iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာေသးခင္က ျဖစ္ေပၚေနတဲ့ သီဟတင္စိုးရဲ႕ အမႈကိစၥ ဟာ လူမႈကြန္ယက္စာမ်က္ႏွာ ေတြေပၚမွာ အာ႐ုံစိုက္ခံေနရတဲ့ ကိစၥတစ္ရပ္လည္းျဖစ္ပါတယ္ ။ အမႈထဲက တခ်ိဳ႕ေသာကြဲလြဲေနတဲ့ အခ်က္အလက္ေတြကို ေဖာ္ထုတ္ခဲ့တာ ကေတာ့ ဇင္မာဦး ရဲ႕အမျဖစ္သူ ေဒၚေကသီဦး ျဖစ္ပါတယ္ ။ ေဒၚေကသီဦး ရဲ႕ ဖြင့္ဟေျပာဆိုခဲ့တဲ့ အခ်က္အလက္ေတြေၾကာင့္ အမႈကို အာ႐ုံစိုက္ေနၾကတဲ့ သူေတြကို သို႔ေလာသို႔ေလာျဖစ္စရာေတြကို ရွာေဖြေတြ႕ရွိခဲ့တာပါ ။

ယမန္ေန႔က လူမႈကြန္ယက္ေပၚကေန Kay Thi Oo အမည္ နဲ႔ အေကာင့္ ပိုင္က ဒီအခ်က္ေတြကို ဖြင့္ခ်ခဲ့တာ ျဖစ္ပါတယ္ ။ သူမေျပာျပတာကေတာ့ အခုလိုပါ ” ကြၽန္မ ေဒၚေကသီဦးပါ ဇင္မာဦး ရဲ႕အမျဖစ္ပါတယ္ ?အခု online ေပၚမွာေတြ႕ရွိေနတဲ့ ခင္မာညိဳ(ခ)ခင္မာျမင့္ ထြက္ခ်က္ေတြကမဟုတ္မမွန္တဲ့အတြက္ ျပန္လည္ေျဖရွင္းျခင္းျဖစ္ပါတယ္။ က်မအေမက သူတို႔ေျပာသလို မ်က္စိမျမင္ နားကန္းတယ္ဆိုတာမဟုတ္ပါဘူး က်မအေမက အသက္ ၈၃ ႏွစ္ရွိပါၿပီ အသက္အ႐ြယ္ေၾကာင့္ မွတ္ညဏ္ ခ်ိဳ႕ယြင္း တာပဲျဖစ္တာပါ နားလည္းေကာင္းတယ္ မ်က္စိလည္းေကာင္းပါတယ္၊

သူကပြဲစားမပါဘူး သူ႔အေဒၚနဲ႔လာတာလို႔ေျပာတယ္အဲ့ဒါလည္း မဟုတ္ပါဘူး က်မကိုယ္တိုင္ ထြန္းေတာက္ အက်ိဳးေဆာင္ကို ဖုန္းဆက္ၿပီး ရွာခိုင္းတာပါ၊က်မကို ထြန္းေတာက္အက်ိဳးေဆာင္ကပြဲစားေဒၚ ညိဳ ရဲ႕ ဖုန္းနံပါတ္ရွိတာနဲ႔ ဖုန္းဆက္လိုက္တာ ခင္မာညိဳ ရွိတယ္ အရင္လည္း တစ္လအိမ္မွာ လုပ္သြားတာပဲဆိုလို႔လုပ္ဖူးတဲ့လူမို႔ေခၚ လိုက္တာပြဲခ တစ္သိန္းခြဲ ေပးၿပီးေခၚလိုက္တာေလ သူအခုတစ္ေခါက္အလုပ္မဝင္ခင္ ၾကားထဲမွာ ၂လပဲျခားပါတယ္

ေယာက္က်ားေနမေကာင္းဘူးဆိုၿပီးျပန္သြားတာေလ မလုပ္ဖူးဘူးဆိုတာလိမ္တာပါ သူတို႔ဘက္ကပဲ ပြဲစားေဒၚညိဳကိုယ္တိုင္ သက္ဆိုင္ရာလူႀကီးေတြနဲ႔ သိန္းတစ္ရာ လာေတာင္းတယ္ေလ အဲ့တာေကာထည့္မေျပာဘူးလား ? သက္ေသေတြအကုန္ရွိတယ္။ က်မ အေမ နားေကာင္းမေကာင္း မ်က္စိျမင္မျမင္စကားေျပာႏိုင္မႏိုင္ဆိုတာ အဲ့ video file ကသက္ေသပါပဲ။” လို႔ ေရးသားခဲ့တာလည္း ျဖစ္ပါတယ္။

