာရည်တွေ၊ မီးသွေးတွေနဲ့ သွားသန့်ရှင်းတာမျိုးကို မလုပ်ဆောင်သင့်ပါဘူး။။

ကမ္ဘာပေါ်မှာ လူအနည်းငယ်ကသာ သဘာဝအတိုင်း သွားဖြူဖွေးနေကြတာပါ။ သွားဟာ အသက်ကြီးလာတာနဲ့ အမျှ ပိုဝါလာနိုင်တဲ့ အတွက် ခံတွင်းကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ သွားကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်းတို့က သွားတွေကို တောက်ပနေစေမှာဖြစ်ပါတယ်။ သွားဝါခြင်းဟာ ကျန်းမာရေးကြောင့် ဖြစ်ရတဲ့ ပြဿနာ မဟုတ်ပေမဲ့ သွားဆရာဝန်နဲ့ ပြသခြင်းက ကြွေသွား ပွန်းခြင်းတွေနဲ့ သွားပျက်ဆီးခြင်းတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ နည်းလမ်းတွေဟာ အိမ်မှာ ကိုယ့်ဘာသာ လုပ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး သွားဆရာဝန်နဲ့ သွားရောက်ပြသမယ်ဆိုရင် အခြားသော သွားဖြူနည်းစနစ်တွေနဲ့ ကုသနိုင်ဦးမှာပါ။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top