လက္ရွိမွာ သူငယ္ျပန္ေနတာကလြဲရင္ သီဟတင္စိုး ရဲ႕ ေယာကၡမျဖစ္သူဟာ ထူးထူးျခားျခား က်န္းမာေရး ခ်ိဳ႕တဲ့မေနတာကို ေတြ႕ရမွာလည္း ျဖစ္ပါတယ္ ။ လတ္တေလာမွာ ေတာ့ ယခုအခ်ိန္ထိ သီဟတင္စိုး ကို အမႈဖြင့္ထားတာျဖစ္ေပမယ့္လို႔ လာေရာက္အစစ္ေဆးခံျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။ လတ္တေလာ အက်ဴးလြန္ခံထားရတယ္လို႔ ေျပာျပလာတဲ့ မခင္မာညိဳကို လက္ရွိ အေနအထားမွာ ေဆးစစ္ခ်က္နဲ႔ အျခားဲလုပ္ငန္းေတြ ေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။ ပရိသတ္ႀကီးေရ ၊ သီဟတင္စိုးရဲ႕ အမႈအေပၚမွာ မိမိတို႔ရဲ႕အျမင္ေတြ ၊ ကို ေျပာျပေပးသြားၾကပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mmcelesmedia
# Unicode Version ျဖင့္ ဖတ္ပါ #
မကြာသေးခင်က ဖြစ်ပေါ်နေတဲ့ သီဟတင်စိုးရဲ့ အမှုကိစ္စ ဟာ လူမှုကွန်ယက်စာမျက်နှာ တွေပေါ်မှာ အာရုံစိုက်ခံနေရတဲ့ ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ် ။ အမှုထဲက တချို့သောကွဲလွဲနေတဲ့အချက်အလက်တွေကို ဖော်ထုတ်ခဲ့တာ ကတော့ ဇင်မာဦး ရဲ့အမဖြစ်သူ ဒေါ်ကေသီဦး ဖြစ်ပါတယ် ။ ဒေါ်ကေသီဦး ရဲ့ ဖွင့်ဟပြောဆိုခဲ့တဲ့ အချက်အလက်တွေကြောင့် အမှုကို အာရုံစိုက်နေကြတဲ့ သူတွေကို သို့လောသို့လောဖြစ်စရာတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ ။

ယမန်နေ့က လူမှုကွန်ယက်ပေါ်ကနေ Kay Thi Oo အမည် နဲ့ အကောင့် ပိုင်က ဒီအချက်တွေကို ဖွင့်ချခဲ့တာ ဖြစ်ပါတယ် ။ သူမပြောပြတာကတော့ အခုလိုပါ ” ကျွန်မ ဒေါ်ကေသီဦးပါ ဇင်မာဦး ရဲ့အမဖြစ်ပါတယ် ?အခု online ပေါ်မှာတွေ့ရှိနေတဲ့ ခင်မာညို(ခ)ခင်မာမြင့် ထွက်ချက်တွေကမဟုတ်မမှန်တဲ့အတွက် ပြန်လည်ဖြေရှင်းခြင်းဖြစ်ပါတယ်။ ကျမအမေက သူတို့ပြောသလို မျက်စိမမြင် နားကန်းတယ်ဆိုတာမဟုတ်ပါဘူး ကျမအမေက အသက် ၈၃ နှစ်ရှိပါပြီ အသက်အရွယ်ကြောင့် မှတ်ညဏ် ချို့ယွင်း တာပဲဖြစ်တာပါ နားလည်းကောင်းတယ် မျက်စိလည်းကောင်းပါတယ်၊

သူကပွဲစားမပါဘူး သူ့အဒေါ်နဲ့လာတာလို့ပြောတယ်အဲ့ဒါလည်း မဟုတ်ပါဘူး ကျမကိုယ်တိုင် ထွန်းတောက် အကျိုးဆောင်ကို ဖုန်းဆက်ပြီး ရှာခိုင်းတာပါ၊ကျမကို ထွန်းတောက်အကျိုးဆောင်ကပွဲစားဒေါ် ညို ရဲ့ ဖုန်းနံပါတ်ရှိတာနဲ့ ဖုန်းဆက်လိုက်တာ ခင်မာညို ရှိတယ် အရင်လည်း တစ်လအိမ်မှာ လုပ်သွားတာပဲဆိုလို့လုပ်ဖူးတဲ့လူမို့ခေါ် လိုက်တာပွဲခ တစ်သိန်းခွဲ ပေးပြီးခေါ်လိုက်တာလေ သူအခုတစ်ခေါက်အလုပ်မဝင်ခင် ကြားထဲမှာ ၂လပဲခြားပါတယ်

ယောက်ကျားနေမကောင်းဘူးဆိုပြီးပြန်သွားတာလေ မလုပ်ဖူးဘူးဆိုတာလိမ်တာပါ သူတို့ဘက်ကပဲ ပွဲစားဒေါ်ညိုကိုယ်တိုင် သက်ဆိုင်ရာလူကြီးတွေနဲ့ သိန်းတစ်ရာ လာတောင်းတယ်လေ အဲ့တာကောထည့်မပြောဘူးလား ? သက်သေတွေအကုန်ရှိတယ်။ ကျမ အမေ နားကောင်းမကောင်း မျက်စိမြင်မမြင်စကားပြောနိုင်မနိုင်ဆိုတာ အဲ့ video file ကသက်သေပါပဲ။” လို့ ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သူငယ်ပြန်နေတာကလွဲရင် သီဟတင်စိုး ရဲ့ ယောက္ခမဖြစ်သူဟာ ထူးထူးခြားခြား ကျန်းမာရေး ချို့တဲ့မနေတာကို တွေ့ရမှာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာ တော့ ယခုအချိန်ထိ သီဟတင်စိုး ကို အမှုဖွင့်ထားတာဖြစ်ပေမယ့်လို့ လာရောက်အစစ်ဆေးခံခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ လတ်တလော အကျူးလွန်ခံထားရတယ်လို့ ပြောပြလာတဲ့ မခင်မာညိုကို လက်ရှိ အနေအထားမှာ ဆေးစစ်ချက်နဲ့ အခြားဲလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ပရိသတ်ကြီးရေ ၊ သီဟတင်စိုးရဲ့ အမှုအပေါ်မှာ မိမိတို့ရဲ့အမြင်တွေ ၊ ကို ပြောပြပေးသွားကြပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: mmcelesmedia
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top